လူတွေ မေးခွန်းထုတ်နေကြတဲ့ မက်ဆီနဲ့ ဂရစ်မန်း တို့ရဲ့ ဆက်ဆံရေးကို ဖွင့်ဟလိုက်တဲ့ ပီကေး

ဂါရက်ပီကေးက ဘာစီလိုနာ စတားတွေ ဖြစ်ကြတဲ့ လီယွန်နယ်မက်ဆီ နဲ့ အန်တွိုင်ဂရစ်မန်း တို့ရဲ့ ဆက်ဆံရေးဟာ ပြီးပြည့်စုံတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုသွားပါတယ်။ ယခုလ အစောပိုင်းမှာ တုန်းက တိုက်စစ်မှုးသစ် ဂရစ်မန်းက ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ နဲ့ ခင်မင်ရင်းနှီးအောင် လုပ်ရမှာ ခက်ခဲမှု ရှိတယ်လို့ ဝန်ခံ ခဲ့ပြီး အကြောင်းရင်း ကတော့ ၎င်းတို့ နှစ်ဦးစလုံးဟာ ပင်ကိုယ် သဘာဝ အရ စကား နည်းတဲ့ သူတွေ ဖြစ်နေတာကြောင့်လို့ ပြောခဲ့ပါတယ်။

ထွက်ပေါ် နေတဲ့ သတင်းများ အရ ကတော့ နေမာကို အသင်းထံ ပြန်လာဖို့ မျှော်လင့် နေခဲ့တဲ့ မက်ဆီဟာ ဘရာဇီး စတားထက် ပြင်သစ် လက်ရွေးစင် ကိုသာ ခေါ်ယူ ခဲ့တဲ့ ကလပ်အသင်း ရဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်မကျေမန​ပ် ဖြစ်နေတယ်လို့ သိရပါတယ်။ မက်ဆီကတော့ ဒီလို ပြောဆိုမှု တွေဟာ အလိမ်အညာတွေသာ ဖြစ်တယ်လို့ တုန့်ပြန် ခဲ့ပြီး ပီကေး ကလည်း ဒါကို ထောက်ခံ ပေးသွား ခဲ့ပါတယ်။ စပိန် ဝါရင့် နောက်ခံလူက မက်ဆီ နဲ့ ပီကေးတို့ နှစ်ဦးဟာ အရမ်းကို ဆက်ဆံရေး ကောင်းတယ်လို့ Spanish broadcaster Cadena SER ကို ဖွင့်ဟ ခဲ့ပါတယ်။

ပီကေးက “ဒီနေရာမှာ ကိစ္စ တော်တော်များများကို အရမ်း ပုံကြီး ချဲ့နေ ကြပါတယ်။ လီယို နဲ့ ဂရီဇီ တို့ဟာ ဆက်ဆံရေး ကောင်းကြပါတယ် ။ လီယို နဲ့ အူစမာနီ ဒမ်ဘီလီ တို့ကလည်း ဒီလို ဆက်ဆံရေး ကောင်းပါတယ်။ လီယိုနဲ့ ပက်ဒရို ဒါမှမဟုတ် ဒေးဗစ်ဗီလာ တို့လို ဆက်ဆံရေးမျိုး ပါပဲ။ ဒီအပိုင်းမှာ ကောင်းပါတယ်။ လူးဝစ်ဆွာရက် နဲ့ မက်ဆီ တို့ကတော့ တစ်ကယ့် ညီအကိုလို ဆက်ဆံရေး ဖြစ်ပါတယ်။ မက်ဆီ ဟာ ဆွာရက် လောက် ဂရစ်မန်း အပေါ် ရင်းနှီးမှု မရှိတာဟာ ဒီနှစ်ဦးရဲ့ ဆက်ဆံရေး ဆိုးရွား နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။”လို့ ပြောသွားပါတယ်။

မက်ဆီနဲ့ ဆွာရက် တို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာစီလိုနာ တို့ ဗယ်လာဒိုးလစ် အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိ ခဲ့တဲ့ ပွဲစဥ်မှာ အဆိုပါ ပွဲရဲ့ stars တွေ ဖြစ်ခဲ့ကြပါတယ် ။ လာလီဂါ ရဲ့ လက်ရှိ ချန်ပီယံ ဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ ထိပ်မှာ ရီးရဲယ်မက်ဒရစ် ကို တစ်မှတ် အသာနဲ့ ဦးဆောင် နေပါတယ်။

ဒါပေမယ့် ကတ်တလန် ရဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ခါးသီးပြိုင်ဘက် နှစ်ဦး ဒီရာသီ ပထမဦးဆုံး တွေ့ဆုံမယ့် ပွဲကို လာမည့် ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ရွေးဆိုင်း ထားခဲ့ပါတယ်။ ဘာစီလိုနာ မှာ မွေးဖွားခဲ့တဲ့ ပီကေး ကတော့ ဒီပွဲကို ရွေးဆိုင်း လိုက်တာဟာ အမှားတစ်ခု ဖြစ်တယ်လို့ ဆိုသွားပါတယ်။

ပီကေးက “ကျွန်တော့်ရဲ့ အမြင် ကတော့ ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး ။ ဒါဟာ မရှိတဲ့ ပြသနာကို ပုံကြီးချဲ့ နေတာပါ။ အက်ပန်ညော်ဟာ အဲဒီ အပတ်မှာ ဗီလာရီးရဲယ်နဲ့ ကစားခဲ့ပြီး ဘာမှ မဖြစ်ခဲ့ပါဘူး။ ကျွန်တော် ကတော့ လိဂ်ပြိုင်ပွဲ အတွက်ကော ကလပ်အတွက်ပါ..ဒါဟာ အကောင်းဆုံး မဟုတ်ပါဘူး။ ကျွန်တော် ကတော့ ဘောလုံး အဖွဲ့ချုပ် နဲ့ ကလပ်တွေ အနေနဲ့ ခက်ခဲတဲ့ အခြေအနေ ရှိတယ် ဆိုတာ သိပေမယ့် ပွဲကို ဆက်လက် ကစား စေနိုင်ဖို့ အတွက် လုပ်ဆောင် သင့်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

အာနက်စ်တို ဗယ်ဗာဒီရဲ့ အသင်းဟာ လာမည့် စနေနေ့မှာတော့ အဆင့် ၁၀ နေရာက လီဗန်တေးကို အဝေးကွင်းမှာ သွားကစား ရမှာ ဖြစ်ပြီး အဲဒီနောက် ဆလားဗီးယားပရက် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

SM