တေကာင္တည္းေျပးေနဆဲဂ်ဴဗီ၊ေအစီနဲ႔ရိုးမားတို႔ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲခဲ့ရတဲ႔စီးရီးေအကန့္လန့္ကာအပိတ္

ဂ်ဴဗီ

ဥေရာပထိပ္တန္း လိဂ္ျပိဳင္ပြဲေတြအားလံုး နီးပါး ရာသီျပီးဆံုးခဲ႔ျပီျဖစ္သလို စီးရီးေအျပိဳင္ပြဲရဲ႕ ရာသီပိတ္ပြဲေတြကို ယေန႔ နံနက္ေစာေစာမွာ ကစားသြားခဲ႔ျကပါတယ္။ခ်န္ပီယံဆု အတြက္ ရင္ခုန္စရာမရွိေတာ့ေပမယ့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ၂ေနရာစာနဲ႔ တန္းဆင္းတေနရာစာအႏၲရာယ္ကေနလြတ္ကင္းေအာင္ျကိုးစားရမယ့္ အသင္းေတြေျကာင့္ ေနာက္ဆံုးပြဲစဥ္အထိကို အျကိတ္အနယ္ရွိခဲ႔တာ ျဖစ္ပါတယ္။

ခ်န္ပီယံဆုျကီးကို ပိုင္ဆိုင္ခြင့္ရထားခဲ႔ျပီးျပီျဖစ္တဲ႔ ဂ်ဴဗီ အသင္းကေတာ့ အမွတ္ေပးဇယားအလယ္မွာရပ္တည္ေနတဲ႔ ဆမ္ဒိုးရီးယားအသင္းကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ျပီးအရွံုးရလဒ္နဲ႔သာ ရာသီပိတ္ႏိုင္ခဲ႔ပါတယ္။ဂ်ဴဗီအသင္းဟာ ေနာက္ဆံုး လိဂ္ပြဲ ၅ပဲြဆက္ ႏိုင္ပဲြေပ်ာက္ထားခဲ႔႔ရေပမယ့္ စုစုေပါင္း ရမွတ္ ၉၀ အထိရရွိခဲ႔ျပီး ဒုတိယေနရာက နာပိုလီအသင္းကို ၁၁မွတ္ျဖတ္ျပီး ထိပ္ဆံုးမွာ ရပ္တည္ႏိုင္ခဲ႔တာျဖစ္ပါတယ္။

ဒါဟာသူတို႔ အတြက္ ၈ျကိမ္ဆက္ စတူဒက္တုိ ခ်န္ပီယံဆုုျကီးျဖစ္ျပီးျပည္တြင္း လိဂ္မွာ တေကာင္းတည္းေျပးႏိုင္ေနဆဲဆိုတာကို ထပ္မံျပသႏိုင္ခဲ႔တာလည္းျဖစ္ပါတယ္။

ေနာက္ဆံုး ေန႔ပြဲစဥ္ေတြ အထိ ခ်န္ပီယံလိဂ္ ဝင္ခြင့္၂ေနရာစာအတြက္ အျပိဳင္ျဖစ္ေနခဲ႔တဲ႔ အသင္းေတြကေတာ့ အတၲလန္တာ၊ အင္တာမီလန္၊ ေအစီမီလန္ ၊ ရိုးမားတို႔ျဖစ္ျကပါတယ္။ပြဲျပီးရလဒ္ေတြအျဖစ္ေတာ့ အတၲလန္တာ အသင္းက ဆက္ဆူအိုလိုကို ၃-၁ ဂိုး၊ အင္တာ အသင္းက အမ္ပိုလီ အသင္းကို ၂-၁ ဂိုး၊ ရိုးမားအသင္းက ပါးမားအသင္းကို ၂-၁ ဂိုး ၊ ေအစီ အသင္းက စပယ္အသင္းကို ၂-၃ ဂိုးေတြနဲ႔ အသီးသီးအႏိုင္ရခဲ႕ျကပါတယ္။

ဒါေျကာင့္ လည္း မူလ အဆင့္၃၊ ၄အသင္းေတြျဖစ္တဲ႔ အတၲလန္တာနဲ႔ အင္တာတို႔ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲျကီးမွာ ပါဝင္ခြင့္ရသြားခဲ႔တာျဖစ္ပါတယ္။အမ္ပိုလီ အသင္း ပြဲက်ပ္ေတြ႔ေနခ်ိန္မွာ တန္းဆင္းဇံု ဖိအားကိုယ္စီရွိေနတဲ႔ ဖီအိုရင္တီးနားနဲ႔ ဂ်ီႏိုအာတို႔ကေတာ့ ဂိုးမရွိသေရ ကစားျပီးတမွတ္စီခြဲယူႏုိင္ခဲ႕လို႔ စီးရီးေအ မွာ၂သင္းလံုး က်န္ရွိေတာ့မွာျဖစ္ပါတယ္။

အခုႏွစ္အီတလီ စီးရီးေအျပိဳင္ပြဲဟာ ဘလြန္းဒီေအာဆု ၅ဆုရွင္ ေရာ္နယ္ဒို ေရာက္ရွိလာမွဳနဲ႔အတူ ယခင္ႏွစ္ေတြထက္ပိုျပီး ပရိသတ္ေတြရဲ႕ စိတ္ဝင္စားအားေပးမွဳကို ခံခဲ႔ရတာျဖစ္ပါတယ္။
ဒီေပၚတူဂီသားျကီးရဲ႕ ေျခစြမ္းကို အမ်ားက အာရံုစုိက္ေစာင့္ျကည့္ခဲ႔ရေပမယ့္ အထိုင္က်ဖို႔အခ်ိန္အနည္းငယ္ယူခဲ႔ရေသးတာျဖစ္ပါတယ္။

စီးရီးေအဆုဖလားျကီး က်ိန္းေသေနခ်ိန္မွာ ခ်န္ပီယံလိဂ္ျပိဳင္အတြကိ လူခ်န္မွဳတခ်ိဳ႔ခံခဲ႔ရလို႔ လိဂ္ပြဲတခ်ိဳ႔ကိုေတာ့ လြဲေခ်ာ္ခဲ႕ပါေသးတယ္။ဒါ့အျပင္ အသက္ ၃၆ႏွစ္အရြယ္ဆမ္ဒိုးရီးယားတိုက္စစ္မွဴးျကီး ကြာကလီရယ္လာရဲ႔ ငယ္မူငယ္ေသြးျပမွဳေျကာင့္ စီးရီးေအ ဂိုးအမ်ားဆံုးေနရာနဲ႕ အေတာ္ေလးေဝးခဲ႔ရျပီးစတုတၲေျမာက္ လိဂ္ဂိုးအမ်ားဆံုးအျဖစ္သာရပ္တည္ႏိုင္ခဲ႔ပါတယ္။

ဒီရာသီမွာ ပရိသတ္ေတြရဲ႕ ေနာက္ထပ္ စိတ္ဝင္စားေစာင့္ျကည့္ျခင္းခံရတဲ႔ ေအစီမီလန္ အသင္းရဲ႔ပိုလန္ျကယ္ပြင့္ေလး ပီယာတက္ခ္ ကလည္း ေရာ္နယ္ဒိုကို ေက်ာ္ျပီး တရာသီအတြင္း ဂိုးအမ်ားဆံုးတတိယေနရာမွာ ရပ္တည္သြားႏိုင္ခဲ႔ပါတယ္။

ခ်န္ပီယံ ဂ်ဴဗီ အသင္းဟာ တရာသီလံုးမွာ ရွံုးပြဲေလးပြဲျကံုေတြခဲ႔ရေပမယ့္အဆိုပါ ပြဲေတြအကုန္လံုးကိုအေဝးကြင္းေတြမွာ အေရးနိမ့္ခဲ႔တာျဖစ္ျပီး အိမ္ကြင္းရွံုးပြဲမရွိကစားႏိုင္ခဲ႔ပါတယ္။

၂၀၁၈-၁၉ ေဘာလံုးရာသီစီးရီးေအျပိဳင္ပြဲအႏွစ္ခ်ဳပ္ —-

ခ်န္ပီယံ – ဂ်ဴဗီအသင္း

ခ်န္ပီယံလိဂ္ဝင္ခြင့္ရအသင္းမ်ား-
ဂ်ဴဗီ၊နာပိုလီ၊အတၲလန္တာ၊ အင္တာ။

ယူရိုပါလိဂ္ဝင္ခြင့္ရအသင္းမ်ား-
ေအစီ၊ ရိုးမား၊ လာဇီယို(ကိုပါအီတာလီယာဖလားခ်န္ပီယံ)

တန္းဆင္းသြားေသာအသင္းမ်ား –
အမ္ပိုလီ၊ ဖရိုစီႏိုနီ၊ ခ်ီေယဗိုလ္။

တန္းတက္လာေသာအသင္းမ်ား –
ဘရက္စ္ဆီယာ၊ လက္ခ်ီ၊ playoff ခ်န္ပီယံအသင္း ။

အိမ္ကြင္းအေကာင္းဆံုုးအသင္း –
ဂ်ဴဗီအသင္း။

အေဝးကြင္းအေကာင္းဆံုးအသင္း –
ဂ်ဴဗီအသင္း ။

တိုက္စစ္အေကာင္းဆံုးအသင္း –
အတၲလန္တာ( ရဂိုး -၇၇ ဂိုး)။

ခံစစ္အေကာင္းဆံုးအသင္း –
ဂ်ဴဗီ (ေပးဂိုး -၃၀ဂိုး )။

ဂိုးအမ်ားဆံုးကစားသမား –
ကြာဂလီရယ္လာ( ဆမ္ဒိုးရီးယား -၂၆ဂိုး)။

တရာသီအတြင္းအေကာင္းဆံုးကစားသမားဆု – ေရာ္နယ္ဒို ( ဂ်ဴဗီ ) ။

SPORTS MYANMAR

Unicode

တကောင်တည်းပြေးနေဆဲဂျူဗီ၊အေစီနဲ့ရိုးမားတို့ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့ရတဲ့စီးရီးအေကန့်လန့်ကာအပိတ်
===================================

ဥရောပထိပ်တန်း လိဂ်ပြိုင်ပွဲတွေအားလုံး နီးပါး ရာသီပြီးဆုံးခဲ့ပြီဖြစ်သလို စီးရီးအေပြိုင်ပွဲရဲ့ ရာသီပိတ်ပွဲတွေကို ယနေ့ နံနက်စောစောမှာ ကစားသွားခဲ့ကြပါတယ်။ချန်ပီယံဆု အတွက် ရင်ခုန်စရာမရှိတော့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် ၂နေရာစာနဲ့ တန်းဆင်းတနေရာစာအန္တရာယ်ကနေလွတ်ကင်းအောင်ကြိုးစားရမယ့် အသင်းတွေကြောင့် နောက်ဆုံးပွဲစဉ်အထိကို အကြိတ်အနယ်ရှိခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံဆုကြီးကို ပိုင်ဆိုင်ခွင့်ရထားခဲ့ပြီးပြီဖြစ်တဲ့ ဂျူဗီ အသင်းကတော့ အမှတ်ပေးဇယားအလယ်မှာရပ်တည်နေတဲ့ ဆမ်ဒိုးရီးယားအသင်းကို ၂-၀ ဂိုးနဲ့အရေးနိမ့်ပြီးအရှုံးရလဒ်နဲ့သာ ရာသီပိတ်နိုင်ခဲ့ပါတယ်။ဂျူဗီအသင်းဟာ နောက်ဆုံး လိဂ်ပွဲ ၅ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့့ရပေမယ့် စုစုပေါင်း ရမှတ် ၉၀ အထိရရှိခဲ့ပြီး ဒုတိယနေရာက နာပိုလီအသင်းကို ၁၁မှတ်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာသူတို့ အတွက် ၈ကြိမ်ဆက် စတူဒက်တို ချန်ပီယံဆုုကြီးဖြစ်ပြီးပြည်တွင်း လိဂ်မှာ တကောင်းတည်းပြေးနိုင်နေဆဲဆိုတာကို ထပ်မံပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံး နေ့ပွဲစဉ်တွေ အထိ ချန်ပီယံလိဂ် ဝင်ခွင့်၂နေရာစာအတွက် အပြိုင်ဖြစ်နေခဲ့တဲ့ အသင်းတွေကတော့ အတ္တလန်တာ၊ အင်တာမီလန်၊ အေစီမီလန် ၊ ရိုးမားတို့ဖြစ်ကြပါတယ်။ပွဲပြီးရလဒ်တွေအဖြစ်တော့ အတ္တလန်တာ အသင်းက ဆက်ဆူအိုလိုကို ၃-၁ ဂိုး၊ အင်တာ အသင်းက အမ်ပိုလီ အသင်းကို ၂-၁ ဂိုး၊ ရိုးမားအသင်းက ပါးမားအသင်းကို ၂-၁ ဂိုး ၊ အေစီ အသင်းက စပယ်အသင်းကို ၂-၃ ဂိုးတွေနဲ့ အသီးသီးအနိုင်ရခဲ့ကြပါတယ်။

ဒါကြောင့် လည်း မူလ အဆင့်၃၊ ၄အသင်းတွေဖြစ်တဲ့ အတ္တလန်တာနဲ့ အင်တာတို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရသွားခဲ့တာဖြစ်ပါတယ်။အမ်ပိုလီ အသင်း ပွဲကျပ်တွေ့နေချိန်မှာ တန်းဆင်းဇုံ ဖိအားကိုယ်စီရှိနေတဲ့ ဖီအိုရင်တီးနားနဲ့ ဂျီနိုအာတို့ကတော့ ဂိုးမရှိသရေ ကစားပြီးတမှတ်စီခွဲယူနိုင်ခဲ့လို့ စီးရီးအေ မှာ၂သင်းလုံး ကျန်ရှိတော့မှာဖြစ်ပါတယ်။

အခုနှစ်အီတလီ စီးရီးအေပြိုင်ပွဲဟာ ဘလွန်းဒီအောဆု ၅ဆုရှင် ရော်နယ်ဒို ရောက်ရှိလာမှုနဲ့အတူ ယခင်နှစ်တွေထက်ပိုပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒီပေါ်တူဂီသားကြီးရဲ့ ခြေစွမ်းကို အများက အာရုံစိုက်စောင့်ကြည့်ခဲ့ရပေမယ့် အထိုင်ကျဖို့အချိန်အနည်းငယ်ယူခဲ့ရသေးတာဖြစ်ပါတယ်။

စီးရီးအေဆုဖလားကြီး ကျိန်းသေနေချိန်မှာ ချန်ပီယံလိဂ်ပြိုင်အတွကိ လူချန်မှုတချို့ခံခဲ့ရလို့ လိဂ်ပွဲတချို့ကိုတော့ လွဲချော်ခဲ့ပါသေးတယ်။ဒါ့အပြင် အသက် ၃၆နှစ်အရွယ်ဆမ်ဒိုးရီးယားတိုက်စစ်မှူးကြီး ကွာကလီရယ်လာရဲ့ ငယ်မူငယ်သွေးပြမှုကြောင့် စီးရီးအေ ဂိုးအများဆုံးနေရာနဲ့ အတော်လေးဝေးခဲ့ရပြီးစတုတ္တမြောက် လိဂ်ဂိုးအများဆုံးအဖြစ်သာရပ်တည်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ပရိသတ်တွေရဲ့ နောက်ထပ် စိတ်ဝင်စားစောင့်ကြည့်ခြင်းခံရတဲ့ အေစီမီလန် အသင်းရဲ့ပိုလန်ကြယ်ပွင့်လေး ပီယာတက်ခ် ကလည်း ရော်နယ်ဒိုကို ကျော်ပြီး တရာသီအတွင်း ဂိုးအများဆုံးတတိယနေရာမှာ ရပ်တည်သွားနိုင်ခဲ့ပါတယ်။

ချန်ပီယံ ဂျူဗီ အသင်းဟာ တရာသီလုံးမှာ ရှံုးပွဲလေးပွဲကြံုတွေခဲ့ရပေမယ့်အဆိုပါ ပွဲတွေအကုန်လုံးကိုအဝေးကွင်းတွေမှာ အရေးနိမ့်ခဲ့တာဖြစ်ပြီး အိမ်ကွင်းရှံုးပွဲမရှိကစားနိုင်ခဲ့ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီစီးရီးအေပြိုင်ပွဲအနှစ်ချုပ် —-

ချန်ပီယံ – ဂျူဗီအသင်း

ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းများ-
ဂျူဗီ၊နာပိုလီ၊အတ္တလန်တာ၊ အင်တာ။

ယူရိုပါလိဂ်ဝင်ခွင့်ရအသင်းများ-
အေစီ၊ ရိုးမား၊ လာဇီယို(ကိုပါအီတာလီယာဖလားချန်ပီယံ)

တန်းဆင်းသွားသောအသင်းများ –
အမ်ပိုလီ၊ ဖရိုစီနိုနီ၊ ချီယေဗိုလ်။

တန်းတက်လာသောအသင်းများ –
ဘရက်စ်ဆီယာ၊ လက်ချီ၊ playoff ချန်ပီယံအသင်း ။

အိမ်ကွင်းအကောင်းဆုံုးအသင်း –
ဂျူဗီအသင်း။

အဝေးကွင်းအကောင်းဆုံးအသင်း –
ဂျူဗီအသင်း ။

တိုက်စစ်အကောင်းဆုံးအသင်း –
အတ္တလန်တာ( ရဂိုး -၇၇ ဂိုး)။

ခံစစ်အကောင်းဆုံးအသင်း –
ဂျူဗီ (ပေးဂိုး -၃၀ဂိုး )။

ဂိုးအများဆုံးကစားသမား –
ကွာဂလီရယ်လာ( ဆမ်ဒိုးရီးယား -၂၆ဂိုး)။

တရာသီအတွင်းအကောင်းဆုံးကစားသမားဆု – ရော်နယ်ဒို ( ဂျူဗီ ) ။

SPORTS MYANMAR