နည်းပြလမ်းပတ်ရဲ့ ဦးဆောင်မှုအောက်မှာချဲဆီးလ်ရဲ့ လူငယ်လေးတွေဘာကိုသက်သေပြနေတယ်ဆိုတာပြောပြလိုက်တဲ့ #မေဆင်မောင့်တ်

အခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲဆီးလ် အသင်းက ဘန်လေ အသင်းကို အဝေးကွင်းမှာ ၂-၄ ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ဒီပွဲမှာ အနိုင်ကြောင့် လည်း ချဲဆီးလ် တို့ ဟာပြိုင်ပွဲစုံ ရပွဲဆက် အနိုင် ရခဲ့တဲ့ မှတ်တမ်း ကောင်းကို ပိုင်ဆိုင်သွား ခဲ့ပါတယ်။ လမ်းပတ်ရဲ့ ဦးဆောင်မှုအောက် မှာ ချဲဆီးလ် တို့ အခုလို လုပ်ပြနေပေမယ့် အခက်အခဲတွေ ကိုအများကြီးကျော်လွှားထားခဲ့ရတာဖြစ်ပါတယ်။ အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်ကြောင့် ကစားသမားတွေ အားဖြည့်ခွင့်မရခဲ့သလို ဟာဇက်လို အဓိက ကစားသမား မရှိတော့ချိန်မှာ  ရာသီသစ်ကို ရုန်းကန်မှုတွေနဲ့စတင်ခဲ့ရတာဖြစ်ပါတယ်။

ဆာရီရဲ့ နေရာမှာ အစားထိုးတာဝန်ယူကိုင်တွယ်နေတဲ့ လမ်းပတ်ဟာအကယ်ဒမီထွက် လူငယ် လေးတွေကို အားကိုးဖို့ ဆုံးဖြတ် ခဲ့ပေမယ့် အဖွင့်ပွဲမှာ ပဲ ယူနိုက်တက် ကို ၄ဂိုးပြတ် အရေးနိမ့်ခဲ့ လို့အများရဲ့ အထင်အမြင်သေးမှုတွေကို အတော်လေးခံထားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် လူငယ်သွေးသစ်လေးတွေရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ချဲဆီးလ်တို့ အခုချိန်မှာ အသက်ရှူ ချောင်နေခဲ့ရပြီ ဖြစ်ပါတယ်။ဒါ့အပြင်ကစားသမားဟောင်း လမ်းပတ်ကလည်း အသင်းအတွက်အသင့်တော်ဆုံးနည်းပြအဖြစ်ရှုမြင်ခြင်းခံနေရပြီဖြစ်ပါတယ်။

Lampard

လမ်းပတ်ဟာ အသင်းရဲ့ လူငယ်လေးတွေကို အခွင့်အရေး ပေးပြီးပြီးချင်းမှာပဲ လုံလောက်တဲ့ ခြေစွမ်းကောင်း ပြသနိုင်ဖို့
တော့ လိုတယ်လို့ တပါတည်းသတိပေးထားခဲ့သေးတာလည်းဖြစ်ပါတယ်။ဒါပေမယ့် မောင့်တ်က ဦးဆောင်ပြီး ပုံစံကောင်း ပြသနေတာဖြစ်ပါတယ်။

အင်တာဗျူးတခုမှာ မေဆင်မောင့်တ်က -” ကျွန်တော်တို့ကို နည်းပြ လမ်းပတ်ကအခွင့်အရေးပေးမှာတော့ မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကငယ်ရွယ်သေးလို့ဖြစ်ပါတယ်။ဒါကြောင့်လည်း ကျွန်တော်တို့က ကိုယ်တိုင်ရအောင်လုပ်ယူရတာဖြစ်ပါတယ်။

ဒါပေမယ့် လည်း ကျွန်တော်တို့ အသင်းမှာရှိတဲ့ ပရိသတ် တွေက အင်္ဂလန် လူငယ် လေးတွေကို နေရာပေးဖို့တောင်းဆိုနေခဲ့တာ ကာလကြာနေခဲ့ပြီ ဖြစ်ပါတယ်။သူတို့ရဲ့ထောက်ခံအားပေးမှုတွေကြောင့်လည်း ကွင်းထဲမှာ ကျွန်တော်တို့ လုပ်ချင်တာအကုန်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရာသီ အစမှာတုန်းကဆိုရင် ကျွန်တော်တို့ကို လူတွေက အထင်သေးခဲ့ကြ ပြီး ကစားသမားသစ် တွေ မခေါ်နိုင်ခဲ့ရင် ကောင်းကောင်းလုပ်ဆောင်နိုင်လောက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။
ဒါကြောင့်လည်း သူတို့ မှားယွင်းတယ်ဆိုတာကိုဆက်ပြီပြသဖို့ကိုပဲ ကျွန်တော်တို့ကလိုအပ်ခဲ့တာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ချဲဆီးလ်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အခြေအနေ ပြန်ကောင်းလာနေပြီး မေဆင်မောင့်တ်၊ အေဘရာဟင်၊ တွန်မိုရီ တို့လိုလူငယ် လေးတွေက ပရိသတ်စိတ်ကြိုက် ကစားသမားတွေ အဖြစ် ကာလတို အတွင်းမှာပဲ ဖြစ်လာနေခဲ့တာဖြစ်ပါတယ်။လမ်းပတ်ကတော့ မူလကတည်းကချဲဆီးလ်ဖန်တွေရဲ့ အသဲစွဲဖြစ်နေခဲ့တာဖြစ်ပြီး တိုက်စစ်အားသန်ကစားပုံတွေ၊ ရလဒ်ကောင်းတွေကြောင့် ပိုတောင် ချစ်ခင်ခြင်း ခံနေရပြီဖြစ်ပါတယ်။

အပြောင်းအရွှေ့ပိတ်ပြစ်ဒဏ်ကြောင့် လူငယ်တွေကို အဓိကအသုံးပြုနေခဲ့တာလို့ အများက ယူဆနေပေမယ့် ဒီလိုမဖြစ်ခဲ့ရင်လည်း လူငယ်တွေကိုနေရာပေးဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီးလမ်းပတ်က-

” ဒီရာသီမှာ လူငယ်လေး တွေဘာတွေကို လုပ်ဆောင်ပြနိုင်မယ်ဆိုတာ ကျွန်တော် ကြိုပြီး ပုံဖော်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။အပြောင်းအရွှေ့ပိတ်ပင်မခံရပဲ ဒီီအသင်း ကို ရောက်လာမယ်ဆိုရင်လည်း လူငယ်လေးတွေကို ယုံကြည်မှု ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ယူနိုက်တက် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပထမဆုံး ပွဲအပြီး မှာ ဒီီအတွေးကို အဝေးကို လက်လွှတ်ပြီး အခြားရွေးချယ်စရာတွေ လုပ်ရမလိုတောင်ဖြစ်ခဲ့ပါသေးတယ်။ဒါကြောင့်လည်းအပြောင်းအလဲတွေ အများကြီးလုပ်ရစေခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။