ကြန္တီကို ဂႏၱ၀င္ ကစားသမား စာရင္းကေန ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုေနၾကတဲ့ ဂ်ဴဗီ ပရိသတ္မ်ား

ကြန္တီ

ဂ်ဴဗီ ပရိသတ္ေတြ ကေတာ့ အင္တာမီလန္ ကို ကိုင္တြယ္ဖို႔ နည္းျပ ရာထူး ရယူသြားတဲ့ သူတို႔ရဲ႕ ကစားသမားေဟာင္း / နည္းျပေဟာင္း ကြန္တီကို ဂႏၱ၀င္ စာရင္းကေန ပယ္ဖ်က္ဖို႔ လက္မွတ္ထိုး ေတာင္းဆိုေနျကျပီ ျဖစ္ျပီး ၊ လက္ရွိမွာ ပရိသတ္ေပါင္း 4000 ၀န္းက်င္ အထိ ပါ၀င္ ထားျပီးျပီ ျဖစ္ပါတယ္။

အသက္ 49 ႏွစ္ အရြယ္ နည္းျပၾကီးဟာ ဂ်ဴဗီ အတြက္ ပြဲေပါင္း 400 ေက်ာ္ ပါ၀င္ ကစားခဲ့ျပီး ၊ စီးရီးေအ ဖလား 5 ၾကိမ္ နဲ႔ ခ်န္ပီယံလိဂ္ ဖလားၾကီးကို ရယူ ေပးႏိုင္ခဲ့ ပါတယ္။ ဒါ့အျပင္ သူဟာ အသင္းထံ နည္းျပ အျဖစ္ ျပန္လည္ ေရာက္ရွိ လာခဲ့ျပီး စီးရီးေအ ဖလားကို 3 ႏွစ္ ဆက္တိုက္ ရယူ ေပးႏုိင္ခဲ့ျပန္ပါတယ္။

ကြန္တီ

သူ႔ကို ဂႏၱ၀င္ စာရင္းကေန ပယ္ဖ်က္ဖို႔ ေတာင္းဆိုတဲ့ လက္မွတ္ထိုးပြဲမွာေတာ့ ၊ ဘာေၾကာင့္ အခုလို ေတာင္းဆိုရသလဲ ဆိုတာ ေအာက္ပါအတုိင္း ရွင္းလင္းေဖာ္ျပထားပါတယ္။

” ကြန္တီ ဆိုတာ က်ေနာ္တို႔ ခ်စ္ရတဲ့ အသင္းေခါင္းေဆာင္ တစ္ေယာက္ပါ။ အျမဲတမ္း ကြင္းထဲမွာ ႏွလံုးသား နဲ႔ ရင္းျပီး ေပးဆပ္ခဲ့တဲ့ သူေပါ့။

ျပီးေတာ့ နည္းျပ ျဖစ္လာျပန္သလို ၊ အေကာင္းဆံုး ကစားသမား စာရင္း ပိုင္ဆိုင္ထားျခင္း မရွိပဲနဲ႔ေတာင္ စီးရီးေအ ဖလားေတြ ရယူ ေပးႏိုင္ခဲ့ျပန္တယ္ေလ။ က်ေနာ္တို႔ အတြက္ေတာ့ သူရယူ ေပးတဲ့ စီးရီးေအ ဖလားေတြဟာ ခ်န္ပီယံလိဂ္ ဖလားၾကီးနဲ႔ တစ္တန္းတည္း ထားလို႔ ရပါတယ္။ အဲဒီ အခ်ိန္က ဂ်ဴဗီရဲ႕ လူစာရင္းဟာ အခုလို မေတာင့္တင္းေသးသလို ၊ ဆုဖလားေတြ စိန္ေခၚႏိုင္ေလာက္တဲ့ အေနအထား မဟုတ္ပါဘူး။

သူ႔ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ဂ်ဴဗီဟာ ေရႊေရာင္ေန႔ရက္ေတြကို ျပန္လည္ အသက္သြင္း ႏိုင္ခဲ့တာပါ။

အဲဒီေနာက္မွာေတာ့ သူဟာ ရာသီသစ္ မစတင္မီ 2 ရက္ အလိုမွာပဲ ျဗဳန္းဒိုင္းၾကီး ရာထူးကေန ႏႈတ္ထြက္သြားပါတယ္။ ဘာအေၾကာင္းျပခ်က္ နဲ႔လဲ ဆိုတာ အခုထိ ေကာငး္ေကာင္း မသိရေသးပါဘူး။

ထားပါေတာ့ သူ စြမ္းေဆာင္ျပခဲ့တဲ့ အရာေတြ နဲ႔ ယွဥ္လိုက္ရင္ ဒီကိစၥေလာက္ ကေတာ့ နားလည္ေပးလို႔ ရပါတယ္။

ေလာေလာဆယ္ ပရိသတ္ေတြ အားလံုး သေဘာ မက်ျဖစ္ေနတာက သူဟာ အင္တာမီလန္ ကို ကိုင္တြယ္ဖို႔ ဆံုးျဖတ္လိုက္တာပါ။ ေဘာလံုးသမားေတြ ၊ နည္းျပေတြ ၊ ဒါရုိတ္တာ ေတြ ဆိုတာ ပေရာ္ဖက္ရွင္ ပီသတဲ့ သူေတြမို႔ ဘယ္ကလပ္မဆို သြားေရာက္ လုပ္ကိုင္လို႔ ရတာ နားလည္ပါတယ္။

ေမာ္ရင္ဟို သာ ဂ်ဴဗီ လာမွဆိုရင္ အင္တာမီလန္ ပရိသတ္ေတြ အေနနဲ႔ ျငိဳျငင္ဖို႔ မျဖစ္ ႏိုင္သလို ၊ ဆာရီ ၊ ကာပယ္လို တို႔သာ ရိုးမားကို ကိုင္တြယ္ ၾကမယ္ ဆိုရင္လဲ အသင္းေဟာင္းေတြက နားလည္ေပးၾကမွာပါ။

ဒါေပမယ့္ ကြန္တီ ရဲ႕ ကိစၥက အဲဒါေတြ နဲ႔ မတူပါဘူး။ သူသာ တကယ္တမ္း ပရို က်က် ေရြးခ်ယ္ ဆံုးျဖတ္မယ္ ဆုိရင္ ရိုးမား ၊ နာပိုလီ ၊ ေအစီမီလန္ အသင္းေတြဆီ သြားမွာေပါ့။

အခုေတာ့ အင္တာမီလန္ ကိုမွ ေရြးကိုင္တယ္ ဆိုေတာ့ ဂ်ဴဗီ အေပၚ မေလးစားရာ ေရာက္သြားပါျပီ။ ဒါေၾကာင့္ အခုလို လက္မွတ္ထိုး ေတာင္းဆိုရတာပါ” လို႔ ေဖာ္ျပထား ပါတယ္။

အင္တာမီလန္ အသင္းကေတာ့ ကြန္တီကို နည္းျပသစ္ ခန႔္အပ္လိုက္ေၾကာင္း မၾကာခင္ကပဲ တရား၀င္ ေၾကျငာလိုက္သလို ၊ တစ္ႏွစ္ လုပ္ခ ယူရုိ 12 သန္း နဲ႔ 3 ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုသြားခဲ့ ပါတယ္။

ကြန္တီ

သတင္းသမားေတြ နဲ႔ ေတြ႔ဆံုခုိက္မွာေတာ့ ကြန္တီက အင္တာကို တာ၀န္ယူရတာ နဲ႔ ပတ္သက္ျပီး ” က်ေနာ့္ ဘ၀ရဲ႕ စာမ်က္ႏွာသစ္ ကို စတင္လိုက္ ပါျပီ။ အရမ္းလဲ စိတ္လႈပ္ရွား ေနပါတယ္။

အသင္း ဥကၠဌၾကီး နဲ႔ အင္တာမီလန္ ကို ဦးေဆာင္ေမာင္းႏွင္ေနတဲ့ သူေတြရဲ႕ က်ေနာ့္ အေပၚထားတဲ့ ယံုၾကည္ခ်က္ေတြကို ျပန္လည္ ေပးဆပ္ ႏိုင္ေအာင္ ၾကိဳးစားသြားမွာပါ။

အင္တာမီလန္ ကို ဘာျဖစ္လို႔ ေရြးခ်ယ္ ရသလဲ ဆုိေတာ့ ရည္မွန္းခ်က္ တကယ္ ၾကီးမားတဲ့ စီမံကိန္းေတြ ရွိေနတာေၾကာင့္ရယ္ နဲ႔ အသင္း သမိုင္းေၾကာင္း အတြက္ေၾကာင့္ပါ။

တစ္ခ်ိန္က အင္တာမီလန္ ရဲ႕ အေငြ႔အသက္ကို ျပန္လည္ အသက္သြင္း ႏိုင္ဖို႔ အစြမ္းကုန္ ၾကိဳးစားသြားပါ့မယ္” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

SPORTS MYANMAR

Unicode

ကွန်တီကို ဂန္တဝင် ကစားသမား စာရင်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုနေကြတဲ့ ဂျူဗီ ပရိသတ်များ
*******************************************

ဂျူဗီ ပရိသတ်တွေ ကတော့ အင်တာမီလန် ကို ကိုင်တွယ်ဖို့ နည်းပြ ရာထူး ရယူသွားတဲ့ သူတို့ရဲ့ ကစားသမားဟောင်း / နည်းပြဟောင်း ကွန်တီကို ဂန္တဝင် စာရင်းကနေ ပယ်ဖျက်ဖို့ လက်မှတ်ထိုး တောင်းဆိုနေကြပြီ ဖြစ်ပြီး ၊ လက်ရှိမှာ ပရိသတ်ပေါင်း 4000 ၀န်းကျင် အထိ ပါ၀င် ထားပြီးပြီ ဖြစ်ပါတယ်။

အသက် 49 နှစ် အရွယ် နည်းပြကြီးဟာ ဂျူဗီ အတွက် ပွဲပေါင်း 400 ကျော် ပါ၀င် ကစားခဲ့ပြီး ၊ စီးရီးအေ ဖလား 5 ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလားကြီးကို ရယူ ပေးနိုင်ခဲ့ ပါတယ်။ ဒါ့အပြင် သူဟာ အသင်းထံ နည်းပြ အဖြစ် ပြန်လည် ရောက်ရှိ လာခဲ့ပြီး စီးရီးအေ ဖလားကို 3 နှစ် ဆက်တိုက် ရယူ ပေးနိုင်ခဲ့ပြန်ပါတယ်။

သူ့ကို ဂန္တဝင် စာရင်းကနေ ပယ်ဖျက်ဖို့ တောင်းဆိုတဲ့ လက်မှတ်ထိုးပွဲမှာတော့ ၊ ဘာကြောင့် အခုလို တောင်းဆိုရသလဲ ဆိုတာ အောက်ပါအတိုင်း ရှင်းလင်းဖော်ပြထားပါတယ်။

” ကွန်တီ ဆိုတာ ကျနော်တို့ ချစ်ရတဲ့ အသင်းခေါင်းဆောင် တစ်ယောက်ပါ။ အမြဲတမ်း ကွင်းထဲမှာ နှလုံးသား နဲ့ ရင်းပြီး ပေးဆပ်ခဲ့တဲ့ သူပေါ့။

ပြီးတော့ နည်းပြ ဖြစ်လာပြန်သလို ၊ အကောင်းဆုံး ကစားသမား စာရင်း ပိုင်ဆိုင်ထားခြင်း မရှိပဲနဲ့တောင် စီးရီးအေ ဖလားတွေ ရယူ ပေးနိုင်ခဲ့ပြန်တယ်လေ။ ကျနော်တို့ အတွက်တော့ သူရယူ ပေးတဲ့ စီးရီးအေ ဖလားတွေဟာ ချန်ပီယံလိဂ် ဖလားကြီးနဲ့ တစ်တန်းတည်း ထားလို့ ရပါတယ်။ အဲဒီ အချိန်က ဂျူဗီရဲ့ လူစာရင်းဟာ အခုလို မတောင့်တင်းသေးသလို ၊ ဆုဖလားတွေ စိန်ခေါ်နိုင်လောက်တဲ့ အနေအထား မဟုတ်ပါဘူး။

သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့် ဂျူဗီဟာ ရွှေရောင်နေ့ရက်တွေကို ပြန်လည် အသက်သွင်း နိုင်ခဲ့တာပါ။

အဲဒီနောက်မှာတော့ သူဟာ ရာသီသစ် မစတင်မီ 2 ရက် အလိုမှာပဲ ဗြုန်းဒိုင်းကြီး ရာထူးကနေ နှုတ်ထွက်သွားပါတယ်။ ဘာအကြောင်းပြချက် နဲ့လဲ ဆိုတာ အခုထိ ကောငး်ကောင်း မသိရသေးပါဘူး။

ထားပါတော့ သူ စွမ်းဆောင်ပြခဲ့တဲ့ အရာတွေ နဲ့ ယှဉ်လိုက်ရင် ဒီကိစ္စလောက် ကတော့ နားလည်ပေးလို့ ရပါတယ်။

လောလောဆယ် ပရိသတ်တွေ အားလုံး သဘော မကျဖြစ်နေတာက သူဟာ အင်တာမီလန် ကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဘောလုံးသမားတွေ ၊ နည်းပြတွေ ၊ ဒါရိုတ်တာ တွေ ဆိုတာ ပရော်ဖက်ရှင် ပီသတဲ့ သူတွေမို့ ဘယ်ကလပ်မဆို သွားရောက် လုပ်ကိုင်လို့ ရတာ နားလည်ပါတယ်။

မော်ရင်ဟို သာ ဂျူဗီ လာမှဆိုရင် အင်တာမီလန် ပရိသတ်တွေ အနေနဲ့ ငြိုငြင်ဖို့ မဖြစ် နိုင်သလို ၊ ဆာရီ ၊ ကာပယ်လို တို့သာ ရိုးမားကို ကိုင်တွယ် ကြမယ် ဆိုရင်လဲ အသင်းဟောင်းတွေက နားလည်ပေးကြမှာပါ။

ဒါပေမယ့် ကွန်တီ ရဲ့ ကိစ္စက အဲဒါတွေ နဲ့ မတူပါဘူး။ သူသာ တကယ်တမ်း ပရို ကျကျ ရွေးချယ် ဆုံးဖြတ်မယ် ဆိုရင် ရိုးမား ၊ နာပိုလီ ၊ အေစီမီလန် အသင်းတွေဆီ သွားမှာပေါ့။

အခုတော့ အင်တာမီလန် ကိုမှ ရွေးကိုင်တယ် ဆိုတော့ ဂျူဗီ အပေါ် မလေးစားရာ ရောက်သွားပါပြီ။ ဒါကြောင့် အခုလို လက်မှတ်ထိုး တောင်းဆိုရတာပါ” လို့ ဖော်ပြထား ပါတယ်။

အင်တာမီလန် အသင်းကတော့ ကွန်တီကို နည်းပြသစ် ခန့်အပ်လိုက်ကြောင်း မကြာခင်ကပဲ တရားဝင် ကြေငြာလိုက်သလို ၊ တစ်နှစ် လုပ်ခ ယူရို 12 သန်း နဲ့ 3 နှစ် စာချုပ် ချုပ်ဆိုသွားခဲ့ ပါတယ်။

သတင်းသမားတွေ နဲ့ တွေ့ဆုံခိုက်မှာတော့ ကွန်တီက အင်တာကို တာဝန်ယူရတာ နဲ့ ပတ်သက်ပြီး ” ကျနော့် ဘဝရဲ့ စာမျက်နှာသစ် ကို စတင်လိုက် ပါပြီ။ အရမ်းလဲ စိတ်လှုပ်ရှား နေပါတယ်။

အသင်း ဥက္ကဌကြီး နဲ့ အင်တာမီလန် ကို ဦးဆောင်မောင်းနှင်နေတဲ့ သူတွေရဲ့ ကျနော့် အပေါ်ထားတဲ့ ယုံကြည်ချက်တွေကို ပြန်လည် ပေးဆပ် နိုင်အောင် ကြိုးစားသွားမှာပါ။

အင်တာမီလန် ကို ဘာဖြစ်လို့ ရွေးချယ် ရသလဲ ဆိုတော့ ရည်မှန်းချက် တကယ် ကြီးမားတဲ့ စီမံကိန်းတွေ ရှိနေတာကြောင့်ရယ် နဲ့ အသင်း သမိုင်းကြောင်း အတွက်ကြောင့်ပါ။

တစ်ချိန်က အင်တာမီလန် ရဲ့ အငွေ့အသက်ကို ပြန်လည် အသက်သွင်း နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR