ဘာစီလိုနာ ပရိတ်သတ်တွေကို ဒေါသထွက်စေခဲ့တဲ့ ရီးရဲယ်နောက်ခံလူ ကာဗယ်ဂျယ်ရဲ့ တိုက်ခိုက်ပြောဆိုမှု

ရီးရဲယ်မက်ဒရစ် နောက်ခံလူ ဒန်နီကာဗယ်ဂျယ် က သူ့အနေနဲ့ ပြိုင်ဘက် ဘာစီလိုနာ အသင်း ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် မတိုင်မီ မှာပဲ စောစောစီးစီး ထွက်ခွာ သွားတာကို အရမ်း မြင်ချင်တယ်လို့ ဆိုလိုက်ပါတယ်။ ဘာစီလိုနာ ဟာ လက်ရှိ အချိန်မှာတော့ ချန်ပီယံလိဂ် အုပ်စု F မှာ ရမှတ် ၈ မှတ် နဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည် နေပြီး ဒုတိယ နေရာက ဒေ့ါမွန်ကို တစ်မှတ် ၊ တတိယ နေရာက အင်တာမီလန် ကို ၄ မှတ် ဖြတ်ထား တာကြောင့် နောက်တစ်ဆင့် အတွက် အခြေအနေ ကောင်းနေ ပါတယ်။

ကတ်တလန် ကလပ် အနေနဲ့ လာမည့် နို၀င်ဘာ ၂၇ ရက်နေ့ နူးကမ့်မှာ ဒေ့ါမွန်ကို အနို်င် ရခဲ့မယ် ဆိုရင် အာနက်စတို ဗယ်ဗာဒီ ရဲ့ အသင်း အနေနဲ့ ရှံုးထွက် အဆင့် ကို တက်ဖို့ သေချာ သွားမှာဖြစ်ပြီး အင်တာမီလန် ကတော့ အဆိုပါ ညမှာ ပရက်ကို သွားကစား ရမှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ပုံစံကောင်းကို ပြသ ထားနိုင်ခြင်း မရှိသေးဘဲ ဒေ့ါမွန်ကို အဝေးကွင်းမှာ ၀-၀ ၊ ဆလားဗီယားပရက်ကို အိမ်ကွင်းမှာ ၀-၀ ဖြစ်ခဲ့ကာ နောက်နှစ်ပွဲ မှာတော့ ချက်ကလပ်ကို ပထမအကျော့မှာ တုန်းက ကပ်ပြီး နိုင်ခဲ့သလို အင်တာကိုလည်း ဒီလိုပဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာဗယ်ဂျယ် ကတော့ မက်ဒရစ် ကလပ်ရဲ့ ခါးသီးပြိုင်ဘက် အနေနဲ့ ဥရောပ ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာကာ ချန်ပီယံလိဂ် ဖိုင်နယ်ကို နောက်တစ်ကြိမ် တက်ရောက်ဖို့ ရည်မှန်း နေတဲ့ ရီးရဲယ်မက်ဒရစ် အတွက် လမ်းရှင်း လိုက်သလိုပဲလို့ ဆိုခဲ့ ပါတယ်။

ကာဗာဂျယ်က “ကျွန်တော် ခင်ဗျား ကို မလိမ်ချင် ပါဘူး။ ဘာစီလိုနာ အသင်း နောက်တဆင့်ကို မတက်တာ ကျွန်တော် ပိုသဘောကျ ပါတယ်။ သူတို့ဟာ ဒီရာသီ ချန်ပီယံလိဂ် ဖလား အတွက် ရေပန်းစားတဲ့ အသင်းတွေ ထဲက တစ်သင်း ဖြစ်နေ မှာပါ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက် ပါပဲ။

ကျွန်တော်တို့ ဟန်ဆောင် နေမှာ မဟုတ်ပါဘူး။ သူတို့ လာလီဂါ မှာ ရှံုးနိမ့် တာကိုလည်း ကျွန်တော် သဘောကျ ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ကျွန်တော်တို့ ပြိုင်ဘက် တွေထဲက တစ်သင်းပါ။ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာလည်း ဒီအတိုင်း ပါပဲ။ သူတို့မှာ အရမ်းကို ကောင်းမွန်တဲ့ လူစာရင်းကို ပိုင်ဆိုင် ထားပြီး သူတို့ဟာ စိန်ခေါ်မှု ပြင်းထန် သူတွေပါ။ တောင့်တင်းတဲ့ အသင်းတွေ အကုန်လုံး စောစောစီးစီး ထွက်ခွာ ရလေ ကျွန်တော်တို့ အတွက် ပိုကောင်းလေလေ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

မက်ဒရစ်ဟာ လာမည့် နို၀င်ဘာ ၂၆ ရက်နေ့မှာ ပီအက်ဂျီ ကို အိမ်ကွင်းမှာ သရေ ဒါမှမဟုတ် အနိုင် ရခဲ့မယ် ဆိုရင် နောက်တဆင့်ကို တက်ရောက် သွားမှာ ဖြစ်ပြီး ဇိဒန်းရဲ့ အသင်းအောက် တတိယ နေရာမှာ ရှိနေတဲ့ ကလပ် ဘရု့ချ်ဟာ ၎င်းတို့ရဲ့ အောက် ငါးမှတ် အကွာမှာ ရှိနေပါတယ်။

ဂိုးကွာခြားချက် ကလည်း အများကြီး သာနေတာကြောင့် ရီးရဲယ်ဟာ ချန်ပီယံလိဂ် မှာ နောက်တဆင့် အတွက် အခြေအနေ ကောင်းနေပြီး လာလီဂါ မှာလည်း အနေအထား ကောင်းနေကာ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ လိဂ်ပွဲစဉ် ၁၂ အပြီး ထိပ်ဆုံးက ဘာကာ နဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒုတိယ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

မက်ဒရစ် နဲ့ ဘာကာတို့ဟာ ဒီရာသီ ပထမဦးဆုံး အယ်ကလာစီကို ပွဲစဉ် အဖြစ် အောက်တိုဘာလကုန်မှာ နူကမ့်မှာ ကစား သွားရဖို့ ရှိနေပေမယ့်လည်း ကတ်တလိုးနီးယားမှာ ဖြစ်နေတဲ့ ဆန္ဒပြမှုတွေကြောင့် လုံခြံုရေး အာမခံချက် မရှိ်ဘူး ဆိုကာ ပွဲကို ရွေ့ဆိုင်း ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်သင်းဟာ လာမည့် ဒီဇင်ဘာ ၁၈ ရက်နေ့ မှာတော့ ပြန်ကစား သွားရမှာ ဖြစ်ပြီး ကာဗာဂျယ်က စပိန်ဘောလုံး အဖွဲ့ချုပ်ရဲ့ ပွဲရွေ့ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယူဆ နေပါတယ်။

ကာဗာဂျယ် က “ဒီပွဲကို လုံခြံုရေး ပြသနာကြောင့် ရွေ့ဆိုင်း ခဲ့ပါတယ်။ အကယ်၍ ဒီလို ဆုံးဖြတ်ချက်ကို ချတယ် ဆိုတာ တစ်စုံတစ် ဖြစ်သွား နိုင်လို့ပါ။ အကယ်လို့များ ဒီပွဲကို ကြားရက်မှာ ကစား သွားမယ် ဆိုရင်တော့ ၀င်ငွေ လျော့နည်း သွားနိုင်ပါတယ်။ ဒါပေမယ့် လုံခြံုရေးဟာ အရေးကြီးဆုံးပါပဲ။” လို့ ဆိုသွား ပါတယ်။

SM