ရီးယဲမက်ဒရစ် စတားကို အငှား ခေါ်ယူနိုင်ဖို့သာ ဦးတည် ကြိုးစားတော့မယ့် #ယူနိုက်တက်

ထွက်ပေါ် လာတဲ့ သတင်း တစ်ရပ် အရ အသင်း ကို ပြန်လည် တည်ဆောက် လိုနေ တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ရီးယဲ မက်ဒရစ် စတား ဂါးရတ် ဘေးလ် ကို အပြီး သတ် ခေါ်ယူ နိုင်ရေး ထက် အငှား ခေါ်ယူ နိုင်ဖို့ သာ ကြိုးစား တော့မယ် လို့ သိရှိ လိုက်ရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ဟာ ချဲလ်ဆီး အသင်း မှ အီဒင် ဟာဇက် ကို ခေါ်ယူ ခဲ့တဲ့ နောက် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဟောင်း ဖြစ်သူ ဘေးလ် ရဲ့ အနာဂတ် ဟာ ဇီဒန်း ရဲ့ စီမံကိန်း မှာ ဆက်လက် ပါဝင် နိုင်ဖို့ သေချာ ခြင်း မရှိ တော့ ပါဘူး ။

ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရော တော့တင်ဟမ် ဟော့ စပါး အသင်း ပါ ဘေးလ် အတွက် ပေါင် 75 သန်း သုံးစွဲ ပြီး ပရီးမီးယား လိဂ် ဆီ တစ်ဖန် ပြန်လည် ခေါ်ယူ လိုခြင်း မရှိ ကြဘူး လို့ သိရှိ ခဲ့ရ ပါတယ် ။

ဘေးလ်
Real Madrid’s Welsh forward Gareth Bale reacts during the Spanish League football match between Real Madrid and Athletic Bilbao at the Santiago Bernabeu Stadium in Madrid on April 21, 2019. (Photo by GABRIEL BOUYS / AFP)

အခုတော့ Mirror မှ ထွက်ပေါ် လာ ခဲ့တဲ့ သတင်း အရ ယူနိုက်တက် အသင်း နည်းပြ ဆိုးလ်ရှား ဟာ ဘေးလ် ကို အပြီးသတ် ခေါ်ယူ နိုင်ရေး ထက် တစ်ရာသီ အငှား နဲ့ ခေါ်ယူ နိုင်ရေး အတွက် ကိုသာ အဓိက ဦးစား ပေး တွေးတော နေပြီ လို့ သိရှိ လိုက်ရ ပါတယ် ။

အကယ်လို့ ယူနိုက်တက် မှသာ ဂါးရတ် ဘေးလ် ကို အငှား ခေါ်ယူ သွားနိုင် ခဲ့မယ် ဆိုရင် ရီးယဲ မက်ဒရစ် အသင်း ဖက်မှ လည်း ကစားသမား အတွက် နှစ်နှစ် အတွင်း ပေးချေ ရတဲ့ လစာ ငွေ ပေါင် 50 သန်း ဝန်းကျင် ကို ရှောင်လွှဲ နိုင်မှာ ပဲ ဖြစ်တဲ့ အတွက် ဒါဟာ ဖြစ်လာ နိုင်ခြေ ရှိနေ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ဖက်က တော့ ဟာဇက် ကို ခေါ်ယူ နိုင်ခဲ့ တာကြောင့် အသင်း ရဲ့ ကစားသမား အချိ့ ကို ရောင်းချ ပြီး ငွေတွေ အနည်း နဲ့ အများ ပြန်လည် စုဆောင်း နိုင်ဖို့ အလို ရှိနေ ခဲ့ကြ ပါတယ် ။

ဒါပေမယ့် ဘေးလ် ရဲ့ မြင့်မား တဲ့ ပြောင်းရွှေ့ ကြေး နဲ့ လစာ ငွေတွေ ၊ တည်ငြိမ် မှု မရှိ တဲ့ ခြေစွမ်း တွေကြောင့် ဥရောပ ထိပ်သီး ကလပ် တွေဟာ ဘေးလ် ကို အပြီးသတ် ခေါ်ယူ ဖို့ အတွက် လက်တွန့် နေခဲ့ ကြတာ ပဲ ဖြစ် ပါတယ် ။

ဒါ့အပြင် အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လာမယ့် ဘောလုံး ရာသီ မှာ ချန်ပီယံ လိဂ် ပြိုင်ပွဲ ကစား ရမှာ မဟုတ်တာ ကြောင့် ဘေးလ် ဟာ အိုးလ် ထရပ်ဖို့ဒ် မြေကို ရောက်ရှိ လာနိုင် ခြေ နည်းပါး နေတယ် ဆိုတဲ့ သတင်း ပါ ထွက်ပေါ် နေခဲ့ ပါ သေးတယ် ။

Manchester United’s Norwegian head coach Ole Gunnar Solskjaer gestures during the English Premier League football match between Arsenal and Manchester United at the Emirates Stadium in London on March 10, 2019. (Photo by Ian KINGTON / IKIMAGES / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 45 images, no video emulation. No use in betting, games or single club/league/player publications.

ဒါ့အပြင် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ လက်ရှိ အချိန် မှာ အသင်း ကို ပြန်လည် တည်ဆောက် ဖို့ အတွက် လူငယ် ကစားသမား လေးတွေ ကိုသာ အဓိက ပစ်မှတ် ထား ခေါ်ယူ လိုနေ ခြင်း ကလည်း ဒီ အပြောင်း အရွှေ့ ကို ဖြစ်လာ နိုင်ခြေ နည်းပါး စေနေ ခဲ့ ပါတယ် ။

ဘေးလ် ဟာ လက်ရှိ ရီးယဲ မက်ဒရစ် အသင်း မှာ တစ်ပါတ် ပေါင် 480,000 အထိ ရရှိ နေခြင်း ကလည်း အသင်း တွေ အနေနဲ့ ကစားသမား ကို ခေါ်ယူ စေရေး မှာ အခက်အခဲ ဖြစ်လာ စေနိုင် တယ်လို့ သိရှိ ရ ပါတယ် ။

#Sports_Myanmar