ချန်ပီယံဆုအတွက်လီဗာပူးအသင်းနဲ့ ဘယ်အချိန်အထိယှဉ်ပြိုင်သွားမှာလဲဆိုတာပြောပြလိုက်တဲ့ #အဂွေရို

မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူး အဂွေရိုက သူတို့ အသင်းနဲ့ လီဗာပူး တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အဆုံးစွန်အထိ ပြိုင်ဆိုင်
သွားရမှာဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ဒီ၂သင်းဟာ တနင်္ဂနွေနေ့ မှာဆုံတွေ့သွားဖို့ ရှိနေပြီး ၂သင်းလုံးအတွက် အရေးပါတဲ့ ပွဲတပွဲဖြစ်လာဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

လတ်တလောမှာ လီဗာပူး အသင်းက မန်စီးတီး အသင်းကို ၆ မှတ်အသာရနေတာဖြစ်ပြီး လာမယ့်ပွဲမှာသာ အနိုင်ရခဲ့ပါက ချန်ပီယံဆုပြေးလမ်းမှာ၉မှတ်အသာနဲ့ တကောင်တည်းပြေးသွား
နိုင်တော့မှာလည်းဖြစ်ပါတယ်။လက်ရှိချန်ပီယံမန်စီးတီးအသင်းအတွက်တော့ အနိုင်ရရှိမှသာ ၃မှတ်ကွာ အနေအထားအထိပြန်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူး အသင်းဟာ ဒီရာသီ မှာ ပွဲစဉ် ၁၁ အပြီး ရှုံးပွဲ မရှိထားသေး တဲ့ တခုတည်းသော အသင်းအဖြစ်ရပ်တည်နေပြီး၊ မန်စီးတီးတို့ အန်ဖီးလ်မှာ
အနိုင်မရခဲ့တာ ကလည်း ၁၆ နှစ်တာကာ လအထိ ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီ၂ သင်းဟာ ယမန်နှစ်ကလည်း ချန်ပီယံဆုအတွက် နောက်ဆုံးပွဲအထိ အကြိန်အနယ်ယှဉ်ပြိုင်ခဲ့ ရပြီး မန်စီးတီးအသင်းက တမှတ်အသာနဲ့ ချန်ပီယံဆုကြီးကိုကိုင်မြောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီရာသီမှာလည်း ချန်ပီယံဆုအတွက် အဆုံးစွန်အထိ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ အဂွေရိုကဆိုပါတယ်။

လီဗာပူး အသင်းနဲ့ ပွဲကြို အင်တာဗျူးတခုမှာ အဂွေရိုက – ” ကျွန်တော်တို့ဟာ လုံးဝ အပြီးသတ်ချိန်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော့်ရဲ့ တကိုယ်တော် အတွေးအခေါ်ဖြစ်သလို
ကျွန်တော်တို့ ဘောလုံးအသင်းရဲ့ ဆောင်ပုဒ်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်တို့ဒါကို လုပ်ဆောင်နိုင်ခဲ့တာ အားလုံးအမြင်ပါပဲ။

ကျွန်တော်တို့အတွက် ဒီရာသီဟာ လိုချင်သလိုတော့ မစတင်ထားနိုင်ခဲ့သေးပါဘူး။အချို့ ပွဲတွေရဲ့ရလဒ်တွေဟာ ဆိုရင်လည်း ကျွန်တော်တုုိ့ ရည်မှန်းထားသလို ရလဒ်မျိုးထွက်ပေါ်ထားခဲ့သေးတာမဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ ရဲ့ ရှေ့မှာ သွားရမယ့် လမ်းက အရှည်ကြီးကျန်သေးတာဖြစ်ပါတယ်။သေချာတာကတော့ လွယ်ကူမှာ မဟုတ်ဘူးဆိုတာပါပဲ။ဒါပေမယ့် အမြဲဒီလိုဖြစ်မယ်လို့လည်းဘယ်သူမှ မပြောနိုင်ပါဘူး။

ကျွန်တော်တို့ ဟာ ကိုယ်ကစားရမယ့်ပွဲအပေါ်ကို ယုံကြည်မှုထားပြီး အမြင့်မားဆုံး အားစိုက်ထုတ်မှု ထားရှိဖို့လိုပါတယ်။အရင်လိုပဲ အတော်လေး အဆုံးစွန် အနေအထားအထိ တိုက်ပွဲဝင်သွားရမှာလည်းဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အဂွေရို ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ဂိုးအထိသွင်းယူ
ပေးထားပြီး အခုလို အသက်အရွယ်အထိအသင်းရဲ့ အဓိက တိုက်စစ်မှူးအဖြစ်ပွဲထွက်ခွင့်ရနေတာဖြစ်ပါတယ်။နည်းပြကြီး ဂွာဒီယိုလာကတော့ ဒီအာဂျင်တီးနားသားရဲ့ အရည်အသွေးကို ချီးကျူးသွားခဲ့ပါတယ်။

ပွဲကြို မီဒီယာ တွေ့ဆုံ ပွဲမှာ ဂွာဒီယိုလာက – ” သူ(အဂွေရို ) ဟာဂိုးတွေသွင်းယူဖို့ မွေးဖွားလာတာဖြစ်ပြီး ဂိုးတွေသွင်းရင်းနဲ့ပဲ သေဆုံးမယ့် လူစားမျိုးဖြစ်ပါတယ်။
သူဟာ ခြွင်းချက် မရှိကောင်းမွန်တဲ့ ကစားသမားမျိုးလည်းဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့မှာ တိုက်စစ်မှူး ကောင်း ၂ယောက်တောင်ရှိနေတာဖြစ်ပါတယ်။

အဂွေရို မှာတော့ ဂါဘရီရယ် ( ဂျေးဆု) နဲ့ မတူညီတဲ့ အရည်အသွေး မျိုးတွေကို ပိုင်ဆိုင် ထားတာဖြစ်ပါတယ်။ဒါပေမယ့် လည်း ဒီလို တိုက်စစ်မှူး မျိုး ၂ယောက်လုံးကို ပိုင်ဆိုင်ခွင့်ရထားလို့ ကျွန်တော် ကျေနပ် ပျော်ရွှင်မိပါတယ် ” လို့ပြောခဲ့ပါတယ်။