အဲရစ်ဆင်ထက်ပေါ့ဘာကိုပဲလိုချင်နေတွဲှီ့ရီးရဲလ်နည်းပြကြီး #ဇီဒန်း
ပါ့ဂ်ဘာ
အဲရစ်ဆင်
Unicode
အဲရစ်ဆင်ထက်ပေါ့ဘာကိုပဲလိုချင်နေတွှဲီ့ရီးရဲလ်နည်းပြကြီး #ဇီဒန်း
===================================
တကျော့ပြန် နည်းပြကြီး ဇီ ဒန်း နဲ့ အတူအသင်းကို ပြန်လည်တည်ဆောက်နေတဲ့ ရီးရဲလ် အသင်းဟာ နွေရာသီ စျေးကွက် အတွင်း ဆဋ္ဌမမြောက်ကစားသမား သစ်အဖြစ် ဂျပန် လူငယ်
ကြယ်ပွင့် လေး ကူဘိုကို ခေါ်ယူလိုက်ပါတယ်။ဘာစီလိုနာ အသင်းရဲ့ လာမာစီယာအကယ် ဒမီထွက်တဦးဖြစ်ပြီး ဂျပန် မက်ဆီ လို့ အမည်ပြောင်ရတဲ့ အသက်၁၈နှစ်အရွယ် ကူဘိုကို FCတိုကျို အသင်းကနေ ခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။
ရီးရဲလ် အသင်းဟာ ကူဘို မတိုင်မီမှာ ဟာဇက်၊ ဂျိုဗစ်၊ မန်ဒီ၊ အီဒါမီလီတော်၊ရိုဒရိဂို ဂို့စ် တို့ကို ယူရို သန်း ၃၀၀ ကျော် သုံးစွဲပြီး ခေါ်ယူထားခဲ့သေးတာဖြစ်ပါတယ်။ွှီရီးရဲလ် အသင်း နောက်ထပ် ကစားသမား ခေါ်ယူမှုတွေကို ထပ်မံပြုလုပ်သွားဖို့ ရှိနေသေးတယ်ဆိုတဲ့ သတင်းတွေ ထွက် နေဆဲဖြစ်ပြီး PSGတိုက်စစ်အတွဲ ဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေ ၊ စပါး ကွင်းလယ်လူ အဲရစ်ဆင် နဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာတို့ ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ယူနိုက်တက် အသင်းက ပေါ့ဘာကို ထိန်းထားနိုင် ဖို့ အသင်းခေါင်း ဆောင်လက်ပတ် နဲ့ပါ ဆွဲဆောင်စည်းရုံးဖို့ ရှိနေပေမယ့် ရီးရဲလ် အသင်းကလည်း နည်းပြဇီဒန်း နဲ့ တနိုင်ငံ တည်းသာ ပေါ့ဘာကိုအလိုရှိနေတာဖြစ်ပါတယ်။ပြင်သစ် နာမည်ကျော်သတင်းစာတစောင်ဖြစ်တဲ့ L’ Equipe ကတော့ ” ဇီဒန်းမှာ သူ့ရဲ့ စီမံကိန်း အသစ်တွေအတွက် တိတိကျကျ အလိုရှိတဲ့ ကစားသမား တဦးတည်းရဲ့ အမည်ကို စိတ်ထဲမှာ ရှိထားုပြိီးဖြစ်တယ် ” လို့ ဖော်ပြပါတယ် ။
အဆိုပါ သတင်းတွေ အရ ရီးရဲလ် အသင်းကို ချန်ပီယံ လိဂ် ၃ကြိမ်ဆက် အပါအဝင် အောင်မြင်မှုတွေရယူပေးခဲ့ဖူးတဲ့ဇီဒန်းဟာ စပါး အသင်းရဲ့ဒိန်းမတ် ကြယ်ပွင့် အဲရစ်ဆင် ကို ရီးရဲလ် အသင်းကိုပြောင်းလာစေ ချင်ပုံမရဘူးလို့ လည်းအချို့က ကောက်ချက်ချနေကြပါတယ်။
အဲရစ်ဆင် ဟာလတ်တလောမှာရီးရဲလ်နဲ့ ချုပ်သက်တမ်း တနှစ်သာကျန်ရှိနေတာ ဖြစ်ပြီး စပါး အသင်းကို စွန့်ခွာပြီးစိန်ခေါ်မှု အသစ်တွေ ရှာဖွေလိုကြောင်းကို ထုတ်ပြောထားခဲ့ဖူးတာဖြစ်ပါတယ်။ဒါပေမယ့် L’ Equipe ကတော့ အဲရစ်ဆင် ဟာဇီဒန်းလိုချင်တဲ့ ပုံစံမျိုး မဟုတ်ဘူး လို့ အခိုင်အမာဆိုပါတယ်။
ဒါ့အပြင် လီဗာပူး အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံ လိဂ်ဖိုင်နယ်မှာ ခြေစွမ်းပြသဖို့ ရုနး်ကန်ခဲ့ရတဲ့ အဲရစ်ဆင်ကိုကိုယ်ရည်ကိုယ်သွေးပိုင်းနဲ့ ပတ်သက်ပြီးရီးရဲလ်အသင်းက စိတ်ပျက်နေတယ်လို့ လည်းသတင်း အချို့ကဆိုပါတယ်။ဒါပေမယ့် အဓိက အရေးအကြီးဆုံးကတော့ ဇီဒန်း အနေနဲ့ အဲရစ်ဆင်ထက် ပေါ့ဘာကို ပဲ လိုချင်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ပေါ့ဘာအနေနဲ့ လည်း ရီးရဲလ် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ရှိနေပေမယ့် အပြောင်းအရွှေ့ဟာထင်သလောက်လွယ်ကူရိုးရှင်း မှာမဟုတ်ပဲ ရီးရဲလ် အသင်းအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့အနည်းဆုံး ပေါင် ၁၅၀ လောက်ယူနိုက်တက် ဘက်က အလိုရှိနေတာဖြစ်ပါတယ်။
နောက်ထပ် အတားအဆီး တရပ်ကတော့ ပေါ့ဘာရဲ့ အသင်းဟောင်းဖြစ်တဲ့ဂျူဗီအသင်းပဲဖြစ်ပါတယ်။Sky Sports ရဲ့ ဖော်ပြချက်အရ ဂျူဗီအသင်းရဲ့ အားကစားဒါရိုက်တာ ပါရာတီစီ ဟာ ယူနိုက်တက် အသင်းတာဝန်ရှိသူတွေနဲ့ အခုအပတ်အတွင်းဆက်သွယ်တွေ့ဆုံမှုတွေပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။
အခုလို မျက်နှာချင်းဆိုင်ဆွေးနွေးခဲ့တာဟာ ပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ အတွက် ဖြစ်ပြီး ညာနောက်ခံလူကန်ဆယ်လိုကို ပြောင်းရွှေ့ကြေးရဲ့ တစိတ်တဒေသ အဖြစ် ထည့်သွင်းသွားဖို့ရှိနေတယ်လို့ လည်းသတင်းတွေကဖော်ပြနေပါတယ်။