လီဗာပူး ကို ပရီးမီးယားလိဂ် ဖလားအတွက် အထူးရေပန်းစား သွားစေမယ့် အရေးကြီး ပွဲနှစ်ပွဲကို ပြောပြလိုက်တဲ့ ကာရေဂါ

အန်ဖီး ဂန္တဝင် ဂျေမီကာရေဂါ က လီဗာပူး အသင်း အနေနဲ့ လာမည့် ပွဲစဥ် ၂ ပွဲကိုသာ အနိုင်ရရှိ ခဲ့မယ် ဆိုရင် သူ့အသင်းဟောင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် အတော် ရေပန်းစား သွားမှာ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစား ပြီးချိန်မှာ ၉ ပွဲနိုင် ၁ ပွဲသရေကျကာ ရမှတ် ၂၈ မှတ်နဲ့ ဒုတိယ နေရာက မန်စီးတီး အသင်းကို ရမှတ် ၆ မှတ် ဖြတ်ထား နိုင်ခဲ့ပါတယ်။

ယခုလို အသာစီး ရထား ခဲ့ပေမယ့်လည်း ကာရေဂါ မန်စီးတီး အသင်းရဲ့ အရည်အသွေးကြောင့် လီဗာပူး ဟာ ဒီအချိန်မှာ အမှတ်ပေးဖလား အတွက် အနည်းငယ်သာ ရေပန်းစား တယ်လို့ သတ်မှတ် နိုင်ကြောင်း ယုံကြည် နေပါတယ်။ ဒါပေမယ့်လည်း ကာရေဂါ က အကယ်၍ လီဗာပူးသာ လာမည့် စနေနေ့ အက်စတွန်ဗီလာ နဲ့ အဝေးကွင်း ပွဲစဥ် ၊ လာမည့် နိုဝင်ဘာ ၁၀ ရက်နေ့ မန်စီးတီး နဲ့ အန်ဖီးမှာ ကစား ရမယ့် ပွဲတွေကိုသာ အနိုင်ကစား နိုင်ခဲ့မယ် ဆိုရင် ဒီရေပန်းစားမှုဟာ ပြောင်းလဲ သွားမယ်လို့ ဆိုသွားပါတယ်။

လီဗာပူးသာ ဒီလို ၂ ပွဲဆက် အနိုင် ရရှိခဲ့မယ် ဆိုရင် ယာဂန်ကလော့ ရဲ့ အသင်းဟာ လာမည့် weekend မှာ ဆောက်သမ်တန် ကို အီတီဟတ်မှာ လက်ခံ ကစား သွားရမယ့် မန်စီးတီး အသင်းကို ၉ မှတ် ဖြတ်ထား နိုင်မှာ ဖြစ်ပါတယ်။

ကာရေဂါက “လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲ ခဲ့ပြီးနောက် ဒီရာသီကို အကောင်းဆုံး ပုံစံနဲ့ စတင် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူး အနေနဲ့ ပြီးခဲ့တဲ့ ရာသီက လိဂ်ပြိုင်ပွဲမှာ လုပ်ပြ ခဲ့သလိုမျိုး ရမှတ် ၉၇ မှတ်နဲ့ ပရီးမီးယားလိဂ် မှာ ဗိုလ်စွဲလု နီးပါး ဖြစ်ခဲ့သလိုမျိုး ထပ်မံ လုပ်ပြနိုင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ လီဗာပူး ဟာ အမှတ်ပေးဖလား အတွက် အနည်းငယ်သာ ရေပန်းစား တယ်လို့ ပြောနိုင်ပါတယ် ။ ဒါပေမယ့် စီးတီးဟာ တောက်လျှောက် နိုင်ပွဲတွေ နဲ့အတူ ပြန်လာ နိုင်မယ်လို့ ကျွန်တော် ထင်နေပါတယ်။

နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ ရာသီက ဒီလို တူညီတဲ့ အနေအထား ရှိခဲ့ပြီး စီးတီးဟာ လီဗာပူး ကို ကျော်တက် နိုင်ခဲ့ပါတယ်။ အကယ်၍ လီဗာပူး အနေနဲ့ လာမည့် အန်ဖီး ပွဲစဥ်မှာ စီးတီးကို အနိုင်ရရှိ ခဲ့မယ် ဆိုရင် ရမှတ်ပိုင်း တင်မကပါဘူး..စိတ်ဓာတ်ပိုင်း အရ သူတို့ဟာ အမှတ်ပေးဖလား အတွက် အကောင်းဆုံး အနေအထား ကို ရောက်သွားမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ လီဗာပူး ဟာ အနည်းငယ် ရေပန်းစား တယ်လို့ ဆိုနိုင်ပါတယ် ။ အကယ်၍ လီဗာပူး သာ လာမည့် နိုင်ငံတကာ ပွဲစဥ် ကာလ မတိုင်မီ ၂ ပွဲဆက် နိုင်ခဲ့မယ် ဆိုရင် သူတို့ဟာ စီးတီးကို ၉ မှတ် ဖြတ်ထား နိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက် သူတို့ဟာ ပြင်ဆင်ဖို့ အချိန် အချို့ ရသွားမှာ ဖြစ်ပြီး အဲဒီနောက် သူတို့ဟာ ပရီးမီးယားလိဂ် ဖလား အတွက် အတော့်ကို ရေပန်းစား သွားမှာပါ။” လို့ ဆိုသွားပါတယ်။

SM