လက်စတာ vs အာဆင်နယ်ပွဲစဉ်မှာ အနိုင်ရဖို့ အများကြီးရေပန်းစားတဲ့အသင်းကဘယ်အသင်းလဲဆိုတာပြောပြလိုက်တဲ့#မာတင်ကီအွန်

စနေ နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ အာဆင်နယ် အသင်းနဲ့ ဝုဗ်လ် အသင်း တို့ ၁ဂိုးစီသရေ ကျခဲ့ပါတယ်။နာမည်ကြီးအာဆင်နယ်အသင်းအတွက်တော့ နောက်ဆုံးပြိုင်ပွဲစုံ၅ ပွဲမှာ နိုင်ပွဲ တပွဲသာရရှိနေတာဖြစ်ပြီးပရီးမီးယားလိဂ်မှာ ၃ပွဲဆက်အဖြစ် နိုင်ပွဲပျောက်သွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး ၂ရာသီဆက် Top 4 ပြင်ပ မှာ သာ ပန်းဝင်ထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ လည်း လတ်တလော ခြေစွမ်းနဲ့ စွမ်းဆောင်ရည်တွေကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာသေးတာဖြစ်ပါတယ်။သူတို့ဟာ ပွဲစဉ် ၁၁ အပြီးမှာ အဆင့် ၅နေရာမှာရှိနေပြီး အဆင့်၄နေရာကချဲဆီးလ်နဲ့ ၆မှတ်ကွာဟနေပါတယ်။

နောက်ပိုင်းလိဂ်ပွဲတွေမှာ နိုင်ပွဲပျောက်နေခဲ့တဲ့ အာဆင်နယ် အသင်းအတွက် နောက်ထပ် ဖြတ်ကျော်စရာပွဲကျပ်အဖြစ် တော့ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းမျိုးပြသနေတဲ့ လက်စတာအသင်းကစောင့်ကြိုနေတာဖြစ်ပါတယ်။သူတို့၂သင်းဟာလာမယ့် စနေ နေ့ည သန်းခေါင်ယံမှာကင်းပါဝါကွင်းကြီးအတွင်း တွေ့ဆုံသွားတော့မှာဖြစ်ပါတယ်။

ပုံမှတ်အားဖြင့် အခုလိုပွဲစဉ်တွေမှာ အာဆင်နယ် အသင်း အနိုင်ရ ဖို့ ရာခိုင်နှုန်းပိုများတယ် လို့ အများက ယူဆကြမှာုဖစ်ပေမယ့် လက်စတာရဲ့ လတ်တလောခြေစွမ်း၊ အာဆင်နယ်ရဲ့ လက်ရှိရလဒ်နဲ့ စွမ်းဆောင်ရည်တွေကြောင့် လက်စတာအသင်းက အပေါ်အသင်းအဖြစ် ရှိနေ ဖို့ များနေဖြစ်ပါတယ်။

အာဆင်နယ် အသင်းမှာ ဆယ်စုနှစ် တခုကျာ်ကြာ ကစားခဲ့ဖူးတဲ့ ဂန္တဝင်ခံစစ်မှူး ကြီး မာတင်ကီအွန်ကတော့ လာမယ့်ပွဲမှာ လက်စတာအသင်းက လာမယ့်ပွဲမှာသာမကပဲ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲမှာပါ သူ့အသင်းဟောင်းထက် အရမ်းအများကြီးရေပန်းစားနေလိမ့်မယ်လို့ဆိုသွားခဲ့ပါတယ်။

အင်တာဗျူးတခုမှာ မာတင်ကီအွန်က -” ဒီရာသီကုန်မှာ လီဗာပူး ၊ မန်စီးတို့ နဲ့ ကပ်လျက် နီးနီးကပ်ကပ် ရှိနေနိုင်မယ့် အသင်းတသင်းသင်း ရှိနေမှာ မဟုတ်ဘူးလို့ ကျွန်တော်အခုထိယူဆနေတုန်းပါပဲ။ဘာကြောင့်လည်းဆိုတော့သူတို့ရဲ့ အရည်အသွေးနဲ့ စိစစ်ကျနမှုတွေဟာအစကတည်းက အတော်လေးကောင်းနေခဲ့လို့ပဲဖြစ်ပါတယ်။

အခုချိန် အထိမြင်ထားခဲ့ရတဲ့ အတိုင်းဆိုရင် လက်ရှိ ထိပ်ဆုံး လေးသင်းနဲ့ ရင်ဆိုင်ရမယ့် အသင်းတွေကို အားပေးဖို့ ဆိုတာ တကယ်ခက်ခဲပါတယ်။နည်းပြလမ်းဆိုရင် သူ့အလုပ်မှာ ဝါနုသေးပေမယ့်ဘယ်လောက်ကောင်းကောင်းလုပ်ဆောင်ပေးထားနိုင်နေတယ်ဆိုတာအားလုံးအမြင်ပဲလေ။

သူတို့ အသင်းရဲ့သမိုင်းမှာ စံချိန်ဖြစ်တဲ့ ပြိုင် ပွဲစုံအဝေးကွင်း ၇ပွဲဆက် အနိုင်ရအောင် လည်းစွမ်းဆောင်ပေးထားပါတယ်။လက်စတာ အသင်းကလည်း အမြင့်ပျံနေတာဖြစ်ပြီး မန်စီးတီးရဲ့နောက် ၂မှတ်ပဲကွာပါတယ်။

အာဆင်နယ်ရဲ့ အထက် ၆ မှတ်အထိလည်း အသာရနေပါတယ်။ဒီနှစ်သင်းဟာ စနေနေ့ မှာ ကင်းပါဝါကွင်းကြီး အတွင်းရင်ဆိုင်သွားရဖို့ရှိနေပါတယ်။ဒီပွဲမှာ မြေခွေးတွေ(လက်စတာအသင်း) ကအများကြီး ရေပန်းစားတဲ့ အသင်းဖြစ်နေမယ်လို့ ကျွန်တော်သတ်မှတ်ထားပါတယ်။

လတ်တလော ဒီနှစ်သင်း ရဲ့ ပုံစံ နဲ့ ကစားပုံတွေ အရ ဒီလိုပြောနိုင်တာဖြစ်ပြီးလက်စတာအသင်းက အနိုင်ရဖို့အတွက် ယုံကြည်မှု အရမ်းကိုရှိနေသင့်တာဖြစ်ပါတယ်။ရာသီအစတုန်းက ကျွန်တော်မျှော်လင့်ထားတာကတော့ ဒါမျိုး အခြေအနေမဟုတ်ပါဘူး။

ဒါပေမယ့်လည်း အခုတော့ ဒီပွဲဟာ လက်စတာအတွက် နှစ်သင်းကြား ကွာဟချက် ပိုမို ကြီးမားအောင်လုပ်ဖို့ပြီးပြည့်စုံတဲ့ အခွင့်အရေးကောင်းအဖြစ်ရှိနေပါတယ်။ထိပ်ဆုံး လေးသင်းဝင်ခွင့်အတွက် ပြိုင်ဘက် အသင်းတသင်းကို ကွာဟချက်ကြီးမားအောင်လုပ်လိုက်နိုင်ဖို့လည်းဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။