ျပင္သစ္ စတား အမ္ဘာေပ ရဲ႕ King of Paris စီမံကိန္းႀကီး တကယ္ အသက္၀င္လာမွာလား

ကိုင္လီယန္ အမ္ဘာေပ ဟာ အသက္ ၂၀ သာ ရွိပါ ေသးတယ္ ။ ဒါေပမယ့္ သူ ဟာ အျခား ေသာ ေဘာလံုး သမားေတြ မက္ေမာ တပ္မက္ ခဲ့တဲ့ အရာ အေတာ္မ်ားမ်ား ကို ရယူ ထားခဲ့ ၿပီးပါပီ ။ သူ ဟာ ကမၻာ့ ဖလား ခ်န္ပီယံ ျဖစ္သလို ျပင္သစ္ ရဲ႕ ခ်န္ပီယံ ခရီးလမ္းမွာ လည္း အဓိက ကစား သမား တစ္ဦး အျဖစ္ နဲ႔ ဂုိးေတြ သြင္းေပး ကာ ပါ၀င္ ခဲ့ ပါတယ္ ။

ကလပ္ အသင္း သား ဘ၀ မွာ လည္း ျပင္သစ္ ရဲ႕ အမွတ္ေပး ခ်န္ပီယံ ဆု ကို ၃ ႏွစ္ ဆက္တုိက္ ရယူထား ခဲ့ ပါတယ္ ။ PSG ကို ေျပာင္းေရႊ႕ လာအၿပီး ကစား ေပးခဲ့ တဲ့ ၅၆ ပြဲမွာ လည္း ၄၆ ဂုိး အထိ သြင္းယူေပး ထားႏိုင္ ခဲ့ ပါတယ္ ။

ဒါေပမယ့္ သူ ဟာ PSG ရဲ႕ ဘုရင္ မျဖစ္ႏုိင္ေသး ပါဘူး ။ ျမက္ခင္းျပင္ ေပၚမွာ စတား တစ္ဦး ျဖစ္ေန ေပမယ့္ PSG ရဲ႕ တန္ေၾကး အျမင့္ဆံုး ကစား သမား ဘဲြ႕ကို ေတာ့ ေနမာ က ရယူ ပုိင္ဆုိင္ ထားဆဲ ျဖစ္ ပါတယ္ ။ ေနမာ ဟာ ဘာစီလုိနာ ကေန PSG ကို ယူရို ၂၂၂ သန္း နဲ႔ ေျပာင္းေရႊ႕ လာခဲ့တာ ျဖစ္ၿပီး အသင္းရဲ႕ ေပၚျပဴလာ အျဖစ္ဆံုး စတား တစ္ဦး အျဖစ္ ရပ္တည္ ေနဆဲျဖစ္ ပါတယ္ ။

ဒါေပမယ့္ ဘာေပ ဟာ သူ႔ရဲ႕ အနာဂါတ္ အတြက္ ပိုမို ေကာင္းမြန္ တဲ့ စီမံကိန္း ေတြ ကို ေမွ်ာ္လင့္ ထားၿပီး PSG အသင္းထံ ေတာင္းဆိုမႈ ေတြ ျပဳလုပ္ ထားတယ္ လို႔ သိရ ပါတယ္ ။ ဥေရာပ ရဲ႕ နာမည္ေက်ာ္ ဂ်ာနယ္လစ္ Duncan Castle ရဲ႕ ေရးသားေဖာ္ျပမႈ အရ ဘာေပ ဟာ PSG ကို သူအလို ရွိတဲ့ ပံုစံ အတုိင္း လုပ္ေဆာင္ေပး ဖို႔ ေတာင္းဆို ထားၿပီး ျဖည့္ဆည္း မေပးပါက အသင္း ေျပာင္းမယ္ လို႔ သတိေပး ထားတယ္ လို႔ ပါရွိ လာခဲ့ ပါတယ္

“ဘာေပ က သူ ဟာ ကြင္းထဲ မွာ ေနမာ ထက္ ပိုၿပီး အေရးပါ တဲ့ သူ ျဖစ္ေနၿပီ လို႔ စၿပီး ခံစား မိလာခဲ့ ပါတယ္ ။ ဒါေၾကာင့္ အသင္း ရဲ႕ အဓိက ကစား သမား တစ္ဦး အျဖစ္ နဲ႔ ကစားခြင့္ ရဖုိ႔ အတြက္ နံပါတ္ ၉ ေနရာ ( အေထာင္ တုိက္စစ္မႈး ) ကို ေပးဖို႔ ေတာင္းဆို ထားသလုိ ပင္နယ္တီ ကို လည္း ကန္ခြင့္ ေပးဖို႔ ေတာင္းဆို ထားပါတယ္”

“ဘာေပ ဟာ အေထာင္ တုိက္စစ္မႈး အျဖစ္ နဲ႔ ကစားမယ္ ဆုိရင္ အခုထက္ ပိုၿပီး ဂုိးေတြ ရမယ္ လို႔ ယံုၾကည္ ေန ပါတယ္ ။ မႏွစ္ က ေတာင္ပံ မွာ တစ္ခါ တေလ ကစားခဲ့ ရလုိ႔ ၊ ပင္နယ္တီ ေတြ ပင္တိုင္ မကန္ ခဲ့ရလို႔ ေရႊဖိနပ္ဆု နဲ႔ လြဲခဲ့တာ လို႔ သူ ယံုၾကည္ ေနပါတယ္ ။ ဒါေၾကာင့္ ဒါေတြ ကို ခြင့္ျပဳ ဖို႔ သူ ေတာင္းဆို ထားတာပါ”

“ေနာက္ၿပိးေတာ့ အသင္း ရဲ႕ ကစားကြက္ ကိုလည္း သူက ေျပာင္းလဲ ခ်င္ ေန ပါတယ္ ။ လက္ရွိ နည္းျပ တူခ်ယ္ ဟာ ၄-၃-၃ ကို ဦးတည္ ကစား ေန ေပမယ့္ ဘာေပ ကေတာ့ မိုနာကို နဲ႔ အတူ အမွတ္ေပး ဖလား ရခဲ့ တုန္းက ၄-၄-၂ ကစားကြက္ ကို အထုိင္ခ် ကစား ေစခ်င္ ေနပါတယ္ ။ ဒါက သူ႔ အတြက္ ပိုၿပီး အစြမ္းျပ ႏုိင္မယ္ လို႔ လည္း ထင္ေနပါတယ္” လို႔ ဒန္ကန္ ကတ္စတယ္ က သူ႔ရဲ႕ ေဆာင္းပါး မွာ ထည့္သြင္းေရးသား သြားခဲ့ ပါတယ္ ။

ဘာေပ ရဲ႕ ေတာင္းဆိုမႈ ေတြ ဟာ အသက္ ၂၀ ဆိုတဲ့ အရြယ္ အတြက္ ေတာ္ေတာ္ေလး ကို မ်ားတဲ့ ေတာင္းဆိုမႈ ေတြ လို႔ ဆုိႏုိင္ ပါတယ္ ။ ဒါေပမယ့္ သူက ေတာ့ ဒါေတြကို မလုိက္ေလ်ာ ရင္ အသင္း နဲ႔ လမ္းခြဲဖို႔ အထိ ဆံုးျဖတ္ထားတယ္ လို႔ သိရ ပါတယ္ ။

ယံုၾကည္မႈ အျပည့္ အ၀ ရွိေနတာလား . . . . ဒါမွ မဟုတ္ ေျမွာက္စားမႈေတြ ေၾကာင့္ အေျခလြတ္သြားတာလား . . .

ဘာေပ ဟာ PSG ရဲ႕ အေထာင္တုိက္စစ္မႈး အျဖစ္ ကစားမယ္ ဆိုရင္ ဂုိးေတြ အမ်ားႀကီး သြင္းလာႏုိင္ မွာလား . . .

SPORTS MYANMAAR

Unicode

ပြင်သစ် စတား အမ်ဘာပေ ရဲ့ King of Paris စီမံကိန်းကြီး တကယ် အသက်ဝင်လာမှာလား

=============================================

ကိုင်လီယန် အမ်ဘာပေ ဟာ အသက် ၂၀ သာ ရှိပါ သေးတယ် ။ ဒါပေမယ့် သူ ဟာ အခြား သော ဘောလုံး သမားတွေ မက်မော တပ်မက် ခဲ့တဲ့ အရာ အတော်များများ ကို ရယူ ထားခဲ့ ပြီးပါပီ ။ သူ ဟာ ကမ္ဘာ့ ဖလား ချန်ပီယံ ဖြစ်သလို ပြင်သစ် ရဲ့ ချန်ပီယံ ခရီးလမ်းမှာ လည်း အဓိက ကစား သမား တစ်ဦး အဖြစ် နဲ့ ဂိုးတွေ သွင်းပေး ကာ ပါ၀င် ခဲ့ ပါတယ် ။

ကလပ် အသင်း သား ဘဝ မှာ လည်း ပြင်သစ် ရဲ့ အမှတ်ပေး ချန်ပီယံ ဆု ကို ၃ နှစ် ဆက်တိုက် ရယူထား ခဲ့ ပါတယ် ။ PSG ကို ပြောင်းရွှေ့ လာအပြီး ကစား ပေးခဲ့ တဲ့ ၅၆ ပွဲမှာ လည်း ၄၆ ဂိုး အထိ သွင်းယူပေး ထားနိုင် ခဲ့ ပါတယ် ။

ဒါပေမယ့် သူ ဟာ PSG ရဲ့ ဘုရင် မဖြစ်နိုင်သေး ပါဘူး ။ မြက်ခင်းပြင် ပေါ်မှာ စတား တစ်ဦး ဖြစ်နေ ပေမယ့် PSG ရဲ့ တန်ကြေး အမြင့်ဆုံး ကစား သမား ဘွဲ့ကို တော့ နေမာ က ရယူ ပိုင်ဆိုင် ထားဆဲ ဖြစ် ပါတယ် ။ နေမာ ဟာ ဘာစီလိုနာ ကနေ PSG ကို ယူရို ၂၂၂ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး စတား တစ်ဦး အဖြစ် ရပ်တည် နေဆဲဖြစ် ပါတယ် ။

ဒါပေမယ့် ဘာပေ ဟာ သူ့ရဲ့ အနာဂါတ် အတွက် ပိုမို ကောင်းမွန် တဲ့ စီမံကိန်း တွေ ကို မျှော်လင့် ထားပြီး PSG အသင်းထံ တောင်းဆိုမှု တွေ ပြုလုပ် ထားတယ် လို့ သိရ ပါတယ် ။ ဥရောပ ရဲ့ နာမည်ကျော် ဂျာနယ်လစ် Duncan Castle ရဲ့ ရေးသားဖော်ပြမှု အရ ဘာပေ ဟာ PSG ကို သူအလို ရှိတဲ့ ပုံစံ အတိုင်း လုပ်ဆောင်ပေး ဖို့ တောင်းဆို ထားပြီး ဖြည့်ဆည်း မပေးပါက အသင်း ပြောင်းမယ် လို့ သတိပေး ထားတယ် လို့ ပါရှိ လာခဲ့ ပါတယ်

“ဘာပေ က သူ ဟာ ကွင်းထဲ မှာ နေမာ ထက် ပိုပြီး အရေးပါ တဲ့ သူ ဖြစ်နေပြီ လို့ စပြီး ခံစား မိလာခဲ့ ပါတယ် ။ ဒါကြောင့် အသင်း ရဲ့ အဓိက ကစား သမား တစ်ဦး အဖြစ် နဲ့ ကစားခွင့် ရဖို့ အတွက် နံပါတ် ၉ နေရာ ( အထောင် တိုက်စစ်မှုး ) ကို ပေးဖို့ တောင်းဆို ထားသလို ပင်နယ်တီ ကို လည်း ကန်ခွင့် ပေးဖို့ တောင်းဆို ထားပါတယ်”

“ဘာပေ ဟာ အထောင် တိုက်စစ်မှုး အဖြစ် နဲ့ ကစားမယ် ဆိုရင် အခုထက် ပိုပြီး ဂိုးတွေ ရမယ် လို့ ယုံကြည် နေ ပါတယ် ။ မနှစ် က တောင်ပံ မှာ တစ်ခါ တလေ ကစားခဲ့ ရလို့ ၊ ပင်နယ်တီ တွေ ပင်တိုင် မကန် ခဲ့ရလို့ ရွှေဖိနပ်ဆု နဲ့ လွဲခဲ့တာ လို့ သူ ယုံကြည် နေပါတယ် ။ ဒါကြောင့် ဒါတွေ ကို ခွင့်ပြု ဖို့ သူ တောင်းဆို ထားတာပါ”

“နောက်ပြိးတော့ အသင်း ရဲ့ ကစားကွက် ကိုလည်း သူက ပြောင်းလဲ ချင် နေ ပါတယ် ။ လက်ရှိ နည်းပြ တူချယ် ဟာ ၄-၃-၃ ကို ဦးတည် ကစား နေ ပေမယ့် ဘာပေ ကတော့ မိုနာကို နဲ့ အတူ အမှတ်ပေး ဖလား ရခဲ့ တုန်းက ၄-၄-၂ ကစားကွက် ကို အထိုင်ချ ကစား စေချင် နေပါတယ် ။ ဒါက သူ့ အတွက် ပိုပြီး အစွမ်းပြ နိုင်မယ် လို့ လည်း ထင်နေပါတယ်” လို့ ဒန်ကန် ကတ်စတယ် က သူ့ရဲ့ ဆောင်းပါး မှာ ထည့်သွင်းရေးသား သွားခဲ့ ပါတယ် ။

ဘာပေ ရဲ့ တောင်းဆိုမှု တွေ ဟာ အသက် ၂၀ ဆိုတဲ့ အရွယ် အတွက် တော်တော်လေး ကို များတဲ့ တောင်းဆိုမှု တွေ လို့ ဆိုနိုင် ပါတယ် ။ ဒါပေမယ့် သူက တော့ ဒါတွေကို မလိုက်လျော ရင် အသင်း နဲ့ လမ်းခွဲဖို့ အထိ ဆုံးဖြတ်ထားတယ် လို့ သိရ ပါတယ် ။

ယုံကြည်မှု အပြည့် အဝ ရှိနေတာလား . . . . ဒါမှ မဟုတ် မြှောက်စားမှုတွေ ကြောင့် အခြေလွတ်သွားတာလား . . .

ဘာပေ ဟာ PSG ရဲ့ အထောင်တိုက်စစ်မှုး အဖြစ် ကစားမယ် ဆိုရင် ဂိုးတွေ အများကြီး သွင်းလာနိုင် မှာလား . . .

SPORTS MYANMAAR