ကမ္ဘာ့အကောင်းဆုံးကစားသမား၂ဦးကိုကျော်ပြီးတန်ကြေးအမြင့်ဆုံးကစားသမားအဖြစ်ရှိနေတဲ့#အမ်ဘာပေ

အမ်ဘက်ပေ

ကမ္ဘာကျော် ဘောလုံးသုတေသန ဝက်ဆိုက်ဒ်တခုဖြစ်တဲ့ CEISရဲ့ ရှာဖွေပြုစုထုတ်ပြန် လိုက်တဲ့ စစ်တမ်း တရပ်အရ PSG ကြယ်ပွင့်လေး အမ်ဘာပေ ဟာလတ်တလော မှာတန်ကြေး အမြင့်ဆုံး ကစားသမား တဦးအဖြစ်ရပ်တည်နေတယ်လို့ သိရပါတယ်။

အမ်ဘာပေ ဟာနောက်ပိုင်းနှစ်တွေ အတွင်း ခြေစွမ်းပိုင်း အတက်ဘက်ကို ပဲ ဦးတည်နေခဲ့တဲ့ ကစားသမားတဦးဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ဒါ့အပြင် ဒီရာသီ PSG အသင်းမှာ အဓိကတိုက်စစ် မှူးနေမာ ဒဏ်ရာပြသနာကြုံတွေ့နေရချိန် အသင်းရဲ့ အဓိက ဂိုးသွင်းစက်တဦးဖြစ်ခဲ့ပြီး စုစုပေါင်း လိဂ်ဂိုး ၃၃ဂိုးနဲ့ အတူ ရွှေဖိနပ်ဆုကိုပါဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် အရွယ်၂၀ မပြည့်မီမှာပဲ အခုလို အံ့မခန်း စွမ်းဆောင်ပြထားနိုင်ခဲ့လို့ အပြောင်းအရွှေ့ မှာသာသူ့ကို အရောင်းစာရင်းတင်လိုက်ပါက ဖုန်းခေါ်ဆိုမှုတွေကိုPSGအသင်း လက်မလည်အောင် ရရှိဖို့ ရှိနေတာဖြစ်ပါတယ်။

CEIS ရဲ့ လေ့လာမှု စစ်တမ်းတွေအရ အမ်ဘာပေ ဟာလတ်တလောဈေးကွက်အတွင်းမှာ တန်ကြေး ယူရို ၂၅၂သန်း အထိ ရှိနေပြီး ဒါဟာ ဒုတိယနေရာက ဆာလတ်ထက် ယူရို ၃၂ သန်းလောက် အသာရနေတာဖြစ်ပါတယ်။

အမ်ဘက်ပေ

သူတို့၂ဦးရဲ့နောက် တန်ကြေးယူရိုသန်း ၂၀၀ ကျော်တဲ့ တဦးတည်းသောကစားသမားအဖြစ် မန်စီးတီးတောင်ပံကစားသမား စတာလင်က ယူရို ၂၀၈သန်းနဲ့ရှိနေပါတယ်။မန်စီးတီး အသင်းနဲ့အတူ ပြည်တွင်းဖလား ၃လုံးရယူနိုင်ခဲ့သလို အင်္ဂလန် အသင်းမှာ လည်း ခြေစွမ်းပြသနေတဲ့ လူငယ်ခြေတက် တဦးဖြစ်လို့ လည်း အခုလို တန်ကြေးမြင့်မားနေတာဖြစ်ပါတယ်။

အခုနှစ်ရဲ့ ဥရောပ ရွှေဖိနပ် ဆုရှင် မက်ဆီကတော့ အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ကျဆင်းခြင်း မရှိသေးတဲ့ ဂိုးသွင်းနှုန်းနဲ့ ခြေစွမ်းတွေကြောင်း ဈေးကွက် တန်ကြေး ယူရို ၁၆၇ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

မက်ဆီရဲ့ နောက်မှာတော့ ဥရောပရဲ့ အလားအလာအရှိဆုံး ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားခဲ့ရတဲ့ ဒေါ့မွန်တောင်ပံကစားသမားလေး ဆန်ချိုကရှိနေပါတယ်။ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပရီးမီးယားလိဂ် ကစားသမားဟအများအပြား ပါဝင်နေတာကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ကျေနပ်စရာတခုအဖြစ်ရှိနေပြီး စုစုပေါင်း ၄ယောက်(ဆာလတ်၊ မာနေး၊ဟယ်ရီကိန်း ၊ ဖာမီနို )အထိပါဝင်နေတာဖြစ်ပါတယ်။

လူမှုရေးပြသနာတွေ ဒဏ်ရာပြသနာတွေ နဲ့ နာမည်အနည်းငယ်ကျဆင်းလာတဲ့ လက်ရှိကမ္ဘာ့ဈေးအကြီးဆုံး ကစားသမား နေမာကတော့ ဈေးကွက်တန်ကြေး ၁၂၅ သန်းနဲ့ အဆင့် ၁၇နေရာအထိ ကျဆင်းသွားခဲ့ပြီး ရီးရဲလ် ကစားသမားအသစ် ဟာဇက်က တန်ကြေး ယူရိုသန်း၁၂၀ နဲ့ အဆင့် ၁၈နေရာမှာရှိနေပါတယ်။

ဆန်ချို

ဒီရာသီအစပိုင်းမှာ ရီးရဲလ်အသင်းကနေစီးရီးအေ ထိပ်သီး ဂျူဗီကို ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီ အိုင်ကွန် ရော်နယ်ဒိုကတော့ ခြေစွမ်းပိုင်း အနည်းငယ်ကျဆင်းမှု အသက်အရွယ်ရလာမှုတွေကြောင့် ဈေးကွက် တန်ကြေး ယူရို ၁၁၈ သန်းနဲ့ အဆင့် ၂၀ နေရာမှာသာရပ်တည်နေပါတယ်။

လီဗာပူး အသင်းရဲ့ လူငယ် လေးအာနိုးကတော့ လတ်တလော တန်ကြေးအများဆုံး ခံစစ်မှူး အဖြစ်ရှိနေပြီး အသင်းဖော် ဗန်ဒိုက်ကတော့ ယူရို ၁၁၂သန်းနဲ့ ဒုတိယလိုက်နေပါတယ်။တန်ကြေးအမြင့်ဆုံး ဂိုးသမားအဖြစ်တော့ လီဗာပူး ဂိုးသမား အယ်လီဆင်က ယူရို ၁၀၇ သန်းနဲ့ ဦးဆောင်နေပါတယ်။