ကာရက္စ္ကုိ ကုိ ေခၚယူဖုိ႔ သေဘာတူညီမႈ ရရွိသြားျပီ ျဖစ္တဲ့ အာဆင္နယ္ အသင္း

ကာရက္စ္ကုိ

အက္သလက္တီကုိ မက္ဒရစ္ ေတာင္ပံ ကစားသမားေဟာင္း ကာရက္စ္ကုိ ဟာ အာဆင္နယ္ အသင္းကုိ ေျပာင္းေရႊ႕ ဖုိ႔ သေဘာတူညီ လုိက္ျပီ ျဖစ္ျပီး ကလပ္ အသင္း ႏွစ္သင္းၾကား ေျပာင္းေရႊ႕ ေၾကး ကိစၥ အျပီးသတ္ ညွိႏႈွိင္းဖုိ႔ပဲ က်န္ရွိေတာ့တယ္လုိ႔ သိရပါတယ္ ။

အာဆင္နယ္ အသင္းဟာ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ ကတည္းက ကာရက္စ္ကုိ ကုိ အငွား နဲ႔ ေခၚယူဖုိ႕ ၾကိဳးပမ္း ေနတာ ျဖစ္ျပီး ကစားသမားရဲ႕ ကလပ္ အသင္း ျဖစ္တဲ့ ဒါလီယန္ ယီဖန္ အသင္းက ထြက္ခြာခြင့္ မေပးခဲ့တာလည္း ျဖစ္ပါတယ္ ။

ယခု အခါမွာေတာ့ ဂ်ာနယ္လစ္ နီကုိလုိ ရွီရာ ရဲ႕ အဆုိအရ အာဆင္နယ္ အသင္းဟာ တရုတ္ စူပါလိဂ္ ကလပ္ ဒါလီယန္ ယီဖန္ နဲ႔ ေျပာင္းေရႊ႕ ေၾကး ကိစၥ ေစ့စပ္ ညွိႏႈိင္း ေနေၾကာင္း နဲ႔ ကာရက္စ္ကုိ ကေတာ့ အာဆင္နယ္ အသင္းကုိ ေျပာင္းေရႊ႕ ဖုိ႔ သေဘာတူညီလုိက္ျပီ လုိ႔ ဆုိပါတယ္ ။

ကာရက္စ္ကုိ

အာဆင္နယ္ အသင္းဟာ ဝဲလ္ေကာ့ ၊ ခ်ိန္ဘာလိန္ ၊ ဆန္းခ်က္ဇ္ တုိ႔ အသင္းကေန ထြက္ခြာ သြားျပီး ေနာက္ပုိင္း ေတာင္ပံ တုိက္စစ္ စစ္စစ္ ကစားသမား တစ္ဦး လုိအပ္ ေနတာလည္း ျဖစ္ပါတယ္ ။

ဂန္းနား တုိ႔ဟာ ျပီးခဲ့တဲ့ႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ ကတည္းက ေတာင္ပံ ကစားသမားသစ္ တစ္ဦးကုိ ေခၚယူဖုိ႔ ၾကိဳးပမ္း ခဲ့ေပမယ့္လည္း ေခၚယူနုိင္ ခဲ့ျခင္းေတာ့ မရွိပါဘူး ။ အာဆင္နယ္ အသင္း နည္းျပ အူနုိင္း အမ္မရီ ဟာ ေတာင္ပံ တုိက္စစ္ ေနရာမွာ အီဝုိဘီ ၊ မီခီတာရန္း တုိ႔ ထားကစား ေနေပမယ့္လည္း သိပ္ေတာ့ အဆင္မေျပ ပါဘူး ။ အမ္မရီ ကုိယ္တုိင္ကလည္း အသင္းမွာ ေတာင္ပံ တုိက္စစ္ ကစားသမား တစ္ဦးေလာက္ ေခၚယူဖုိ႔ လုိအပ္ေနေၾကာင္း ဝန္ခံ ထားပါတယ္ ။

အမ္မရီ ရဲ႕ နည္းစနစ္ပုိင္း အရ တုိက္စစ္ကုိ အလ်င္အျမန္ သြားနုိင္တဲ့ ေျပးအား ၊ တုိးအား ေကာင္းတဲ့ ကစားသမားေတြ လုိသလုိ လုပ္အားႏႈန္းေကာင္းတဲ့ ကစားသမားေတြလည္း လုိအပ္ေနပါတယ္ ။ ဒါေၾကာင့္ ကာရက္စ္ကုိ ဟာ အာဆင္နယ္ အသင္း မျဖစ္မေန ေခၚယူသင့္တဲ့ ေတာင္ပံ တုိက္စစ္ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္ ။

ကာရက္စ္ကုိ

အသက္ ၂၅ ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ ဘယ္ဂ်ီယံ ေတာင္ပံ ကစားသမား ကာရက္စ္ကုိ ကုိယ္တုိင္ကလည္း သူရဲ႕ မိသားစု ဟာ တရုတ္မွာ ေနထုိင္ရတာ အဆင္မေျပတာေၾကာင့္ ဥေရာပသုိ႔ ျပန္လည္ ေျပာင္းေရႊ႕ လုိေၾကာင္း အတိအလင္း ထုတ္ေဖာ္ ေျပာၾကား ထားပါတယ္ ။

ကာရက္စ္ကုိ က ျပီးခဲ့တဲ့ ရက္ပုိင္း အတြင္းက စပိန္ သတင္းစာတစ္ေစာင္ နဲ႔ အင္တာဗ်ဴးမွာလည္း ” က်ြန္ေတာ္က အသင္းအတြက္ အေရးပါတဲ့ ကစားသမား တစ္ဦး ျဖစ္ေပမယ့္လည္း ထြက္ခြာခြင့္ေပးမယ္လုိ႔ေတာ့ ေမ်ွာ္လင့္ပါတယ္ ။ က်ေနာ္ကုိယ္တုိင္ေရာ ၊ မိသားစု အတြက္ေရာ ဥေရာပကုိ ျပန္လည္ ေျပာင္းေရႊ႕ လုိပါတယ္ ။”လုိ႔ ဆုိပါတယ္ ။

ကာရက္စ္ကုိ ဟာ ၂၀၁၈ ခုႏွစ္တုန္းက အက္သလက္တီကုိ မက္ဒရစ္ အသင္းကေန ဒါလီယန္ ယီဖန္ အသင္း ကုိ ေျပာင္းေရႊ႕ သြားခဲ့တာ ျဖစ္ျပီး တရုတ္ စူပါလိဂ္မွာ ၂၅ ပြဲ ကစား ေပးထားျပီး ၇ ဂုိး သြင္းယူ ေပးထားပါတယ္ ။

SPORTS MYANMAR

Unicode

ကာရက်စ်ကို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်တဲ့ အာဆင်နယ် အသင်း
=============================

အက်သလက်တီကို မက်ဒရစ် တောင်ပံ ကစားသမားဟောင်း ကာရက်စ်ကို ဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ဖို့ သဘောတူညီ လိုက်ပြီ ဖြစ်ပြီး ကလပ် အသင်း နှစ်သင်းကြား ပြောင်းရွှေ့ ကြေး ကိစ္စ အပြီးသတ် ညှိနှုှိင်းဖို့ပဲ ကျန်ရှိတော့တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကတည်းက ကာရက်စ်ကို ကို အငှား နဲ့ ခေါ်ယူဖို့ ကြိုးပမ်း နေတာ ဖြစ်ပြီး ကစားသမားရဲ့ ကလပ် အသင်း ဖြစ်တဲ့ ဒါလီယန် ယီဖန် အသင်းက ထွက်ခွာခွင့် မပေးခဲ့တာလည်း ဖြစ်ပါတယ် ။

ယခု အခါမှာတော့ ဂျာနယ်လစ် နီကိုလို ရှီရာ ရဲ့ အဆိုအရ အာဆင်နယ် အသင်းဟာ တရုတ် စူပါလိဂ် ကလပ် ဒါလီယန် ယီဖန် နဲ့ ပြောင်းရွှေ့ ကြေး ကိစ္စ စေ့စပ် ညှိနှိုင်း နေကြောင်း နဲ့ ကာရက်စ်ကို ကတော့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ ဖို့ သဘောတူညီလိုက်ပြီ လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ဝဲလ်ကော့ ၊ ချိန်ဘာလိန် ၊ ဆန်းချက်ဇ် တို့ အသင်းကနေ ထွက်ခွာ သွားပြီး နောက်ပိုင်း တောင်ပံ တိုက်စစ် စစ်စစ် ကစားသမား တစ်ဦး လိုအပ် နေတာလည်း ဖြစ်ပါတယ် ။

ဂန်းနား တို့ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့ ကတည်းက တောင်ပံ ကစားသမားသစ် တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပေမယ့်လည်း ခေါ်ယူနိုင် ခဲ့ခြင်းတော့ မရှိပါဘူး ။ အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ တောင်ပံ တိုက်စစ် နေရာမှာ အီဝိုဘီ ၊ မီခီတာရန်း တို့ ထားကစား နေပေမယ့်လည်း သိပ်တော့ အဆင်မပြေ ပါဘူး ။ အမ်မရီ ကိုယ်တိုင်ကလည်း အသင်းမှာ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးလောက် ခေါ်ယူဖို့ လိုအပ်နေကြောင်း ဝန်ခံ ထားပါတယ် ။

အမ်မရီ ရဲ့ နည်းစနစ်ပိုင်း အရ တိုက်စစ်ကို အလျင်အမြန် သွားနိုင်တဲ့ ပြေးအား ၊ တိုးအား ကောင်းတဲ့ ကစားသမားတွေ လိုသလို လုပ်အားနှုန်းကောင်းတဲ့ ကစားသမားတွေလည်း လိုအပ်နေပါတယ် ။ ဒါကြောင့် ကာရက်စ်ကို ဟာ အာဆင်နယ် အသင်း မဖြစ်မနေ ခေါ်ယူသင့်တဲ့ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘယ်ဂျီယံ တောင်ပံ ကစားသမား ကာရက်စ်ကို ကိုယ်တိုင်ကလည်း သူရဲ့ မိသားစု ဟာ တရုတ်မှာ နေထိုင်ရတာ အဆင်မပြေတာကြောင့် ဥရောပသို့ ပြန်လည် ပြောင်းရွှေ့ လိုကြောင်း အတိအလင်း ထုတ်ဖော် ပြောကြား ထားပါတယ် ။

ကာရက်စ်ကို က ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက စပိန် သတင်းစာတစ်စောင် နဲ့ အင်တာဗျူးမှာလည်း ” ကျွန်တော်က အသင်းအတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့်လည်း ထွက်ခွာခွင့်ပေးမယ်လို့တော့ မျှော်လင့်ပါတယ် ။ ကျနော်ကိုယ်တိုင်ရော ၊ မိသားစု အတွက်ရော ဥရောပကို ပြန်လည် ပြောင်းရွှေ့ လိုပါတယ် ။”လို့ ဆိုပါတယ် ။

ကာရက်စ်ကို ဟာ ၂၀၁၈ ခုနှစ်တုန်းက အက်သလက်တီကို မက်ဒရစ် အသင်းကနေ ဒါလီယန် ယီဖန် အသင်း ကို ပြောင်းရွှေ့ သွားခဲ့တာ ဖြစ်ပြီး တရုတ် စူပါလိဂ်မှာ ၂၅ ပွဲ ကစား ပေးထားပြီး ရ ဂိုး သွင်းယူ ပေးထားပါတယ် ။

SPORTS MYANMAR