ခက်ခဲကြမ်းတမ်းတဲ့ ပရီးမီးယားလိဂ် မှာ ၃ နှစ်ဆက် ချန်ပီယံဆု ကို ဂွာဒီယိုလာ ရယူနိုင်ပါ့မလား

ပက်ဂွာဒီယိုလာ

အင်္ဂလန် ပရီးမီးယားလိဂ် ဟာ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံး နဲ့ အကျိတ် အနယ် အရှိဆုံး ဘောလုံး လိဂ် တစ်ခု အဖြစ် သတ်မှတ် ခံထား ရ ပါတယ် ။ အမှတ်ပေး ချန်ပီယံ ဆု ကို ရယူ ဖို့ အသင်း ၆ သင်း လောက် က နှစ်တိုင်း ယှဉ်ပြိုင် နေကြပြီး အလယ်အလတ် အဆင့် အသင်းတွေ တောင်မှ ပေါင် သန်း ၁၀၀ လောက် သုံးနိုင်ကာ ကစား သမား ကောင်းတွေ ကို ခေါ်ယူနိုင်တဲ့ အထိ ဓန အင်အား တောင့်တင်းကြ ပါတယ် ။

ဒါကြောင့် ပရီးမီးယားလိဂ် မှာ ဗိုလ်စွဲ ဖို့ ဆိုတာ ခက် ခဲ ပါတယ် ။ ၂ နှစ် ဆက် ဗိုလ်စွဲ ဖို့ ဆိုတာ ပိုပြီး ခက် ခဲ သလို ၃ နှစ် ဆက် ဗိုလ်စွဲ ဖို့ ဆိုတာ ကတော့ အီတလီ ၊ စပိန် ၊ ဂျာမဏီ ၊ ပြင်သစ် လိဂ် တွေ နဲ့ ယှဉ် ပြောလို့ မရ လောက်အောင် ကို ခက်ခဲ နေပါတယ် ။

လာမယ့် ရာသီ မှာတော့ မန်ချက်စတာ စီးတီး အသင်း ဟာ ၂ နှစ် ဆက် ချန်ပီယံ အဖြစ် နဲ့ ပြိုင်ပွဲ ကို ဖွင့်လှစ် မှာ ဖြစ်ပြီး ၃ နှစ် ဆက် ချန်ပီယံ အဖြစ် အောင်ပွဲခံ ဖို့ အစွမ်းကုန် ကြိုးစား ကစား ရတော့မှာ ဖြစ် ပါတယ် ။ ပရီးမီးယားလိဂ် သမိုင်း တစ်လျောက် မှာ ဒီလို လုပ်နိုင် ခဲ့တာ မန်ချက် စတာ ယူနိုက်တက် တစ်သင်းတည်း ( ၉၉ ၊ ၂၀၀၀ ၊ ၂၀၀၁ နဲ့ ၂၀၀၇ ၊ ၂၀၀၈ ၊ ၂၀၀၉ ) သာ ရှိသေးတာ ကြောင့် စီးတီး အနေနဲ့ ဒီနှစ်မှာ ဗိုလ်စွဲခဲ့မယ် ဆိုရင် မြို့ခံ ပြိုင်ဘက် နဲ့ အတူ သမိုင်းဝင် မှတ်တမ်း တစ်ခု ကို ရယူနိုင် မှာ ဖြစ် ပါတယ် ။

မန်စီးတီး

စီးတီး ရဲ့ လူအင်အား ဟာ အတောင့်တင်းဆုံး အနေ အထား မှာ ရှိနေတဲ့ အတွက် ဒီနှစ် မှာလည်း လီဗာပူး တစ်သင်း လောက်သာ ချန်ပီယံ ဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်လာ နိုင်ချေ ရှိ ပါတယ် ။ အစ ကောင်းမှ အနှောင်း သေချာ ဆိုသလို စီးတီး ရဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် တွေကလည်း ချန်ပီယံ ဆု အတွက် ဦးဆောင် မှုတွေ ကို ပေးစွမ်း စေနိုင် ပါတယ် ။

စီးတီး ရဲ့ အဖွင့် ၁၀ ပွဲ ( အောက်တိုဘာ လ ကုန် အထိ ) မှာ စပါး အသင်း တစ်သင်း သာ ထိပ်ဆုံး ၆ သင်း ထဲ က ပါဝင် နေပြီး ဒီပွဲ ကလည်း အိမ်ကွင်း မှာ ကစား ရမှာ ဖြစ် ပါတယ် ။ ကျန်တဲ့ အသင်းတွေ က စီးတီး အတွက် မှုလောက် စရာ မရှိတာကြောင့် ပွဲစဉ် ၁၀ အပြီး မှာ အမှတ်ပေး ဇယား ကို ဦးဆောင် ထားပြီး ပြိုင်ဘက် တွေ ကို ဖိအားပေး နိုင်ဖို့ အလားအလာ ကောင်း နေ ပါတယ် ။

စီးတီး အတွက် အဓိက အဆုံးအဖြတ် ဖြစ်လာနိုင်တာ က လီဗာပူး နဲ့ ပွဲတွေ ပါ ။ နိုဝင်ဘာ ဒုတိယ အပတ် ထဲ မှာ လီဗာပူး နဲ့ အဝေးကွင်းပွဲ ကို စတင် ကစား ရမှာ ဖြစ်ပြီး ချန်ပီယံ ဆု အတွက် စမ်းသပ်ခံ မယ့် စာမေးပွဲ တစ်ခု စတင်မယ် လို့ ပြောနိုင် ပါတယ် ။ ဘာဖြစ်လို့လည်း ဆိုတော့ လီဗာပူး ရဲ့ ခြေစွမ်း နဲ့ လူအင်အား ဟာ စီးတီး ကို ယှဉ်ပြိုင် နိုင်တာကြောင့် သူတို့လည်း အမှားနည်းနည်း နဲ့ ကပ်ပြီး ဖိအားပေး လာနိုင်တာ ကြောင့် ပါ ။

လီဗာပူး နဲ့ ပွဲ ပြီးရင်တော့ ချဲလ်ဆီး နဲ့ ကစား ရဦးမှာ ဖြစ်ပြီး ဒီဇင်ဘာ ဘောက်ဆင်ဒေး ကာလ မှာတော့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ လက်စတာ စတဲ့ အသင်းတွေ နဲ့ ဆက်ပြီး ယှဉ်ပြိုင် ရဦးမှာပါ ။ ဒီ ၂ လ ဟာ စီးတီး ရဲ့ ချန်ပီယံ ဆု အတွက် အရေးပါ သလို ချန်ပီယံ လိဂ် အုပ်စု ပွဲတွေ ၊ ကာရာဘောင် ဖလားပွဲတွေ လည်း ကစား နေရမှာ ဖြစ်လို့ အထူး သတိပြု ရမယ့် ကာလ ဖြစ်လာမှာ သေချာ ပါတယ် ။

လီဗာပူး နဲ့ ဒုတိယ အကျော့ ကစား ရမယ့် အချိန် က ဧပြီလ ပထမ အပတ် ထဲ မှာပါ ။ ဒီပွဲ မတိုင်ခင် မှာ လည်း ချဲလ်ဆီး နဲ့ ပွဲ က ရှေ့က ဆီးကြိုနေ ပါသေးတယ် ။ ဒါပေမယ့် အဲ့ဒီ အချိန် တွေ ဟာ ရှုံးထွက် ပွဲတွေ ကြောင့် ပွဲစဉ် အပြောင်းအလဲ တွေ ရှိလာနိုင် ပါတယ် ။

ဂွာဒီယိုလာ

စီးတီး တို့ ပြီးခဲ့တဲ့ နှစ် က ပန်းဝင် ကောင်းခဲ့သလို ဒီနှစ် မှာလည်း ရာသီပိတ် ပွဲစဉ်တွေ က သိပ်ပြီး ခက်ခဲ ဖို့ မရှိနိုင် ပါဘူး ။ နောဝှစ်ခ်ျ ၊ ဘုန်းမောက် ၊ ၀က်ဖိုဒ့် တို့ ဟာ စီးတီး ရဲ့ နောက်ဆုံးပိတ် ၃ ပွဲ ဖြစ်ပြီး အဆိုပါ ပွဲတွေ မတိုင်ခင် မှာလည်း ဘရိုက်တန် ၊ နယူးကာဆယ် ၊ ဆောက်သမ်တန် တို့ နဲ့ ကစားး ရမှာ ဖြစ်လို့ သေချာ အာရုံ စိုက်ပြီး ကစားရင် ပွဲတိုင်း နိုင်ဖို့ မခဲယဉ်း နိုင်ပါဘူး ။

လီဗာပူး နဲ့ ပွဲ ( ဒုတိယ အကျော့ ) နောက်ပိုင်း ပွဲတွေ ဆက်တိုက် ချောင်တာ ကြောင့် နိုဝင်ဘာ အစ ကနေ မတ်လ အကုန် လောက်အကြားက စမ်းသပ်ချက်တွေ ကို သာ စီးတီးတို့ ကောင်းစွာ ကျော်ဖြတ် နိုင်မယ် ဆိုရင် ဒီနှစ် မှာလည်း ဗိုလ်စွဲ ဖို့ အလားအလာ အကောင်းဆုံး အဖြစ်နဲ့ ဆက်ရှိနေဦး မှာ သေချာ ပါတယ် ။

ဒီနှစ် နဲ့ပါ ဆိုရင် ဂွာဒီယိုလာ အတွက် အင်္ဂလန် မြေပေါ်ကို ရောက်လာ ခဲ့တာ လေးနှစ် မြောက်ခဲ့ ပါပြီ ။ ပထမနှစ် မှာ ဖလား လက်မဲ့ ဖြစ်ခဲ့ပြီး ဒုတိယ နှစ် မှာတော့ စံချိန်တွေ တစ်သီကြီး နဲ့ ဗိုလ်စွဲ ခဲ့ ပါတယ် ။ မနှစ် က လည်း ဘယ် ကလပ် အသင်းမှ မရယူ နိုင်ဖူး သေးတဲ့ ပြည်တွင်း ဖလား ၃ လုံး အောင်ပွဲ ကို ရယူ ပေးခဲ့ ပါတယ် ။

ဒီနှစ် မှာရော ဂွာဒီိယိုလာ ဘယ် ဖလား တွေ ကို ကိုင်မြှောက် နိုင် မှာလဲ ?

SPORTS MYANMAR
Zeyar Wailin