ေဆးေျခာက္ေတြ အလြယ္တကူ၀ယ္လို႔ ရမယ့္ အပန္းေျဖ စခန္း တစ္ခု တည္ေဆာက္ေတာ့မယ့္ မိုက္တိုင္စန္

လက္ေ၀ွ႔ ထိုးသတ္ခဲ့စဥ္တုန္းကလဲ သူမ်ားထက္ တစ္မူ ထူျခားခဲ့တဲ့ မိုက္တုိင္စန္ဟာ စီးပြားေရး လုပ္ေတာ့မယ္ ဆိုေတာ့လဲ အမ်ားထက္ တစ္မူ ထူးျခားခဲ့ျပန္ျပီ ျဖစ္ပါတယ္။

အဲဒါကေတာ့ ကာလီဖိုးနီးယား က Desert Hot Springs အနားမွာ ဧက 420 က်ယ္၀န္း တဲ့ အပန္းေျဖ စခန္းတစ္ခု တည္ေဆာက္သြားေတာ့မွာ ျဖစ္ျပီး ၊ အဓိက ရည္ရြယ္ခ်က္ ကေတာ့ ကမၻာ့ အရည္အေသြး အေကာင္းဆံုး ေဆးေျခာက္ ေတြကို အလြယ္တကူ ၀ယ္ယူလို႔ ရႏိုင္မယ့္ ေနရာ ျဖစ္ဖို႔ နဲ႔ ၊ စခန္း အတြင္း မည္သည့္ေနရာမွာ မဆို လြတ္လပ္စြာ ေသာက္ခြင့္ ရရွိမယ့္ ေနရာမ်ိဳး ျဖစ္ပါတယ္။

ကာလီဖိုးနီးယားဟာ ေဆးေျခာက္ နဲ႔ ပတ္သက္လာရင္ သမိုင္းနဲ႔ ခ်ီတဲ့ ဥပေဒေၾကာင္းအရ အျငင္းပြားမႈေတြ မ်ားစြာ ေပၚေပါက္ခဲ့တဲ့ ေနရာျဖစ္ျပီး 2019 ခုႏွစ္ ဇန္န၀ါရီ ေနာက္ပို္င္းမွာေတာ့ ေျဖေလွ်ာ့မႈ မ်ားစြာကို ျပဳလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။ မိုက္တိုင္စန္ ကေတာ့ အဲဒီ အခြင့္အေရးကို ေကာင္းေကာင္း အသံုးခ်ျပီး ၊ စီးပြားေရး ေစ်းကြက္ ေဖာ္ေဆာင္ေတာ့မယ့္ လူတစ္ေယာက္လို႔ မွတ္ခ်က္ေပးရေတာ့မွာပါ။

တကယ္ေတာ့ မိုက္တိုင္စန္ဟာ ေဆးေျခာက္ စီးပြားေရး လုပ္ငန္းထဲကို အခုမွ ၀င္ေရာက္လာတာ မဟုတ္ပါဘူး။ သူဟာ 2016 ခုႏွစ္ ကတည္းက Tyson Holistic လို႔ အမည္ရတဲ့ ကုမၸဏီကို တည္ေဆာက္ကာ ေဆးေျခာက္ နဲ႔ ပတ္သက္တဲ့ သုေတသနေတြ ေဆာင္ရြက္ေနခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ ေဆးေျခာက္ေတြ ရရွိနိုင္မယ့္ အပန္းေျဖ စခန္းမ်ိဳး တည္ေဆာက္ေနမယ့္ ၊ မိုက္တိုင္စန္ဟာ သူကိုယ္တိုင္ေတာ့ ေဆးေျခာက္ စိုက္ပ်ိဳးျခင္း မရွိပါဘူး။ ေဒသတြင္း စိုက္ပ်ိဳးတဲ့သူေတြ ဆီကေန သူ႔ရဲ႕ သတ္မွတ္ စံခ်ိန္ျပည့္မွီတဲ့ ေဆးေျခာက္ေတြကို ျပန္လည္ သိမ္းယူတဲ့ စနစ္နဲ႔ လည္ပတ္ေနတာျဖစ္ပါတယ္။

ေဆးေျခာက္ဟာ အေဆာက္အဦးအတြင္း စိုက္ပ်ိဳးတာ ျဖစ္ရမယ္ ၊ ပိုးမႊားကင္းစင္ရမယ္ ၊ မိုက္တိုင္စန္ ဓါတ္ခြဲခန္းက သတ္မွတ္ထားတဲ့ အရည္အေသြးေတြ ျပည့္မီတဲ့ ကုန္ၾကမ္းေတြ အားလံုးကို သူ႔ရဲ႕ လုပ္ငန္းက သိမ္းယူတာ ျဖစ္ျပီး ၊ အဲဒီ ကေန တဆင့္ အရည္အေသြးျမွင့္ ထုတ္ကုန္ေတြ ေဖာ္ေဆာင္ကာ ေစ်းကြက္အတြင္း ျဖန္႔ေ၀ေနတာ ျဖစ္ပါတယ္။

လက္ရွိ အေကာင္အထည္ ေဖာ္မယ့္ အပန္းေျဖ စခန္းကေတာ့ ကမၻာတစ္၀န္းက ခရီးသြားေတြ အတြက္ အဓိက ဆြဲေဆာင္မယ့္ ေနရာတစ္ခု ျဖစ္လာဖို႔ ရည္ရြယ္ ထားသလို ၊ အရည္အေသြးျမွင့္ ေဆးေျခာက္ေတြကို ရနံ႕မ်ိဳးစံုနဲ႔ ရရွိမွာ ျဖစ္ျပီး ၊ အပန္းေျဖစခန္း အတြင္း မည္သည့္ ေနရာမွာ မဆို ေသာက္သံုးခြင့္ ရရွိမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဆင့္ျမင့္ ဟိုတယ္ၾကီး တစ္လံုးပါ၀င္မွာ ျဖစ္တဲ့ အျပင္ ၊ ဂီတရႈိးပြဲေတြပါ က်င္းပနိုင္တဲ့ ခန္းမၾကီးေတြလဲ ထားရွိသြားမွာပါ။

အျပင္ဘက္ပိုင္းမွာေတာ့ လူေတြ ဖန္တီးထားတဲ့ ျမစ္ငယ္တစ္ခု ရွိေနမွာ ျဖစ္ျပီး ၊ အဲဒီ ျမစ္ကမ္းေဘးမွာ လဲ အပန္းေျဖ ေနရာေတြ အစီအရီ ထားရွိသြားမွာ ျဖစ္ပါတယ္။

မိုက္တိုင္စန္ ကိုယ္တုိင္ကေတာ့ အခု စီမံကိန္း နဲ႔ ပတ္သက္လို႔ “ က်ေနာ့္ အေနနဲ႔ ေဆးေျခာက္ ျပန္လည္ ေရာင္းခ်ရင္း ကေန လူေတြကို ဘယ္ေလာက္အထိ ကူညီေပးႏိုင္ မလဲဆိုတာပဲ စဥ္းစားေနမိတာပါ။

လက္ေ၀ွ႔သမား ဘ၀ကို ႏွစ္ေပါင္း 20 ေက်ာ္ ျဖတ္သန္းခဲ့စဥ္က ဒဏ္ရာေတြ ၊ နာက်င္မႈေတြက တစ္ကိုယ္လံုး အျပည့္ပါပဲ။ ျပီးေတာ့ ခြဲစိပ္ ကုသမႈလဲ 2 ၾကိမ္ အထိ လုပ္ခဲ့ရေသးတယ္။ အဲဒီ အခုိက္အတန္႔ေတြမွာ ေဆးေျခာက္ေတြ ေသာက္ရင္းနဲ႔ နာက်င္စြာ ခံစားေနရတာေတြကို ေျဖေဖ်ာက္ခဲ့ရတာပါ” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

Unicode

ဆေးခြောက်တွေ အလွယ်တကူဝယ်လို့ ရမယ့် အပန်းဖြေ စခန်း တစ်ခု တည်ဆောက်တော့မယ့် မိုက်တိုင်စန်
****************************************************

လက်ဝှေ့ ထိုးသတ်ခဲ့စဉ်တုန်းကလဲ သူများထက် တစ်မူ ထူခြားခဲ့တဲ့ မိုက်တိုင်စန်ဟာ စီးပွားရေး လုပ်တော့မယ် ဆိုတော့လဲ အများထက် တစ်မူ ထူးခြားခဲ့ပြန်ပြီ ဖြစ်ပါတယ်။

အဲဒါကတော့ ကာလီဖိုးနီးယား က Desert Hot Springs အနားမှာ ဧက 420 ကျယ်ဝန်း တဲ့ အပန်းဖြေ စခန်းတစ်ခု တည်ဆောက်သွားတော့မှာ ဖြစ်ပြီး ၊ အဓိက ရည်ရွယ်ချက် ကတော့ ကမ္ဘာ့ အရည်အသွေး အကောင်းဆုံး ဆေးခြောက် တွေကို အလွယ်တကူ ၀ယ်ယူလို့ ရနိုင်မယ့် နေရာ ဖြစ်ဖို့ နဲ့ ၊ စခန်း အတွင်း မည်သည့်နေရာမှာ မဆို လွတ်လပ်စွာ သောက်ခွင့် ရရှိမယ့် နေရာမျိုး ဖြစ်ပါတယ်။

ကာလီဖိုးနီးယားဟာ ဆေးခြောက် နဲ့ ပတ်သက်လာရင် သမိုင်းနဲ့ ချီတဲ့ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေ များစွာ ပေါ်ပေါက်ခဲ့တဲ့ နေရာဖြစ်ပြီး 2019 ခုနှစ် ဇန်နဝါရီ နောက်ပို်င်းမှာတော့ ဖြေလျှော့မှု များစွာကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ မိုက်တိုင်စန် ကတော့ အဲဒီ အခွင့်အရေးကို ကောင်းကောင်း အသုံးချပြီး ၊ စီးပွားရေး စျေးကွက် ဖော်ဆောင်တော့မယ့် လူတစ်ယောက်လို့ မှတ်ချက်ပေးရတော့မှာပါ။

တကယ်တော့ မိုက်တိုင်စန်ဟာ ဆေးခြောက် စီးပွားရေး လုပ်ငန်းထဲကို အခုမှ ၀င်ရောက်လာတာ မဟုတ်ပါဘူး။ သူဟာ 2016 ခုနှစ် ကတည်းက Tyson Holistic လို့ အမည်ရတဲ့ ကုမ္ပဏီကို တည်ဆောက်ကာ ဆေးခြောက် နဲ့ ပတ်သက်တဲ့ သုတေသနတွေ ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆေးခြောက်တွေ ရရှိနိုင်မယ့် အပန်းဖြေ စခန်းမျိုး တည်ဆောက်နေမယ့် ၊ မိုက်တိုင်စန်ဟာ သူကိုယ်တိုင်တော့ ဆေးခြောက် စိုက်ပျိုးခြင်း မရှိပါဘူး။ ဒေသတွင်း စိုက်ပျိုးတဲ့သူတွေ ဆီကနေ သူ့ရဲ့ သတ်မှတ် စံချိန်ပြည့်မှီတဲ့ ဆေးခြောက်တွေကို ပြန်လည် သိမ်းယူတဲ့ စနစ်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

ဆေးခြောက်ဟာ အဆောက်အဦးအတွင်း စိုက်ပျိုးတာ ဖြစ်ရမယ် ၊ ပိုးမွှားကင်းစင်ရမယ် ၊ မိုက်တိုင်စန် ဓါတ်ခွဲခန်းက သတ်မှတ်ထားတဲ့ အရည်အသွေးတွေ ပြည့်မီတဲ့ ကုန်ကြမ်းတွေ အားလုံးကို သူ့ရဲ့ လုပ်ငန်းက သိမ်းယူတာ ဖြစ်ပြီး ၊ အဲဒီ ကနေ တဆင့် အရည်အသွေးမြှင့် ထုတ်ကုန်တွေ ဖော်ဆောင်ကာ စျေးကွက်အတွင်း ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

လက်ရှိ အကောင်အထည် ဖော်မယ့် အပန်းဖြေ စခန်းကတော့ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေ အတွက် အဓိက ဆွဲဆောင်မယ့် နေရာတစ်ခု ဖြစ်လာဖို့ ရည်ရွယ် ထားသလို ၊ အရည်အသွေးမြှင့် ဆေးခြောက်တွေကို ရနံ့မျိုးစုံနဲ့ ရရှိမှာ ဖြစ်ပြီး ၊ အပန်းဖြေစခန်း အတွင်း မည်သည့် နေရာမှာ မဆို သောက်သုံးခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့် ဟိုတယ်ကြီး တစ်လုံးပါ၀င်မှာ ဖြစ်တဲ့ အပြင် ၊ ဂီတရှိုးပွဲတွေပါ ကျင်းပနိုင်တဲ့ ခန်းမကြီးတွေလဲ ထားရှိသွားမှာပါ။

အပြင်ဘက်ပိုင်းမှာတော့ လူတွေ ဖန်တီးထားတဲ့ မြစ်ငယ်တစ်ခု ရှိနေမှာ ဖြစ်ပြီး ၊ အဲဒီ မြစ်ကမ်းဘေးမှာ လဲ အပန်းဖြေ နေရာတွေ အစီအရီ ထားရှိသွားမှာ ဖြစ်ပါတယ်။

မိုက်တိုင်စန် ကိုယ်တိုင်ကတော့ အခု စီမံကိန်း နဲ့ ပတ်သက်လို့ “ ကျနော့် အနေနဲ့ ဆေးခြောက် ပြန်လည် ရောင်းချရင်း ကနေ လူတွေကို ဘယ်လောက်အထိ ကူညီပေးနိုင် မလဲဆိုတာပဲ စဉ်းစားနေမိတာပါ။

လက်ဝှေ့သမား ဘဝကို နှစ်ပေါင်း 20 ကျော် ဖြတ်သန်းခဲ့စဉ်က ဒဏ်ရာတွေ ၊ နာကျင်မှုတွေက တစ်ကိုယ်လုံး အပြည့်ပါပဲ။ ပြီးတော့ ခွဲစိပ် ကုသမှုလဲ 2 ကြိမ် အထိ လုပ်ခဲ့ရသေးတယ်။ အဲဒီ အခိုက်အတန့်တွေမှာ ဆေးခြောက်တွေ သောက်ရင်းနဲ့ နာကျင်စွာ ခံစားနေရတာတွေကို ဖြေဖျောက်ခဲ့ရတာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။