ဒီရာသီမှာယုူနိုက်တက်အသင်းဘာလို့ Top 4ဝင်နိုင်သေးတယ်ဆိုတာပြောပြလိုက်တဲ့ #ရတ်ဖို့ဒ်

စနေ နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက် အသင်းက ယူနိုက်တက် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ယူနိုက်တက် အသင်ဟာ ဒီပွဲမတိုင်မီမှာ ချဲဆီးလ်အပါအဝင်ပြိုင်ဘက် ၃သင်းကို အဝေးကွင်း၃ ပွဲဆက်အနိုင်ရခဲ့ အပြီး မှ ရှုံးပွဲပြန်တွေ့ ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လည်း ပွဲစဉ် ၁၁အပြီးမှာ ရမှတ် ၁၃ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်သွားခဲ့ပါတယ်။သူတို့ ဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင် ခွင့်အဆင့် ၃၊ ၄နေရာမှာရှိတဲ့ လက်စတာ၊ ချဲဆီးလ်တို့ နဲ့ ၁၀ မှတ်ကွာဟနေပြီလည်း ဖြစ်ပါတယ်။

ထူးခြားချက် အနေနဲ့ ကတော့ အဆိုပါ နှစ်သင်းလုံးဟာ ဒီရာသီမှာ ယူနိုက်တက် အသင်း အနိုင်ရထားတဲ့ အသင်းတွေ လည်းဖြစ်ပါတယ်။ယူနိုက်တက် အသင်းရဲ့
တိုက်စစ်မှူး တဦးဖြစ်တဲ့ ရတ်ဖို့ဒ်ကတော့ သူတို့အသင်းဟာလတ်တလောမှာ အလွဲလွဲ အချော်ချော်ဖြစ်နေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်တနေရာစာကို ရယူသွားနိုင်စွမ်းရှိတယ်လို့ ယူဆနေပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ ရတ်ဖို့ဒ်က – ” ( ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်တနေရာစာရဖို့ ဆိုတာ ) လွယ်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ဒါပေမယ့် လည်း အဲ့ဒီ နေရာဟာ မရောက်နိုင် ဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိတဲ့ နေရာတခုတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အခြား အသင်းတွေရဲ့ အခြေအနေအပေါ်ကို အာရုံစိုက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကို သာအာရုံစိုက်မယ်ဆိုရင် ဘောလုံးကို ကောင်းကောင်းကစားနိုင်မှာဖြစ်သလို တိုးတက်လာမှာ လည်းဖြစ်ပါတယ်။

ယူနိုက်တက် အသင်း ပုံစံကောင်းနဲ့ ကစားဖို့က ဒါဟာတခုတည်းသောနည်းလမ်းဖြစ်ပြီး ဒါကို ပြန်ပြီးလုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ဒါဟာရိုးရှင်းကောင်းရိုးရှင်းလွန်းတယ် လို့ထင်ရပေမယ့် ကိုယ့်ကိုယ်ကိုယ်ရှုပ်ထွေးအောင် လည်းမလုပ်ချင်ပါဘူး။အဓိက ကတော့ ပုံစံကောင်းပြန်ရဖို့ပဲဖြစ်ပါတယ် “လို့ပြောခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ ကြားရက် အတွင်းမှာ ယူရိုပါလိဂ်ပွဲစဉ် အဖြစ် ပါတီဇန် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရဖို့ရှိနေပြီး အဲ့ဒီနောက်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘရိုက်တန် အသင်းကို အိုးထရက်ဖို့ဒ်မှာပဲ လက်ခံကစားသွားရဦးမှာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာတော့ နိုင်ငံတကာ ပွဲတွေ ကစာသွားမှာဖြစ်ပြီး ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေကို တပတ်ကြာရပ်နားထားတော့မှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ယူနိုက်တက် အသင်းဟာ ရှက်ဖီးလ်ယူနိုက်တက်၊ အက်စတွန်ဗီလာ တန်းတက်၂သင်းနဲ့ ဆက်တိုက်ရင်ဆိုင်မှာဖြစ်လို့ ပွဲချောင်နေတာဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ ဘုန်းမောက်ကို အရေးနိမ့်ခဲ့တဲ့ ပွဲမတိုင်မီမှာပါတီဇန်၊ နော့ဝှစ်ချ် ၊ ချဲဆီးလ်တို့ ကိုဆက်တိုက်အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ဒဏ်ရာကြောင့် ရာသီအစပွဲအချို့ကို လွဲချော်ထားခဲ့ရပြီး အခုအချိန်မှာပြန်ကစားနိုင်နေပြီဖြစ်တဲ့ မာရှယ်နဲ့ အတွဲအဖက်ပေါ် ရတ်ဖို့ဒ်က –

” သူ ကို အသင်းက အတော်လေး သတိရ လွမ်းဆွတ် နေခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော့်လို အထောင်တိုက်စစ် မှူ တယောက်အတွက်တော့ တိုက်စစ်မှာတွဲကစားနိုင်မယ့်သူပါလာရင် ပိုလွယ်ပါတယ်။အခုရင်ကျွန်တော်တို့ဟာ အခိုက်အတန့်ကောင်းတွေကို ပိုင်ဆိုင်နေပါပြီ။ကောင်းကောင်းကစားထားနိုင်နေခဲ့ပြီဆိုတာလည်းသေချာပေမယ့် အခုထက်ဂိုးတွေပိုပြီးသွင်းနိုင် ဖန်တီးပေးနိုင်သေးတာကလည်း အသေအချာပါပဲ။ကျွန်တော်တို့ တိုက်စစ် အတွဲအဖက်ကလည်း ဒါမျိုးကိုပဲ လုပ်ဆောင်သွားချင်နေတာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။