အစ္စတန်ဘူမှာ နောက်ထပ် သမိုင်းသစ် ရေးထိုးလိုက်ပြန်တဲ့ လီဗာပူး ၂-၂ ချဲလ်ဆီး (Pen 5-4) ပွဲစဉ်မှာ ဘယ်သူတွေ ခြေစွမ်းပြပြီး ဘယ်သူတွေ ခြေစွမ်း ပျောက်ခဲ့သလဲ (Player ratings)

လီဗာပူးအသင်းဟာ အစ္စတန်ဘူမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး အသင်းကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ရကာ ယူအီးအက်ဖ်အေ စူပါဖလား ကို ၄ ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့ပါတယ်။

လီဗာပူးဟာ ပွဲအစပိုင်းမှာ ချဲလ်ဆီးကို ဖိကစားကာ ဂိုးသွင်းခွင့်တွေ ဖန်တီး နိုင်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဟာ တစ်ဖြည်းဖြည်း ကစားကွက် ကောင်းလာကာ လီဗာပူး ကို ပြန်လည် ဖိအားပေးခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာတော့ ပူလီဆစ်ရဲ့ ဖန်တီးမှု ကနေ ဂျီရူးက ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပါတယ်။

လီဗာပူးဟာ ဒုတိယပိုင်း စတာနဲ့ ဂိုးရဖို့ အတွက် ဖိကစား ခဲ့ပြီး ပွဲချိန် ၄၈ မိနစ် မှာတင် မာနေး က ချေပဂိုး ပြန်လည် ရယူ ပေးခဲ့ပါတယ်။ ထို့နောက် နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်ရင်းနဲ့ မိနစ် ကိုးဆယ် မှာ ၁ ဂိုးစီသရေ ပွဲပြီးခဲ့ပါတယ်။ ပွဲချိန် ၉၅ မိနစ်မှာ ဖာမီနို ရဲ့ ဖန်တီးပေးမှုကို မာနေး က ဦးဆောင်ဂိုး သွင်းယူ ခဲ့တာကြောင့် လီဗာပူး တို့ အခြေအနေ ကောင်းပြီလို့ ထင်ခဲ့ပေမယ့်လည်း ပွဲချိန် ၁၀၁ မိနစ် မှာတော့ အေဗရာဟင် ကို အက်ဒရီယန် ပြစ်ဒဏ် ကျူးလွန် ခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကို ဂျော်ဂျင်ညို က အသာအယာ အဆုံးသတ်ကာ ချေပဂိုး ပြန်လည် ရယူခဲ့ပြီး မိနစ် ၁၂၀ မှာ ၂ ဂိုးစီ သရေ ဖြစ်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ကန်ခဲ့ရ ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ် မှာတော့ လီဗာပူး ဂိုးသမားသစ် အက်ဒရီယန်ဟာ အေဗရာဟင် ရဲ့ ကန်ချက်ကို ကာကွယ် နိုင်မှုက ဒီပွဲရဲ့ အဆုံးသတ် ရလဒ် ဖြစ်ခဲ့ပါတယ်။

Image

ဒီပွဲစဉ်မှ ၂ ဘက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေ ကတော့

လီဗာပူး

အက်ဒရီယန် -၇

ပွဲချိန် အတွင်း ကောင်းမွန်တဲ့ ကာကွယ်မှု အချို့ လုပ်ပေး နိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ပင်နယ်တီ ပေးခဲ့ရသလို ဘောလုံး ဖြန့်ဝေမှုပိုင်း ကလည်း အလီဆွန် ကို မမှီ ခဲ့ပါဘူး။ ဒါပေမယ့် ပင်နယ်တီ အဆုံးအဖြတ် မှာတော့ လီဗာပူး အတွက် သူရဲကောင်း ဖြစ်ခဲ့ပြီး လီဗာပူးမှာ ၁၀ ရက် မပြည့်မီမှာပဲ ဖလား တစ်လုံး ရယူ ခဲ့ပါတယ်။

ဂိုးမက်ဇ် – ၆

ညာနောက်ခံလူ နေရာမှာ ကစားခွင့် ရခဲ့ပြီး လီဗာပူး ရဲ့ ခံစစ်ပိုင်းကို ပိုမို ကျစ်လစ်စေဖို့ တာဝန်ပေး ခံခဲ့ ရပေမယ့်လည်း ချဲလ်ဆီးဟာ ၎င်းကို ပြသနာ အတော် ပေးခဲ့ပါတယ်။

မာတစ် – ၇

ပွဲကို ဖတ်ရှုနိုင်မှု ကောင်းခဲ့ပြီး ချဲလ်ဆီး တိုက်စစ်မှုးတွေရဲ့ အားထုတ်မှု အများအပြား ကို တားဆီး ပေးခဲ့ပါတယ်။

ဗန်ဒိုက် – ၇

ပထမပိုင်းမှာ ချဲလ်ဆီး တိုက်စစ် ကစားသမား တွေရဲ့ လျှင်မြန်တဲ့ တွဲလုံးတွေ အောက်မှာ ရုန်းကန် ရမှုတွေ ရှိခဲ့ ပေမယ့်လည်း ဒုတိယပိုင်း မှာ ပြန်လည် ပြင်ဆင် နိုင်ခဲ့ပြီး လီဗာပူး ခံစစ် နဲ့ တိုက်စစ် မှာ များစွာ ကူညီ ပေးခဲ့ပါတယ်။

ရောဘတ်ဆန် – ၆.၅

၎င်းရဲ့ ဘယ်တောင်ပံ တစ်လျှောက် စွမ်းအင် ကောင်းကောင်း နဲ့ တိုက်စစ် လိုက်ပါ ပံ့ပိုးမှုတွေဟာ လီဗာပူး တိုက်စစ်ပိုင်း အတွက် အင်အား ဖြစ်ခဲ့ ပေမယ့်လည်း ရောဘတ်ဆန် ဟာ ခံစစ်ပိုင်းမှာတော့ ချဲလ်ဆီး တိုက်စစ် ကို ဟန့်တားနိုင်ဖို့ အတော် ရုန်းကန် ခဲ့ရပါတယ်။

ဖာဘင်ညို – ၆.၅

ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ် ကစားအား ကောင်းမွန်မှုကြောင့် ခက်ခဲတဲ့ ပထမပိုင်းကို ဖြတ်သန်း ခဲ့ရပေမယ့်လည်း ဒုတိယပိုင်း နဲ့ အချိန်ပို တို့မှာ လီဗာပူး ခံစစ်ကြောင်းကို ကောင်းစွာ ထောက်ပံ့ ပေးခဲ့ ပါတယ်။

မီနာ – ၆.၅

မီနာ ရဲ့ လုပ်အား နဲ့ စွမ်းအင် တွေကတော့ ပြောစရာ မလို ပေမယ့် ချဲလ်ဆီး ကွင်းလယ်ပိုင်း နဲ့ ယှဉ်ကစားဖို့တော့ ရုန်းကန် ခဲ့ရပြီး ၀ိုင်နယ်ဒန် နဲ့ပါ လူစားလဲခံ ခဲ့ရပါတယ်။

ဟန်ဒါဆန် – ၇

ကွင်းလယ် ညာတောင်ပံ ကနေ ဟန်ဒါဆန် ရဲ့ လုပ်အား ၊ ဖြတ်တင်ဘောတွေ ၊ တိုက်စစ် တွဲလုံးတွေဟာ ချဲလ်ဆီး ကို ပြသနာတွေ ပေးနိုင်ခဲ့ပြီး ၎င်းရဲ့ မရပ်မနား လုပ်အား တွေဟာ ဒီအောင်ပွဲမှာ အဓိက ကျခဲ့တယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ချိန်ဘာလိန် – ၆

လီဗာပူး တိုက်စစ်မှာ အံ့ဖွယ် ပွဲထွက်ခွင့် ရခဲ့ ပေမယ့်လည်း အလုပ် မဖြစ် ခဲ့ဘဲ အက်ပီလီကွေတာ ရဲ့ ထိန်းချုပ်မှုအောက်မှာ ရုန်းကန် ခဲ့ရပြီး ပထမပိုင်း အပြီးမှာ လူစားလဲ ခံခဲ့ ရပါတယ်။

မာနေး – ၈

လီဗာပူး အတွက် ချေပဂိုး နဲ့ အချိန်ပိုမှာ ဦးဆောင်ဂိုးတွေ သွင်းယူ ပေးနိုင်ခဲ့ပြီး ဖာမီနို ၀င်ရောက် လာချိန်မှာတော့ မာနေး ရဲ့ ခြေစွမ်း ပိုကောင်း လာခဲ့ပါတယ်။

ဆာလား – ၇

ထက်မြက်မှု ရှိပြီး ပြိုင်ဘက် ခံစစ်ကို အန္တရာယ် ပေးခဲ့ပါတယ်။ ဒါ့အပြင် ဘယ်တောင်ပံ ခံစစ် အတွက် ပါ လိုသလို ဆင်းကူ ပေးခဲ့ပါတယ်။

လူစားဝင်

ဖာမီနို ၈ ၊ ၀ိုင်နယ်ဒန် ၆ ၊ အလက်ဇန်းဒါးအာနိုး ၆ ၊ အိုရီဂီ ၆

Image

ချဲလ်ဆီး

ကီပါ – ၇

တစ်ပွဲလုံး တည်ငြိမ်တဲ့ လက်စွမ်း ကောင်းမွန်တဲ့ ဘောလုံး ဖြန့်ဝေမှုတွေ လုပ်ပေး နိုင်ခဲ့တဲ့ အပြင် ပွဲပြီးခါနီး ၎င်းရဲ့ အံ့ဖွယ် ၂ ဆင့် ကာကွယ်မှုကြောင့်သာ အချိန်ပို ဆက်ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ်။

အက်ပီလီကွေတာ – ၆.၅

ခံစစ်ပိုင်းမှာ မာကျော ကျစ်လစ်စွာ ကစား ပေးနိုင်ခဲ့ပေမယ့် တိုက်စစ်ပိုင်း အတွက် လိုက်ပါ ပံ့ပိုးမှု သိပ်မရှိ ခဲ့ပါဘူး။

ခရစ်တန်ဆန် – ၆.၅

လက်ထိဘော အတွက် ပင်နယ်တီ မပေး ခဲ့ရတာဟာ ကံကောင်းခဲ့ပြီး ဘောလုံး ဖြန့်ဝေမှုတွေ ခံစစ် ကာကွယ်မှုတွေတော့ ကောင်းခဲ့ ပါတယ်။

ဇူးမား – ၇

အိုးထရပ်ဖို့ဒ်က ပွဲစဉ်ထက် များစွာ ကောင်းမွန် ခဲ့ပြီး ၎င်းရဲ့ ခံစစ် စွမ်းရည်ကောင်းတွေကို ပြန်လည် မြင်တွေ့ ခဲ့ရပါတယ်။

အီမာဆင် – ၇

ဘယ်တောင်ပံ တစ်လျှောက် အတက်အဆင်း ကောင်းကောင်း နဲ့ ချဲလ်ဆီး တိုက်စစ်ကို ကောင်းစွာ လိုက်ပါပံ့ပိုး ပေးခဲ့ပြီး ခံစစ် အတွက်လည်း ပြောစရာ သိပ်မရှိ ခဲ့ပါဘူး။

ဂျော်ဂျင်ညို  – ၇

အီတလီသားဟာ ကန်တီ နဲ့ တွဲဖက် ကစားတဲ့ အခါတိုင်း ပိုမိုကောင်းမွန်အောင် ကစား နိုင်တာကို တွေ့ခ့ရပါတယ်။ ဘောလုံး ဖြန့်ဝေမှုတွေ ကောင်းမွန် ခဲ့ပြီး ၎င်းရဲ့ ခြေစွမ်း ဒီထက် ကောင်းလာ အုံးမှာပါ။

Image

ကိုဗာဆစ် – ၇

ကွင်းလယ်မှာ ရွေ့လျား ကစားမှု ဘောလုံး ပေးပို့မှုတွေ ကောင်းခဲ့ပြီး ၎င်းဟာ လမ်းပတ်ရဲ့ ကစားကွက် နဲ့ အတော် အံဝင် နေပါတယ်။

ကန်တီ – ၈.၅

ဒီပွဲရဲ့ အကောင်းဆုံး ကစားလို့တောင် ဆိုနိုင်ပြီး အထူးသဖြင့် ၎င်းဟာ ပထမပိုင်းမှာ ပွဲကို လွှမ်းမိုး ကစား သွားခဲ့ပါတယ်။

ပူလီဆစ် – ၇

ချဲလ်ဆီး အတွက် ပထမဦးဆုံး ပွဲထွက်ခွင့် မှာပဲ ပုံစံကောင်း ပြသခဲ့ပြီး ဂျီရူးရဲ့ ဂိုးကို ဖန်တီး ပေးနိုင်ခဲ့သလို ဂိုးရခဲ့ပေမယ့် VAR ရဲ့ ပယ်ဖျက်ခြင်း ကို ခံခဲ့ ရပါတယ်။ အလားအလာ အရမ်း ကောင်းနေ ပါတယ်။

ပက်ဒရို – ၇

ကောင်းမွန်တဲ့ ရွေ့လျားမှုတွေ ၊ ပြေးလွှားမှုတွေ နဲ့ အတူ ပြိုင်ဘက် ခံစစ်ကြောင်း ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ ပါတယ်။

ဂျီရူး – ၇

၎င်းရဲ့ hold-up play တွေဟာ လီဗာပူး ခံစစ်ကို ကောင်းစွာ ဖိအားပေး ခဲ့ပြီး ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို သွင်းယူကာ လမ်းပတ်ရဲ့ ယုံကြည်မှုကို ရယူ ခဲ့ပါတယ်။

လူစားဝင်

အေဗရာဟင် – ၆.၅

မေဆင်မောင့် – ၆.၅

တိုမိုရီ – ၆

ဘာကလေ – ၆

SM