ဘာစီလိုုနာအသင်းရဲ့ရှုံးပွဲကိုအခွင့်အရေးမယူနိုင်ခဲ့တဲ့ အပေါ်မှတ်ချက်ပေးလိုက်တဲ့ #ဇီဒန်း

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရီးရဲလ် အသင်းနဲ့ ဘက်တစ် တို့ဂိုးမရှိသရေ ကျခဲ့ပါတယ်။ ဘာနေဗျူးမှာ ကစားခဲ့ရတဲ့ ဒီပွဲကို အနိုင်ရခဲ့ပါက အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်ပေမယ့် ရီးရဲလ် တို့ အသုံး မချနိုင် ခဲ့တာလည်းဖြစ်ပါတယ်။

အစောပိုင်း ကစားခဲ့တဲ့ ပွဲမှာ ဘာစီလိုနာ အသင်းက လီဗန်တေးကို အရေးနိမ့်ထား ခဲ့ လို့ ရီးရဲလ် အသင်းအိမ်ကွင်းမှာကြိုးစားခဲ့ပေမယ့် သွင်းဂိုးတောင်မရခဲ့တာဖြစ်ပါတယ်။ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်း ဂိုးပေါက် ကန်သွင်းမှု ၂၂ ကြိမ်အထိရှိခဲ့ပေမယ့် အရာမထင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အကောင်းဘက်က ကြည့်ရင်လည်း ဒီရာသီ မှာရီးရဲလ် အသင်းရရှိခဲ့တဲ့ အနည်းငယ်သော ပေးဂိုးမယ့် ပွဲစဉ်တွေထဲ က တပွဲဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာရီးရဲလ် အသင်းရဲ့ ခြိမ်းခြောက်မှုတွေကို လည်း ဘက်တစ် ဂိုးသမားဂျိုးလ်ရိုဘယ်က လက်စွမ်းပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။

တိကျတဲ့ အဆုံးသတ်မှု ကင်းမဲ့ခြင်းအပါအဝင် လိုအပ်ချက်တွေ အများကြီးရှိခဲ့ပေမယ့် နည်းပြ ဇီဒန်းက တော့ ရီးရဲလ် အသင်းသားတွေရဲ့ ရစ်သမ်နဲ့ ပြင်းပြတဲ့ အာရုံစိုက်ကစားမှုတွေအတွက် ကျေနပ်နေပုံပါပဲ။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပွဲအပြီးမီဒီယာတွေ့ဆုံပွဲမှာ ဇီဒန်းက-

” ကျွန်တော်တို့ အသင်းရဲ့ တပွဲလုံး ရစ်သမ်နဲ့ ပြင်းပြတဲ့အာရုံစိုက် လုံးဝပြီးပြည့်စုံကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ရှင်းရှင်းလင်းလင်း ဂိုးသွင်းခွင့်ကိုတောင်လွဲချော်ခဲ့ပါတယ်။ပွဲအစ ၁ မိနစ်ကတည်းက အခွင့်အရေးတွေ အများကြီး ရခဲ့ပြီး ဂိုးရနိုင်မယ့် အဆုံးသတ်မှုမျိုးပဲ ကင်းမဲ့ခဲ့တာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဒီပွဲမှာ ရီးရဲလ်တို့ ဂိုးရဖို့ ရုန်းကန်နေခဲ့ရချိန်မှာ နာဘီဖီကာရဲ့ ဦးဆောင်မှုနဲ့ ဘက်တစ်တို့ ဦးဆောင်နိုင်ဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။ဇီဒန်းက လည်း အဆို ပါ ဆီဗီးလ်စ် မြို့ အခြေစိုက် အသင်းရဲ့ အရည်အသွေးကိုသတိပြုနားလည်တယ်လို့ ဆိုပါတယ်။

ဇီဒန်းက ဆက်လက်ပြီး – ” ဘက်တစ်ဆိုတာ တဦးချင်း အရမ်းကောင်းတဲ့ ကစားသားတွေ ရှိတဲ့ အသင်းကောင်းတသင်းဖြစ်ပါတယ်။ပထမပိုင်း တပိုင်းလုံးမှာတော့ ကျွန်တော်တို့က အဖက်ဖက်က ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ထပ်ပြီးပြောရမယ်ဆိုရင်တော့ ဂိုးပဲ မသွင်းနိုင် ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ ပိုလို့တောင်အသာရခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီနေ့ပွဲဟာ အရမ်းဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး ” လို့ပြောခဲ့ပါတယ်။ပွဲပြီးဖို့ ရမိနစ် အလို မှာ အနိုင်ဂိုး မရသေးပေမယ့် အဓိက တိုက်စစ်မှူး ဘန်ဇီမာကို ဂျိုဗစ်နဲ့ လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဇီဒန်းက – ” ဒီကိစ္စ နဲ့ပတ်သက်ပြီး ကျွန်တော့်ကို မေးမြန်းကြတာ တကယ်ကောင်းပါတယ်။

ကျွန်တော်ဟာအသင်းရဲ့ စနစ်တခုလုံးကို အပြောင်းအလဲ မလုပ်ချင်ခဲ့ပါဘူး။ကွင်းလယ်မှာ သုံးယောက်တန်းပုံစံ ကစားနေတာကလည်း အဆင်ပြေနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း အားအင်အပြည့်နဲ့ သစ်လွင် လန်းဆန်းမှု တွေ ရဖို့ အတွက် တိုက်စစ် မှာပဲ တဦးချင်းအစားထိုးခဲ့ရတာဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ ဒီပွဲမှာ ကာဗာ ဂျယ် နဲ့ မန်ဒီ တို့ဆီက နေ ဖြတ်တင်ဘောတွေ အများကြီး ပိုမြင်တွေ့ချင် ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လည်း အဲ့ဒီလိုတော့ ဖြစ်မလာခဲ့ပါဘူး ” လို့ပြောသွားခဲ့ပါတယ်။

ရီးရဲလ် အသင်းဟာ ဒီပွဲမှာ တမှတ်သာရခဲ့လို့ ဦးဆောင်သူဘာစီလိုနာနဲ့ ဂိုးကွာခြားချက်အကွာ ဒုတိယနေရာမှာပဲ ရပ်တည်သွားနိုင်ခဲ့ပါတယ်။သူတို့ဟာ ကြားရက် အတွင်းမှာတော့ ချန်ပီယံလိဂ် ပွဲအဖြစ် ဂါလာတာဆာရေးကို ဘာနေဗျူးမှာ ဧည့်ခံရမှာဖြစ်ပါတယ်။

SPORTS MYANMAR

Zawgyi

ဘာစီလုိုနာအသင္းရဲ႕ရွံုးပြဲကိုအခြင့္အေရးမယူႏိုင္ခဲ႔တဲ႔ အေပၚမွတ္ခ်က္ေပးလိုက္တဲ႔ #ဇီဒန္း
===================================

ယေန႔ နံနက္ အေစာပိုင္းမွာ ကစားသြားခဲ႔တဲ႕ လာလီဂါ ပြဲစဥ္မွာ ရီးရဲလ္ အသင္းနဲ႕ ဘက္တစ္ တို႔ဂိုးမရွိသေရ က်ခဲ႔ပါတယ္။ ဘာေနဗ်ဴးမွာ ကစားခဲ႕ရတဲ႔ ဒီပြဲကို အႏိုင္ရခဲ႔ပါက အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာျဖစ္ေပမယ့္ ရီးရဲလ္ တို႕ အသံုး မခ်ႏိုင္ ခဲ႔တာလည္းျဖစ္ပါတယ္။

အေစာပိုင္း ကစားခဲ႔တဲ႔ ပြဲမွာ ဘာစီလိုနာ အသင္းက လီဗန္ေတးကို အေရးနိမ့္ထား ခဲ႔ လို႔ ရီးရဲလ္ အသင္းအိမ္ကြင္းမွာျကိုးစားခဲ႔ေပမယ့္ သြင္းဂိုးေတာင္မရခဲ႔တာျဖစ္ပါတယ္။ေဘာလံုးပိုင္ဆိုင္မွဳ ၆၃ ရာခိုင္ႏွုန္း ဂိုးေပါက္ ကန္သြင္းမွဳ ၂၂ ျကိမ္အထိရွိခဲ႔ေပမယ့္ အရာမထင္ခဲ႔တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အေကာင္းဘက္က ျကည့္ရင္လည္း ဒီရာသီ မွာရီးရဲလ္ အသင္းရရွိခဲ႔တဲ႔ အနည္းငယ္ေသာ ေပးဂိုးမယ့္ ပြဲစဥ္ေတြထဲ က တပြဲျဖစ္လာခဲ႔တာျဖစ္ပါတယ္။ဒီပြဲမွာရီးရဲလ္ အသင္းရဲ႕ ျခိမ္းေျခာက္မွဳေတြကို လည္း ဘက္တစ္ ဂိုးသမားဂ်ိဳးလ္ရိုဘယ္က လက္စြမ္းျပသြားႏိုင္ခဲ႔တာျဖစ္ပါတယ္။

တိက်တဲ႕ အဆံုးသတ္မွဳ ကင္းမဲ႔ျခင္းအပါအဝင္ လိုအပ္ခ်က္ေတြ အမ်ားျကီးရွိခဲ႔ေပမယ့္ နည္းျပ ဇီဒန္းက ေတာ႔ ရီးရဲလ္ အသင္းသားေတြရဲ႕ ရစ္သမ္နဲ႔ ျပင္းျပတဲ႕ အာရံုစုိက္ကစားမွဳေတြအတြက္ ေက်နပ္ေနပံုပါပဲ။ဒီအေျကာင္းနဲ႔ ပတ္သက္ျပီး ပြဲအျပီးမီဒီယာေတြ႔ဆံုပြဲမွာ ဇီဒန္းက-

” က်ြန္ေတာ္တို႕ အသင္းရဲ႕ တပြဲလံုး ရစ္သမ္နဲ႕ ျပင္းျပတဲ႕အာရံုစုိက္ လံုးဝျပီးျပည့္စံုေကာင္းမြန္ခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ ရွင္းရွင္းလင္းလင္း ဂိုးသြင္းခြင့္ကိုေတာင္လြဲေခ်ာ္ခဲ႔ပါတယ္။ပြဲအစ ၁ မိနစ္ကတည္းက အခြင့္အေရးေတြ အမ်ားျကီး ရခဲ႔ျပီး ဂိုးရႏိုင္မယ့္ အဆံုးသတ္မွဳမ်ိဳးပဲ ကင္းမဲ႔ခဲ႔တာျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ဒီပြဲမွာ ရီးရဲလ္တို႔ ဂိုးရဖို႕ ရုန္းကန္ေနခဲ႔ရခ်ိန္မွာ နာဘီဖီကာရဲ႕ ဦးေဆာင္မွဳနဲ႔ ဘက္တစ္တို႔ ဦးေဆာင္ႏိုင္ဖို႔ နီးစပ္ခဲ႔ေသးတာျဖစ္ပါတယ္။ဇီဒန္းက လည္း အဆို ပါ ဆီဗီးလ္စ္ ျမိဳ႔ အေျခစုိက္ အသင္းရဲ႕ အရည္အေသြးကုိသတိျပဳနားလည္တယ္လို႕ ဆိုပါတယ္။

ဇီဒန္းက ဆက္လက္ျပီး – ” ဘက္တစ္ဆိုတာ တဦးခ်င္း အရမ္းေကာင္းတဲ႔ ကစားသားေတြ ရွိတဲ႔ အသင္းေကာင္းတသင္းျဖစ္ပါတယ္။ပထမပိုင္း တပုိင္းလံုးမွာေတာ့ က်ြန္ေတာ္တို႕က အဖက္ဖက္က ဦးေဆာင္ႏိုင္ခဲ႕တာျဖစ္ပါတယ္။ထပ္ျပီးေျပာရမယ္ဆိုရင္ေတာ့ ဂိုးပဲ မသြင္းႏိုင္ ခဲ႔တာျဖစ္ပါတယ္။ဒုတိယပိုင္းမွာေတာ့ ပိုလို႔ေတာင္အသာရခဲ႔ေသးတာျဖစ္ပါတယ္။ဒါေပမယ့္လည္း ဒီေန႔ပြဲဟာ အရမ္းဆိုးဆိုးရြားရြားျကီးေတာ့ မဟုတ္ပါဘူး ” လို႕ေျပာခဲ႔ပါတယ္။ပြဲျပီးဖို႕ ၇မိနစ္ အလို မွာ အႏိုင္ဂိုး မရေသးေပမယ့္ အဓိက တိုက္စစ္မွဴး ဘန္ဇီမာကို ဂ်ိဳဗစ္နဲ႔ လူစားလဲခဲ႔တဲ႔ ဆံုးျဖတ္ခ်က္အေပၚ ဇီဒန္းက – ” ဒီကိစၥ နဲ႔ပတ္သက္ျပီး က်ြန္ေတာ့္ကို ေမးျမန္းျကတာ တကယ္ေကာင္းပါတယ္။

က်ြန္ေတာ္ဟာအသင္းရဲ႕ စနစ္တခုလံုးကို အေျပာင္းအလဲ မလုပ္ခ်င္ခဲ႔ပါဘူး။ကြင္းလယ္မွာ သံုးေယာက္တန္းပံုစံ ကစားေနတာကလည္း အဆင္ေျပေနခဲ႔တာျဖစ္ပါတယ္။ဒါေျကာင့္လည္း အားအင္အျပည့္နဲ႕ သစ္လြင္ လန္းဆန္းမွဳ ေတြ ရဖို႕ အတြက္ တိုက္စစ္ မွာပဲ တဦးခ်င္းအစားထိုးခဲ႕ရတာျဖစ္ပါတယ္။က်ြန္ေတာ့္အေနနဲ႔ ဒီပြဲမွာ ကာဗာ ဂ်ယ္ နဲ႔ မန္ဒီ တို႕ဆီက ေန ျဖတ္တင္ေဘာေတြ အမ်ားျကီး ပိုျမင္ေတြ႔ခ်င္ ခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္လည္း အဲ႕ဒီလိုေတာ့ ျဖစ္မလာခဲ႔ပါဘူး ” လို႔ေျပာသြားခဲ႔ပါတယ္။

ရီးရဲလ္ အသင္းဟာ ဒီပြဲမွာ တမွတ္သာရခဲ႔လို႔ ဦးေဆာင္သူဘာစီလိုနာနဲ႔ ဂိုးကြာျခားခ်က္အကြာ ဒုတိယေနရာမွာပဲ ရပ္တည္သြားႏိုင္ခဲ႕ပါတယ္။သူတို႔ဟာ ျကားရက္ အတြင္းမွာေတာ့ ခ်န္ပီယံလိဂ္ ပြဲအျဖစ္ ဂါလာတာဆာေရးကို ဘာေနဗ်ဴးမွာ ဧည့္ခံရမွာျဖစ္ပါတယ္။

SPORTS MYANMAR