သူ႕ကို ခ်ယ္လ္ဆီး မွာ အခြင့္အေရး မေပး ခဲ့တဲ့ ဆာရီ ကို ျပင္းျပင္းထန္ထန္ ေဝဖန္ တိုက္ခိုက္ လိုက္တဲ့ #ဖာဘရီဂတ္စ္

ဖာဘရီဂတ္စ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူေဟာင္း ဆက္စ္ ဖာဘရီဂတ္စ္ ဟာ ျပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ ပံုမွန္ ကစားခြင့္ အတြက္ ခ်ယ္လ္ဆီး အသင္း မွ ျပင္သစ္ လီဂူးဝမ္း ကလပ္ မိုနာကို အသင္း သို႕ ၃ႏွစ္ စာခ်ဳပ္ နဲ႕ အျပီးသတ္ ေျပာင္းေရႊ႕ သြားခဲ့ပါတယ္ ။ ဖာဘရီဂတ္စ္ ဟာ ယခင္ ရာသီ ေတြမွာ ခ်ယ္လ္ဆီး အသင္း အတြက္ အေရးပါတဲ့ အခန္း က႑ က ပါဝင္ခဲ့တဲ့ ဝါရင့္ ကြင္းလယ္လူ ျဖစ္ခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ နည္းျပသစ္ ဆာရီ ေရာက္ရွိ လာျပီးေနာက္ ခ်ယ္လ္ဆီး အသင္း ရဲ႕ အရန္ ကစားသမား ျဖစ္ခဲ့ရပါတယ္ ။ အဓိက အေၾကာင္းအရင္း က ဆာရီ ဟာ ၄င္း နဲ႕ အတူ တပါတည္း ေခၚေဆာင္ လာခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟို ကို ပံုမွန္ ေနရာ ေပးေနခဲ့တဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္ ။

ဆာရီ

ေဂ်ာ္ဂ်င္ဟို ဟာ ဆာရီ ရဲ႕ ကစားကြက္ မွာေတာ့ မရွိမျဖစ္ ကြင္းလယ္လူ ျဖစ္ေပမယ့္ ဖာဘရီဂတ္စ္ ကိုေတာ့ နည္းစနစ္ပိုင္း အေၾကာင္းျပခ်က္ နဲ႕ ခ်န္လွပ္ ခဲ့တာ ျဖစ္ပါတယ္ ။ ဖာဘရီဂတ္စ္ ဟာ ပထမ ရာသီဝက္ အတြင္း မွာ ဒဏ္ရာ တခ်ိဳ႕ ရရွိ ခဲ့တဲ့ အျပင္ က ဒဏ္ရာ က ျပန္သက္သာ လာတဲ့ အခ်ိန္ မွာလည္း ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြထက္ ယူရိုပါလိဂ္ ၊ ရႈံးထြက္ ဖလား ပြဲစဥ္ ေတြမွာသာ ကစားခြင့္ ရခဲ့တာ ျဖစ္ပါတယ္ ။

မေန႕က ITV နဲ႕ အင္တာဗ်ဴး တခုမွာေတာ့ ဖာဘရီဂတ္စ္ က လက္ရွိ ခ်ယ္လ္ဆီး နည္းျပ ဆာရီ ဟာ သူ႕ရဲ႕ ကိုယ္ပိုင္ စိတ္ကူးစိတ္သန္း ၊ နည္းစနစ္ ေတြပဲ အသံုးျပဳ တဲ့ နည္းျပ ျဖစ္ေပမယ့္ တျခားသူ ေတြရဲ႕ အၾကံဉာဏ္ နဲ႕ သူ မၾကိဳက္တဲ့ ကစားသမား ေတြဆို ဘယ္လိုပဲ ေျခစြမ္း ေကာင္းေကာင္း အခြင့္အေရး မေပးဘူး လို႕ ေဝဖန္ ေျပာဆို ခဲ့ပါတယ္ ။

ဖာဘရီဂတ္စ္ က ” ဆာရီ ဟာ သူ႕ရဲ႕ ကိုယ္ပိုင္ နည္းစနစ္ ကစားဟန္ ရွိတဲ့ နည္းျပ ျဖစ္ပါတယ္ ။ ဒီ အေနအထား ကေန လည္း ပိုျပီး မေကာင္းေနပါဘူး ။ သူ႕မွာ ပြဲကို ဘယ္လို ခ်ဥ္းကပ္ ကစား ရမယ္ ဆိုတဲ့ အိုင္ဒီယာ ေတြေတာ့ ရွိပါတယ္ ။ အဲ့ဒီ အိုင္ဒီယာ ေတြကလြဲရင္ သူဟာ ဒီ အဆင့္ ထက္ ပိုျပီး တိုးတက္ လာမယ့္ နည္းျပ မ်ိဳးလည္း မဟုတ္ပါဘူး ။ ခင္ဗ်ား သူ႕ကို ဘယ္ေလာက္ပဲ အၾကံဉာဏ္ ေပးေပး ၊ ဘယ္ေလာက္ပဲ ေကာင္းေနတဲ့ အျပဳအမူမ်ိဳး လုပ္ေနပါေစ ၊ သူ႕ရဲ႕ ဆံုးျဖတ္ခ်က္ ကို ဘယ္ေတာ့မွ ျပန္မျပင္ တတ္ပါဘူး ။ ”

ဖာဘရီဂတ္စ္

” သူဟာ သူ႕ရဲ႕ ဆံုးျဖတ္ခ်က္ တခုတည္း ကိုပဲ ၾကည့္တတ္တဲ့ သူမ်ိဳးပါ ။ ဒီေလာက္ထိ ကို မာနၾကီးတဲ့ ၊ ေခါင္းမာ တဲ့ နည္းျပ ျဖစ္ပါတယ္ ။ ဒါေပမယ့္ သူ႕ကို ၾကည့္ရတာ ဒီလို ေနရတဲ့ ပံုစံမ်ိဳး ၾကိဳက္ႏွစ္သက္ တဲ့ ပံုပါပဲ ။ သူ႕မွာ ေဘာလံုး နဲ႕ ပတ္သက္တဲ့ ကိုယ္ပိုင္ အျမင္ ရွိပါတယ္ ။ အဆံုးအထိ သူဟာ ဒီ ကိုယ္ပိုင္ နည္းစနစ္ နဲ႕ ဆက္သြား ေနဦးမွာပါပဲ ။ ဒါကို ခင္ဗ်ား တို႕ ေလးစားဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ဖာဘရီဂတ္စ္ က ခ်ယ္လ္ဆီး နည္းျပသစ္ ျဖစ္လာ ႏိုင္တဲ့ ဖရန္႕ လမ္းပတ္ နဲ႕ ပတ္သက္ျပီး လည္း အခုလိုပဲ သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

ဆက္စ္ က ” မႏွစ္ က ကမၻာ့ဖလား မွာ ကြ်န္ေတာ္ နဲ႕ ဖရန္႕ နဲ႕ BBC ရဲ႕ ရုပ္သံ အစီအစဥ္ စကားဝိုင္း မွာ ဆံုဖူး ပါတယ္ ။ သူဟာ ဒါဘီ အသင္း မွာ ေရြးခ်ယ္ ရခက္ခဲ တဲ့ ကစားသမား စာရင္း ကို ပိုင္ဆိုင္ ထားခဲ့ျပီး တခ်ိဳ႕ အသက္ၾကီး ကစားသမား ေတြ ဆိုရင္ သူတို႕ရဲ႕ စာခ်ဳပ္ ေနာက္ဆံုး ႏွစ္ကို ေရာက္ရွိ ေနၾကသူေတြ မ်ားပါတယ္ ။ ဒါေပမယ့္ ဖရန္႕ ဟာ အဲ့ဒီ ကစားသမား စာရင္း ကို လူငယ္ ကစားသမား ေတြနဲ႕ အေရာင္ ျပန္တင္ ႏိုင္ခဲ့ပါတယ္ ။ ”

” သူ႕ရဲ႕ ကစားဟန္ က တိုက္စစ္ဆန္ ပါတယ္ ။ ျပင္းျပင္းထန္ထန္ ကစားရတဲ့ ကစားဟန္မ်ိဳးပါ ။ ကြ်န္ေတာ့ အျမင္ အရ ဆိုရင္ ဖရန္႕ အတြက္ နည္းျပ ဘဝ ပထမဆံုး ကိုင္တြယ္ ရတဲ့ ရာသီ မွာ အခုေလာက္ အထိ စြမ္းေဆာင္ ႏိုင္တာ ခ်ီးက်ဴးခ်င္စရာပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

သူ့ကို ချယ်လ်ဆီး မှာ အခွင့်အရေး မပေး ခဲ့တဲ့ ဆာရီ ကို ပြင်းပြင်းထန်ထန် ဝေဖန် တိုက်ခိုက် လိုက်တဲ့ #ဖာဘရီဂတ်စ်

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူဟောင်း ဆက်စ် ဖာဘရီဂတ်စ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ပုံမှန် ကစားခွင့် အတွက် ချယ်လ်ဆီး အသင်း မှ ပြင်သစ် လီဂူးဝမ်း ကလပ် မိုနာကို အသင်း သို့ ၃နှစ် စာချုပ် နဲ့ အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ ဖာဘရီဂတ်စ် ဟာ ယခင် ရာသီ တွေမှာ ချယ်လ်ဆီး အသင်း အတွက် အရေးပါတဲ့ အခန်း ကဏ္ဍ က ပါဝင်ခဲ့တဲ့ ဝါရင့် ကွင်းလယ်လူ ဖြစ်ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ နည်းပြသစ် ဆာရီ ရောက်ရှိ လာပြီးနောက် ချယ်လ်ဆီး အသင်း ရဲ့ အရန် ကစားသမား ဖြစ်ခဲ့ရပါတယ် ။ အဓိက အကြောင်းအရင်း က ဆာရီ ဟာ ၄င်း နဲ့ အတူ တပါတည်း ခေါ်ဆောင် လာခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ကို ပုံမှန် နေရာ ပေးနေခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ် ။

ဂျော်ဂျင်ဟို ဟာ ဆာရီ ရဲ့ ကစားကွက် မှာတော့ မရှိမဖြစ် ကွင်းလယ်လူ ဖြစ်ပေမယ့် ဖာဘရီဂတ်စ် ကိုတော့ နည်းစနစ်ပိုင်း အကြောင်းပြချက် နဲ့ ချန်လှပ် ခဲ့တာ ဖြစ်ပါတယ် ။ ဖာဘရီဂတ်စ် ဟာ ပထမ ရာသီဝက် အတွင်း မှာ ဒဏ်ရာ တချို့ ရရှိ ခဲ့တဲ့ အပြင် က ဒဏ်ရာ က ပြန်သက်သာ လာတဲ့ အချိန် မှာလည်း ပရီးမီးယားလိဂ် ပွဲစဉ် တွေထက် ယူရိုပါလိဂ် ၊ ရှုံးထွက် ဖလား ပွဲစဉ် တွေမှာသာ ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ် ။

မနေ့က ITV နဲ့ အင်တာဗျူး တခုမှာတော့ ဖာဘရီဂတ်စ် က လက်ရှိ ချယ်လ်ဆီး နည်းပြ ဆာရီ ဟာ သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူးစိတ်သန်း ၊ နည်းစနစ် တွေပဲ အသုံးပြု တဲ့ နည်းပြ ဖြစ်ပေမယ့် တခြားသူ တွေရဲ့ အကြံဉာဏ် နဲ့ သူ မကြိုက်တဲ့ ကစားသမား တွေဆို ဘယ်လိုပဲ ခြေစွမ်း ကောင်းကောင်း အခွင့်အရေး မပေးဘူး လို့ ဝေဖန် ပြောဆို ခဲ့ပါတယ် ။

ဖာဘရီဂတ်စ် က ” ဆာရီ ဟာ သူ့ရဲ့ ကိုယ်ပိုင် နည်းစနစ် ကစားဟန် ရှိတဲ့ နည်းပြ ဖြစ်ပါတယ် ။ ဒီ အနေအထား ကနေ လည်း ပိုပြီး မကောင်းနေပါဘူး ။ သူ့မှာ ပွဲကို ဘယ်လို ချဉ်းကပ် ကစား ရမယ် ဆိုတဲ့ အိုင်ဒီယာ တွေတော့ ရှိပါတယ် ။ အဲ့ဒီ အိုင်ဒီယာ တွေကလွဲရင် သူဟာ ဒီ အဆင့် ထက် ပိုပြီး တိုးတက် လာမယ့် နည်းပြ မျိုးလည်း မဟုတ်ပါဘူး ။ ခင်ဗျား သူ့ကို ဘယ်လောက်ပဲ အကြံဉာဏ် ပေးပေး ၊ ဘယ်လောက်ပဲ ကောင်းနေတဲ့ အပြုအမူမျိုး လုပ်နေပါစေ ၊ သူ့ရဲ့ ဆုံးဖြတ်ချက် ကို ဘယ်တော့မှ ပြန်မပြင် တတ်ပါဘူး ။ ”

” သူဟာ သူ့ရဲ့ ဆုံးဖြတ်ချက် တခုတည်း ကိုပဲ ကြည့်တတ်တဲ့ သူမျိုးပါ ။ ဒီလောက်ထိ ကို မာနကြီးတဲ့ ၊ ခေါင်းမာ တဲ့ နည်းပြ ဖြစ်ပါတယ် ။ ဒါပေမယ့် သူ့ကို ကြည့်ရတာ ဒီလို နေရတဲ့ ပုံစံမျိုး ကြိုက်နှစ်သက် တဲ့ ပုံပါပဲ ။ သူ့မှာ ဘောလုံး နဲ့ ပတ်သက်တဲ့ ကိုယ်ပိုင် အမြင် ရှိပါတယ် ။ အဆုံးအထိ သူဟာ ဒီ ကိုယ်ပိုင် နည်းစနစ် နဲ့ ဆက်သွား နေဦးမှာပါပဲ ။ ဒါကို ခင်ဗျား တို့ လေးစားဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဖာဘရီဂတ်စ် က ချယ်လ်ဆီး နည်းပြသစ် ဖြစ်လာ နိုင်တဲ့ ဖရန့် လမ်းပတ် နဲ့ ပတ်သက်ပြီး လည်း အခုလိုပဲ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

ဆက်စ် က ” မနှစ် က ကမ္ဘာ့ဖလား မှာ ကျွန်တော် နဲ့ ဖရန့် နဲ့ BBC ရဲ့ ရုပ်သံ အစီအစဉ် စကားဝိုင်း မှာ ဆုံဖူး ပါတယ် ။ သူဟာ ဒါဘီ အသင်း မှာ ရွေးချယ် ရခက်ခဲ တဲ့ ကစားသမား စာရင်း ကို ပိုင်ဆိုင် ထားခဲ့ပြီး တချို့ အသက်ကြီး ကစားသမား တွေ ဆိုရင် သူတို့ရဲ့ စာချုပ် နောက်ဆုံး နှစ်ကို ရောက်ရှိ နေကြသူတွေ များပါတယ် ။ ဒါပေမယ့် ဖရန့် ဟာ အဲ့ဒီ ကစားသမား စာရင်း ကို လူငယ် ကစားသမား တွေနဲ့ အရောင် ပြန်တင် နိုင်ခဲ့ပါတယ် ။ ”

” သူ့ရဲ့ ကစားဟန် က တိုက်စစ်ဆန် ပါတယ် ။ ပြင်းပြင်းထန်ထန် ကစားရတဲ့ ကစားဟန်မျိုးပါ ။ ကျွန်တော့ အမြင် အရ ဆိုရင် ဖရန့် အတွက် နည်းပြ ဘဝ ပထမဆုံး ကိုင်တွယ် ရတဲ့ ရာသီ မှာ အခုလောက် အထိ စွမ်းဆောင် နိုင်တာ ချီးကျူးချင်စရာပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR