မီခီတာရန်း
* Sunday Mirror ရဲ့ ဖော်ပြချက် အရ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ ပီတာဆက်ခ်ျ နေရာ အတွက် ဂိုးသမား မခေါ်ယူ တော့ဘဲ အာဂျစ်တီးနား ဂိုးသမား မာတီနက်ဇ် ကို ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် အသုံးပြု သွားမယ်လို့ သိရပါတယ် ။
မာတီနက်ဇ်
———————————————————–
SPORTS MYANMAR
Unicode
အပြောင်းအရွှေ့ သတင်းတွေ လှုပ်ခတ်လာတဲ့ အာဆင်နယ် အသင်း သတင်းတိုများ
=============================
* အာဆင်နယ် အသင်း ဟာ ဆမ်ဒိုးရီးယား ကစားသမား နှစ်ဦး ဖြစ်တဲ့ ပရက် နဲ့ အန်ဒါဆန် အတွက် ယူရို ၄၈ သန်း နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် ဆမ်ဒိုးရီးယား အသင်းဘက် က ယူရို ၅၅ သန်း အထိ အလိုရှိနေကြောင်း dello Sport သတင်းစာ က ဖော်ပြ လိုက်ပါတယ် ။
* အာဆင်နယ် အသင်းဟာ ဂီတာဖေး အသင်း ရဲ့ တိုဂို နောက်ခံလူ ဒါကိုနန် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပေမယ့် စာချုပ် ဖျက်သိမ်းကြေး ယူရို ၃၅ သန်း ကို ပေးချေဖို့ တုံ့ဆိုင်း နေတယ်လို့ The Sun က ဖော်ပြ လိုက်ပါတယ် ။ ဒါကိုနန် ကို ခေါ်ယူဖို့ အဲဗာတန် အသင်းကလည်း စိတ်ဝင်စား နေပါတယ် ။
* အာဆင်နယ် အသင်း ပစ်မှတ် အေတီကို တောင်ပံ ကစားသမားဟောင်း ကာရက်စ်ကို က အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ခွင့် ရပါက ပြောင်းရွှေ့ ချင်ကြောင်း နဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြ ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။
* အာဆင်နယ် အသင်းဟာ ၂၀၁၉-၂၀ ခုနှစ် အတွက် အိမ်ကွင်း အကျီင်္ ကို ဇူလိုင်လ ၁ ရက်နေ့မှာ တရားဝင် မိတ်ဆက် ပြသသွားမယ်လို့ သိရပါတယ် ။
* အာဆင်နယ် အသင်းဟာ ကွင်းလယ်လူ ရမ်ဆေး နေရာ အစားထိုးဖို့ ဖီအိုရစ်တီးနား ကွင်းလယ်လူ ဗီရာတောက် ကို ပေါင် သန်း ၂၀ နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထား နေတယ်လို့ သိရပါတယ် ။ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗီရာတောက် ဟာ ဒီရာသီမှာ ငါးဂိုး သွင်းယူ ပေးထားပြီး သုံးဂိုး ဖန်တီး ပေးထားပါတယ် ။
* စီရီးအေ ကလပ် အင်တာမီလန် အသင်း ရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ ကွင်းလယ်လူ ဂရန်းနစ် ရှာကာ က အာဆင်နယ် အသင်းမှာ ပျော်ရွင် နေကြောင်း နဲ့ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း ငြင်းဆန် သွားခဲ့ပါတယ် ။
* အာဆင်နယ် အသင်း ပစ်မှတ် ဖရေစာ ကတော့ BBC Scotland နဲ့ အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ် နဲ့ ပက်သက်ပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချမှတ် ရသေးကြောင်း နဲ့ ဘုန်းမောက် အသင်းမှာပဲ ဖြစ်ဖြစ် ၊ အခြား အသင်းမှာပဲ ဖြစ်ဖြစ် အကောင်းဆုံး ပေးဆပ် ကစားသွားမယ်လို့ ပြောကြား သွားခဲ့ပါတယ် ။
* Sunday Mirror ရဲ့ ဖော်ပြချက် အရ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ဟာ ပီတာဆက်ချ် နေရာ အတွက် ဂိုးသမား မခေါ်ယူ တော့ဘဲ အာဂျစ်တီးနား ဂိုးသမား မာတီနက်ဇ် ကို ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် အသုံးပြု သွားမယ်လို့ သိရပါတယ် ။
* ဆီဗီလာ အသင်းဟာ အာဆင်နယ် အသင်း ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အီဘာ ကွင်းလယ်လူ ဂျော်ဒန် ကို ခေါ်ယူဖို့ နီးစပ် နေပြီ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် လာပါတယ် ။ ဆီဗီလာ အသင်းဟာ ဂျော်ဒန် ကို ခေါ်ယူဖို့ ယူရို ၁၅ သန်း နဲ့ ခေါ်ယူဖို့ နီးစပ် နေတာလည်း ဖြစ်ပါတယ် ။
* အာဆင်နယ် အသင်းဟာ အေစီမီလန် အသင်း ရဲ့ အသက် ၂၂ နှစ် အရွယ် ကွင်းလယ်လူ ဖရန် ကက်စီ ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ The Sun က ဖော်ပြ လိုက်ပါတယ် ။ အိုင်ဗရီကိုစ့် လက်ရွေးစင် ကက်စီ ဟာ ဒီရာသီမှာ အေစီမီလန် အသင်းအတွက် ရ ဂိုး သွင်းယူ ပေးထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ထားပါတယ် ။
* နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကိုယ်စားပြု ကစားပေးကြတဲ့ အာဆင်နယ် အသင်း ကစားသမားများ
———————————————————–
မီခီတာရန်း ( အာမေးနီးယား* ၃ – ၀ လက်ချက်စတိန်း )
ရှာကာ ( ဆွစ်ဇာလန်* ၀ – ၀ အင်္ဂလန် )
ဆိုကရက်တစ် ( ဂရိ* ၀ – ၃ အီတလီ )
တော်ရီးယား ( ဥရုဂွေး* ၃ – ၀ မက္ကဆီကို )
အော့စ်ပင်နာ ( ပီရူး ၀ – ၃ ကိုလံဘီယာ* )
အီဝိုဘီ ( နိုင်ဂျီရီးယား ၀ – ၀ ဇင်ဘာဘွေ )
SPORTS MYANMAR