ေနမာ ကို အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခဲ့မွဳ အေပၚ ေထာက္ခံလိ္ုက္ျပီး ဘရာဇီးစတားရဲ႕ စိတ္ဓာတ္ကို ေမးခြန္းထုတ္လိုက္တဲ့ ကလီဘာဆင္

ဘရာဇီး အသင္းရဲ႕ တာ၀န္ရွိသူေတြဟာ ၂၀၁၉ ခုႏွစ္ ကိုပါ အေမရိက ဖလား ျပိဳင္ပြဲ မတုိင္မီ ပဲရစ္စိန္႕ဂ်ာမိန္း အသင္းရဲ႕ တုိက္စစ္မွဳး ေနမာ ကို အသင္းေခါင္းေဆာင္ ရာထူး ကေန ဖယ္ရွား ပစ္ခဲ့တာဟာ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ျဖစ္တယ္လို႕ ကလီဘာဆင္ က ေထာက္ခံ လိုက္ပါတယ္။

ေနမာ ဟာ ျပီးခဲ့တဲ့ ၂၀၁၈-၁၉ ေဘာလံုး ရာသီ ၎ရဲ႕ ကလပ္ အသင္းမွာ စည္းကမ္းပိုင္း ဆုိင္ရာ ျပသနာေတြ ျဖစ္ခဲ့ျပီး ေမလကုန္မွာေတာ့ ဘရာဇီး အသင္း တာ၀န္ရွိသူ ေတြဟာ အသက္ ၂၇ ႏွစ္ အရြယ္ ကစားသမား ကို အသင္းေခါင္းေဆာင္ အျဖစ္မွ ဖယ္ရွားျပီး ၀ါရင့္ ကစားသမား ဒါနီအဲဗက္စ္ ထံ လြဲေျပာင္း ေပးခဲ့ ပါတယ္။

ေနမာဟာ ရင္းနက္ ကို ပီအက္ဂ်ီ အသင္း ရွံဳးနိမ့္ ခဲ့တဲ့ ျပင္သစ္ ျပည္တြင္း ရွံဳးထြက္ ဖလား ပြဲစဥ္ ျပီးေနာက္ ပရိတ္သတ္ တစ္ဦး အေပၚကုိ အားကစား သမား မပီသတဲ့ အျပဳအမူ က်ဴးလြန္ ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ ေနမာ ဟာ ၎ရဲ႕ အျပဳအမူ အတြက္ ျပင္သစ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ရဲ႕ ပြဲပယ္ ျပစ္ဒဏ္ ခ်မွတ္ျခင္း ခံခ့ဲ ရပါတယ္။

ဘာစီလိုနာ တုိက္စစ္မွဳးဟာ ျပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႕ဖလား ျပိဳင္ပြဲ ျပီးေနာက္ ဘရာဇီး ရဲ႕ အသင္းေခါင္းေဆာင္ ရာထူး ကို ရယူ ခဲ့တာ ျဖစ္ျပီး လက္ရွိ အခ်ိန္မွာေတာ့ ဒီတာ၀န္ကို ၈လ သာ ယူခဲ့ရျပီးေနာက္ အျခားသူ တစ္ဦးကုိ လြဲေပး ခဲ့၇တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေနမာဟာ ကာတာကုိ ဘရာဇီး အသင္း ၂ – ၀ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာ ေျခက်င္း၀တ္ ဒဏ္ရာ ရရွိခဲ့ျပီး ေလးပတ္ၾကာ အနားယူ ရမွာ ျဖစ္တာေၾကာင့္ ကိုပါအေမရိက ဖလား ျပိဳင္ပြဲ နဲ႕ လြဲေခ်ာ္ သြားခဲ့ ရျပီ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂၀၀၂ ခုႏွစ္က ကမာၻ႕ဖလား ဆြတ္ခူး ႏုိင္ခဲ့တဲ့ ဘရာဇီး အသင္းမွာ ပါ၀င္ ခဲ့တဲ့ မန္ခ်က္စတာ ယူႏုိက္တက္ ကြင္းလယ္လူေဟာင္း ကလီဘာဆင္ က နည္းျပ တီေတး ဟာ လက္ေရြးစင္ အသင္းရဲ႕ ေခါင္းေဆာင္ ရာထူး ကို ေနမာ့ ထံကေန ဖယ္ရွား ပစ္ခဲ့တာ မွန္ကန္တယ္လို႕ သူ ခံစားမိေၾကာင္း ဆုိလိုက္ ပါတယ္။

ကလီဘာဆင္ က “ဘရာဇီး နည္းျပ အဖြဲ႕၀င္ေတြဟာ ေနမာ့ ကုိ အသင္းေခါင္းေဆာင္ ရာထူး ကေန ဖယ္ရွား ပစ္ခဲ့ျပီး မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ ခ်မွတ္ ႏုိင္ခဲ့ ပါတယ္။ ဘရာဇီး က လူေတြ အားလံုးဟာ ေနမာ့ရဲ႕ အရည္အေသြး ကို အမ်ားၾကီး ေလးစားမွဳ ရွိျပီး ႏွစ္သက္ ၾကပါတယ္။ ဒါေပမယ့္ လက္ရွိ ေဘာလံုး ေလာကမွာ ကစားသမား တစ္ဦးဟာ အမွားအယြင္း တစ္စံုတစ္ရာ လုပ္ခဲ့မယ္ ဆုိရင္ အားလံုးဟာ ဒါကို ျမင္ေတြ႕ ေနၾက ပါျပီ။

ေနမာဟာ ကြင္းျပင္ပ မွာ အမွားေတြ ျပဳလုပ္ ေနဆဲ ျဖစ္ျပီး ဒါဟာ သူ႕ရဲ႕ ကြင္းတြင္း အေျခအေန ကို ထိခိုက္မွု ရွိေစ ပါတယ္။ ဒီဆံုးျဖတ္ခ်က္ နဲ႕ ပက္သက္ျပီး ဘရာဇီး က လူေတြ အားလံုး သေဘာတူ ၾကမယ္လို႕ ကၽြန္ေတာ္ ထင္ပါတယ္။” လို႕ ေျပာလို္က္ ပါတယ္။

ဘရာဇီး ဟာ ယခုႏွစ္ ကိုပါ အေမရိက ဖလားျပိဳင္ပြဲမွာ ဗုိလ္စြဲဖို႕ ေရပန္း အစားဆံုး အသင္းေတြ ထဲမွာ ပါ၀င္ ေနျပီး ၎တုိ႕ဟာ အုပ္စု ေအ မွာ ဘုိလီးဗီးယား ၊ ပီရူး ၊ ဗင္နီဇြဲလား တုိ႕နဲ႕ က်ေရာက္ ေနပါတယ္။ တီေတး ရဲ႕ အသင္းဟာ လာမည့္ စေနေန႕ မွာေတာ့ အုပ္စု အဖြင့္ပြဲစဥ္ အျဖစ္ ဘုိလီးဗီးယား အသင္း နဲ႕ ကန္သြား ရမွာ ျဖစ္ျပီး ကလီဘာဆင္ က သူ႕ႏုိင္ငံ အသင္းဟာ ဗိုလ္စြဲ ႏုိင္လိမ့္မယ္လို႕ ေထာက္ခံ လိုက္ကာ လီယြန္နယ္မက္ဆီ နဲ႕ အာဂ်င္တီးနား အသင္းရဲ႕ ျခိမ္းေျခာက္မွဳ ကိုေတာ့ သတိ ေပးသြား ခဲ့ပါတယ္။

ယူႏုိက္တက္ ကစားသမားေဟာင္း က “ဘရာဇီး အသင္းဟာ ဒီႏွစ္ ကိုပါအေမရိက မွာ ဗိုလ္စြဲ ႏုိင္ပါတယ္။ မာရာကာနာ မွာ ကၽြန္ေတာ့္ရဲ႕ သူငယ္ခ်င္းေတြ ၊ မိသားစု ေတြနဲ႕ အတူ ေအာင္ပြဲ ခံခ်င္ပါတယ္။ အထူးသျဖင့္ ကၽြန္ေတာ္တုိ႕ ဖိုင္နယ္ကို တက္ေရာက္ ႏုိင္ျပီး အာဂ်င္တီးနား အသင္းနဲ႕ ေတြ႕ဆံု ေနမယ္ ဆိုရင္ ဒါဟာ အရမ္းေကာင္းတဲ့ ပြဲတစ္ပြဲ ျဖစ္လာမွာပါ။

အာဂ်င္တီးနား ဟာ ဘရာဇီး အတြက္ အရမ္း ကို ေတာင့္တင္းတဲ့ ျပိဳင္ဘက္ ျဖစ္ပါတယ္။ ဒီအသင္းဟာ ဘရာဇီး တုိ႕ အထူး သတိထားရမယ့္ အသင္း ျဖစ္ပါတယ္။ အထူး သျဖင့္ လီယြန္နယ္ မက္ဆီ ကိုေပါ့။” လို႕ ဆုိလိုက္ ပါတယ္။

SM

Unicode

နေမာ ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခဲ့မှု အပေါ် ထောက်ခံလိ်ုက်ပြီး ဘရာဇီးစတားရဲ့ စိတ်ဓာတ်ကို မေးခွန်းထုတ်လိုက်တဲ့ ကလီဘာဆင်

ဘရာဇီး အသင်းရဲ့ တာဝန်ရှိသူတွေဟာ ၂၀၁၉ ခုနှစ် ကိုပါ အမေရိက ဖလား ပြိုင်ပွဲ မတိုင်မီ ပဲရစ်စိန့်ဂျာမိန်း အသင်းရဲ့ တိုက်စစ်မှုး နေမာ ကို အသင်းခေါင်းဆောင် ရာထူး ကနေ ဖယ်ရှား ပစ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ကလီဘာဆင် က ထောက်ခံ လိုက်ပါတယ်။

နေမာ ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံး ရာသီ ၎င်းရဲ့ ကလပ် အသင်းမှာ စည်းကမ်းပိုင်း ဆိုင်ရာ ပြသနာတွေ ဖြစ်ခဲ့ပြီး မေလကုန်မှာတော့ ဘရာဇီး အသင်း တာဝန်ရှိသူ တွေဟာ အသက် ၂၇ နှစ် အရွယ် ကစားသမား ကို အသင်းခေါင်းဆောင် အဖြစ်မှ ဖယ်ရှားပြီး ၀ါရင့် ကစားသမား ဒါနီအဲဗက်စ် ထံ လွဲပြောင်း ပေးခဲ့ ပါတယ်။

နေမာဟာ ရင်းနက် ကို ပီအက်ဂျီ အသင်း ရှုံးနိမ့် ခဲ့တဲ့ ပြင်သစ် ပြည်တွင်း ရှံုးထွက် ဖလား ပွဲစဉ် ပြီးနောက် ပရိတ်သတ် တစ်ဦး အပေါ်ကို အားကစား သမား မပီသတဲ့ အပြုအမူ ကျူးလွန် ခဲ့ပါတယ်။ ဒီအတွက်ကြောင့် နေမာ ဟာ ၎င်းရဲ့ အပြုအမူ အတွက် ပြင်သစ် ဘောလုံး အဖွဲ့ချုပ်ရဲ့ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ ရပါတယ်။

ဘာစီလိုနာ တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးနောက် ဘရာဇီး ရဲ့ အသင်းခေါင်းဆောင် ရာထူး ကို ရယူ ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ ဒီတာဝန်ကို ၈လ သာ ယူခဲ့ရပြီးနောက် အခြားသူ တစ်ဦးကို လွဲပေး ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နေမာဟာ ကာတာကို ဘရာဇီး အသင်း ၂ – ၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး လေးပတ်ကြာ အနားယူ ရမှာ ဖြစ်တာကြောင့် ကိုပါအမေရိက ဖလား ပြိုင်ပွဲ နဲ့ လွဲချော် သွားခဲ့ ရပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ကမ္ဘာ့ဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ ဘရာဇီး အသင်းမှာ ပါ၀င် ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ကလီဘာဆင် က နည်းပြ တီတေး ဟာ လက်ရွေးစင် အသင်းရဲ့ ခေါင်းဆောင် ရာထူး ကို နေမာ့ ထံကနေ ဖယ်ရှား ပစ်ခဲ့တာ မှန်ကန်တယ်လို့ သူ ခံစားမိကြောင်း ဆိုလိုက် ပါတယ်။

ကလီဘာဆင် က “ဘရာဇီး နည်းပြ အဖွဲ့ဝင်တွေဟာ နေမာ့ ကို အသင်းခေါင်းဆောင် ရာထူး ကနေ ဖယ်ရှား ပစ်ခဲ့ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ် နိုင်ခဲ့ ပါတယ်။ ဘရာဇီး က လူတွေ အားလုံးဟာ နေမာ့ရဲ့ အရည်အသွေး ကို အများကြီး လေးစားမှု ရှိပြီး နှစ်သက် ကြပါတယ်။ ဒါပေမယ့် လက်ရှိ ဘောလုံး လောကမှာ ကစားသမား တစ်ဦးဟာ အမှားအယွင်း တစ်စုံတစ်ရာ လုပ်ခဲ့မယ် ဆိုရင် အားလုံးဟာ ဒါကို မြင်တွေ့ နေကြ ပါပြီ။

နေမာဟာ ကွင်းပြင်ပ မှာ အမှားတွေ ပြုလုပ် နေဆဲ ဖြစ်ပြီး ဒါဟာ သူ့ရဲ့ ကွင်းတွင်း အခြေအနေ ကို ထိခိုက်မှု ရှိစေ ပါတယ်။ ဒီဆုံးဖြတ်ချက် နဲ့ ပက်သက်ပြီး ဘရာဇီး က လူတွေ အားလုံး သဘောတူ ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ပြောလို်က် ပါတယ်။

ဘရာဇီး ဟာ ယခုနှစ် ကိုပါ အမေရိက ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းတွေ ထဲမှာ ပါ၀င် နေပြီး ၎င်းတို့ဟာ အုပ်စု အေ မှာ ဘိုလီးဗီးယား ၊ ပီရူး ၊ ဗင်နီဇွဲလား တို့နဲ့ ကျရောက် နေပါတယ်။ တီတေး ရဲ့ အသင်းဟာ လာမည့် စနေနေ့ မှာတော့ အုပ်စု အဖွင့်ပွဲစဉ် အဖြစ် ဘိုလီးဗီးယား အသင်း နဲ့ ကန်သွား ရမှာ ဖြစ်ပြီး ကလီဘာဆင် က သူ့နိုင်ငံ အသင်းဟာ ဗိုလ်စွဲ နိုင်လိမ့်မယ်လို့ ထောက်ခံ လိုက်ကာ လီယွန်နယ်မက်ဆီ နဲ့ အာဂျင်တီးနား အသင်းရဲ့ ခြိမ်းခြောက်မှု ကိုတော့ သတိ ပေးသွား ခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း က “ဘရာဇီး အသင်းဟာ ဒီနှစ် ကိုပါအမေရိက မှာ ဗိုလ်စွဲ နိုင်ပါတယ်။ မာရာကာနာ မှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ၊ မိသားစု တွေနဲ့ အတူ အောင်ပွဲ ခံချင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဖိုင်နယ်ကို တက်ရောက် နိုင်ပြီး အာဂျင်တီးနား အသင်းနဲ့ တွေ့ဆုံ နေမယ် ဆိုရင် ဒါဟာ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။

အာဂျင်တီးနား ဟာ ဘရာဇီး အတွက် အရမ်း ကို တောင့်တင်းတဲ့ ပြိုင်ဘက် ဖြစ်ပါတယ်။ ဒီအသင်းဟာ ဘရာဇီး တို့ အထူး သတိထားရမယ့် အသင်း ဖြစ်ပါတယ်။ အထူး သဖြင့် လီယွန်နယ် မက်ဆီ ကိုပေါ့။” လို့ ဆိုလိုက် ပါတယ်။

SM