အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်အတွက်အယူခံတင်သွင်းမှုအောင်မြင်ခဲ့ပါကဆောင်းရာသီစျေးကွက်မှာ ချဲဆီးလ်အသင်းခေါ်ယူဖွယ်ရှိနေတဲ့ ကစားသမား ၅ဦး

နောက်ပိုင်းနှစ်တွေ အတွင်း လူငယ်ကစားသမားတွေကို ခေါ်ယူရာမှာ
ဖီဖာရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်မိခဲ့တဲ့ ချဲဆီးလ် အသင်းဟာ
အပြောင်းအရွှေ့စျေးကွက် ၂ခုဆက် ကစားသမားသစ်တွေကို ခေါ်ယူခြင်းကနေ ပိတ်ပင်ခံထားခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် လည်း သူတို့ဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက်အတွင်း မှာ ကစား သမားသစ် တဦးတလေတောင် ခေါ်ယူခွင့်မရပဲ ရှိရင်းစွဲ ကစားသမားတွေ၊ အကယ်ဒမီထွက်ကြယ်ပွင့်တွေနဲ့ ရှေ့ဆက်နေခဲ့ရတာဖြစ်ပါတယ်။အဓိကကစားသမား
လို့ ဆိုရမယ့် ဟာဇက်ကို ပါလက်လွှတ်ထားခဲ့ရလို့ အတော်လေး အခက်တွေ့
ခဲ့ရသေးတာဖြစ်ပါတယ်။

ချဲဆီးလ်တို့ဟာ အဆိုပါပြစ်ဒဏ်အတွက် အယူခံတင်သွင်းမှုကို အကြိမ်ကြိမ်ပြု
လုပ်ထားပြီး နောက်ဆုံးအနေနဲ့ နိုင်ငံတကာ အားကစားခုံရုံး CAS ကို ဦးတိုကို လျှောက်ထား ထားတာ ဖြစ်ပါတယ်။ဒီအမှုကိုတော့ နိုဝင်ဘာလ ၂၀ရက်နေ့မှာ ကြားနာသွားမှာဖြစ်ပါတယ်။

နည်းပြသစ် လမ်းပတ် လက်ထက်မှာ ချဲဆီးလ် အသင်းဟာ လူငယ်ကြယ်ပွင့်လေးတွေရဲ့ တောက်ပမှုကြောင့် နောက် ဆုံး အဝေးကွင်း၇ ပွဲဆက်အနိုင်ရတဲ့ အထိကိုပုံစံကောင်းပြသနေတာဖြစ်ပါတယ်။ဒါပေမယ့် အခြေအနေပေးလာပါက ကစားသမားသစ်တွေထပ်ခေါ်ဖို့ရှိနေတယ်လို့ ဒီအင်္ဂလန်သားကြီးက ဝန်ခံထားပါတယ်။

ချဲဆီးလ်တို့ဟာ နွေရာသီအတွင်းမှာ ဟာဇက် ၊ ဒေးဗစ်လုဇ် တို့အပါအဝင် ကစားသမားအချို့ကိုရောင်းချထားခဲ့ရာကနေ ဝင်ငွေ ပေါင်သန်း ၁၅၀အထိရရှိ
ထားပါတယ်။ဒါကြောင့်လတ်တလောမှာ
အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ ပက်ဒရို၊ ဂျီရူး၊ ဝီလီယံ တို့ရဲ့နေရာတွေအတွက် တိုက်စစ်နဲ့ တောင်ပံကစားသမားတွေကို ဦးစားပေးခေါ်ယူသွားဖွယ်ရှိနေပါတယ်။

ပုံနှိပ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ချဲဆီးလ် အသင်းရဲ့ ထိပ်ဆုံးဦးစားပေး ပစ်မှတ်တွေထဲမှာ ဒေါ့မွန် တောင်ပံတိုက်စစ် ကစားသမား ဆန်ချို၊ ပဲလေ့စ် တောင်ပံ တိုက်စစ် ကစားသမား ဇာဟာ နဲ့ လိုင်ယွန်တိုက်စစ် မှူး ဒမ်ဘီလီ တို့က
ပူးတွဲ ရပ်တည်နေတယ် လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ဆန်ချိုဟာ ဂျာမန်မြေကို ထွက်လာအပြီးကတည်းက ဥရောပရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးခြေစွမ်း ပိုင်ရှင်တွေထဲက တဦးအဖြစ်ရှိနေတာဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်မှာ အလားအလာကောင်းတွေပြသနေခဲ့တာကြောင့်လည်းဥရောပ ထိပ်
သီးတွေရဲ့ အပြိုင်စိတ်ဝင်စားခြင်းခံနေခဲ့ရတာဖြစ်ပါတယ်။

The Telegraph သတင်းစာရဲ့ဖော်ပြချက်အရ ချဲဆီးလ်တို့ဟာ ခံစစ်ကိုလည်း
အာဖြည့်ဖို့ရှိနေပြီး လက်စတာဘယ်နောက်ခံလူ ဘန်ချီးဝဲလ် နဲ့ ဘုန်းမောက် ဗဟို ခံစစ် မှူး နေသန်အကီတို့ကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လက်စတာ နည်းပြ ကြီး ရော်ဂျာအနေနဲ့
သူ့အသင်းမှာ လတ်တလော ခြေစွမ်းပြနေတဲ့ ချီးဝဲလ်ကို ဆောင်းရာသီစျေးကွက် အတွင်းမှာ လက်လွှတ်ဖို့ မရှိပေမယ့်ချဲဆီးလ် အသင်းသားဟောင်း တဦးဖြစ်တဲ့ အကီ ကိုတော့ ပေါင်သန်း ၄၀ နဲ့ ပြန်ပြီးခေါ်ယူနိုင်နေတာဖြစ်ပါတယ်။

အေဂျက်နဲ့ ပွဲကြို အင်တာဗျူးမှာ လမ်းပတ်က – ” အပြောင်းအရွှေ့ပိတ်ပင်ခံထားရမှုအပေါ် တင်သွင်းထားတဲ့ အယူခံနဲ့ ပတ်သက်ပြီး ကျွန်တော်အရမ်းစိတ်ဝင်စားပါတယ်။ဘာကြောင့်လည်းဆိုတော့ ဇန်နဝါရီမှာ ဘာတွေလုပ်နိုင်မှာလည်း၊
မလုပ်နိုင် ဘူးဆိုတဲ့အပေါ်ကိုသက်ရောက်မှာဖြစ်လို့ပါပဲ။

ဒါပေမယ့် အေဂျက်နဲ့ပွဲကိုပဲ ခေါင်းထဲမှာတွေးထားပါတယ်။အကြာကြီးလိုသေးတဲ့ ကိစ္စတရပ်ကိုအလောတကြီး မစဉ်းစားပါဘူး။လက်ရှိမှာ အသင်းမှာနေရာရလာခဲ့တဲ့ ကစားသမားအချို့ကလည်း
သူ့တို့ရဲ့ ကျရာကဏ္ဍ မှာကောင်းကောင်း
လုပ်ဆောင်နိုင်တယ်ဆိုတာကိုပြသထားနိုင်နေပါတယ်” လို့ပြောခဲ့ပါတယ်။