ကုိပါအေမရိက ဖလားျပိဳင္ပြဲမွာ ကုိလံဘီယာ အသင္း ဗုိလ္မစြဲရင္ သူ႕ ဆံပင္ရွည္ ေတြကုိ ညွပ္ပစ္မယ္လုိ႔ ေၾကြးေၾကာ္လုိက္တဲ့ ဂႏၲဝင္ ဂုိးသမားၾကီး ဟီေဂြတာ

ကုိလံဘီယာ ဂႏၲဝင္ ဂုိးသမားၾကီး ဟီေဂြတာ ရဲ႕ ဆံပင္ ပုံစံ နဲ႔ ဂုိးဖမ္းဟန္ ကုိ ေဘာလုံး ပရိသတ္ အေတာ္ေတာ္ မ်ားမ်ား ရင္းႏွီး ၾကမွာပါ ။ ဟီေဂြတာ ရဲ႕ ကင္းျမွီးေကာက္ ေနာက္ျပန္ ကန္ခ်က္ နဲ႔ ဂုိးေပါက္ ကာကြယ္ပုံ ကုိ ဗြီဒီယုိ ေတြထဲမွာ ေတြ႕ဖူး ၾကမွာပါ ။

ကစားသမား ဘဝတုန္းက ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ဂုိးသမား တစ္ဦး ျဖစ္ခဲ့တဲ့ ဟီေဂြတာ ဟာ ယခု အခ်ိန္မွာေတာ့ အသက္ ၅၂ ႏွစ္ ေတာင္ ရွိေနျပီလည္း ျဖစ္ပါတယ္ ။ ဟီေဂြတာ က ယခုႏွစ္ ကုိပါအေမရိက ဖလားမွာ ကုိလံဘီယာ အသင္းသာ ဗုိလ္မစြဲရင္ သူ႔ ဆံပင္ရွည္ေတြ ညွပ္ပစ္မယ္လုိ႔ ၾကံဳးဝါး သြားခဲ့ပါတယ္ ။

ဟီေဂြတာ ဟာ ယခု အခ်ိန္မွာ ေခတ္စားေနတဲ့ sweeper-keeper ဂုိးသမား တစ္ဦး ျဖစ္ျပီး ဖရီးကစ္ ေတြ ပင္နယ္တီ ေတြကေန ဂုိးေတြ သြင္းယူေလ့ ရွိတဲ့ ဂႏၲဝင္ ဂုိးသမား တစ္ဦးပါ ။ ဒါ့အျပင္ တစ္ခါတစ္ရံမွာလည္း ေဘာလုံး စြမ္းရည္ေတြ ျပသျပီး ပရိသတ္ေတြကုိ ေဖ်ာ္ေျဖမႈ ေပးနုိင္တဲ့သူလည္း ျဖစ္ပါတယ္ ။

ကုိလံဘီယာ လက္ေရြးစင္ ဂုိးသမား ဟီေဂြတာ ဟာ အဂၤလန္ နဲ႔ ေျခစမ္းပြဲမွာ ေဂ်မီရက္နပ္ ရဲ႕ ကန္ခ်က္ကုိ ကင္းျမွီးေကာက္ ကန္ခ်က္နဲ႔ အမိအရ တားဆီးျပခဲ့ျပီး ယေန႔ေခတ္ အထိ ေျပာစမွတ္ တြင္ေနခဲ့တဲ့ ဂုိးေပါက္ ကာကြယ္မႈ တစ္ခုလည္း ျဖစ္ပါတယ္ ။

ဟီေဂြတာ က အင္တာဗ်ဴး တစ္ခုမွာ ” ကုိလံဘီယာ အသင္းသာ ခ်န္ပီယံ မျဖစ္ရင္ က်ေနာ့္ ဆံပင္ေတြကုိ ညွပ္ပစ္မွာပါ ။ ကုိလံဘီယာ အသင္း ကစားတာ အရမ္း ေကာင္းပါတယ္ ။ အခု နည္းျပ ကလည္း လုပ္ရဲကုိင္ရဲ တဲ့သူပါ ။ ခ်န္ပီယံ ျဖစ္မယ္လုိ႔ က်ေနာ္ ေမ်ွာ္လင့္ထားပါတယ္ ။ ” လုိ႔ ဆုိပါတယ္ ။

ဟီေဂြတာ ဟာ ဂုိးသမား တစ္ဦး ျဖစ္ေပမယ့္ ကစားသမား ဘဝ တစ္ေလ်ွာက္ သြင္းဂုိး ၄၁ ဂုိး အထိ သြင္းယူ နုိင္ခဲ့ျပီး သမုိင္းတစ္ေလ်ွာက္ ဂုိးသြင္း အမ်ားဆုံး ဂုိးသမား ၁၀ ဦး စာရင္းမွာ ပါဝင္ ေနသူလည္း ျဖစ္ပါတယ္ ။

ဟီေဂြတာ ဟာ ကုိလံဘီယာ လက္ေရြးစင္ အသင္း အတြက္ ၆၈ ပြဲ ကစား ေပးခဲ့ျပီး သြင္းဂုိး ၃ ဂုိး သြင္းယူ ထားနုိင္ကာ ကုိပါအေမရိက ဖလား ျပိဳင္ ပြဲ မွာ တ တိ ယ ႏွစ္ၾကိမ္ ရ ယူ ထား နုိင္ ပါ တယ္ ။

ကုိလံဘီယာ အသင္း ဟာ ဘရာဇီး နုိင္ငံမွာ က်င္းပမယ့္ ကုိပါအေမရိက ဖလား ျပိဳင္ပြဲ အုပ္စု ( ခ ) မွာ အာဂ်စ္တီးနား ၊ ကာတာ ၊ ပါရာေဂြး တုိ႔ နဲ႔ တစ္အုပ္စု တည္း က်ေရာက္ ေနပါတယ္ ။ ကုိလံဘီယာ အသင္းဟာ အုပ္စု အဖြင့္ ပြဲစဥ္ အျဖစ္ အာဂ်စ္တီးနား အသင္း နဲ႔ ယွဥ္ျပိဳင္ ကစားရမွာလည္း ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ကိုလံဘီယာ အသင်း ဗိုလ်မစွဲရင် သူ့ ဆံပင်ရှည် တွေကို ညှပ်ပစ်မယ်လို့ ကြွေးကြော်လိုက်တဲ့ ဂန္တဝင် ဂိုးသမားကြီး ဟီဂွေတာ
=============================

ကိုလံဘီယာ ဂန္တဝင် ဂိုးသမားကြီး ဟီဂွေတာ ရဲ့ ဆံပင် ပုံစံ နဲ့ ဂိုးဖမ်းဟန် ကို ဘောလုံး ပရိသတ် အတော်တော် များများ ရင်းနှီး ကြမှာပါ ။ ဟီဂွေတာ ရဲ့ ကင်းမြှီးကောက် နောက်ပြန် ကန်ချက် နဲ့ ဂိုးပေါက် ကာကွယ်ပုံ ကို ဗွီဒီယို တွေထဲမှာ တွေ့ဖူး ကြမှာပါ ။

ကစားသမား ဘဝတုန်းက ပရိသတ်တွေရဲ့ အချစ်တော် ဂိုးသမား တစ်ဦး ဖြစ်ခဲ့တဲ့ ဟီဂွေတာ ဟာ ယခု အချိန်မှာတော့ အသက် ၅၂ နှစ် တောင် ရှိနေပြီလည်း ဖြစ်ပါတယ် ။ ဟီဂွေတာ က ယခုနှစ် ကိုပါအမေရိက ဖလားမှာ ကိုလံဘီယာ အသင်းသာ ဗိုလ်မစွဲရင် သူ့ ဆံပင်ရှည်တွေ ညှပ်ပစ်မယ်လို့ ကြုံးဝါး သွားခဲ့ပါတယ် ။

ဟီဂွေတာ ဟာ ယခု အချိန်မှာ ခေတ်စားနေတဲ့ sweeper-keeper ဂိုးသမား တစ်ဦး ဖြစ်ပြီး ဖရီးကစ် တွေ ပင်နယ်တီ တွေကနေ ဂိုးတွေ သွင်းယူလေ့ ရှိတဲ့ ဂန္တဝင် ဂိုးသမား တစ်ဦးပါ ။ ဒါ့အပြင် တစ်ခါတစ်ရံမှာလည်း ဘောလုံး စွမ်းရည်တွေ ပြသပြီး ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ် ။

ကိုလံဘီယာ လက်ရွေးစင် ဂိုးသမား ဟီဂွေတာ ဟာ အင်္ဂလန် နဲ့ ခြေစမ်းပွဲမှာ ဂျေမီရက်နပ် ရဲ့ ကန်ချက်ကို ကင်းမြှီးကောက် ကန်ချက်နဲ့ အမိအရ တားဆီးပြခဲ့ပြီး ယနေ့ခေတ် အထိ ပြောစမှတ် တွင်နေခဲ့တဲ့ ဂိုးပေါက် ကာကွယ်မှု တစ်ခုလည်း ဖြစ်ပါတယ် ။

ဟီဂွေတာ က အင်တာဗျူး တစ်ခုမှာ ” ကိုလံဘီယာ အသင်းသာ ချန်ပီယံ မဖြစ်ရင် ကျနော့် ဆံပင်တွေကို ညှပ်ပစ်မှာပါ ။ ကိုလံဘီယာ အသင်း ကစားတာ အရမ်း ကောင်းပါတယ် ။ အခု နည်းပြ ကလည်း လုပ်ရဲကိုင်ရဲ တဲ့သူပါ ။ ချန်ပီယံ ဖြစ်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ် ။ ” လို့ ဆိုပါတယ် ။

ဟီဂွေတာ ဟာ ဂိုးသမား တစ်ဦး ဖြစ်ပေမယ့် ကစားသမား ဘဝ တစ်လျှောက် သွင်းဂိုး ၄၁ ဂိုး အထိ သွင်းယူ နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ဂိုးသမား ၁၀ ဦး စာရင်းမှာ ပါဝင် နေသူလည်း ဖြစ်ပါတယ် ။

ဟီဂွေတာ ဟာ ကိုလံဘီယာ လက်ရွေးစင် အသင်း အတွက် ၆၈ ပွဲ ကစား ပေးခဲ့ပြီး သွင်းဂိုး ၃ ဂိုး သွင်းယူ ထားနိုင်ကာ ကိုပါအမေရိက ဖလား ပြိုင် ပွဲ မှာ တ တိ ယ နှစ်ကြိမ် ရ ယူ ထား နိုင် ပါ တယ် ။

ကိုလံဘီယာ အသင်း ဟာ ဘရာဇီး နိုင်ငံမှာ ကျင်းပမယ့် ကိုပါအမေရိက ဖလား ပြိုင်ပွဲ အုပ်စု ( ခ ) မှာ အာဂျစ်တီးနား ၊ ကာတာ ၊ ပါရာဂွေး တို့ နဲ့ တစ်အုပ်စု တည်း ကျရောက် နေပါတယ် ။ ကိုလံဘီယာ အသင်းဟာ အုပ်စု အဖွင့် ပွဲစဉ် အဖြစ် အာဂျစ်တီးနား အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR