မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် 4 အဖြစ် ပါတီဇန် ဘဲလ်ဂရိတ် အသင်း ကို အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ရင်ဆိုင် ကစား ခဲ့ပြီး တိုက်စစ် ကစားသမား သုံးဦး ဖြစ်တဲ့ ဂရင်းဝုဒ် ၊ မာရှယ် ၊ ရပ်ရှ်ဖို့ တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ 3 – 0 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲ ရှာဖွေ သွားနိုင် ခဲ့ ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကွင်းလယ် ကစားသမား ဟောင်း ဖြစ်သူ ပေါလ် စခိုးလ် ကတော့ အသင်းဟောင်း အနေနဲ့ ဖန်တီးမှု အားကောင်း ဖို့ အတွက် ကွင်းလယ် ပိုင်းကို အင်အား တိုးမြှင့် သွားဖို့ လိုအပ် သလို နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် ကိုလည်း နောက် တစ်ဆင့် တက်ရောက် စေဖို့ လမ်းညွှန် ပေး ရမှာ ဖြစ်ကြောင်း ထောက်ပြ သွားခဲ့ လိုက် ပါတယ် ။

” လက်ရှိ လိဂ်ရဲ့ ရပ်တည်မှု ကို စောင့်ကြည့် လိုက်ပါ ။ ဒါဟာ ခက်ခဲ လှ ပါတယ် ။ ပြိုင်ပွဲ မှာ သူတို့ တွေဟာ ဂိုးပေါက် ကန်သွင်း နိုင်မှု တွေ ကင်းမဲ့ နေခဲ့ ကြ ပါတယ် ။ ဂိုးပေါက် ခြိမ်းခြောက် နိုင်မှု တောင် ပျောက်ဆုံး နေခဲ့ ကြ ပါတယ် ။ လက်ရှိ အသင်း ရဲ့ အဓိက ပြသနာ က တိုက်စစ် ကစားသမား တွေလို့ ထင် ပါတယ် ”

” လက်ရှိ အသင်း မှာ ဖန်တီး နိုင်မှု စွမ်းအား တွေ ပျောက်ဆုံး နေခဲ့ တယ် ဆိုတာ က တစ်ကယ် ပဲ သိသာ ထင်ရှား လှ ပါတယ် ။ အထူးသဖြင့် အဲ့တာ ကြောင့် တိုက်စစ် ပိုင်းမှာ သူတို့ တွေ ရုန်းကန် နေခဲ့ ကြရ ပါတယ် ။ ကျွန်တော် တို့ဟာ အသင်း ကို စွန့်စား မှုတွေ အမြဲလို လုပ်စေ ချင်ကြ ပါတယ် ။ ဒါပေမယ့် လက်ရှိ အသင်း မှာ အရည်အသွေး ကင်းမဲ့ နေပုံ ပါပဲ ”

” ကျွန်တော် တို့ဟာ အဲ့တာကို ဘောလုံး ရာသီ တစ်ခုလုံး အတွင်း ပြောဆို နေခဲ့ ကြ ပါတယ် ။ နောက်ဆုံး နှစ် အနည်းငယ် အတွင်း မှာ အသင်း ရဲ့ တိုက်စစ် လိုအပ်ချက် တွေ အကြောင်း ကိုပေါ့ ။ အခြား အစိတ်အပိုင်း တွေ ကတော့ အိုကေ ပါတယ် ။ ပေါ့ဂ်ဘာ ရောက်လာ ပြီး ကွင်းလယ် မှာ တော်မီနေး နဲ့ ကစား ရင် ပွဲဟာ ကြည့်ကောင်း ပါတယ် ”

” ကျွန်တော့် အတွေး ထဲမှာ တော့ သူတို့ တွေဟာ ခံစစ် မှာ မက်ဂွားယား နဲ့ တွဲ ကစား စေဖို့ ပါတနာ လိုအပ် တယ်လို့ ထင် ပါတယ် ။ ဒီ အတွက် အေဇဲလ် တွမ်ဇီဘီ က ကောင်းမွန် တဲ့ ရွေးချယ် မှု တစ်ခု ဖြစ်နိုင် ပါ လိမ့်မယ် ။ လင်ဒီလော့ဖ် နဲ့ ပတ်သက်လို့ တော့ ကျွန်တော် သေချာ မပြောတက် ပါဘူး ”

” အဲ့တာ က လွဲရင် တော့ အသင်း ရဲ့ ကျန်တဲ့ အစိတ်အပိုင်း အားလုံး နီးပါး က အိုကေ တယ်လို့ ထင်မှတ် ရ ပါတယ် ။ ဒါပေမယ့် သူတို့ တွေက ကွင်းလယ် ဖန်တီး နိုင်မှု အပိုင်း မှာ လိုအပ်ချက် တွေ ရှိနေ ကြ ပါ သေးတယ် ။ အဲ့ဒီ နေရာ က တစ်ကယ် ပဲ အခွင့် အရေး တွေ ဖန်တီး ပေးနိုင် ဖို့ ရုန်းကန် နေခဲ့ ရတာ ပါ ” လို့ ပေါလ် စခိုးလ် က ထောက်ပြ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပါတီဇန် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ယူနိုက်တက် တို့ 3 ဂိုး အထိ သွင်းယူ နိုင်ခဲ့ ကြပြီး ကောင်းမွန် တဲ့ တိုက်စစ် ကစား ပုံနဲ့ ဖန်တီး နိုင်မှှု စွမ်းရည် တွေကို ပြသ ထားနိုင် ခဲ့ကြ ပါတယ် ။ အခုတော့ ပေါလ် စခိုးလ် က အကယ်ဒမီ ထွက် ကစားသမား ဖြစ်တဲ့ ဂရင်းဝုဒ် ဟာ စီနီယာ ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ထက် ပိုပြီး ကောင်မွန် လာနိုင်မယ့် ကစားသမား ဖြစ်ကြောင်း ပေါလ် စခိုးလ် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” မားကပ်စ် ၊ မားကပ်စ် လိုအပ် နေတဲ့ အရာ ကို ထောက်ပြ ပြောကြား ရမယ် ဆိုရင် ဂိုးပေါက် အရှေ့ မှာ အဆုံးသတ် နိုင်စွမ်း နည်းပါး နေခြင်း ပါပဲ ။ ကျွန်တော် တို့ ပါတီဇန် နဲ့ ပွဲစဉ် မှာ မာဆွန် ကို မြင်တွေ့ ခဲ့ကြ ရ ပါတယ် ။ သူဟာ ဂိုးပေါက် အရှေ့ မှာ တည်ငြိမ်မှု အပြည့် ရှိတဲ့ အတွက် နောက်ဆုံး မှာ ရပ်ရှ်ဖို့ ထက် ပိုပြီး ဂိုးသွင်း ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်သွား နိုင် ပါတယ် ”

” မားကပ်စ် ကတော့ အခု ထက်ထိ တည်ငြိမ် နိုင်ဖို့ လိုအပ် နေတုန်း ပါပဲ ။ တစ်ခါတလေ သူဟာ ခေါင်းအေးအေး ထားပြီး အဆုံးသတ် နိုင်စွမ်း မရှိ ပါဘူး ။ သူဟာ ထိချက် တစ်ချက် နဲ့ အတူ ဂိုးထောင့် ထဲကို ဘောလုံး ရောက်အောင် မပို့ဆောင် နိုင်သေး ဘူးလေ ” လို့ ပေါလ် စခိုးလ် က ထောက်ပြ ပြောကြား သွားခဲ့ လိုက် ပါတယ် ။