ဘုန်းမောက် 1 – 0 ယူနိုက်တက် ပွဲစဉ်မှာ ဘယ်သူတွေ ညံခဲ့ကြတာလဲ

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ စနေ နေ့ည အစောဆုံး ပွဲစဉ် အဖြစ် ဘုန်းမောက် ကွင်းမှာ သွားရောက် ကစား ခဲ့ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ အိမ်ရှင် အသင်း အတွက် တစ်လုံး တည်းသော ဂိုးကို တိုက်စစ် ကစားသမား ဖြစ်တဲ့ ဂျိုရှူအာ ကင်းက အနီးကပ် လှပစွာ သွင်းယူ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒီနေ့ ရှံုးပွဲ ကြောင့် နောက်ဆုံး ကစား ခဲ့တဲ့ အဝေးကွင်း သုံးပွဲ ဆက် နိုင်ခဲ့တဲ့ ယူနိုက်တက် တို့ မှတ်တမ်း ကောင်းကို ဆက်လက် မထိန်းသိမ်း နိုင်ခဲ့ ကြ ပါဘူး ။ အထူးသဖြင့် ဒီနေ့ ပွဲစဉ် မှာ ယူနိုက်တက် ဟာ ဘောလုံး ပိုင်ဆိုင် မှု အသာစီး နဲ့ ကစား နိုင်ခဲ့ ပေမယ့် အပိုင် အခွင့် အရေး တွေ ဖန်တီး နိုင်ဖို့ ၊ ဂိုး ရယူ နိုင်ဖို့ လုံလောက် တဲ့ တိုက်စစ် ကစား ဟန်ကို မပြ နိုင်ခဲ့ ပါဘူး ။

ပွဲစဉ် ပြီးဆုံး ကာနီး မှာ ယူနိုက်တက် အတွက် လူစားဝင် ကစားပေး ခဲ့တဲ့ တိုက်စစ်မှူးလေး ဂရင်းဝုဒ် က ဂိုးပေါက် ကန်သွင်း မှု ပြုလုပ် ခဲ့ ပေမယ့် တိုင်ထိ ခဲ့တာ ကြောင့် ယူနိုက်တက် တို့ နစ်နာ ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှ နှစ်ဖက် အသင်း ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည် တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

ယူနိုက်တက်
—————-”

ဒီဂီယာ ( 6 )

ပေးဂိုး အတွက် ဘာမှ လုပ်နိုင်ခွင့် မရှိခဲ့ ပါဘူး ။ အသင်း အတွက် အရေး ပါတဲ့ ဂိုးပေါက် ကာကွယ်မှု သုံး၊ လေး ကြိမ်ခန့် ပြုလုပ် သွားနိုင် ခဲ့ ပါတယ် ။

ဝမ် ဘစ်ဆာကာ ( 5 )

ယူနိုက်တက် အတွက် ကစား ပေး ခဲ့တဲ့ ပွဲတိုင်း မှာ ကောင်းမွန် ခဲ့တဲ့ ဘစ်ဆာကာ ဟာ ဒီနေ့ ပွဲ မှာလည်း ဖရေဇာ ကို ဖျက်ထုတ် ပုံ ကောင်းမွန် ခဲ့ ပေမယ့် ကင်းရဲ့ ပေးဂိုး ကို မဟန့်တား နိုင်ခဲ့ ပါဘူး ။

ဗစ်တာ လင်ဒီလော့ဖ် ( 4 )

ဆွီဒင် လက်ရွေးစင် အတွက် စိတ်ပျက် စရာ ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ပါပဲ ။ သူဟာ ဂျိုရှူအာ ကင်းနဲ့ ကလမ် ဝီလ်ဆင် တို့ကြောင့် အတော်လေး အလုပ်ရှုပ် ခဲ့ရ ပါတယ် ။ အဝါကဒ် ပြသ ခံခဲ့ရ ပါတယ် ။

ဟယ်ရီ မက်ဂွားယား ( 5 )

ခံစစ်ပိုင်း အထူး ကောင်းမွန် ခဲ့ ပါတယ် ။ ဒါပေမယ့် ဘောလုံး ကိုင် ကစား တဲ့ အချိန် နဲ့ ဘောလုံး ပေးပို့ တဲ့ အချိန် တွေမှာ အဆင်ပြေ လွယ်ကူ တဲ့ ပေးပို့မှု တွေကို သာ ပြုလုပ် နိုင်ခဲ့ ပြီး ထူးခြား တဲ့ စွမ်းဆောင်ရည် မပြနိုင်ခဲ့ ပါဘူး ။

အက်ရှ်လေ ယန်း ( 5 )

ခံစစ် ကို အတော်လေး ကစား ခဲ့ရ ပြီး ဟယ်ရီ ဝီလ်ဆင် ကို ထိန်းချုပ် နိုင်ဖို့ ခက်ခက် ခဲခဲ ကြိုးစား ခဲ့ရ ပါတယ် ။ တိုက်စစ် ပိုင်း အတွက် လုံလောက် တဲ့ အထောက်အပံ့ ကောင်းတွေ မပေးနိုင်ခဲ့ ပါဘူး ။

မက် တော်မီနေး ( 6 )

တော်မီနေး ကတော့ ယူနိုက်တက် ကွင်းလယ်မှာ ဆက်လက် တောက်ပ နေဆဲ ပါပဲ ။ ကွင်းလယ် မှာ ဂျေဖာဆန် လာမာ ၊ ဖိလစ် ဘီးလင်း တို့နဲ့ အကြိတ် အနယ် ရင်ဆိုင် ကစား နိုင်ခဲ့ ပါတယ် ။

ဖရက်ဒ် ( 5 )

နောဝှစ်ချ် နဲ့ ပွဲစဉ် မှာ တောက်ပ ခဲ့တဲ့ ဘရာဇီးသား ကတော့ ဒီနေ့ ပွဲစဉ် မှာ ခြေစွမ်း ကောင်း ပြသ နိုင်ဖို့ ရုန်းကန် ခဲ့ရ ပြီး ဘောလုံး ပေးပို့မှု တွေလည်း အားရ စရာ မရှိခဲ့ ပါဘူး ။ ပွဲထွက် ကစား ခွင့်တွေ အမြဲလို ရရှိ နေပေမယ့် ပုံမှန် ခြေစွမ်း တစ်ခု ကို အခုထိ ပြသ နိုင်ခြင်း မရှိသေး ပါဘူး ။

ဒန်နီယယ် ဂျိမ်းစ် ( 5 )

ပထမပိုင်း မှာ အတော်လေး ကောင်းမွန် ခဲ့ပြီး ညာ တောင်ပံ တစ်လျောက် ရီကို ကို အတော်လေး ဒုက္ခ ပေးနိုင် ခဲ့ ပေမယ့် ဒုတိယပိုင်း မှာတော့ ခြေစွမ်း ကျဆင်း သွားခဲ့ ပါတယ် ။

အန်းဒရိစ် ပါရဲရား ( 4 )

အသင်း အတွက် အပေါင်း လက္ခဏာ ဆောင်ကျဉ်း စေတဲ့ လုပ်ဆောင်ချက် တွေ မလုပ် ပြ နိုင်ခဲ့ ပါဘူး ။ ဒါဟာ ဒီ ရာသီ အတွက် ပါရဲရား ရဲ့ အဆိုရွားဆုံး ပွဲစဉ် လို့တောင် ပြောလို့ ရနိုင် ပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ( 5 )

ကြားရက် တွေမှာ ခြေစွမ်းကောင်း ပြရင်း ဂိုးတွေ သွင်းယူ နိုင် ခဲ့တဲ့ ရပ်ရှ်ဖို့ ရဲ့ ခြေစွမ်း ဟာ ဒီနေ့ မှာတော့ သာမန် မျှသာ ဖြစ်ခဲ့ ရ ပါတယ် ။

အန်သိုနီ မာရှယ် ( 5 )

ကောင်းမွန် တဲ့ ဘောလုံး ထိချက် တွေနဲ့ အတူ ပြိုင်ဖက် ကို ကျော်ဖြတ် ဒုက္ခ ပေးနိုင် ခဲ့ ပေမယ့် တိုက်စစ် အတွက် အကျိုး မဖြစ် စေနိုင် ခဲ့ ပါဘူး ။

လူစားဝင် ကစားသမားများ …

လင်ဂတ် ( 5 )
ဂရင်းဝုဒ် ( – )
ဝီလီယံ ( – )

ဘုန်းမောက်
—————

ရမ်စ်ဒေးလ် ( 7 )
စမစ် ( 6 )
ကွက်ခ် ( 6 )
အကီ ( 8 )
ရီကို ( 6 )
ဟယ်ရီ ဝီလ်ဆင် ( 6 )
ဘီးလင်း ( 7 )
လာမာ ( 7 )
ဖရေဇာ ( 7 )
ကင်း ( 7 )
ကလမ် ဝီလ်ဆင် ( 7 )

#SM