မန်ချက်စတာ ယူနိုက်တက် – ဘရိုက်တန် ပွဲကို ခန့်မှန်းပေးသွားခဲ့တဲ့ ဟယ်ရီ ရက်နက်

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယခု အပတ် အိမ်ကွင်း မှာ ကစား ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပြိုင်ဘက် ဘရိုက်တန် ကို အနိုင် ယူပြီး ယခင် အပတ်တုန်းက ဘုန်းမောက် ကို ရှုံးနိမ့် ထားခဲ့ မှု ကို ပြန်လည် ချေဖျက် နိုင်လိမ့်မယ် လို့ တော့တင်ဟမ် ဟော့စပါး နည်းပြ ဟောင်း ဟယ်ရီ ရက်နက် က ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ လက်ရှိ အမှတ်ပေး ဇယား ရဲ့ အဆင့် ၁၀ မှာ ရပ်တည် နေပြီး ( စနေနေ့ ည ပွဲတွေ အပြီး မှာ အဆင့် ၁၅ ) ဒီရာသီ မှာ ရလဒ်တွေ ကောင်းမွန် ဖို့ ရုန်းကန် နေခဲ့ရ ပါတယ် ။ ပွဲစဉ် ၁၁ ပွဲ မှာ ချဲလ်ဆီး ၊ လက်စတာ နဲ့ နောဝှစ်ချ် တို့ကို သာ နိုင်ထားပြီး ၄ ပွဲ သရေ ကျကာ ၄ ပွဲ အထိ ရှုံးနိမ့် ထားခဲ့ ပါတယ်

ဒါပေမယ့် ဟယ်ရီ ရက်နက် ကတော့ မန်ချက် စတာ ယူနိုက်တက် ရဲ့ ပြီးခဲ့တဲ့ ပွဲ က ခြေစွမ်းတွေ ဟာ လမ်းကြောင်း မှန်ပေါ် ပြန်ရောက် နေပြီလို့ ဆိုခဲ့ ကာ ယခု ပွဲ ကို အနိုင် ရလဒ် နဲ့ အဆုံးသတ် နိုင်လိမ့် မယ် လို့ ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။

“ယူနိုက်တက် အတွက် တော့ ဒီနှစ် ဟာ တကယ့် ကို စိတ်ပျက် စရာ ရာသီ ဖြစ်ခဲ့ မှာပါ ။ ချဲလ်ဆီး ကို စတမ်းဖိုဒ့် ဘရစ် မှာ နိုင်ခဲ့ ပေမယ့် ဒီ အပျော်တွေ ဟာ ဘုန်းမောက် ကို ရှုံးခဲ့တာ ကြောင့် မြန်မြန် ပဲ အငွေ့ပျံ သွားခဲ့ ရ ပါတယ် ။ အခု နိုင်ငံ တကာ ပွဲတွေ မလာခင် မှာ အပျော်တွေ ပြန်ရှာဖို့ ဒီပွဲ ကို အနိုင် ကစား ရမှာပါ”

“နောက်ပိုင်း ပွဲတွေ မှာတော့ ယူနိုက်တက် တို့ ခြေစွမ်း တိုးတက်မှု တွေ ရှိလာ ပါတယ် ။ ဘရိုက်တန် ဟာ ဂလန်း မာရေး အပေါ် အရမ်းပဲ မီခို အားထား နေ ပါတယ် ။ နောက်ပိုင်း ပွဲတွေ မှာတော့ အရန် ခုံ က ၀င်လာသူ တွေ ဆီကနေ ဂိုးအချို့ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒါပေမယ့် သူတို့ ယူနိုက်တက် ဆီက အမှတ်လိုချင် ရင်တော့ ဒီထက် ပိုကောင်းအောင် ကစားပြ ရမှာပါ”

“ယူနိုက်တက် တို့ အိမ်ကွင်း မှာ မကစား ရတာ ကြာပါပြီ ။ ဒါပြီး ရင် နိုင်ငံ ပွဲတွေ ရောက်လာ တော့မှာပါ ။ ဒါကြောင့် ဒီ တစ်ခေါက် ရဲ့ နောက်ဆုံးပွဲ ကို အနိုင် ရလဒ် နဲ့ ပိတ်သိမ်း နိုင်ဖို့ က သူတို့ အတွက် သိပ်ကို အရေးကြီးမှာ အသေအချာ ပါပဲ ။ ဒါကို သူတို့ ကောင်းကောင်း လုပ်နိုင် မှာပါ” လို့ ရက်နက် က BetVictor မှာ ရေးသား ခန့်မှန်း သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ နိုင်ငံ တကာ ပွဲစဉ် တွေ အပြီး ပြန်လည် စတင် ချိန် မှာ အဆင့် ၅ နေရာ ကို ရောက်နေတဲ့ ရှက်ဖီး ယူနိုက်တက် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။