ချဲဆီးလ်အသင်းကိုပြောင်းခွင့်မရခဲ့လို့ ဘယ်လောက်အထိဝမ်းနည်းခဲ့ရတယ် ဆိုတာပြန်ပြောင်းပြောပြလိုက်တဲ့ #မိုဒရစ်

ပြီးခဲ့တဲ့နှစ် မှာ ဘလွန်းဒီအောဆု ကိုရရှိခဲ့တဲ့ ကစားသမားကတော့ ရီးရဲလ်အသင်းရဲ့ ကွင်းလယ်လူ မိုဒရစ်ပဲဖြစ်ပါတယ်။ ဒီခရိုအေးရှားသား ဟာ ကလပ် အသင်းအတွက်အံ့မခန်းစွမ်းဆောင်ပေးခဲ့သလို နိုင်ငံအသင်းကို သမိုင်းမှာပထမဆုံးအဖြစ် ကမ္ဘာ့ဖလားဖိုင်နယ်ကိုတက်ရောက်စေ နိုင်ခဲ့လို့ ဒီဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ။ လူငယ် ကစားသမား ဘဝကို ဒိုင်နမိုဇာဂရတ်ဘ် အသင်းနဲ့ အတူ စတင်ခဲ့တဲ့ မိုဒရစ် ဟာ ၂၀၀၈ ခုနှစ်မှာတော့ လန်ဒန် အခြေစိုက် စပါး အသင်းကိုပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။စပါး အသင်း နဲ့ အတူပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဥရောပ ထိပ်သီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်း ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

မိုဒရစ် ဟာ ခရိုအေးရှားမြေမှာ ရှိစဉ် ကတည်းက နာမည်ကြီးအသင်းတချို့ရဲ့ စိတ်ဝင်စားမှု ခံခဲ့ရပြီးစပါး အသင်းကို ရောက်မလာမီမှာ နောက်ထပ်လန်ဒန်မြို့ ခံ ချဲဆီးလ်အသင်း နဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ့် ပျက်ပြယ်သွားခဲ့ပြီး ၂၀၀၈ နွေရာသီ မှာ စပါးကိုပေါင် ၁၆သန်းခွဲ နဲ့ ပြောင်း ရွှေ့သွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ ကစားသမား ဘဝ အကောင်းဆုံး အချိန် တွေဟာ ရီးရဲလ် အသင်းကိုမပြောင်း ရွှေ့မီ စပါးအသင်းမှာ ရှိနေစဉ် ကတည်းက ဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး ယမန်နှစ်ကတော့ သူ့အတွက် အမှတ်တရနှစ်တနှစ်ဖြစ်ခဲ့တာဖြစ်ပါတယ်။သူဟာရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ဘလွန်းဒီအောဆု ကို လွှမ်းမိုးထားမှုကိုရပ်တန့်နိုင်ခဲ့တဲ့ အထိပြောင်မြောက်ခဲ့တာဖြစ်ပါတယ်။

အခုလိုအောင်မြင်မှုတွေရနေပြီး ကောင်းမွန်တဲ့ စိတ်ခံစားချက်ဖြစ်နေပေမယ့် ချဲဆီးလ် အသင်းကိုပြောင်းရွှေ့ဖို့ နောက်ဆုံးမိနစ်ရောက်မှ ပျက်ပြယ်သွားခဲ့ရ လို့ မျက်ရည်တောင် မထိန်းနိုင် ဖြစ်ခဲ့ရတယ်လို့ ပြန်ပြောင်းပြောပြသွားခဲ့ပါတယ်။သူရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်မှာ မိုဒရစ်က – ” ၂၀၀၇-၂၀၀၈ ဘောလုံးရာသီရဲ့ ဆောင်းရာသီ အားလပ်ရက် အတွင်းမှာ ကျွန်တော်က ဇာဒါ မှာရှိနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ ကြားလိုက်ရတာက တော့ ဒိုင်နမို ဇာဂရတ်ဘ် အသင်းနဲ့ ချဲဆီးလ် တို့ သဘောတူညီမှု တခုကို လက်တွေ့ရရှိထားခဲ့ကြပြီဆို တဲ့ သတင်းတခုပဲဖြစ်ပါတယ်။

အဲ့ဒီတုန်းက အသင်းရဲ့ အမှုဆောင် ဒါရိုက်တာဖြစ်သူ မန်မစ်ဟာ လန်ဒန်ကို လေယာဉ် နဲ့ သွားရောက်ခဲ့ပြီး၊ ဆောင်းရာသီစျေးကွက် အတွင်းမှာ စတန်းဖို့ဘရစ်ချ်ကို ကျွန်တော်ပြောင်းဖို့ လက်ခံအောင် စည်းရုံးသိမ်းသွင်းတာကို ခံခဲ့ရပါနယ်။ ကျွန်တော်ကလည်း စာချုပ်မှာ လက်မှတ် ထိုးဖို့ အတွက် ဇနီးသည် ဗန်ဂျာနဲ့
အတူ ဇာဒါ မှာစောင့်ဆိုင်းနေခဲ့ပါတယ်။ အဲ့ဒီ အချိန်မှာပဲ စာချုပ်ပါ အချက်အလက်တွေ ကို ချဲဆီးလ် အသင်းနဲ့ သဘောတူညီမှု မရခဲ့လို့ အပြောင်းအရွှေ့ပျက်သွားခဲ့ပြီ ဆိုတဲ့ ကောလာဟာလတွေထွက်လာခဲ့ပါတယ် ” လို့ရေးသားထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကောလာဟလတွေ ဟာတကယ် အမှန် ဖြစ်လာခဲ့ပြီး အပြောင်းအရွှေ့ ပျက်ပြယ်သွားပြီဖြစ်တယ်လို့ မန်မစ်က ရက်ပိုင်း အတွင်းမှာ အတည်ပြုကြေညာခဲ့ပါတယ်။အခု လို အပြောင်း အရွှေ့ ပျက်ပြယ်ခဲ့တဲ့ အပေါ် မိုဒရစ်က – ” အပြောင်းအရွှေ့ ပုံပြင် အဆုံးသတ်သွားပြီ ဆိုတာ ကို ကျွန်တော့်ရဲ့ မိဘတွေကို အသိပေးလိုက်အပြီးမှာကျွန်တော်သူတို့ အဆောင်ခန်းထဲက ထွက်လာခဲ့ပြီး အိမ်ရှေ့က ကားပါကင်ထဲမှာ ဗန်ဂျာကို ဒီအကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီ အချိန်မှာ ကျွန်တော် အရုပ်ကြိုးပြတ် ဖြစ်နေခဲ့ပြီး မျက်ရည်မဆယ်နိုင်ဖြစ် နေခဲ့ရပါတယ် ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

ချဲဆီးလ်တို့ဟာ မြို့ခံပြိုင်ဘက် စပါး အသင်း ထက် ပိုပြီး လက်ဦးမှု ရယူနိုင်မယ့် အခွင့်အရေးမျိုးရခဲ့ပေမယ့် လက်လွှတ်ခံခဲ့တာဖြစ်ပါတယ်။အပြောင်းအေရွှေ့ပျက်ခဲ့တဲဲ့ အကြောင်းရင်းအတိအကျကိုတော့ အဆိုပါစာ အုပ်အတွင်းမှာတော့ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ မိုဒရစ်ဟာစပါး အသင်းကနေ ရီးရဲလ်အသင်း ကိုပြောင်းလာ အပြီးမှာ တော့ ကလပ်အသင်းနဲ့ အတူဆုဖလားတွေ အများကြီး ရယူနိုင်ခဲ့သလို တဦးချင်းဆုတံဆိပ် အချို့ကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာ ၂၀၁၈ ကမ္ဘာ့ဖလားရဲ့အကောင်းဆုံး ကစားသမား ( ရွှေဘောလုံး ) ဆုရှင်လည်းဖြစ်ပါတယ်။

SM