Rumour: ဘစီလိုနာအသင်းသားတွေရဲ့အလိုမရှိခြင်းခံနေရတဲ့လို့သတင်းတွေ ထွက်နေတဲ့ #ဂရစ်ဇ်မန်း

အေတီကို အသင်းရဲ့ တိုက်စစ်မှူး တဦးဖြစ်တဲ့ ဂရစ်ဇ်မန်း ဟာအခုနှစ် နွေရာသီ ဈေးကွက် ဖွင့်ချိန်အတွင်းမှာ အသင်းကနေ ထွက်ခွာတော့ မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ လပိုင်းအတွင်း မှာတရား ဝင် ထုတ်ပြောထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ် အသင်းကို ဦးဆောင် ခဲ့တဲ့ ဂရစ်ဇ်မန်း ကို အလိုရှိနေတဲ့ ဥရောပထိပ်သီး အသင်းတွေ အများအပြား ရှိနေပြီး ဘာစီလိုနာ အသင်းကို ရောက်ရှိဖို့ ရေပန်း အစားဆုံးအဖြစ်ရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ဂရစ်ဇ်မန်းကို ရရှိဖို့ နီးစပ်ခဲ့သေးတာဖြစ်ပြီး ကစားသမား က အေတီကို အသင်းမှာပဲ ဆက်နေတော့မယ့် ရုပ်သံလိုင်းတခုမှာ တရားဝင် ကြေညာ သွားခဲ့လို့ အပြောင်းအရွှေ့ပျက် ပြယ်သွားခဲ့ရတာဖြစ်ပါတယ်။

ဂရစ်ဇ်မန်
(FILES) In this file photo taken on April 24, 2019 Atletico Madrid’s French forward Antoine Griezmann celebrates scoring a goal during the Spanish league football match between Club Atletico de Madrid and Valencia CF at the Wanda Metropolitano stadium in Madrid. – French striker Antoine Griezmann has told Atletico Madrid he will leave them in the close season, the Spanish club said on Twitter on May 14, 2019. The 28-year-old Griezmann has a contract until 2023 with Atletico, but has a buy out clause of 120million euros ($134million) and has been the target of several approaches from La Liga rivals Barcelona. (Photo by GABRIEL BOUYS / AFP)

ဘာစီလိုနာ အပြင် ယူနိုက်တက်၊ PSG အသင်းရဲ့ စိတ်ဝင်စားချိတ်ဆက် မှုတွေ ခံနေရတဲ့ ဂရစ်ဇ်မန်းက သူဟာ လာမယ့်ရာသီမှာ ဘယ်အသင်းနဲ့ အတူ ကစား နေမယ်ဆိုတာကို အခုကတည်းက သိနှင့် နေပြီဖြစ်တယ် လို့ လည်း မကြာသေးမီက ဆိုထားခဲ့ပါသေးတယ်။ ဒါပေမယ့် ယမန် နှစ်နွေရာသီ မှာ သူပြု လုပ်ခဲ့ တဲ့ လုပ်ရပ်တွေ အပေါ် ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမား တွေက အမြင် မကြည်ဖြစ်နေသေးပြီး နူးကမ့်ကို သူရောက်လာပါက နွေးထွေးတဲ့ ပတ်ဝန်းကျင် တခုဖြစ်မလာနိုင်မှာကို လည်း ဂရစ်ဇ်မန်း ကိုယ်တိုင်က စိုးရွံ့ထိတ် လန့်နေတယ် လို့ သိရပါတယ်။ ဒါကြောင့် လည်း စပိန် မီဒီယာတွေ က ဂရစ်ဇ်မန်း အနေနဲ့ ဘာစီလိုနာထက် PSG အသင်းကို ရွေးချယ်ဖို့ ညွှန်းဆိုထားတယ်ဆိုတဲ့သတင်းတွေထွက်လာတာဖြစ်ပါတယ်။

PSG အသင်းဟာ သူတို့ရဲ့ အထောင်တိုက်စစ် မှူး တဦးဖြစ်တဲ့ ကာဗာနီရဲ့ နေရာအတွက် အစားထိုးနိုင်မယ့် သူကိုရှာဖွေနေတာဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်လာဖို့ ဥက္ကဌဖြစ်သူ အယ်ခလိုင်ဖီနဲ့ ဂရစ်ဇ်မန်းတို့ ညှိနှိုင်းမှု တွေတောင် ပြုလုပ်ထားခဲ့ပြီးပြီလို့ လည်းသိရပါတယ်။ PSG နည်းပြကြီး တူချယ်ဟာ အသင်း ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကာဗာနီရဲ့ နေရာမှာ လျင်မြန်တဲ့ တိုက်စစ်ကစားသ မားတဦးနဲ့ အစားထိုးပြီး နေမာ ၊ အမ်ဘာပေတို့ နဲ့ တွဲဖက်ပေးချင်နေတာ လည်းဖြစ်ပါတယ်။ကာဗာနီဟာ နောက်ပိုင်း နှစ်တွေ အတွင်း အသင်းရဲ့ အဓိက ဂိုးသွင်းစက်တဦးအဖြစ်ရှိနေခဲ့လို့ သူ့ရဲ့နေရာအတွက် တိုက်စစ်မှူး ကောင်း တဦးလိုအပ်နေတာဖြစ်ပြီး ဂရစ်ဇ်မန်းက အသင့်တော်ဆုံး အဖြစ် ရှိနေ တာဖြစ်ပါတယ်။

Atletico Madrid’s Spanish forward Diego Costa (C) celebrates with Atletico Madrid’s Spanish forward Vitolo and Atletico Madrid’s French forward Antoine Griezmann (R) after scoring a goal during the Spanish league football match between Club Atletico de Madrid and FC Barcelona at the Wanda Metropolitano stadium in Madrid on November 24, 2018. (Photo by OSCAR DEL POZO / AFP)

ဘာစီလိုနာ အသင်းက ဂရစ်ဇ်မန်းရဲ့ စာချုပ်ဖြတ်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း ၁၂၀ ပေးချေပြီး ခေါ်ယူဖို့ ပြင်ဆင် နေတာဖြစ်ပေမယ့် လတ်တလော အနေအထားတွေအရ နူးကမ့်မြေဟာသူ အတွက် အကောင်းဆုံးနေရာတခုမဖြစ်နိုင် လောက်ဘူးလို့ ဂရစ်ဇ်မန်းက ယုံကြည်နေတာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းဟာဒီရာသီမှာ လာလီဂါချန်ပီယံ ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အခြားပြိုင်ပွဲတွေမှာတော့ ဆုဖလားတွေနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။သူတို့ ဟာ အသက်အရွယ်ရလာပြီဖြစ်တဲ့ ဆွာရက်ဇ် နဲ့ မက်ဆီ တို့ရဲ့ နေရာအတွက် အားဖြည့်မှုတွေ မဖြစ်မနေ ပြုလုပ် ဖို့ လိုအပ်နေပြီး ကစားသမားဟောင်း တဦးဖြစ်တဲ့ နေမာကို ပြန်လည်ခေါ်ယူ မယ်ဆိုတဲ့ သတင်းတွေလည်းထွက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ဟာ ယူနိုက်တက် အသင်းရဲ့ ကြယ်ပွင့်တိုက်စစ် ကစားသမားလေး ရတ်ဖို့ဒ်နဲ့ ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုးတို့ကို နောက်ထပ် ရွေးချယ်စရာတွေအဖြစ် မျက်စိကျနေတယ်လို့ သိရပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အသင်းဟာ ရတ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ယူရိုသန်း၁၀၀ ကျော် ပေးချေသွားဖို့ ယူနိုက်တက် အသင်းနဲ့ ညှိနှိုင်းထားခဲ့ပြီးပြီလို့သိရပါတယ်။ ဒါပေမယ့် ယူနိုက်တက် အသင်းကတော့ ဒီရာသီပြိုင်ပွဲစုံမှာ၄၇ပွဲပါဝင် ကစားပေးပြီး ၁၃ ဂိုး သွင်းယူပေးထားခဲ့တဲ့ ရတ်ဖို့ဒ် ဟာ အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေဖို့ရှိတယ်လို့ ယုံကြည်နေပါတယ်။

SM