” ဂ်ပန္ မက္ဆီ ” လုိ႔ နာမည္ၾကီးေနတဲ့ လူငယ္ေလးကုိ ဘာစီလုိနာထက္ လက္ဦးမႈ ရယူျပီး ေခၚယူလုိက္တဲ့ ရီးရဲလ္ မက္ဒရစ္

ရီးရဲလ္ မက္ဒရစ္ အသင္း ဟာ ” ဂ်ပန္ လီယြန္နယ္ မက္ဆီ ” လုိ႔ နာမည္ၾကီးေနတဲ့ တုိက်ဳိ ေဘာလုံး အသင္း ရဲ႕ ကြင္းလယ္ ကစားသမား တခဲဖုစ ကုဘို ( Takefusa Kubo ) ကုိ စာခ်ဳပ္ခ်ဳပ္ ေခၚယူလုိက္ျပီလုိ႔ သိရပါတယ္ ။

ကုဘုိ ကုိ ေခၚယူဖုိ႔ ရီးရဲလ္ မက္ဒရစ္ အသင္း ရဲ႕ မဟာ ျပိဳင္ဘက္ ဘာစီလုိနာ အသင္း ကလည္း ပစ္မွတ္ ထားေနတာျပီ ျဖစ္ျပီး ရီးရဲလ္ မက္ဒရစ္ အသင္းက လက္ဦးမႈ ရယူျပီး ေခၚယူ နုိင္ခဲ့တာလည္း ျဖစ္ပါတယ္ ။

ကုဘုိ ဟာ ျပီးခဲ့တဲ့လက ဂ်ပန္ လက္ေရြးစင္ အသင္းၾကီး အတြက္ သူ႔ရဲ႕ ပထမဦးဆုံး ပြဲဦးထြက္ကုိ ကစားခြင့္ ရခဲ့ျပီး ဘရာဇီး နုိင္ငံ မွာ က်င္းပမယ့္ ကုိပါ အေမရိက ဖလား ျပိဳင္ပြဲ အတြက္ ဂ်ပန္ အသင္း လူစာရင္းမွာလည္း ေရြးခ်ယ္ ခံထား ရပါတယ္ ။

ကုဘုိ ဟာ လာမယ့္ ရာသီမွာ ရီးရဲလ္ မက္ဒရစ္ အသင္းၾကီးမွာ ကစားရဦးမွာ မဟုတ္ဘဲ စပိန္ တတိယတန္းလိဂ္မွာ ကစားေနတဲ့ လူငယ္ အသင္း ျဖစ္တဲ့ ရီးရဲလ္ မက္ဒရစ္ ကက္စတီလာ အသင္း မွာ သြားေရာက္ ကစားရမယ္လုိ႔လည္း သိရပါတယ္ ။

ရီးရဲလ္မက္ဒရစ္ အသင္းက ယေန႔ ေသာၾကာေန႔မွာ ” က်ေနာ္တုိ႔ အေနနဲ႔ ကမာၻ႕ ေဘာလုံး ေလာက က အလားအလာ အေကာင္းဆုံး ကစားသမား တစ္ဦးကုိ ေခၚနုိင္ ခဲ့ပါျပီ ။ နည္းစနစ္ပုိင္း ေၾကညက္ျပီး စြမ္းရည္ေကာင္းေတြ ရွိတဲ့ ကြင္းလယ္ တုိက္စစ္ ကစားသမားေလးပါ ။ ” လုိ႔ တရားဝင္ ထုတ္ျပန္ ေၾကညာ သြားခဲ့ပါတယ္ ။

ကုဘုိ ဟာ ဂ်ပန္ မက္ဆီ လုိ႔ နာမည္ၾကီးလာတဲ့ အခ်ိန္မွာ ဘာစီလုိနာ လူငယ္ အသင္းမွာ လာေရာက္ ကစားဖုိ႔ ဖိတ္ေခၚ ခံခဲ့ရျပီး ၂၀၁၁ ခုႏွစ္ ကေန ၂၀၁၅ ခုႏွစ္ အထိ ေလးႏွစ္တာ ကစား ခဲ့ပါတယ္ ။ အဲ့ေနာက္မွာေတာ့ ကုဘုိ ဟာ တုိက်ဳိ ေဘာလုံး အသင္းကုိ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္ ။

ဘာစီလုိနာ အသင္းဟာ ကုဘုိ ရဲ႕ ေျခစြမ္းကုိ စဥ္ဆက္ မျပတ္ ေစာင့္ၾကည့္ေနေပမယ့္လည္း ရီးရဲလ္ မက္ဒရစ္ အသင္းက လက္ဦးမႈ ရယူကာ ေခၚယူ ခဲ့တာပါ ။ အသက္ ၁၈ ႏွစ္ အရြယ္ရွိျပီ ျဖစ္တဲ့ ကုဘုိ ဟာ ျပီးခဲ့တဲ့ ရာသီက တုိက်ဳိ အသင္းအတြက္ ၁၆ ပြဲ ကစားေပးခဲ့ျပီး ၅ ဂုိး သြင္းယူ ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

” ဂျပန် မက်ဆီ ” လို့ နာမည်ကြီးနေတဲ့ လူငယ်လေးကို ဘာစီလိုနာထက် လက်ဦးမှု ရယူပြီး ခေါ်ယူလိုက်တဲ့ ရီးရဲလ် မက်ဒရစ်
=============================

ရီးရဲလ် မက်ဒရစ် အသင်း ဟာ ” ဂျပန် လီယွန်နယ် မက်ဆီ ” လို့ နာမည်ကြီးနေတဲ့ တိုကျို ဘောလုံး အသင်း ရဲ့ ကွင်းလယ် ကစားသမား တခဲဖုစ ကုဘို ( Takefusa Kubo ) ကို စာချုပ်ချုပ် ခေါ်ယူလိုက်ပြီလို့ သိရပါတယ် ။

ကုဘို ကို ခေါ်ယူဖို့ ရီးရဲလ် မက်ဒရစ် အသင်း ရဲ့ မဟာ ပြိုင်ဘက် ဘာစီလိုနာ အသင်း ကလည်း ပစ်မှတ် ထားနေတာပြီ ဖြစ်ပြီး ရီးရဲလ် မက်ဒရစ် အသင်းက လက်ဦးမှု ရယူပြီး ခေါ်ယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

ကုဘို ဟာ ပြီးခဲ့တဲ့လက ဂျပန် လက်ရွေးစင် အသင်းကြီး အတွက် သူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက်ကို ကစားခွင့် ရခဲ့ပြီး ဘရာဇီး နိုင်ငံ မှာ ကျင်းပမယ့် ကိုပါ အမေရိက ဖလား ပြိုင်ပွဲ အတွက် ဂျပန် အသင်း လူစာရင်းမှာလည်း ရွေးချယ် ခံထား ရပါတယ် ။

ကုဘို ဟာ လာမယ့် ရာသီမှာ ရီးရဲလ် မက်ဒရစ် အသင်းကြီးမှာ ကစားရဦးမှာ မဟုတ်ဘဲ စပိန် တတိယတန်းလိဂ်မှာ ကစားနေတဲ့ လူငယ် အသင်း ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ် ကက်စတီလာ အသင်း မှာ သွားရောက် ကစားရမယ်လို့လည်း သိရပါတယ် ။

ရီးရဲလ်မက်ဒရစ် အသင်းက ယနေ့ သောကြာနေ့မှာ ” ကျနော်တို့ အနေနဲ့ ကမ္ဘာ့ ဘောလုံး လောက က အလားအလာ အကောင်းဆုံး ကစားသမား တစ်ဦးကို ခေါ်နိုင် ခဲ့ပါပြီ ။ နည်းစနစ်ပိုင်း ကြေညက်ပြီး စွမ်းရည်ကောင်းတွေ ရှိတဲ့ ကွင်းလယ် တိုက်စစ် ကစားသမားလေးပါ ။ ” လို့ တရားဝင် ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ် ။

ကုဘို ဟာ ဂျပန် မက်ဆီ လို့ နာမည်ကြီးလာတဲ့ အချိန်မှာ ဘာစီလိုနာ လူငယ် အသင်းမှာ လာရောက် ကစားဖို့ ဖိတ်ခေါ် ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ လေးနှစ်တာ ကစား ခဲ့ပါတယ် ။ အဲ့နောက်မှာတော့ ကုဘို ဟာ တိုကျို ဘောလုံး အသင်းကို ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ ကုဘို ရဲ့ ခြေစွမ်းကို စဉ်ဆက် မပြတ် စောင့်ကြည့်နေပေမယ့်လည်း ရီးရဲလ် မက်ဒရစ် အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူ ခဲ့တာပါ ။ အသက် ၁၈ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ကုဘို ဟာ ပြီးခဲ့တဲ့ ရာသီက တိုကျို အသင်းအတွက် ၁၆ ပွဲ ကစားပေးခဲ့ပြီး ၅ ဂိုး သွင်းယူ ခဲ့ပါတယ် ။

SPORTS MYANMAR