ယူနိုက်တက်မှာ ရှိတဲ့ လူငယ်တွေနဲ့ ချဲဆီးလ်လူငယ်တွေဘယ်သူကပိုကောင်းတယ်ဆိုတာပြောပြလိုက်တဲ့ #ဆိုးလ်ရှား

ကရာဘောင်ဖလား စတုတ္တ အဆင့် ပွဲစဉ်တွေကို အခုကြားရက် အတွင်း မှာ ကစားသွားဖို့ ရှိနေပြီး ယူနိုက်တက် အသင်းကတော့ ချဲဆီးလ်အသင်းကိုစတန်းဖို့ဒ်ဘရစ်ချ် မှာသွားရောက် ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။ဒီနှစ်သင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတွေ့ဆုံထားခဲ့သေးတာဖြစ်ပြီး ယူနိုက်တက် အသင်းက အိုးထရက်ဖို့ဒ်မှာ ၄-၀ ဂိုးနဲ့ ချေမှုန်းထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လတ်တလော ခြေစွမ်းနဲ့ ရလဒ်ပိုင်းမှာ နည်းပြလမ်းပတ်ရဲ့ ချဲဆီးလ် အသင်းက အသာရနေပြီး ဆိုးလ်ရှား
ရဲ့ ယူနိုက်တက် အသင်းကို လက်စားချေဖို့ ကြိုးစားလာဖွယ်ရှိနေပါတယ်။ချဲဆီးလ် အသင်းဟာနောက်ဆုံးပြိုင်ပွဲစုံရပွဲဆက် အနိုင်ရထားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်းတတိယနေရာကလက်စတာအသင်းနဲ့ ရမှတ်တူအနေအထားကိုရောက်နေပါတယ်။

လမ်းပတ်ဟာ နည်းပြအတွေ့အကြုံ နည်းသေးသလို အပြောင်းအရွှေ့ပိတ်ပြစ်
ဒဏ်ခံနေရချိန်မှာ ချဲဆီးလ်အသင်းကို တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။ဟာဇက်လို ကစားသမားမျိုးကိုပါလက်လွှတ်
ထားခဲ့ရပေမယ့် လူငယ်တွေရဲ့ အစွမ်းပြမှုနဲ့ အမြင့်ပျံနေခဲ့တာလည်းဖြစ်ပါတယ်။

အေဘရာဟမ်၊ မေဆန်မောင့်တ်၊ တွန်မိုရီ၊ ရိစ်ဂျိန်းစ် တို့လို ကြယ်ပွင့်တွေက ချဲဆီးလ်ရဲ့ နိုင်ပွဲတွေ မှာ အတော်လေး ကို အရေးပါတဲ့ လူငယ်လေးတွေ အဖြစ်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လည်း ဆိုးလ်ရှားက ချဲဆီးလ်လူငယ်လေးတွေဟာ ယူနိုက်တက် လူငယ်လေးတွေထက် ပိုသာတယ်လို့ ဆိုလိုက်တာဖြစ်ပါတယ်။

ကရာဘောင် ဖလား ပွဲကြို မီဒီယာ တွေ့ဆုံပွဲမှာ ဆိုးလ်ရှားက – ” ချဲဆီးလ်တို့ဟာ အတော်လေးကို စိတ်လှုပ်ရှား ဖို့ ကောင်းတဲ့ အသင်းတသင်းဖြစ်ပါတယ်။လမ်းပတ် အနေနဲ့ လည်း ချန်ပီယံလိဂ် ပြိုင်ပွဲကိုတရာသီ ၂ရာသီလောက် အငှားထွက်ကစားခဲ့ဖူးတဲ့ ကစားသမား
တွေကို ရရှိထားတာဖြစ်ပါတယ်။

သူတို့လေး တွေ နဲ့ ကျွန်တော့် အသင်းရဲ့ လူငယ်ကစားသမား လေးတွေကြားက ခြားနားချက်ကတော့ ကျွန်တော် တို့ လူငယ်လေးတွေဟာ လူမြင်ကွင်းကို ထွက်ပေါ်လာဖို့ အဆင့်ကိုတောင် ခြေလှမ်းနေရသေးတာဖြစ်ပါတယ်။

တူရန်ဇီဘီ ဆိုရင်ပြီးခဲ့တဲ့ ပွဲတွေအများစုကို ဆက်တိုက်လွဲချော်ထားခဲ့ပါတယ်။ဒါပေမယ့်သူ ဟာမနှစ်တုန်းကအက်စတွန် ဗီလာအသင်းမှာ အငှားထွက်ကစားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း အကျိုးကျေးဇူး ဘယ်လောက်ရှိခဲ့တယ်ဆိုတာ ခင်ဗျားတို့ အမြင်ပဲလေ။

Man U

ချဲဆီးလ် အသင်းအနေနဲ့ လည်း လူငယ် လေး တွေကို အငှားချထားခဲ့ တဲ့ အကျိုး
ဆက်တွေ ကို အခုချိန် မှာ ရရှိခံစားနေရပြီ လို့ ကျွန်တော်ယူဆမိပါတယ်။သူတို့ဟာ အခုချိန်မှာ ရင့်ကျက် တည်ငြိမ် တဲ့ လူငယ်အသင်း တသင်းဖြစ်နေပါပြီ ” လို့ပြောခဲ့ပါတယ်။

ချဲဆီးလ်နဲ့ ပွဲဟာ တာဟစ်ချောင်၊ ဂရင်းဝုဒ်၊ ဂါနာ၊ ဘရန်ဒန်ဝီလီယံ တို့လို လူငယ်လေးတွေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်လာဖို့ရိနေပေမယ့် ဒီလိုပွဲအတွေ့အကြံုကနေ အကျိုးဖြစ်ထွန်းဖွယ်ရှိနေတယ်လို့ လည်း ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

ဒီအကြောင်းကို ဆိုးလ်ရှားက – ” ခက်ခဲ တဲ့ ပွဲစဉ်တွေမှာ ဆိုရင် စရိုက်လက္ခဏာ
တွေပိုပြီးထွက်ပေါ်လေ့ရှိပါတယ်။ဒါပေမဟ့်လည်း လူငယ်လေးတွေအနေနဲ့ အံ့မခန်း ခြေစွမ်းမျိုးပြသထားနိုင်ခဲ့ပြီ လို့တော့ ကျွန်တော်ယူဆပါတယ်။

သူတို့ကို နောက်ထပ် တာဝန်ယူမှုတာဝန်ခံမှုတွေ ထပ်မပေးနိုင်တော့ပါဘူး။မလွယ်မှန်းသိပေမယ့်လည်း ပေါ့ဘာ၊လုခ်ရှော၊မာရှယ်အဝင် ဒဏ်ရာရ ကစား
သမားတွေများနေချိန်မှာသူတို့ကို တောင်းဆိုးမှုတွေအများကြီးပြုလုပ်ထားပါတယ်။

ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ လူငယ်လေးတွေက ခြေစွမ်းပိုင်းနောက်တဆင့်ကို တက်လှမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။အဆုံးသတ်မှာတော့ သူတို့လေးတွေ အနေနဲ့ ဒီလို အခြေအနေအတွက် ပိုပြီး ကြံ့ခိုင်တောင့်တင်း သွားလိမ့်မယ်လို့ ထင်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဂါနာ နဲ့ ဝီလီယံတိို့ုလို လူငယ်လေးတွေဟာ ချဲဆီးလ်နဲ့ ရင်ဆိုင်ရမှာလားလို့ မေးမြန်းရာမှာတော့ ဆိုးလ်ရှားက –
” ကျွန်တော်လည်း ကျွန်တော်လည်း အဲ့လို ထင်ပါတယ်။ဂါနာဆိုရင် နော့ဝှစ်ချ်နဲ့ ပွဲမှာ ၁၀ မိနစ်လောက်ကစားသွားခဲ့ပြီးခြေစွမ်းပြခဲ့ပါတယ်။

အခုလာမယ့် ပွဲမှာ ဘယ်သူတွေကို အသုံးပြုသွားမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာဆုံးဖြတ် ချက်မှ တော့ မချမှတ်ထားရသေးပါဘူး။ဒါပေမယ့် လည်း သူတို့ နှစ်ယောက်လုံးကို ဒီပွဲမှာ မြင်ရဖွယ်ရှိနေပါတယ် ” လို့ပြောသွားခဲ့ပါတယ်။