ကလပ္ အသင္း သမုိင္း ၁၁၁ ႏွစ္အတြင္း ပထမဆုံးအၾကိမ္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရသြားတဲ့ အတၱလန္တာ အသင္း

အတၱလန္တာ

၁၉၀၇ ခုႏွစ္ ၊ ေအာက္တုိဘာလ က စတင္ တည္ေထာင္ခဲ့တဲ့ အတၱလန္တာ အသင္းဟာ ကလပ္ အသင္း သမုိင္းတစ္ေလ်ွာက္ ပထမဆုံး အၾကိမ္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိ သြားခဲ့ပါတယ္ ။ မေန႔ညက ကစားခဲ့တဲ့ စီရီးေအ ေနာက္ဆုံးပြဲစဥ္မွာ အတၱလန္တာ အသင္းဟာ ဆာဆူအူလုိ အသင္းကုိ သုံးဂုိး တစ္ဂုိး နဲ႔ အနုိင္ ရသြားခဲ့ပါတယ္ ။

အတၲလန္တာ အသင္းဟာ ဆာဆူအူလုိ အသင္း ရဲ႕ ဦးေဆာင္ ဂုိးေၾကာင့္ ေနာက္က လုိက္ကစား ခဲ့ရေပမယ့္ ဇာပါတာ ၊ ဂုိမက္ဇ္ ၊ မာရီယုိ ပက္စလစ္ တုိ႕ရဲ႕ သြင္းဂုိး ေတြနဲ႕ အိမ္ကြင္းမွာ ဂုိးျပတ္ အနုိင္ရခဲ့တာလည္း ျဖစ္ပါတယ္ ။

အတၲလန္တာ အသင္းဟာ အင္တာမီလန္ အသင္း နဲ႔ ရမွတ္ တူေနေပမယ့္လည္း ထိပ္တုိက္ ေတြ႕ဆုံမႈမွာ အသာစီးရထားတာေၾကာင့္ အဆင့္ သုံးေနရာ မွာ ရပ္တည္ကာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိ သြားခဲ့ပါတယ္ ။ ( စီရီးေအ ရဲ႕ စည္းမ်ဥ္းအရ ရမွတ္တူေနပါက ထိပ္တုိက္ေတြ႕ဆုံမႈ မွတ္တမ္းကုိ ပထမဦးဆုံး ၾကည့္ပါတယ္ ။ )

အီတလီ စီရီးေအမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွွိသြားတဲ့ အသင္းေတြကေတာ့ ဂ်ဴဗင္တပ္စ္ ၊ နာပုိလီ ၊ အတၱလန္တာ ၊ အင္တာမီလန္ အသင္းတုိ႔ပဲ ျဖစ္ပါတယ္ ။ အတၲလန္တာ အသင္း အတြက္ေတာ့ သမုိင္းတစ္ေလ်ွာက္ ပထမဆုံး အၾကိမ္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိ သြားတာလည္း ျဖစ္ပါတယ္ ။

ခ်န္ပီယံလိဂ္ ဖလားကုိ ၇ ၾကိမ္တုိင္တုိင္ ရယူထားနုိင္တဲ့ ေအစီမီလန္ အသင္းကေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ နဲ႔ လြဲေခ်ာ္ သြားခဲ့ျပီး ယူရုိပါလိဂ္ ဝင္ခြင့္သာ ရရွိ ခဲ့ပါတယ္ ။ ယူရုိပါလိဂ္ ဝင္ခြင့္ကုိေတာ့ ေအစီမီလန္ ၊ ရုိးမား ၊ လာဇီယုိ ( ကုိပါအီတလီယာ ခ်န္ပီယံ ) တုိ႔က ရရွိ သြားပါတယ္ ။

ခ်န္ပီယံလိဂ္ ဝင္ခြင့္ကုိ ပထမဆုံး အၾကိမ္ ရရွိ သြားတဲ့ အတၱလန္တာ အသင္းဟာ ၂၀၁၀-၂၀၁၁ ခုႏွစ္တုန္းက စီးရီးေအ ကုိ တန္းျပန္တက္ လာတဲ့ အသင္းပါ ။ ျပည္တြင္းဖလားမွာ အျမင့္ဆုံး ေအာင္ျမင္မႈ အျဖစ္ ကုိပါအီတလီယာ ဖလား တစ္ၾကိမ္သာ ရယူထားနိင္တဲ့ အတၲလန္တာ အသင္းအတြက္ေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရရွိတာဟာ သမုိင္းတစ္ေလ်ွာက္ အခမ္းနားဆုံး ေအာင္ျမင္မႈလည္း ျဖစ္ပါတယ္ ။

အတၱလန္တာ

အတၱလန္တာ အသင္းဟာ ဥေရာပ ျပိဳင္ပြဲေတြမွာ အျမင့္ဆုံး ေအာင္ျမင္မႈ အျဖစ္ ၁၉၈၈ ခုႏွစ္တုန္းက Cup Winner’s Cup မွာ ဆီမီးဖုိင္နယ္ အဆင့္ကုိ တက္ေရာက္ ထားနုိင္ပါတယ္ ။ အတၲလန္တာ အသင္းဟာ စီးရီးေအ မွာ အျမဲလုိလုိ အမွတ္ေလ်ာ့ ျပစ္ဒဏ္ေတြ ခ်မွတ္ခံရေလ့ ရွိတဲ့ အသင္းျဖစ္သလုိ တန္းဆင္းသြားျပီး ေနာက္တစ္ႏွစ္မွာတင္ တန္းျပန္တက္ေအာင္ စြမ္းေဆာင္နုိင္တဲ့ အသင္းပါ ။

သူတုိ႔ အတြက္ေတာ့ စီရီးေအ ထိပ္တန္း အသင္းၾကီးေတြကုိ ေက်ာ္ျဖတ္ျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရယူနုိင္ခဲ့တာက ေမ့မရနုိင္မယ့္ ေအာင္ပြဲ တစ္ခုလုိ႔လည္ ဆုိရမွာပါ ။ အတၱလန္တာ အသင္းဟာ ဒီရာသီ စီရီးေအမွာ ဂုိးသြင္းအမ်ားဆုံး ( ၇၇ ဂုိး ) အသင္းလည္း ျဖစ္ပါတယ္ ။

အတၱလန္တာ အသင္းရဲ႕ အဓိက ဂုိးသြင္းစက္ကေတာ့ ဆမ္ဒုိးရီးယား အသင္းကေန အငွားလာေရာက္ ကစားတဲ့ တုိက္စစ္မွဴး ဇာပါတာ ပါ ။ ဇာပါတာ ဟာ စီရီးေအမွာ ၂၃ ဂုိး အထိ သြင္းယူ ထားနုိင္ျပီး ဒုတိယ ဂုိးသြင္းအမ်ားဆုံး ကစားသမားလည္း ျဖစ္ပါတယ္ ။ ဒါ့အျပင္ အသင္းေခါင္းေဆာင္ အလီဂ်န္ဒရုိ ဂုိမက္ဇ္ဟာလည္း ဂုိးဖန္တီးမႈ ၁၁ ၾကိမ္ အထိ ျပဳလုပ္ထားနုိင္ပါတယ္ ။

ေအစီမီလန္ ၊ ရုိးမား ၊ လာဇီယုိ တုိ႔လုိ အသင္းၾကီးေတြကုိ ေနာက္ေကာက္ခ်ျပီး သမုိင္းတစ္ေလ်ွာက္ ပထမဆုံး အၾကိမ္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိ သြားတဲ့ အတၱလန္တာ အသင္းကုိ က်ေနာ္တုိ႔ အားလုံး ဂုဏ္ျပဳ လုိက္ၾက ရေအာင္ဗ်ာ …

Congratulations Atalanta B.C 👏👏👏 !!!!

SPORTS MYANMAR

Unicode

ကလပ် အသင်း သမိုင်း ၁၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဝင်ခွင့် ရသွားတဲ့ အတ္တလန်တာ အသင်း
=============================

၁၉၀၇ ခုနှစ် ၊ အောက်တိုဘာလ က စတင် တည်ထောင်ခဲ့တဲ့ အတ္တလန်တာ အသင်းဟာ ကလပ် အသင်း သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ သွားခဲ့ပါတယ် ။ မနေ့ညက ကစားခဲ့တဲ့ စီရီးအေ နောက်ဆုံးပွဲစဉ်မှာ အတ္တလန်တာ အသင်းဟာ ဆာဆူအူလို အသင်းကို သုံးဂိုး တစ်ဂိုး နဲ့ အနိုင် ရသွားခဲ့ပါတယ် ။

အတ္တလန်တာ အသင်းဟာ ဆာဆူအူလို အသင်း ရဲ့ ဦးဆောင် ဂိုးကြောင့် နောက်က လိုက်ကစား ခဲ့ရပေမယ့် ဇာပါတာ ၊ ဂိုမက်ဇ် ၊ မာရီယို ပက်စလစ် တို့ရဲ့ သွင်းဂိုး တွေနဲ့ အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ် ။

အတ္တလန်တာ အသင်းဟာ အင်တာမီလန် အသင်း နဲ့ ရမှတ် တူနေပေမယ့်လည်း ထိပ်တိုက် တွေ့ဆုံမှုမှာ အသာစီးရထားတာကြောင့် အဆင့် သုံးနေရာ မှာ ရပ်တည်ကာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ သွားခဲ့ပါတယ် ။ ( စီရီးအေ ရဲ့ စည်းမျဉ်းအရ ရမှတ်တူနေပါက ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းကို ပထမဦးဆုံး ကြည့်ပါတယ် ။ )

အီတလီ စီရီးအေမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှှိသွားတဲ့ အသင်းတွေကတော့ ဂျူဗင်တပ်စ် ၊ နာပိုလီ ၊ အတ္တလန်တာ ၊ အင်တာမီလန် အသင်းတို့ပဲ ဖြစ်ပါတယ် ။ အတ္တလန်တာ အသင်း အတွက်တော့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ သွားတာလည်း ဖြစ်ပါတယ် ။

ချန်ပီယံလိဂ် ဖလားကို ရ ကြိမ်တိုင်တိုင် ရယူထားနိုင်တဲ့ အေစီမီလန် အသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် သွားခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်သာ ရရှိ ခဲ့ပါတယ် ။ ယူရိုပါလိဂ် ဝင်ခွင့်ကိုတော့ အေစီမီလန် ၊ ရိုးမား ၊ လာဇီယို ( ကိုပါအီတလီယာ ချန်ပီယံ ) တို့က ရရှိ သွားပါတယ် ။

ချန်ပီယံလိဂ် ဝင်ခွင့်ကို ပထမဆုံး အကြိမ် ရရှိ သွားတဲ့ အတ္တလန်တာ အသင်းဟာ ၂၀၁၀-၂၀၁၁ ခုနှစ်တုန်းက စီးရီးအေ ကို တန်းပြန်တက် လာတဲ့ အသင်းပါ ။ ပြည်တွင်းဖလားမှာ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ကိုပါအီတလီယာ ဖလား တစ်ကြိမ်သာ ရယူထားနိင်တဲ့ အတ္တလန်တာ အသင်းအတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိတာဟာ သမိုင်းတစ်လျှောက် အခမ်းနားဆုံး အောင်မြင်မှုလည်း ဖြစ်ပါတယ် ။

အတ္တလန်တာ အသင်းဟာ ဥရောပ ပြိုင်ပွဲတွေမှာ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ၁၉၈၈ ခုနှစ်တုန်းက Cup Winner’s Cup မှာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက် ထားနိုင်ပါတယ် ။ အတ္တလန်တာ အသင်းဟာ စီးရီးအေ မှာ အမြဲလိုလို အမှတ်လျော့ ပြစ်ဒဏ်တွေ ချမှတ်ခံရလေ့ ရှိတဲ့ အသင်းဖြစ်သလို တန်းဆင်းသွားပြီး နောက်တစ်နှစ်မှာတင် တန်းပြန်တက်အောင် စွမ်းဆောင်နိုင်တဲ့ အသင်းပါ ။

သူတို့ အတွက်တော့ စီရီးအေ ထိပ်တန်း အသင်းကြီးတွေကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်ခဲ့တာက မေ့မရနိုင်မယ့် အောင်ပွဲ တစ်ခုလို့လည် ဆိုရမှာပါ ။ အတ္တလန်တာ အသင်းဟာ ဒီရာသီ စီရီးအေမှာ ဂိုးသွင်းအများဆုံး ( ရ၇ ဂိုး ) အသင်းလည်း ဖြစ်ပါတယ် ။

အတ္တလန်တာ အသင်းရဲ့ အဓိက ဂိုးသွင်းစက်ကတော့ ဆမ်ဒိုးရီးယား အသင်းကနေ အငှားလာရောက် ကစားတဲ့ တိုက်စစ်မှူး ဇာပါတာ ပါ ။ ဇာပါတာ ဟာ စီရီးအေမှာ ၂၃ ဂိုး အထိ သွင်းယူ ထားနိုင်ပြီး ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် အသင်းခေါင်းဆောင် အလီဂျန်ဒရို ဂိုမက်ဇ်ဟာလည်း ဂိုးဖန်တီးမှု ၁၁ ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ် ။

အေစီမီလန် ၊ ရိုးမား ၊ လာဇီယို တို့လို အသင်းကြီးတွေကို နောက်ကောက်ချပြီး သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ သွားတဲ့ အတ္တလန်တာ အသင်းကို ကျနော်တို့ အားလုံး ဂုဏ်ပြု လိုက်ကြ ရအောင်ဗျာ …

Congratulations Atalanta B.C 👏👏👏 !!!!

SPORTS MYANMAR