ဂါးရတ္ေဘးလ္နဲ့ပတ္သက္လို့ ယူနိုက္တက္ကို သတိေပးစကား ဆုိသြားတဲ့ နည္းျပေဟာင္း #ျမဴလန္စတင္း

ဂါးရတ္ ေဘးလ္

ဆာ အဲလပ္စ္ နဲ့ အတူ လက္တြဲ အလုပ္ လုပ္ခဲ့ ဖူးတဲ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ ေဟာင္း တစ္ဦး ျဖစ္သူ ရီနီ ျမဴလန္စတင္း က လက္ရွိ အခ်ိန္ မွာ ေဝးလ္ လက္ေရြးစင္ ရဲ့ အစြမ္းအစ ဘယ္ေလာက္ ရွိသလဲ ဆုိတာ ခ်င့္ခ်ိိန္ ဖုိ့ ခက္ခဲ ေနတဲ့ အခ်ိန္ ၊ ဒဏ္ရာ ျပသနာ ေတြၾကား ရုန္းကန္ ေနရတဲ့ ကစား သမား တစ္ဦး အတြက္ စြန့္စားမွဳ မျပဳလုပ္ ဖုိ့ အသင္း ေဟာင္း ကို သတိေပး သြားခဲ့ လိုက္ ပါတယ္ ။

ရီးယဲ မက္ဒရစ္ အသင္း မွာ 6 နွစ္ၾကာ ကစား ခဲ့တဲ့ ေနာက္ ရုန္းကန္ ေနခဲ့ ရတဲ့ ေဘာလံုး ရာသီ ေတြ ပိုင္ဆုိင္ ထားခဲ့ ရတဲ့ ေတာင္ပံ တုိက္စစ္ ကစားသမား ျဖစ္သူ ဂါးရတ္ ေဘးလ္ ဟာ အသင္း ေျပာင္းေရႊ့ ဖုိ့ ေရပန္းစား ေနခဲ့ ပါတယ္ ။ ဒါ့အျပင္ နည္းျပ ဇီဒန္း ဟာလည္း အသင္း ရဲ့ အနာဂတ္ စီမံကိန္းထဲ ေဘးလ္ ကို ေနရာ ေပး ထည့္သြင္း ထားျခင္း မရွိဘူး လို့ သိရွိ ရ ပါတယ္ ။

လက္ရွိ ယူရို 2020 အတြက္ ေျခစစ္ပြဲ ကစားဖုိ့ ဟန္ေဂရီကို ေရာက္ရွိ ေနတဲ့ ေဝးလ္ လက္ေရြးစင္ ဟာ အနာဂတ္ နဲ့ ပတ္သက္လို့ ဘာမွ ေရရာတဲ့ စကား မေျပာ ထားေသး ပါဘူး ။ ဒါေပမယ့္ ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္း ရဲ့ ကစားသမား ေဟာင္း ျဖစ္သူ ဟာ ပရီးမီးယား လိဂ္ဆီ ျပန္လည္ ေရာက္ရွိ ဖုိ့ ေရပန္းစား ေနခဲ့ ျပီး သူ့ကုိ ေခၚယူ ဖုိ့ အတြက္ ယူနုိက္တက္ က ထိပ္ဆံုးမွ သတင္းထြက္ ေနခဲ့ ပါတယ္ ။

ဒါေပမယ့္ မန္ခ်က္စတာ ယူနုိက္တက္ အသင္း အတြက္ 11 နွစ္ အၾကာထိ နည္းျပ တစ္ဦး အျဖစ္ တာဝန္ ထမ္းေဆာင္ ထား ခဲ့ ဖူးတဲ့ ျမဴလန္စတင္းက ေနာက္လမွာ အသက္ 30 ျပည့္ေတာ့မယ့္ ဂါးရတ္ ေဘးလ္ ရဲ့ ေျခစြမ္း ၊ ဒဏ္ရာ ျပသနာ ေတြနဲ့ ပတ္သက္ လို႔ ေမးခြန္းေတြ ထုတ္ရင္ အသင္းေဟာင္း ကို သတိေပး စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

” ခင္ဗ်ား တုိ့ေတြ ကေတာ့ အသင္း ဆီကို နာမည္ၾကီး ကစားသမားေတြ ေခၚယူ ေရးနဲ့ ပတ္သက္ ျပီး ေျပာဆုိ ၾကမွာ အေသ အခ်ာ ပါပဲ ။ ဒါေပမယ့္ ဂါးရတ္ ေဘးလ္ က အေကာင္းဆံုး ေျခစြမ္း ေတြ ပိုင္ဆုိင္ ထားေသး ရဲ့လား ? သူဟာ ဒဏ္ရာ ျပသနာ ေတြ အၾကား မၾကာခန ရုန္းကန္ ေနခဲ့ ရတယ္ ဆုိတာ က်ြန္ေတာ္ တုိ့ အားလံုး ေကာင္းေကာင္း သိရွိ ထားခဲ့ ၾက ပါတယ္ ။ ဒါ့ေၾကာင့္ သူ့ကို ေခၚယူ မယ္ ဆုိတာ စြန့္စား မွဳ တစ္ရပ္ ပါပဲ ” လို့ ျမဴလန္စတင္း က သတိေပး သြားခဲ့ ပါတယ္ ။

ဂါးရတ္ ေဘးလ္

ဒါေပမယ့္ ေဘးလ္ ကသာ အေကာင္းဆံုး ပံုစံ မွာ ဆက္လက္ ရွိေန ေသးရင္ ေတာ့ ဒါဟာ ယူနုိက္တက္ တုိ့ သူ့ကို ေခၚယူ ရာမွ အက်ိဳးအျမတ္ ေတြ ရရွိ သြားနုိင္ လိမ့္မယ္ လို႔ ျမဴလန္စတင္းက အေပါင္း လကၡဏာ ေဆာင္တဲ့ စကား ကိုပါ ဆက္လက္ ဆုိသြား ခဲ့ ပါတယ္ ။

” ဒါေပမယ့္ အျခား တစ္ဖက္ မွာေတာ့ ထိပ္တန္း အဆင့္ အရည္အေသြး ေတြ ရွိေန တဲ့ ဂါးရတ္ ေဘးလ္ ဟာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း အတြက္ ေတာ့ တစ္ကယ့္ ကို ေကာင္းမြန္ လွတဲ့ ေခၚယူမွဳ တစ္ရပ္ ျဖစ္သြား ပါ လိမ့္မယ္ ။ သူဟာ အသင္း ဆီ ခြန္အား ေတြ ျမန္ဆန္ မွဳေတြ ယူေဆာင္ လာနိုင္ သလို သြင္းဂိုး ေတြနဲ့ ဂိုး ဖန္တီးမွဳ ေတြကို ပါ ယူေဆာင္ လာနိုင္ ပါတယ္ ”

” ဆုိးတာ တစ္ခု ကေတာ့ သူရဲ့ ေျခစြမ္း ေတြဟာ လက္ရွိ ဘယ္လို အေနအထား မ်ိးမွာ ရွိေန သလဲ ဆုိတာ ခ်င့္ခ်ိန္ မွန္းဆ နုိင္ဖုိ့ အရမ္း ခက္ခဲ ေနျခင္း ပါပဲ ” လို့ ျမဴလန္စတင္း က အဆံုးသတ္ ေျပာၾကား သြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ဂါးရတ်ဘေးလ်နဲ့ပတ်သက်လို့ ယူနိုက်တက်ကို သတိပေးစကား ဆိုသွားတဲ့ နည်းပြဟောင်း #မြူလန်စတင်း

==============

ဆာ အဲလပ်စ် နဲ့ အတူ လက်တွဲ အလုပ် လုပ်ခဲ့ ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း တစ်ဦး ဖြစ်သူ ရီနီ မြူလန်စတင်း က လက်ရှိ အချိန် မှာ ဝေးလ် လက်ရွေးစင် ရဲ့ အစွမ်းအစ ဘယ်လောက် ရှိသလဲ ဆိုတာ ချင့်ချိိန် ဖို့ ခက်ခဲ နေတဲ့ အချိန် ၊ ဒဏ်ရာ ပြသနာ တွေကြား ရုန်းကန် နေရတဲ့ ကစား သမား တစ်ဦး အတွက် စွန့်စားမှု မပြုလုပ် ဖို့ အသင်း ဟောင်း ကို သတိပေး သွားခဲ့ လိုက် ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း မှာ 6 နှစ်ကြာ ကစား ခဲ့တဲ့ နောက် ရုန်းကန် နေခဲ့ ရတဲ့ ဘောလုံး ရာသီ တွေ ပိုင်ဆိုင် ထားခဲ့ ရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂါးရတ် ဘေးလ် ဟာ အသင်း ပြောင်းရွှေ့ ဖို့ ရေပန်းစား နေခဲ့ ပါတယ် ။ ဒါ့အပြင် နည်းပြ ဇီဒန်း ဟာလည်း အသင်း ရဲ့ အနာဂတ် စီမံကိန်းထဲ ဘေးလ် ကို နေရာ ပေး ထည့်သွင်း ထားခြင်း မရှိဘူး လို့ သိရှိ ရ ပါတယ် ။

လက်ရှိ ယူရို 2020 အတွက် ခြေစစ်ပွဲ ကစားဖို့ ဟန်ဂေရီကို ရောက်ရှိ နေတဲ့ ဝေးလ် လက်ရွေးစင် ဟာ အနာဂတ် နဲ့ ပတ်သက်လို့ ဘာမှ ရေရာတဲ့ စကား မပြော ထားသေး ပါဘူး ။ ဒါပေမယ့် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဟာ ပရီးမီးယား လိဂ်ဆီ ပြန်လည် ရောက်ရှိ ဖို့ ရေပန်းစား နေခဲ့ ပြီး သူ့ကို ခေါ်ယူ ဖို့ အတွက် ယူနိုက်တက် က ထိပ်ဆုံးမှ သတင်းထွက် နေခဲ့ ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် 11 နှစ် အကြာထိ နည်းပြ တစ်ဦး အဖြစ် တာဝန် ထမ်းဆောင် ထား ခဲ့ ဖူးတဲ့ မြူလန်စတင်းက နောက်လမှာ အသက် 30 ပြည့်တော့မယ့် ဂါးရတ် ဘေးလ် ရဲ့ ခြေစွမ်း ၊ ဒဏ်ရာ ပြသနာ တွေနဲ့ ပတ်သက် လို့ မေးခွန်းတွေ ထုတ်ရင် အသင်းဟောင်း ကို သတိပေး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ခင်ဗျား တို့တွေ ကတော့ အသင်း ဆီကို နာမည်ကြီး ကစားသမားတွေ ခေါ်ယူ ရေးနဲ့ ပတ်သက် ပြီး ပြောဆို ကြမှာ အသေ အချာ ပါပဲ ။ ဒါပေမယ့် ဂါးရတ် ဘေးလ် က အကောင်းဆုံး ခြေစွမ်း တွေ ပိုင်ဆိုင် ထားသေး ရဲ့လား ? သူဟာ ဒဏ်ရာ ပြသနာ တွေ အကြား မကြာခန ရုန်းကန် နေခဲ့ ရတယ် ဆိုတာ ကျွန်တော် တို့ အားလုံး ကောင်းကောင်း သိရှိ ထားခဲ့ ကြ ပါတယ် ။ ဒါ့ကြောင့် သူ့ကို ခေါ်ယူ မယ် ဆိုတာ စွန့်စား မှု တစ်ရပ် ပါပဲ ” လို့ မြူလန်စတင်း က သတိပေး သွားခဲ့ ပါတယ် ။

ဒါပေမယ့် ဘေးလ် ကသာ အကောင်းဆုံး ပုံစံ မှာ ဆက်လက် ရှိနေ သေးရင် တော့ ဒါဟာ ယူနိုက်တက် တို့ သူ့ကို ခေါ်ယူ ရာမှ အကျိုးအမြတ် တွေ ရရှိ သွားနိုင် လိမ့်မယ် လို့ မြူလန်စတင်းက အပေါင်း လက္ခဏာ ဆောင်တဲ့ စကား ကိုပါ ဆက်လက် ဆိုသွား ခဲ့ ပါတယ် ။

” ဒါပေမယ့် အခြား တစ်ဖက် မှာတော့ ထိပ်တန်း အဆင့် အရည်အသွေး တွေ ရှိနေ တဲ့ ဂါးရတ် ဘေးလ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် တော့ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ခေါ်ယူမှု တစ်ရပ် ဖြစ်သွား ပါ လိမ့်မယ် ။ သူဟာ အသင်း ဆီ ခွန်အား တွေ မြန်ဆန် မှုတွေ ယူဆောင် လာနိုင် သလို သွင်းဂိုး တွေနဲ့ ဂိုး ဖန်တီးမှု တွေကို ပါ ယူဆောင် လာနိုင် ပါတယ် ”

” ဆိုးတာ တစ်ခု ကတော့ သူရဲ့ ခြေစွမ်း တွေဟာ လက်ရှိ ဘယ်လို အနေအထား မျိးမှာ ရှိနေ သလဲ ဆိုတာ ချင့်ချိန် မှန်းဆ နိုင်ဖို့ အရမ်း ခက်ခဲ နေခြင်း ပါပဲ ” လို့ မြူလန်စတင်း က အဆုံးသတ် ပြောကြား သွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar