ဇီဒန်း ရဲ့ ပေါင် သန်း ၃၀၀ တန် စီမံကိန်း အတွက် ပဉ္စမမြောက် နယ်ရုပ် က ဘယ်သူဖြစ်မလဲ ?

ရီးရဲ တို့ နွေရာသီ ဈေးကွက် ထဲ မှာ ခြေသွက် လက်သွက် နဲ့ လှုပ်ရှား နေ ပါတယ် ။ ၃ နှက် ဆက် ချန်ပီယံလိဂ် အရှင် သခင် ဖြစ်စေခဲ့ပြီး ခေတ္တ လမ်းခွဲ ရာကနေ ပြန်ရောက် လာချိန် မှာ အသင်းရဲ့ ကပ်ဆိုက်မှု တွေကို တွေ့မြင် ထားရတဲ့ ဇီဒန်း တစ်ယောက် နွေရာသီ အခွင့်အရေး ကို လက်လွှတ် မခံဘဲ အပီ အပြင် ပြင်ဆင် လို့ နေပါတယ် ။ ကစား သမား သစ်တွေ နဲ့ ရီးရဲမက်ဒရစ် ရဲ့ ရာသီသစ် ကတော့ စိတ်ဝင်စား စရာ ပါပဲ ။

လက်ရှိ အချိန် အထိ ရီးရဲ တို့ ကစား သမား ၄ ဦး ခေါ်ယူ ပြီးပါပြီ ။ ရိုဒရီ ၊ မီလီတို ၊ ဂျိုဗစ် နဲ့ ဟာဇက် တို့ပါ ။ သူတို့ ၄ ယောက် အတွက် ပေါင် ၂၂၅ သန်း သုံးထား ခဲ့ပြီး နောက်ထပ် တန်ဖိုးကြီး ကစား သမား တစ်ယောက် လောက် ထပ်ခေါ် ဖို့ ရှိနေ ပါသေးတယ် ။

ခေါ်ယူ ထားတဲ့ သူတွေ ထဲ မှာ တိုက်စစ် သမား ၃ ဦး နဲ့ ခံစစ် သမား တစ်ဦး ပါနေ ပါတယ် ။ ဂျိုဗစ် ၊ ဟာဇက် ၊ ရိုဒရီ တို့ ကို အသင်း မှာ ရှိနေတဲ့ အဆန်ဆီရို ၊ အစ္စကို ၊ ဘန်ဇီးမား တို့ နဲ့ ပေါင်းစပ် မှာ ဖြစ်လို့ နောက်ထပ် တိုက်စစ် သမား ခေါ်တော့ မယ် မထင် ပါဘူး ။

မီလီတို ကတော့ ခံစစ် အစွန် နဲ့ ကွင်းလယ် ခံစစ် မှာ ကစားနိုင် သူဖြစ်တာ ကြောင့် ကက်စမဲရိုး ရဲ့ နေရာ အတွက် ပါ back up ဖြစ်လာနိုင် ပါတယ် ။ နောက်ထပ် ဘယ် နေရာ ကို အားဖြည့် မလဲ ဆိုတာ စိတ်ဝင် စား စရာ ပါ ။

ရီးရဲ မှာ နေရာ ဖြည့်ဖို့ လိုနေတဲ့ နေရာ ၂ နေရာ ရှိပါတယ် ။ ဆာဂျီယို ရာမိုစ့် ရဲ့ နေရာ နဲ့ ကွင်းလယ် က တိုနီ ကရူးစ် ၊ မိုဒရစ် တို့ ရဲ့ နေရာတွေ ပါ ။ ရာမိုစ့် ဟာ အကောင်းဆုံး အဆင့် မှာ ရှိနေပေမယ့် တစ်ရာသီလုံး ကို အစွမ်း အပြည့် နဲ့ ကစားဖို့ သိပ် မလွယ်တော့ ပါဘူး ။ ကရူးစ် နဲ့ မိုဒရစ် တို့လည်း ဒီ အတိုင်းပါပဲ ။ ဒီ နေရာ ၃ ခု အတွက် တိုက်ရိုက် ဖြစ်စေ ၊ အရန် အနေနဲ့ ဖြစ်စေ အစားထိုးနိုင်မယ့် သူတွေ ကို ဇီဒန်း ရှာဖွေ ပြင်ဆင် ထားရ တော့မှာပါ ။

သူတို့ ၃ ယောက် ရဲ့ နေရာ ကို တိုက်ရိုက် ဖြည့်ဆည်း မယ့် ကစား သမားတွေ က အနည်းဆုံး သန်း ၁၀၀ နား ကပ် နေမှာ ဖြစ်လို့ လက်ရှိ ခေါ်ယူထားတဲ့ အင်အား နဲ့ ဆိုရင် တစ်ယောက် ပဲ ခေါ်နိုင် ပါလိမ့်မယ် ။ လက်ရှိ ရီးရဲ နဲ့ သတင်းကြီး နေသူ ကတော့ ပေါ့ဘာ နဲ့ အဲရစ်ဆင် တို့ပါ ။

သူတို့ ၂ ယောက် စလုံး ဟာ မိုဒရစ် ၊ ကရူးစ် တို့ရဲ့ နေရာကို အစားထိုး နိုင်မယ့် အရည် အသွေးတွေ ရှိထား ပါတယ် ။ ဈေးကွက် အရ ပေါ့ဘာ က ပိုပြီး ဈေးကြီး ပေမယ့် အသက် ပိုငယ် သလို ဇီဒန်း နဲ့ နိုင်ငံလည်း တူနေ တာ ကြောင့် ပေါ့ဘာ ကို ဇီဒန်း ရွေးချယ် မှာ သံသယ ဖြစ်စရာ မရှိပါဘူး ။ အဲရစ်ဆင် ကတော့ အသင်း ပြောင်းဖို့ အသံပြု ထားပေမယ့် ရီးရဲ က ခေါ်ဖို့ နည်းပါတယ် ။

အကယ်​၍ ပေါ့ဘာ ကို သာ ရီးရဲ တို့ ခေါ်ဖြစ် ခဲ့မယ် ဆိုရင် လာမယ့် ရာသီ လာလီဂါ ဟာ တကယ် ကို ကြည့်လို့ ကောင်းမယ့် ရာသီ ဖြစ်လာ မှာပါ ။ ပီရက်ဇ် ရဲ့ တတိယ မြောက် ကြယ်စင်စု စီမံကိန်းလည်း ထပ်မံ အသက် ၀င်လာမှာ ဖြစ်ပြီး El Clasico တွေ ရဲ့ စိတ်ဝင်စားမှု လည်း ပြန်လည် မြင့်တက် လာမှာသေချာ ပါတယ် ။

ရီးရဲယ်မက်ဒရစ်
Real Madrid’s players pose for a team picture prior to the UEFA Champions league round of 16 first leg football match between Ajax Amsterdam and Real Madrid at the Johan Cruijff ArenA on February 13, 2019: (back row from L to R) Real Madrid’s Belgian goalkeeper Thibaut Courtois, Real Madrid’s Spanish defender Sergio Ramos, Real Madrid’s German midfielder Toni Kroos, Real Madrid’s Spanish defender Nacho Fernandez, Real Madrid’s Brazilian midfielder Casemiro, Real Madrid’s French forward Karim Benzema, (front row from L to R) Real Madrid’s Welsh forward Gareth Bale, Real Madrid’s Spanish defender Dani Carvajal, Real Madrid’s Spanish defender Sergio Reguilon, Real Madrid’s Brazilian forward Vinicius Junior and Real Madrid’s Croatian midfielder Luka Modric. (Photo by JOHN THYS / AFP)

ပေါ့ဘာ အတွက် ပေါင် သန်း ၁၂၀ ကနေ ၁၅၀ အတွင်း ရီးရဲ တို့ သုံးရမှာ ဖြစ်လို့ တော်တော်လေး ငွေကုန် ကြေးကျ များမှာ အသေအချာပါပဲ ။ ဒီ အတွက် အသင်း က ကစား သမားတွေ ကို ပြန်ရောင်းထုတ်ပြီး ဘဏ္ဍာရေး စည်းမျဉ်း နဲ့ ကိုက်ညီ အောင် လုပ်ရမှာပါ ။ ပေါ့ဘာ ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်နေတာကြောင့် ရအောင် ခေါ်ဖို့ ကြိုးစားရဦးမှာ လည်း အသေအချာ ပါပဲ ။

ဒါပေမယ့် ရီးရဲမက်ဒရစ် အသင်း ဆိုတဲ့ ကျော်ကြားမှု ၊ ဇီနဒင် ဇီဒန်း ရဲ့ လွှမ်းမိုးမှု ၊ ချန်ပီယံလိဂ် ကစားခွင့် နဲ့ အကောင်းဆုံး စင်မြင့်ပေါ် ကို တက်နိုင်မယ့် အခွင့်အလမ်းတွေ ဟာ အီဒင် ဟာဇက် လိုပဲ ပေါ့ဘာ ကို ဆွဲဆောင် နေမှာ သေချာပါတယ် ။ ပေါ့ဘာ အမှန် တကယ် မက်ဒရစ်ကို ရောက်လာ မလား ၊ ဇီဒန်း တည်ဆောက် နေတဲ့ သန်း ၃၀၀ တန် ကြယ်စင်စု စီမံကိန်း အပြည့်အ၀ လည်ပတ် နိုင်မလား ဆိုတာကတော့ အပြောင်း အရွှေ့ မပိတ်ခင် အထိ ရင်ခုန် စိတ်လှုပ်ရှား ရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR