သားျဖစ္သူရဲ႕ က်န္းမာေရးေၾကာင့္ ကစားသမား ဘဝကေန အနားယူဖုိ႔ အထိ စဥ္းစားခဲ့ဖူးေၾကာင္း ဖြင့္ဟလာတဲ့ ဝီလ္ရႈိင္းယား

ဂ်က္ဝီလ္ရႈိင္းယား က အာဆင္နယ္ အသင္းမွွာ ကစားစဥ္တုန္းက သားျဖစ္သူ ရဲ႕ က်န္းမာေရး အေျခအေနေၾကာက့္ ဒဏ္ရာ ကေန ျပန္လည္ သက္သာ ေကာင္းမြန္လာဖုိ႔ကုိ ေသေသခ်ာခ်ာ ဂရုစုိက္ျပီး မလုပ္နုိင္ခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား လုိက္ပါတယ္ ။

ဝီလ္ရႈိင္းယား ဟာ ျပီးခဲ့တဲ့နွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ ကာလ ကမွ ဝက္စ္ဟမ္း အသင္းကုိ အလႊတ္ ေျပာင္းေရႊ႕ ေၾကး နဲ႔ ေရာက္ရွိ သြားတာ ျဖစ္ျပီး အာဆင္နယ္ အသင္းမွာ ၁၇ ႏွစ္ၾကာ ကစားခဲ့ သူလည္း ျဖစ္ပါတယ္ ။

ဝီလ္္ရႈိင္းယား ဟာ အာဆင္နယ္ အသင္း လူငယ္ အကယ္ဒမီ ကုိ ကုိးႏွစ္သား အရြယ္တုန္းက စတင္ ေရာက္ရွိ လာတာ ျဖစ္ျပီး အသင္းၾကီး အတြက္ အသက္ ၁၆ ႏွစ္ အရြယ္မွာတင္ ပြဲထြက္ ကစားခြင့္ ရခဲ့ပါတယ္ ။ ဝီလ္္ရႈိင္းယား ဟာ အရည္အေသြးေကာင္းေတြ ရွိတဲ့ ကစားသမား တစ္ဦး ျဖစ္ေပမယ့္ ဒဏ္ရာ ျပႆနာေတြရဲ႕ ႏွိပ္စက္မႈေၾကာင့္ ထိပ္တန္းအဆင့္ကုိ မေရာက္ခဲ့သူပါ ။

အသက္ ၂၇ ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ ဝီလ္ရႈိင္းယား ဟာ ယခု လက္ရွိ အခ်ိန္အထိ ဒဏ္ရာ ျပႆနာ ၁၅ ၾကိမ္ အထိ ၾကံဳ ေတြ႕ ထားခဲ့ရျပီး စုစုေပါင္း ၁၂၀၆ ရက္ တိတိ အနား ယူခဲ့ရပါတယ္ ။ ဝီလ္္ရႈိင္းယား ရရွိတဲ့ ဒဏ္ရာ အမ်ားစုကေတာ့ ေျခခ်င္းဝတ္ ဒဏ္ရာ ျဖစ္ျပီး ၇ ၾကိမ္ အထိ ဒဏ္ရာ ရရွိ ထားပါတယ္ ။

ဂ်က္ဝီလ္ရႈိင္းယား နဲ႔ သူ႔ရဲ႕ ဇနီး ျဖစ္သူ အက္ဒရီယာနီ တုိ႔မွာ သားသမီး သုံးဦး ရွိျပီး သားျဖစ္သူ အာခီ ဟာ အတက္ေရာဂါ ကုိ ခံစား ေနရတာေၾကာင့္ အနီးကပ္ ျပဳစု ေစာင့္ေရွာက္ခဲ့ရေၾကာင္း နဲ႔ သူ႔ရဲ႕ ဒဏ္ရာ ျပႆနာေတြကုိေတာင္ အာရုံမစုိက္နုိင္ခဲ့ေၾကာင္း ဝီလ္ရႈိင္းယား က Athelete’s Stance နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကား သြားခဲ့ပါတယ္ ။

” က်ေနာ္ ဒဏ္ရာ ျပႆနာ မ်ဳိးစုံ နဲ႔ ရင္ဆုိင္ ခဲ့ရဖူးျပီး ဒဏ္ရာ ရတုိင္း စိတ္ဓတ္ပုိင္း ဆုိင္ရာ ထိခုိက္မႈေတြ ရွိခဲ့ဖူးပါတယ္ ။ ၂၀၁၅ – ၂၀၁၆ ခုႏွစ္က ရတဲ့ ဒဏ္ရာအေၾကာင္းကုိေတာ့ အခုအခ်ိန္အထိ ေခါင္းထဲက ထုတ္ပစ္လုိ႔ မရပါဘူး ။ က်ေနာ္ ေလ့က်င့္ေရး ကြင္းမွာ ဒဏ္ရာ ရခဲ့ျပီး ဒဏ္ရာ အေျခအေနက အေတာ္ေလး ဆုိးရြားခဲ့ပါတယါ ။ ”

” ဒါေၾကာင့္ အိမ္ျပန္ျပီး ဒဏ္ရာကေန ျပန္လည္ သက္သာလာဖုိ႔ ေသခ်ာ လုပ္ေဆာင္မယ္ ဆုိျပီး ေလ့က်င့္ေရး ကြင္းကေန ျပန္လာခဲ့ပါတယ္ ။ က်ေနာ္ အိမ္ျပန္ေရာက္ေတာ့ ေလးႏွစ္သား အရြယ္ သားငယ္ေလးက ၾကမ္းျပင္ေပၚမွာ အေၾကာဆြဲ ေနတာကုိ ေတြ႕ရပါတယ္ ။ ”

” သားက အဲ့လုိမ်ဳိး မၾကာခဏ ဆက္တုိက္ ျဖစ္လာျပီး ေနာက္ပုိင္း သုံးေလးလ ဆက္တုိက္ေလာက္ ေန႔တုိင္းလုိလုိ ျဖစ္လာတာပါ ။ ညဘက္ၾကီး သူ႔ကုိ ေဆးရုံ ေပၚ အေရးေပၚ ပုိ႔လုိက္ရတဲ့ အခ်ိန္ေတြလည္း ရွိခဲ့ပါတယ္ ။ က်ေနာ္ နဲ႔ က်ေနာ့္ ဇနီးဆုိ ညဘက္ေတြ မအိပ္ဘဲ ထုိင္ေစာင့္ေနရပါတယ္ ။ ဘာေၾကာင့္လဲဆုိတာ့ အဲ့လုိ တက္တာမ်ဳိးက ညဘက္မွာ အျဖစ္မ်ားပါတယ္ ။ ”

” ဒါေၾကာင့္ သူ႔ကုိ အိပ္ယာ ထဲ ပုိ႕ျပီးတာနဲ႔ တစ္ခုခု ျဖစ္သြားမွာ စုိးလုိ႔ က်ေနာ္ တုိ႔ ႏွစ္ေယာက္ စလုံး ညမအိပ္ဘဲ ထုိင္ေစာင့္ ေနခဲ့ရပါတယ္ ။ က်ေနာ့္ ေဘာလုံး အေၾကာင္း လုံးဝ ေမ့သြားခဲ့တာပါ ။ က်ေနာ့္ မိန္းမကုိ က်ေနာ္ ေဘာလုံး ဆက္ကစားနုိင္ပါ့မလား ဆုိျပီးေတာင္ ေျပာျဖစ္ပါတယ္ ။ ”

” အဲ့ဒီ အခ်ိန္မွာ ေဘာလုံးက က်ေနာ့္အတြက္ အရာရာမဟုတ္ဘူးဆုိတာ သိလုိက္ရပါတယ္ ။ ဒီအေၾကာင္းေတြကုိ လူအနည္းစုေလာက္ပဲ သိၾကတာပါ ။ အာဆင္း က က်ေနာ့္ အေပၚ အရမ္းေကာင္းပါတယ္ ။ အဲ့ဒီအခ်ိန္တုန္းက အာဆင္းက က်ေနာ့္ကုိ ‘ ေသခ်ာ နားေထာင္ ။ မင္း သား ကုိ ေသခ်ာသာ ဂရုစုိက္ ၊ ဒဏ္ရာကေန ျပန္လည္ သက္သာလာဖုိ႔ အခ်ိန္ၾကိဳက္သေလာက္ယူ ‘ ဆုိျပီးကုိ ေျပာတာပါ ။ ”

” ဒါေၾကာင့္ ဒဏ္ရာကေန ျပန္လည္ သက္သာလာဖုိ႔ အခ်ိန္ အရမ္းၾကာသြားတာပါ ။ လူေတြက နားလည္ သေဘာမေပါက္ၾကပါဘူး ။ ခင္ဗ်ား ဒဏ္ရာရေနတာကုိပဲ ျမင္ၾကတယ္ ။ ျပီးေတာ့ ” သူက အျမဲတမ္း ဒဏ္ရာ ရေနတာပါပဲကြာ ။ ဘယ္ေတာ့မွ ၾကံ႕ခုိင္မႈ ျပည့္မွာ မဟုတ္ပါဘူး ။ ” လုိ႔ ေျပာၾကပါတယ္ ။ ဒါေပမယ့္ ေနာက္ကြယ္မွာ သူဘယ္ေလာက္အထိ ၾကိဳးစားေနသလဲ ဆုိတာ သေဘာမေပါက္ၾကပါဘူး ။ ”

” စစျဖစ္ခ်င္း ေလး ၊ ငါးလေလာက္ က သားျဖစ္သူရဲ႕ က်န္းမာေရးေၾကာင့္ ေဆးရုံ ကုိ မၾကာခဏ သြားခဲ့ရပါတယ္ ။ ကုိယ့္ကုိယ္ကုိလည္း ဂရုမစုိက္နုိင္ခဲ့ဘဲ က်ေနာ့္ အာရုံ ထဲမွာ က်ေနာ့္ သားပဲရွိပါတယ္ ။ က်ေနာ္ က ေဘာလုံးသမား တစ္ဦး ျဖစ္ေပမယ့္ မိသားစုကေတာ့ ပထမဦးစားေပးပါပဲ ။ ” လုိ႔ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

သားဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ကစားသမား ဘဝကနေ အနားယူဖို့ အထိ စဉ်းစားခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ဝီလ်ရှိုင်းယား
=============================

ဂျက်ဝီလ်ရှိုင်းယား က အာဆင်နယ် အသင်းမှှာ ကစားစဉ်တုန်းက သားဖြစ်သူ ရဲ့ ကျန်းမာရေး အခြေအနေကြောက့် ဒဏ်ရာ ကနေ ပြန်လည် သက်သာ ကောင်းမွန်လာဖို့ကို သေသေချာချာ ဂရုစိုက်ပြီး မလုပ်နိုင်ခဲ့ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဝီလ်ရှိုင်းယား ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ ကာလ ကမှ ဝက်စ်ဟမ်း အသင်းကို အလွှတ် ပြောင်းရွှေ့ ကြေး နဲ့ ရောက်ရှိ သွားတာ ဖြစ်ပြီး အာဆင်နယ် အသင်းမှာ ၁၇ နှစ်ကြာ ကစားခဲ့ သူလည်း ဖြစ်ပါတယ် ။

ဝီလ််ရှိုင်းယား ဟာ အာဆင်နယ် အသင်း လူငယ် အကယ်ဒမီ ကို ကိုးနှစ်သား အရွယ်တုန်းက စတင် ရောက်ရှိ လာတာ ဖြစ်ပြီး အသင်းကြီး အတွက် အသက် ၁၆ နှစ် အရွယ်မှာတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဝီလ််ရှိုင်းယား ဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် ထိပ်တန်းအဆင့်ကို မရောက်ခဲ့သူပါ ။

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝီလ်ရှိုင်းယား ဟာ ယခု လက်ရှိ အချိန်အထိ ဒဏ်ရာ ပြဿနာ ၁၅ ကြိမ် အထိ ကြုံ တွေ့ ထားခဲ့ရပြီး စုစုပေါင်း ၁၂၀၆ ရက် တိတိ အနား ယူခဲ့ရပါတယ် ။ ဝီလ််ရှိုင်းယား ရရှိတဲ့ ဒဏ်ရာ အများစုကတော့ ခြေချင်းဝတ် ဒဏ်ရာ ဖြစ်ပြီး ရ ကြိမ် အထိ ဒဏ်ရာ ရရှိ ထားပါတယ် ။

ဂျက်ဝီလ်ရှိုင်းယား နဲ့ သူ့ရဲ့ ဇနီး ဖြစ်သူ အက်ဒရီယာနီ တို့မှာ သားသမီး သုံးဦး ရှိပြီး သားဖြစ်သူ အာခီ ဟာ အတက်ရောဂါ ကို ခံစား နေရတာကြောင့် အနီးကပ် ပြုစု စောင့်ရှောက်ခဲ့ရကြောင်း နဲ့ သူ့ရဲ့ ဒဏ်ရာ ပြဿနာတွေကိုတောင် အာရုံမစိုက်နိုင်ခဲ့ကြောင်း ဝီလ်ရှိုင်းယား က Athelete’s Stance နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

” ကျနော် ဒဏ်ရာ ပြဿနာ မျိုးစုံ နဲ့ ရင်ဆိုင် ခဲ့ရဖူးပြီး ဒဏ်ရာ ရတိုင်း စိတ်ဓတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ဖူးပါတယ် ။ ၂၀၁၅ – ၂၀၁၆ ခုနှစ်က ရတဲ့ ဒဏ်ရာအကြောင်းကိုတော့ အခုအချိန်အထိ ခေါင်းထဲက ထုတ်ပစ်လို့ မရပါဘူး ။ ကျနော် လေ့ကျင့်ရေး ကွင်းမှာ ဒဏ်ရာ ရခဲ့ပြီး ဒဏ်ရာ အခြေအနေက အတော်လေး ဆိုးရွားခဲ့ပါတယါ ။ ”

” ဒါကြောင့် အိမ်ပြန်ပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ သေချာ လုပ်ဆောင်မယ် ဆိုပြီး လေ့ကျင့်ရေး ကွင်းကနေ ပြန်လာခဲ့ပါတယ် ။ ကျနော် အိမ်ပြန်ရောက်တော့ လေးနှစ်သား အရွယ် သားငယ်လေးက ကြမ်းပြင်ပေါ်မှာ အကြောဆွဲ နေတာကို တွေ့ရပါတယ် ။ ”

” သားက အဲ့လိုမျိုး မကြာခဏ ဆက်တိုက် ဖြစ်လာပြီး နောက်ပိုင်း သုံးလေးလ ဆက်တိုက်လောက် နေ့တိုင်းလိုလို ဖြစ်လာတာပါ ။ ညဘက်ကြီး သူ့ကို ဆေးရုံ ပေါ် အရေးပေါ် ပို့လိုက်ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ် ။ ကျနော် နဲ့ ကျနော့် ဇနီးဆို ညဘက်တွေ မအိပ်ဘဲ ထိုင်စောင့်နေရပါတယ် ။ ဘာကြောင့်လဲဆိုတာ့ အဲ့လို တက်တာမျိုးက ညဘက်မှာ အဖြစ်များပါတယ် ။ ”

” ဒါကြောင့် သူ့ကို အိပ်ယာ ထဲ ပို့ပြီးတာနဲ့ တစ်ခုခု ဖြစ်သွားမှာ စိုးလို့ ကျနော် တို့ နှစ်ယောက် စလုံး ညမအိပ်ဘဲ ထိုင်စောင့် နေခဲ့ရပါတယ် ။ ကျနော့် ဘောလုံး အကြောင်း လုံးဝ မေ့သွားခဲ့တာပါ ။ ကျနော့် မိန်းမကို ကျနော် ဘောလုံး ဆက်ကစားနိုင်ပါ့မလား ဆိုပြီးတောင် ပြောဖြစ်ပါတယ် ။ ”

” အဲ့ဒီ အချိန်မှာ ဘောလုံးက ကျနော့်အတွက် အရာရာမဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ် ။ ဒီအကြောင်းတွေကို လူအနည်းစုလောက်ပဲ သိကြတာပါ ။ အာဆင်း က ကျနော့် အပေါ် အရမ်းကောင်းပါတယ် ။ အဲ့ဒီအချိန်တုန်းက အာဆင်းက ကျနော့်ကို ‘ သေချာ နားထောင် ။ မင်း သား ကို သေချာသာ ဂရုစိုက် ၊ ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ အချိန်ကြိုက်သလောက်ယူ ‘ ဆိုပြီးကို ပြောတာပါ ။ ”

” ဒါကြောင့် ဒဏ်ရာကနေ ပြန်လည် သက်သာလာဖို့ အချိန် အရမ်းကြာသွားတာပါ ။ လူတွေက နားလည် သဘောမပေါက်ကြပါဘူး ။ ခင်ဗျား ဒဏ်ရာရနေတာကိုပဲ မြင်ကြတယ် ။ ပြီးတော့ ” သူက အမြဲတမ်း ဒဏ်ရာ ရနေတာပါပဲကွာ ။ ဘယ်တော့မှ ကြံ့ခိုင်မှု ပြည့်မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြပါတယ် ။ ဒါပေမယ့် နောက်ကွယ်မှာ သူဘယ်လောက်အထိ ကြိုးစားနေသလဲ ဆိုတာ သဘောမပေါက်ကြပါဘူး ။ ”

” စစဖြစ်ချင်း လေး ၊ ငါးလလောက် က သားဖြစ်သူရဲ့ ကျန်းမာရေးကြောင့် ဆေးရုံ ကို မကြာခဏ သွားခဲ့ရပါတယ် ။ ကိုယ့်ကိုယ်ကိုလည်း ဂရုမစိုက်နိုင်ခဲ့ဘဲ ကျနော့် အာရုံ ထဲမှာ ကျနော့် သားပဲရှိပါတယ် ။ ကျနော် က ဘောလုံးသမား တစ်ဦး ဖြစ်ပေမယ့် မိသားစုကတော့ ပထမဦးစားပေးပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR