” ဖရန္႕ ဟာ ခ်ယ္လ္ဆီး အတြက္ ျပီးျပည့္စံု တဲ့ ေရြးခ်ယ္မႈ ျဖစ္ပါတယ္ ။ ” – ဖာဒီနန္

ဖရန္႕

ခ်ယ္လ္ဆီး အသင္း ဟာ ၄င္းတို႕ ထံမွ ထြက္ခြာဖို႕ နီးစပ္ ေနတဲ့ နည္းျပ ေမာ္ရစ္ဇီယို ဆာရီ ရဲ႕ ေနရာ မွာ ၄င္းတို႕ရဲ႕ ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ဖရန္႕ လမ္းပတ္ နဲ႔ အစားထိုးဖို႕ ၾကံရြယ္ ေနပါတယ္ ။ ဘြတ္ကီဒိုင္ ေတြကလည္း ဖရန္႕ လမ္းပတ္ ကိုသာ ေရပန္း အစားဆံုး နည္းျပသစ္ ျဖစ္လာဖို႕ အျဖစ္ တစ္ ေပးထားခဲ့ပါတယ္ ။

မန္ယူ အသင္း ရဲ႕ ခံစစ္မွဴး ေဟာင္း ရီယို ဖာဒီနန္ ကလည္း ဖရန္႕ လမ္းပတ္ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ျပီးျပည့္စံု တဲ့ ေရြးခ်ယ္မႈ ျဖစ္ေၾကာင္း ၊ ဂ်ဴဗီ နည္းျပေဟာင္း အယ္လီဂရီ ဟာ အရမ္း ေတာ္တဲ့ နည္းျပ ျဖစ္ေပမယ့္ ခ်ယ္လ္ဆီး ပရိသတ္ ေတြကေတာ့ လမ္းပတ္ ကိုပဲ ေခၚယူ ေစခ်င္တဲ့ အေနအထား မွာ ရွိေနေၾကာင္း သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

Daily Mirror နဲ႕ အင္တာဗ်ဴး မွာ ဖာဒီနန္ က ” ဖရန္႕ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ျပီးျပည့္စံု တဲ့ ေရြးခ်ယ္မႈ ျဖစ္ပါတယ္ ။ အကယ္၍ သူတို႕ဟာ ဖရန္႕ ကို မေခၚပဲ တျခား တေယာက္ ကို ေရြးခ်ယ္ ခဲ့မယ္ ဆို ကြ်န္ေတာ္ အေတာ္ ကို အံ့ၾသမိမွာပါ ။ ခ်ယ္လ္ဆီး အသင္း ဟာ နာမည္ၾကီး ၊ ထိပ္တန္း နည္းျပ ေပါင္းစံု နဲ႕ အသင္း ကို စမ္းသပ္ ကိုင္တြယ္ခြင့္ ျပဳခဲ့ျပီးပါျပီ ။ ”

ဖရန္႕ လမ္းပတ္

” ကြ်န္ေတာ္ အခု ေျပာေနတာ အယ္လီဂရီ ကို မေလးစားလို႕ မဟုတ္ပါဘူး ။ သူဟာ ဂ်ဴဗင္တပ္ အသင္း နဲ႕ အတူ မယံုႏိုင္ဖြယ္ ေအာင္ျမင္မႈ ေတြ ရေအာင္ စြမ္းေဆာင္ ေပးခဲ့ပါတယ္ ။ ဒါေပမယ့္ ခ်ယ္လ္ဆီး အသင္း ဟာ ကာလို အန္ဆယ္ေလာ့တီ ကိုလည္း ေခၚခန္႕ ခဲ့တယ္ ၊ အန္တိုနီယို ကြန္တီ ၊ ဆာရီ ၊ ေမာ္ရင္ဟို တို႕ကိုလည္း ေခၚခန္႕ ခဲ့တယ္ ၊ သူတို႕ ခန္႕ခဲ့တဲ့ နည္းျပတိုင္း က ေတာ္ၾကပါတယ္ ။ ဒါေပမယ့္ တေယာက္ မွ ခ်ယ္လ္ဆီး နဲ႕ အေစးမကပ္ ခဲ့ပါဘူး ။ ”

” ဒါေၾကာင့္မို႕ ဒီလိုမ်ိဳး မန္ေနဂ်ာ ေတြ တေယာက္ျပီး တေယာက္ လဲရင္း သံသရာ ဆက္လည္ သြားခ်င္သလား ? ဒါမွမဟုတ္ ပရိသတ္ ေတြ သေဘာက် ႏွစ္သက္မယ့္ ဖရန္႕ တို႕လို သူမ်ိဳး နဲ႕ ခရီးဆက္မလား ဆိုတာ စိတ္ဝင္စား စရာ ေကာင္းေနပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ထို႕ အျပင္ ဖာဒီနန္ က ခ်ယ္လ္ဆီး အသင္း ဟာ ကစားသမားသစ္ ေခၚယူခြင့္ အပိတ္ ခံထား ရတဲ့ အတြက္ လမ္းပတ္ ဟာ ထို အေတာအတြင္း မွာ လူငယ္ ကစားသမား ေတြကို အေကာင္းဆံုး ကိုင္တြယ္ ႏိုင္စြမ္း ရွိမယ္ လို႕ ယံုၾကည္ေၾကာင္း ဆိုပါတယ္ ။

ဖာဒီနန္ က ” အကယ္လို႕ ခ်ယ္လ္ဆီး အသင္း လာမယ့္ ေဘာလံုး ရာသီ မွာ ကစားသမားသစ္ ေခၚယူခြင့္ လံုးဝ မရွိတာ ေသခ်ာ ျပီဆိုရင္ သူတို႕ ဟာ ဖရန္႕ က လြဲျပီး တျခား နည္းျပ ေတြနဲ႕ အစားထိုး လို႕ လံုးဝ မျဖစ္ႏိုင္ပါဘူး ။ ဒါဟာ ကြ်န္ေတာ့ ဖက္က အရိုးသားဆံုး ဝန္ခံတာပါ ။ အဂၤလန္ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ အကယ္ဒမီ ဟာ အခု ေနာက္ပိုင္းႏွစ္ေတြမွာ အေကာင္းဆံုး ျဖစ္လာပါတယ္ ။ ”

” သူတို႕ရဲ႕ လမ္းစဥ္ ေနာက္ကို မန္စီးတီး က ဆက္လိုက္ လာပါတယ္ ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ႏွစ္ အေတာ္ ၾကာတဲ့ အထိ ခ်ယ္လ္ဆီး မွာ အေကာင္းဆံုး လူငယ္ ကစားသမား ေတြ ပိုင္ဆိုင္ ထားပါလ်က္နဲ႕ တေယာက္ မွ စီနီယာ အသင္း မွာ မျဖစ္ထြန္းခဲ့ပါဘူး ။ ကလပ္ ဘုတ္အဖြဲ႕ အေနနဲ႕ ကလည္း ဒီ ေပၚလစီ ကို ေျပာင္းလဲဖို႕ စဥ္းစား ေနျပီ လို႕ ထင္ပါတယ္ ။ အကယ္၍ အဲ့လို ေျပာင္းလဲ ခ်င္တယ္ ဆိုရင္ ဖရန္႕ က လြဲျပီး တျခား အစားထိုး ရမယ့္ နည္းျပ မရွိေတာ့ပါဘူး ။ ”

 ဖာဒီနန္

” သူဟာ ခ်ယ္လ္ဆီး လူငယ္ ကစားသမား ေတြ အျမဲ ေလးစား အားက် ရတဲ့ ဂႏၲဝင္ ကစားသမား လည္း ျဖစ္ပါတယ္ ။ သူ႕ကို ခန္႕လိုက္မယ္ ဆိုရင္ လူငယ္ ေတြ အားလံုး လည္း ပိုျပီး စိတ္ဓာတ္ တက္ၾကြ လာပါလိမ့္မယ္ ။ ဖရန္႕ ဟာ ခ်ယ္လ္ဆီး လူငယ္ ေတြကို ေနရာ ေပးရုံသာမက ခ်ယ္လ္ဆီး ပရိသတ္ ေတြရဲ႕ အသည္းႏွလံုး ကိုပါ သိမ္းပိုက္ ယူမယ့္သူ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း မွာ အခ်ိန္ အတိုင္းအတာ တခု အထိ နည္းျပ ေတြဟာ ဖိအား ေတြနဲ႕ အသင္း ကို ကိုင္တြယ္ ခဲ့ၾကပါတယ္ ။ ”

” ဒါေပမယ့္ ဖရန္႕ ေရာက္လာမယ္ ဆိုရင္ ဒါေတြ အသစ္ တဖန္ ေျပာင္းလဲ သြားမယ္ လို႕ ထင္မိပါတယ္ ။ လူေတြ ကေတာ့ ဖရန္႕ ရဲ႕ အေတြ႕အၾကံဳ အေၾကာင္း ေျပာၾက ပါလိမ့္မယ္ ။ ဒါေပမယ့္ ဘာစီလိုနာ မွာ ပတ္ ဂြာဒီယိုလာ ကိုင္တြယ္တုန္း ကလည္း ဖရန္႕ လို အေတြ႕အၾကံဳ ႏုနယ္ ခဲ့ေပမယ့္ ရွိတဲ့ အလားအလာ ေကာင္း လူငယ္ ေတြကို အေကာင္းဆံုး စီမံ ႏိုင္ခဲ့ပါတယ္ ။ ”

” ေနာက္ျပီး ဖရန္႕ ဟာ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ နာမည္ၾကီး ကစားသမား ေတြေၾကာင့္ ဖိအား ေတြ မ်ားေန ႏိုင္မလား ဆိုရင္ ကြ်န္ေတာ္ ေတာ့ မထင္မိပါဘူး ။ ဖရန္႕ ဟာ ခ်ယ္လ္ဆီး အသင္း အေၾကာင္း ေသခ်ာ သိထားတာေၾကာင့္ သူ႕ကို ကစားသမားတိုင္း က ေလးစားမႈ အျပည့္ ထားၾကျပီးသား ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

” ဖရန့် ဟာ ချယ်လ်ဆီး အတွက် ပြီးပြည့်စုံ တဲ့ ရွေးချယ်မှု ဖြစ်ပါတယ် ။ ” – ဖာဒီနန်

ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ ထံမှ ထွက်ခွာဖို့ နီးစပ် နေတဲ့ နည်းပြ မော်ရစ်ဇီယို ဆာရီ ရဲ့ နေရာ မှာ ၄င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ် နဲ့ အစားထိုးဖို့ ကြံရွယ် နေပါတယ် ။ ဘွတ်ကီဒိုင် တွေကလည်း ဖရန့် လမ်းပတ် ကိုသာ ရေပန်း အစားဆုံး နည်းပြသစ် ဖြစ်လာဖို့ အဖြစ် တစ် ပေးထားခဲ့ပါတယ် ။

မန်ယူ အသင်း ရဲ့ ခံစစ်မှူး ဟောင်း ရီယို ဖာဒီနန် ကလည်း ဖရန့် လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း အတွက် ပြီးပြည့်စုံ တဲ့ ရွေးချယ်မှု ဖြစ်ကြောင်း ၊ ဂျူဗီ နည်းပြဟောင်း အယ်လီဂရီ ဟာ အရမ်း တော်တဲ့ နည်းပြ ဖြစ်ပေမယ့် ချယ်လ်ဆီး ပရိသတ် တွေကတော့ လမ်းပတ် ကိုပဲ ခေါ်ယူ စေချင်တဲ့ အနေအထား မှာ ရှိနေကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

Daily Mirror နဲ့ အင်တာဗျူး မှာ ဖာဒီနန် က ” ဖရန့် ဟာ ချယ်လ်ဆီး အသင်း အတွက် ပြီးပြည့်စုံ တဲ့ ရွေးချယ်မှု ဖြစ်ပါတယ် ။ အကယ်၍ သူတို့ဟာ ဖရန့် ကို မခေါ်ပဲ တခြား တယောက် ကို ရွေးချယ် ခဲ့မယ် ဆို ကျွန်တော် အတော် ကို အံ့သြမိမှာပါ ။ ချယ်လ်ဆီး အသင်း ဟာ နာမည်ကြီး ၊ ထိပ်တန်း နည်းပြ ပေါင်းစုံ နဲ့ အသင်း ကို စမ်းသပ် ကိုင်တွယ်ခွင့် ပြုခဲ့ပြီးပါပြီ ။ ”

” ကျွန်တော် အခု ပြောနေတာ အယ်လီဂရီ ကို မလေးစားလို့ မဟုတ်ပါဘူး ။ သူဟာ ဂျူဗင်တပ် အသင်း နဲ့ အတူ မယုံနိုင်ဖွယ် အောင်မြင်မှု တွေ ရအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ ဒါပေမယ့် ချယ်လ်ဆီး အသင်း ဟာ ကာလို အန်ဆယ်လော့တီ ကိုလည်း ခေါ်ခန့် ခဲ့တယ် ၊ အန်တိုနီယို ကွန်တီ ၊ ဆာရီ ၊ မော်ရင်ဟို တို့ကိုလည်း ခေါ်ခန့် ခဲ့တယ် ၊ သူတို့ ခန့်ခဲ့တဲ့ နည်းပြတိုင်း က တော်ကြပါတယ် ။ ဒါပေမယ့် တယောက် မှ ချယ်လ်ဆီး နဲ့ အစေးမကပ် ခဲ့ပါဘူး ။ ”

” ဒါကြောင့်မို့ ဒီလိုမျိုး မန်နေဂျာ တွေ တယောက်ပြီး တယောက် လဲရင်း သံသရာ ဆက်လည် သွားချင်သလား ? ဒါမှမဟုတ် ပရိသတ် တွေ သဘောကျ နှစ်သက်မယ့် ဖရန့် တို့လို သူမျိုး နဲ့ ခရီးဆက်မလား ဆိုတာ စိတ်ဝင်စား စရာ ကောင်းနေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ထို့ အပြင် ဖာဒီနန် က ချယ်လ်ဆီး အသင်း ဟာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတဲ့ အတွက် လမ်းပတ် ဟာ ထို အတောအတွင်း မှာ လူငယ် ကစားသမား တွေကို အကောင်းဆုံး ကိုင်တွယ် နိုင်စွမ်း ရှိမယ် လို့ ယုံကြည်ကြောင်း ဆိုပါတယ် ။

ဖာဒီနန် က ” အကယ်လို့ ချယ်လ်ဆီး အသင်း လာမယ့် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် လုံးဝ မရှိတာ သေချာ ပြီဆိုရင် သူတို့ ဟာ ဖရန့် က လွဲပြီး တခြား နည်းပြ တွေနဲ့ အစားထိုး လို့ လုံးဝ မဖြစ်နိုင်ပါဘူး ။ ဒါဟာ ကျွန်တော့ ဖက်က အရိုးသားဆုံး ဝန်ခံတာပါ ။ အင်္ဂလန် မှာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် အကယ်ဒမီ ဟာ အခု နောက်ပိုင်းနှစ်တွေမှာ အကောင်းဆုံး ဖြစ်လာပါတယ် ။ ”

” သူတို့ရဲ့ လမ်းစဉ် နောက်ကို မန်စီးတီး က ဆက်လိုက် လာပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် နှစ် အတော် ကြာတဲ့ အထိ ချယ်လ်ဆီး မှာ အကောင်းဆုံး လူငယ် ကစားသမား တွေ ပိုင်ဆိုင် ထားပါလျက်နဲ့ တယောက် မှ စီနီယာ အသင်း မှာ မဖြစ်ထွန်းခဲ့ပါဘူး ။ ကလပ် ဘုတ်အဖွဲ့ အနေနဲ့ ကလည်း ဒီ ပေါ်လစီ ကို ပြောင်းလဲဖို့ စဉ်းစား နေပြီ လို့ ထင်ပါတယ် ။ အကယ်၍ အဲ့လို ပြောင်းလဲ ချင်တယ် ဆိုရင် ဖရန့် က လွဲပြီး တခြား အစားထိုး ရမယ့် နည်းပြ မရှိတော့ပါဘူး ။ ”

” သူဟာ ချယ်လ်ဆီး လူငယ် ကစားသမား တွေ အမြဲ လေးစား အားကျ ရတဲ့ ဂန္တဝင် ကစားသမား လည်း ဖြစ်ပါတယ် ။ သူ့ကို ခန့်လိုက်မယ် ဆိုရင် လူငယ် တွေ အားလုံး လည်း ပိုပြီး စိတ်ဓာတ် တက်ကြွ လာပါလိမ့်မယ် ။ ဖရန့် ဟာ ချယ်လ်ဆီး လူငယ် တွေကို နေရာ ပေးရုံသာမက ချယ်လ်ဆီး ပရိသတ် တွေရဲ့ အသည်းနှလုံး ကိုပါ သိမ်းပိုက် ယူမယ့်သူ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း မှာ အချိန် အတိုင်းအတာ တခု အထိ နည်းပြ တွေဟာ ဖိအား တွေနဲ့ အသင်း ကို ကိုင်တွယ် ခဲ့ကြပါတယ် ။ ”

” ဒါပေမယ့် ဖရန့် ရောက်လာမယ် ဆိုရင် ဒါတွေ အသစ် တဖန် ပြောင်းလဲ သွားမယ် လို့ ထင်မိပါတယ် ။ လူတွေ ကတော့ ဖရန့် ရဲ့ အတွေ့အကြုံ အကြောင်း ပြောကြ ပါလိမ့်မယ် ။ ဒါပေမယ့် ဘာစီလိုနာ မှာ ပတ် ဂွာဒီယိုလာ ကိုင်တွယ်တုန်း ကလည်း ဖရန့် လို အတွေ့အကြံု နုနယ် ခဲ့ပေမယ့် ရှိတဲ့ အလားအလာ ကောင်း လူငယ် တွေကို အကောင်းဆုံး စီမံ နိုင်ခဲ့ပါတယ် ။ ”

” နောက်ပြီး ဖရန့် ဟာ လေ့ကျင့်ရေး အစီအစဉ် တွေမှာ နာမည်ကြီး ကစားသမား တွေကြောင့် ဖိအား တွေ များနေ နိုင်မလား ဆိုရင် ကျွန်တော် တော့ မထင်မိပါဘူး ။ ဖရန့် ဟာ ချယ်လ်ဆီး အသင်း အကြောင်း သေချာ သိထားတာကြောင့် သူ့ကို ကစားသမားတိုင်း က လေးစားမှု အပြည့် ထားကြပြီးသား ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR