လီဗာပူး Vs မန်စီးတီး ပွဲ အပါအဝင် ရော်ဘီဆားဗေ့ချ်ရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းချက်များ

BT Sport ရဲ့ ဘောလုံး အစီအစဉ် တင်ဆက်သူ ဖြစ်တဲ့ ရော်ဘီဆားဗေ့ချ်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မတိုင်မီ ခန့်မှန်းမှုတွေ လုပ်ပေး သွားခဲ့ ပါတယ်။ ဒီတစ်ပတ်ဟာ ပရီးမီးယားလိဂ် ရဲ့ ပွဲကြီး ပွဲကောင်းတွေ ပါ၀င်နေတဲ့ big weekend ဖြစ်ပြီး ထိပ်ဆုံး ကနေ အောက်ဆုံး အထိ ပွဲကေင်းတွေ ပါ၀င် နေပါတယ်။

လီဗာပူးဟာ တနင်္ဂနွေနေ့မှာ မန်စီးတီး အသင်းကို အန်ဖီးမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ် ဖလား အတွက် အဓိက ပြိုင်ဘက် အသင်းကို ၉ မှတ် အထိ ဖြတ်ထား နိုင်မယ့် အခွင့်အရေးကောင်း ဖြစ်နေတယ် ဆိုတာကို ယာဂန်ကလော့ ရဲ့ အသင်း ကောင်းကောင်း သိနေ မှာပါ။

မယ်ရာရဲ့ ပင်တိုင် ဆောင်းပါးရှင် ဖြစ်သူ ဆားဗေ့ချ်က အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင် နေတဲ့ လီဗာပူး အသင်း အနေနဲ့ ဒီလို လုပ်ပြ နိုင်မယ်လို့ ယုံကြည် နေပြီး ပွဲစဉ် ၁၂ အပြီးမှာ ဇယားရဲ့ ထိပ်မှာ မန်စီးတီး ကို ၉ မှတ် အသာ နဲ့ ဦးဆောင် သွားနိုင် မယ်လို့ ခန့်မှန်း လိုက်ပါတယ်။

နောက်ထပ် ပွဲကောင်း တစ်ပွဲ မှာတော့ ဖိအားတွေ များနေတဲ့ အူနိုင်း အမ်မရီရဲ့ အာဆင်နယ် အသင်းဟာ ကင်းပါ၀ါကို ခက်ခဲတဲ့ ပွဲကျပ် သွားကစား ရတော့ မှာပါ။ လက်စတာဟာ ဘရန်ဒန် ရော်ဂျာရဲ့ လက်အောက်မှာ ပုံစံကောင်း ပြသ နေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ကစား ထားတဲ့ ၈ ပွဲမှာ ရ ပွဲထိ အနိုင် ကစား ထားခဲ့ ပါတယ်။

ဆားဗေ့ချ် ကတော့ ဂန်းနား တို့ အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ် တွေမှာ ရလဒ်တွေ ဆက်တိုက် ဆိုးနေတဲ့ အပေါ် အဆုံးသတ် နိုင်ဦးမှာ မဟုတ်ဘူးလို့ မြင်နေပြီး ကင်းပါ၀ါမှာ အောင်ပွဲခံ သွားမယ့် အသင်းဟာ အိမ်ရှင်ပဲ ဖြစ်တယ်လို့ ယုံကြည်နေ ပါတယ်။ ဒီနေ့ည မှာတော့ ဇယား အောက်ခြေက ပွဲကြီး ပွဲကောင်း ရှိနေပြီး အဆင့် ၁၉ နေရာက နော့ဝှစ် အသင်းဟာ အဆင့် ၂၀ နေရာက ၀က်ဖို့ဒ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ဆားဗေ့ချ်က ဧည့်သည် အသင်း အနေနဲ့ ဒီရာသီ ပထမဦးဆုံး နိုင်ပွဲ ရသွားမယ်လို့ ဆိုခဲ့ပါတယ်။

စနေနေ့ မှာတော့ ချဲလ်ဆီး အသင်းဟာ ခရစ်စတယ်ပဲလေ့စ် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားကာ ပရီးမီးယားလိဂ် မှာ ၆ ပွဲဆက် နိုင်ပွဲ မှတ်တမ်းကို ရရှိိဖို့ အတွက် ပစ်မှတ် နေပါတယ်။ ဘလက်ဘန်း ကွင်းလယ်လူဟောင်းက ဖရန့်လမ်းပတ် ရဲ့ အသင်း ပစ်မှတ် ထားသလို စတန်းဖို့ဒ်ဘရစ်ချ် အနိုင် ၃ မှတ် ရယူသွားမယ်လို့ မှတ်ချက် ပေးလိုက်ပါတယ်။

၀က်ဟမ်း အသင်း ကတော့ ယူနိုက်တက်ကို နိုင်ခဲ့တဲ့ ပွဲစဉ် နောက်ပိုင်း ရလဒ်တွေ ဆက်တိုက် ဆိုးနေမှုကို ဘန်လေ နဲ့ အဝေးကွင်း ပွဲစဉ် မှာ အဆုံးသတ် နိုင်ဖို့ ရည်မှန်း နေပေမယ် ပယ်လီဂရီနီ ရဲ့ ဆန္ဒ ပြည့်သေးမှာ မဟုတ်သေးဘူးလို့ ဆားဗေ့ချ် က သုံးသပ် ခဲ့တဲ့ အပြင် နောက်ထပ် လန်ဒန် ကလပ် တစ်ခု ဖြစ်တဲ့ တော့တင်ဟမ် ကလည်း ပရီးမီးယားလိဂ် မှာ နိုင်ပွဲ ပျောက်နေ အုံးမယ်လို့ ခန့်မှန်း သွားခဲ့ ပါတယ်။

စနေ့နေရဲ့ တစ်ခြား ပွဲစဉ် တွေမှာတော့ နယူးကာဆယ် အသင်းဟာ ဘုန်းမောက် နဲ့ ကစား ရမှာ ဖြစ်ပြီး ရုန်းကန် နေရတဲ့ ဆောက်သမ်တန် ဟာ အဲဗာတန်ကို ဧည့်ခံ ရမှာပါ။ တနင်္ဂနွေနေ့ မှာတော့ မန်ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဘုန်းမောက်ကို လက်ခံ ကစား ရမှာ ဖြစ်ပြီး ဝေးလ်လက်ရွေးစင်ဟောင်း က အိုလီဂန်နာ ဆိုးရှားရဲ့ အသင်းဟာ ကြားရက်က ယူရိုပါလိဂ် နိုင်ပွဲ ပြီးနောက် နောက်ထပ် ပေးဂိုးမရှိ နိုင်ပွဲကို ရယူ နိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။ အခြား ပွဲစဉ်မှာတော့ midlands derby အဖြစ် ၀ုဖ် နဲ့ အက်စတွန်ဗီလာ တို့ရဲ့ အကြိတ်အနယ် ပွဲလည်း ရှိနေပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ရော်ဘီဆားဗေ့ချ်ရဲ့ ခန့်မှန်းချက်တွေ ကတော့…

နော့ဝှစ် ၁ – ၂ ၀က်ဖို့ဒ်
ချဲလ်ဆီး ၃ – ၁ ပဲလေ့စ်
ဘန်လေ ၂ – ၁ ၀က်ဟမ်း
နယူးကာဆယ် ၁ – ၀ ဘုန်းမောက်
ဆောက်သမ်တန် ၁ – ၁ အဲဗာတန်
တော့တင်ဟမ် ၂ – ၂ ရှက်ဖီး
လက်စတာ ၂ – ၁ အာဆင်နယ်
မန်ယူနိုက်တက် ၂ – ၀ ဘရိုက်တန်
၀ုဖ် ၁ – ၁ အက်စတွန်ဗီလာ
လီဗာပူး ၂ – ၁ မန်စီးတီး

SM