ဂါရက္ေဘး ကို ျငင္းပယ္ခဲ့ျပီးေနာက္ မန္ယူႏုိက္တက္ အသင္းရဲ႕ တုိက္စစ္ ကစားသမား ပစ္မွတ္ ၃ ခု ထြက္ေပၚလာခဲ့

မန္ခ်က္စတာယူႏုိက္တက္ အသင္းဟာ ယခု ေႏြရာသီ အေျပာင္းအေရြ႕မွာ ရီးရဲယ္မက္ဒရစ္ စတား ဂါရက္ေဘး ကို ေခၚယူဖို႕ မၾကိဳးပမ္းရန္ ဆံုးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ ယူႏုိက္တက္ အသင္းဟာ ေ၀းလ္လက္ေရြးစင္ ကို ကာလရွည္ ႏွစ္သက္ သေဘာက် ခဲ့တဲ့ အသင္းေတာ့ ျဖစ္ခဲ့ ပါတယ္။

ဒါေပမယ့္ ESPN ရဲ႕ ေဖာ္ျပခ်က္ အရ ယူႏုိက္တက္ ရဲ႕ အၾကီးအကဲေတြဟာ ယခု ေႏြရာသီ မွာ ရီးရဲယ္မက္ဒရစ္ မွာ အပယ္ခံလုိ ျဖစ္ေနတဲ့ ေဘးကို ေခၚယူ ႏုိင္မယ့္ အခြင့္အေရးကို ျငင္းဆန္ ပယ္ခ် ခဲ့တယ္လို႕ သိရပါတယ္။ လာမည့္ လ မွာ အသက္ ၃၀ ျပည့္ေတာ့မွာ ျဖစ္တဲ့ ေဘးဟာ ဇနက္ဒင္း ဇိဒန္း ဆန္တီယာဂို ဘာေနဗ်ဴးကို ျပန္လည္ ေရာက္ရွိ လာခဲ့ျပီးေနာက္ ရီးရဲယ္မွာ အနာဂတ္ လံုး၀ မရွိေတာ့တဲ့ အေနအထား ျဖစ္ေနခဲ့ ပါတယ္။

ဒါ့အျပင္ ရီးရဲယ္မက္ဒရစ္ ဟာ ယခု ေႏြရာသီ မွာ အီဒင္ဟာဇက္ ၊ လူကာဂ်ိဳဗစ္ ၊ အီဒါ မီလီယာတုိ ၊ ဖာလန္းမန္ဒီ နဲ႕ ရုိဒရုိင္ဂုိ တုိ႕ အတြက္ ေပါင္ သန္း ၃၀၀ နီးပါး အသံုးျပဳ ထားခဲ့တာေၾကာင့္ နည္းျပ ဇိဒန္း ႏွစ္သက္ျခင္း မရွိတဲ့ ေဘးကို ေရာင္းခ်လိုေနတာ ျဖစ္ပါတယ္။

ေဘးလ္

ရီးရဲယ္ဟာ ေ၀းလ္လက္ေရြးစင္ ကို ေခၚယူဖုိ႕ ယူႏုိက္တက္ တုိ႕ ၾကိဳးပမ္း သြားမယ္လို႕ ေမွ်ာ္လင့္ ထားခဲ့ျပီး မက္ဒရစ္ ကလပ္ဟာ လြန္ခဲ့တဲ့ ၂၀၁၃ ခုႏွစ္က ေဘးကို ေတာ့တင္ဟမ္မွ ေခၚယူ ထားခဲ့တဲ့ ေျပာင္းေရြ႕ေၾကး ေပါင္ ၈၅ သန္း ထက္ အနည္းငယ္သာ ေလ်ာ့တဲ့ ေစ်းႏွဳန္းနဲ႕ ေရာင္းခ်ဖို႕ ရည္မွန္း ထားခဲ့ပါတယ္။

ဒါေပမယ့္လည္း ယူႏုိက္တက္ရဲ႕ အေျပာင္းအေရြ႕ နည္းဗ်ဴဟာ ေျပာင္းလဲမွဳ ၊ ကစားသမား ရဲ႕ ဒဏ္ရာျပသနာ သမုိင္းေၾကာင္း နဲ႕ ျမင့္မားလြန္းတဲ့ လစာႏွဳန္းထား ေတြေၾကာင့္ အုိလီဂန္နာ ဆုိးရွား ရဲ႕ အသင္းဟာ ဒီအခ်ိန္မွာ ေဘး အတြက္ ရီးရဲယ္နဲ႕ အေျပာင္းအေရြ႕ ကိစၥ ေဆြးေႏြးသြားဖို႕ ဆႏၵ မရွိဘူးလို႕ ေျပာခဲ့ပါတယ္။

အဲဒီအစား vice-chairman အက္၀ုဒ္၀က္နဲ႕ အုိလီဂန္နာ ဆုိးရွား တို႕ဟာ အျခား ပစ္မွတ္ေတြကိုသာ ဦးစားေပး သြားဖို႕ ရွိေနျပီး အထူးသျဖင့္ တုိက္စစ္ပိုင္း ျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ ျပီးခဲ့တဲ့ ဗုဒၶဟူးေန႕က ဆြမ္ဆီး ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ကုိ ေခၚယူ ထားျပီး ျဖစ္ေပမယ့္ ရုိမီလူလူကာကူ ဟာ အင္တာမီလန္ အသင္းကို ေျပာင္းေရြ႕ဖို႕ နီးစပ္ ေနတာေၾကာင့္ ဆုိးရွားဟာ တုိက္စစ္ပိုင္းကို ေနာက္ထပ္ ကစားသမားေတြ အားျဖည့္ဖို႕ စိတ္အားထက္သန္ ေနပါတယ္။

ဂ်ိမ္းစ္ဟာ ယူႏုိက္တက္ရဲ႕ ပံုစံသစ္ အေျပာင္းအေရြ႕ ဗ်ဴဟာ ျဖစ္တဲ့ ေစ်းႏွဳန္း အလြန္ျမင့္မားတဲ့ နာမည္ရျပီးသာ ကစားသမားေတြကို ေခၚယူတာထက္ လူငယ္ၾကယ္ပြင့္ေတြကို ဦးစားေပး ေခၚယူကာ အသင္းကို တည္ေဆာက္မယ့္ ဗ်ဴဟာ နဲ႕ ကိုက္ညီမွဳ ရွိပါတယ္။ ယူႏုိက္တက္ ရဲ႕ ကင္းေထာက္ေတြကို ျပီးခဲ့တဲ့ လေတြတုန္းက ျပင္သစ္မွာ အျမဲ လိုလို ေတြ႕ခဲ့ ရျပီး အုိးထရပ္ဖို႕ဒ္ ကလပ္ဟာ ျပီးခဲ့တဲ့ ရာသီက လိုင္လီမွာ ထြန္းေတာက္ ခဲ့တဲ့ နီကိုလပ္ပီပီ နဲ႕ လီယြန္ တုိက္စစ္မွဳး မူဆာ ဒမ္ဘီလီ တုိ႕ကုိ ပစ္မွတ္ ထားေန တယ္လို႕ သိရပါတယ္။

နီကိုလပ္ ပီပီ

ျပီးခဲ့တဲ့ ရာသီက လီဂူး၀မ္းမွာ ၂၂ ဂုိးသြင္းျပီး ၁၁ ဂိုးဖန္တီး ႏုိင္ခဲ့တဲ့ ပီပီဟာ ယခု ေႏြရာသီမွာ လိုင္လီကေန ထြက္ခြာဖို႕ ဆႏၵ ရွိေနျပီး ၎ကုိ ဘုိင္ယန္ျမဴးနစ္ အပါအ၀င္ ဥေရာပ ထိပ္တန္း ကလပ္ေတြက ေစာင့္ၾကည့္ ေနပါတယ္။ ယူႏုိက္တက္ကလည္း ၎ကုိ စိ္တ္၀င္စား ေနတဲ့ အသင္းေတြ ထဲမွာ ပါ၀င္ေနျပီး ဘယ္ေျခသန္တဲ့ ပီပီဟာ ညာေတာင္ပံ တုိက္စစ္မွာ ကစားရတာကို ႏွစ္သက္သူ ျဖစ္ျပီး ဒါဟာ ယူႏုိက္တက္ တုိ႕ တုိးတက္ဖို႕ လိုအပ္တဲ့ ေနရာတစ္ခု ျဖစ္ပါတယ္။

ဘယ္ဂ်ီယံ တုိက္စစ္မွဳး သာ အင္တာမီလန္ အသင္းကုိ ထြက္ခြာ သြားမယ့္ ဆုိပါက ယူႏုိက္တက္ဟာ လူကာကူ ရဲ႕ ေနရာမွာ အစားထိုးရန္ လီယြန္ အသင္းရဲ႕ ဆဲတစ္ တုိက္စစ္မွဳးေဟာင္း မူဆာဒမ္ဘီလီ ကို ျမင္ထားပါတယ္။

ဘုန္းေမာက္ အသင္းရဲ႕ ရုိင္ယန္ ဖေရဆာ ကလည္း ယူႏုိက္တက္ တုိ႕ ေစာင့္ၾကည့္ ေနတဲ့ ေနာက္ထပ္ ေရြးခ်ယ္မွဳတစ္ခု ျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း ယူႏုိက္တက္ဟာ ဂ်ိမ္းကို ေခၚယူ ထားခဲ့တဲ့အျပင္ အန္သိုနီမာရွယ္လည္း ရွိေနတာေၾကာင့္ ဘယ္ေတာင္ပံ တုိက္စစ္မွာ ကစားရတာကို ႏွစ္သက္တဲ့ စေကာ့တလန္ လက္ေရြးစင္ ကို ေခၚယူရန္ ၾကိဳးပမ္းဖို႕ သိပ္ျပီး ျဖစ္လာ ႏုိင္ဖို႕ မရွိပါဘူး။ ေႏြရာသီ အေျပာင္းအေရြ႕ မွာ ယူႏုိက္တက္ ကုိ ၎တုိ႕ရဲ႕ အေျပာင္းအေရြ႕ မူ၀ါဒ အသစ္ နဲ႕ ကိုက္ညီမယ့္ ဘယ္လို ကစားသမားေတြ ေရာက္ရွိ လာမလဲ ဆုိတာကေတာ့ စိတ္၀င္စားစရာ ပါပဲ။

SM

Unicode

ဂါရက်ဘေး ကို ငြင်းပယ်ခဲ့ပြီးနောက် မန်ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား ပစ်မှတ် ၃ ခု ထွက်ပေါ်လာခဲ့

မန်ချက်စတာယူနိုက်တက် အသင်းဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ ရီးရဲယ်မက်ဒရစ် စတား ဂါရက်ဘေး ကို ခေါ်ယူဖို့ မကြိုးပမ်းရန် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ ဝေးလ်လက်ရွေးစင် ကို ကာလရှည် နှစ်သက် သဘောကျ ခဲ့တဲ့ အသင်းတော့ ဖြစ်ခဲ့ ပါတယ်။

ဒါပေမယ့် ESPN ရဲ့ ဖော်ပြချက် အရ ယူနိုက်တက် ရဲ့ အကြီးအကဲတွေဟာ ယခု နွေရာသီ မှာ ရီးရဲယ်မက်ဒရစ် မှာ အပယ်ခံလို ဖြစ်နေတဲ့ ဘေးကို ခေါ်ယူ နိုင်မယ့် အခွင့်အရေးကို ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ သိရပါတယ်။ လာမည့် လ မှာ အသက် ၃၀ ပြည့်တော့မှာ ဖြစ်တဲ့ ဘေးဟာ ဇနက်ဒင်း ဇိဒန်း ဆန်တီယာဂို ဘာနေဗျူးကို ပြန်လည် ရောက်ရှိ လာခဲ့ပြီးနောက် ရီးရဲယ်မှာ အနာဂတ် လုံးဝ မရှိတော့တဲ့ အနေအထား ဖြစ်နေခဲ့ ပါတယ်။

ဒါ့အပြင် ရီးရဲယ်မက်ဒရစ် ဟာ ယခု နွေရာသီ မှာ အီဒင်ဟာဇက် ၊ လူကာဂျိုဗစ် ၊ အီဒါ မီလီယာတို ၊ ဖာလန်းမန်ဒီ နဲ့ ရိုဒရိုင်ဂို တို့ အတွက် ပေါင် သန်း ၃၀၀ နီးပါး အသုံးပြု ထားခဲ့တာကြောင့် နည်းပြ ဇိဒန်း နှစ်သက်ခြင်း မရှိတဲ့ ဘေးကို ရောင်းချလိုနေတာ ဖြစ်ပါတယ်။

ရီးရဲယ်ဟာ ဝေးလ်လက်ရွေးစင် ကို ခေါ်ယူဖို့ ယူနိုက်တက် တို့ ကြိုးပမ်း သွားမယ်လို့ မျှော်လင့် ထားခဲ့ပြီး မက်ဒရစ် ကလပ်ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ဘေးကို တော့တင်ဟမ်မှ ခေါ်ယူ ထားခဲ့တဲ့ ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်း ထက် အနည်းငယ်သာ လျော့တဲ့ စျေးနှုန်းနဲ့ ရောင်းချဖို့ ရည်မှန်း ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ အပြောင်းအရွေ့ နည်းဗျူဟာ ပြောင်းလဲမှု ၊ ကစားသမား ရဲ့ ဒဏ်ရာပြသနာ သမိုင်းကြောင်း နဲ့ မြင့်မားလွန်းတဲ့ လစာနှုန်းထား တွေကြောင့် အိုလီဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ ဒီအချိန်မှာ ဘေး အတွက် ရီးရဲယ်နဲ့ အပြောင်းအရွေ့ ကိစ္စ ဆွေးနွေးသွားဖို့ ဆန္ဒ မရှိဘူးလို့ ပြောခဲ့ပါတယ်။

အဲဒီအစား vice-chairman အက်ဝုဒ်ဝက်နဲ့ အိုလီဂန်နာ ဆိုးရှား တို့ဟာ အခြား ပစ်မှတ်တွေကိုသာ ဦးစားပေး သွားဖို့ ရှိနေပြီး အထူးသဖြင့် တိုက်စစ်ပိုင်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဆွမ်ဆီး တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူ ထားပြီး ဖြစ်ပေမယ့် ရိုမီလူလူကာကူ ဟာ အင်တာမီလန် အသင်းကို ပြောင်းရွေ့ဖို့ နီးစပ် နေတာကြောင့် ဆိုးရှားဟာ တိုက်စစ်ပိုင်းကို နောက်ထပ် ကစားသမားတွေ အားဖြည့်ဖို့ စိတ်အားထက်သန် နေပါတယ်။

ဂျိမ်းစ်ဟာ ယူနိုက်တက်ရဲ့ ပုံစံသစ် အပြောင်းအရွေ့ ဗျူဟာ ဖြစ်တဲ့ စျေးနှုန်း အလွန်မြင့်မားတဲ့ နာမည်ရပြီးသာ ကစားသမားတွေကို ခေါ်ယူတာထက် လူငယ်ကြယ်ပွင့်တွေကို ဦးစားပေး ခေါ်ယူကာ အသင်းကို တည်ဆောက်မယ့် ဗျူဟာ နဲ့ ကိုက်ညီမှု ရှိပါတယ်။ ယူနိုက်တက် ရဲ့ ကင်းထောက်တွေကို ပြီးခဲ့တဲ့ လတွေတုန်းက ပြင်သစ်မှာ အမြဲ လိုလို တွေ့ခဲ့ ရပြီး အိုးထရပ်ဖို့ဒ် ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီက လိုင်လီမှာ ထွန်းတောက် ခဲ့တဲ့ နီကိုလပ်ပီပီ နဲ့ လီယွန် တိုက်စစ်မှုး မူဆာ ဒမ်ဘီလီ တို့ကို ပစ်မှတ် ထားနေ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက လီဂူးဝမ်းမှာ ၂၂ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီး နိုင်ခဲ့တဲ့ ပီပီဟာ ယခု နွေရာသီမှာ လိုင်လီကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေပြီး ၎င်းကို ဘိုင်ယန်မြူးနစ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေက စောင့်ကြည့် နေပါတယ်။ ယူနိုက်တက်ကလည်း ၎င်းကို စိ်တ်ဝင်စား နေတဲ့ အသင်းတွေ ထဲမှာ ပါ၀င်နေပြီး ဘယ်ခြေသန်တဲ့ ပီပီဟာ ညာတောင်ပံ တိုက်စစ်မှာ ကစားရတာကို နှစ်သက်သူ ဖြစ်ပြီး ဒါဟာ ယူနိုက်တက် တို့ တိုးတက်ဖို့ လိုအပ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဘယ်ဂျီယံ တိုက်စစ်မှုး သာ အင်တာမီလန် အသင်းကို ထွက်ခွာ သွားမယ့် ဆိုပါက ယူနိုက်တက်ဟာ လူကာကူ ရဲ့ နေရာမှာ အစားထိုးရန် လီယွန် အသင်းရဲ့ ဆဲတစ် တိုက်စစ်မှုးဟောင်း မူဆာဒမ်ဘီလီ ကို မြင်ထားပါတယ်။

ဘုန်းမောက် အသင်းရဲ့ ရိုင်ယန် ဖရေဆာ ကလည်း ယူနိုက်တက် တို့ စောင့်ကြည့် နေတဲ့ နောက်ထပ် ရွေးချယ်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ဂျိမ်းကို ခေါ်ယူ ထားခဲ့တဲ့အပြင် အန်သိုနီမာရှယ်လည်း ရှိနေတာကြောင့် ဘယ်တောင်ပံ တိုက်စစ်မှာ ကစားရတာကို နှစ်သက်တဲ့ စကော့တလန် လက်ရွေးစင် ကို ခေါ်ယူရန် ကြိုးပမ်းဖို့ သိပ်ပြီး ဖြစ်လာ နိုင်ဖို့ မရှိပါဘူး။ နွေရာသီ အပြောင်းအရွေ့ မှာ ယူနိုက်တက် ကို ၎င်းတို့ရဲ့ အပြောင်းအရွေ့ မူဝါဒ အသစ် နဲ့ ကိုက်ညီမယ့် ဘယ်လို ကစားသမားတွေ ရောက်ရှိ လာမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ပါပဲ။

SM