ပေါင် 105 သန်းတန် ဥရောပ ထိပ်သီးတွေရဲ့ ပစ်မှတ် ကစားသမားလေး အတွက် ယူနိုက်တက်တို့ ကမ်းလှမ်းမှုတွေ စတင်ခဲ့ပြီလို့ သတင်းထွက်ပေါ်လာ

လက်ရှိ ဘင်ဖီကာ အသင်း ရဲ့ ကြယ်ပွင့် ကစားသမား လေး ဖြစ်တဲ့ ဂျွာအို ဖဲလစ် ကို ရရှိ နိုင်ရေး အတွက် ဥရောပ ထိပ်သီး ကလပ် အတော် များများ က စိတ်ဝင်စား နေခဲ့ ကြပေမဲ့ သူ့ရဲ့ ပြောင်းရွှေ့ ကြေးက အရမ်း မြင့်မား နေတဲ့ အတွက် အသင်း အများစု က လက်တွန့် နေခဲ့ ကြ ပါတယ် ။

ဒါပေမဲ့ ပရီးမီးယား လိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ကစားသမား ကို လက်ဦး မှု ရယူ ပြီး ခေါ်ယူ နိုင်ဖို့ အတွက် ကစားသမား ရဲ့ စာချုပ် ဖျက်သိမ်း ကြေးကို ပေးချေ သွားဖို့ ၊ ကလပ် စံချိန်တင် အပြောင်း အရွှေ့ တစ်ခု ပြုလုပ် နိုင်ဖို့ ဆန္ဒ ရှိနေ တယ်လို့ သိရှိ ခဲ့ရ ပါတယ် ။

လက်ရှိ အချိန် မှာတော့ တိုက်စစ် ကစားသမား ရှာပုံတော် ဖွင့်နေ ခဲ့တဲ့ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ဟာလည်း ဒီ ရာသီ ဘင်ဖီကာ အသင်း အတွက် သွင်းဂိုး 20 ၊ ဂိုး ဖန်တီးမှု 11 ကြိမ် အထိ ပြုလုပ် ထား ခဲ့တဲ့ တိုက်စစ် အားသန် ကွင်းလယ် ကစားသမား လေးကို ခေါ်ယူ လိုနေ ခဲ့ ပါတယ် ။

အသက် 19 နှစ်သာ ရှိနေ သေးတဲ့ ဘင်ဖီကာ စတား ဂျွာအို ဖဲလစ် ဟာ ဖရန့်ဖတ် အသင်း နဲ့ ကစား ခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပထမ အကျော့ မှာ အသင်း အတွက် ဟတ်ထရစ် ဂိုး သွင်းယူ နိုင်ခဲ့ သလို ဂိုး တစ်ကြိမ် ဖန်တီး ခဲ့ပြီး အသင်း ရဲ့ သွင်းဂိုး လေးဂိုး လုံးနဲ့ တိုက်ရိုက် ပါဝင် ပတ်သက် ခဲ့ ပါတယ် ။

ဒါ့အပြင် ဒီ ရာသီ ဘင်ဖီကာ အသင်း တို့ အမှတ်ပေး ဖလား ဆွတ်ခူး နိုင်ရေး မှာလည်း ဖဲလစ် ဟာ အသင်း အတွက် 26 ပွဲ ပါဝင် ကစား ပေး ခဲ့ပြီး ကိုယ်တိုင် 15 ဂိုး သွင်းယူ ၊ အသင်း ဖော်တွေ အတွက် 7 ကြိမ် အထိ ဂိုး ဖန်တီး ပေးခဲ့ ကာ တစ်ဖက် တစ်လမ်း မှ အကူအညီ ပေးနိုင် ခဲ့ ပါတယ် ။

ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ တော့ ယူနိုက်တက် တာဝန် ရှိသူ တွေဟာ ဒီ ရာသီ ဘင်ဖီကာ အသင်း ရဲ့ နောက်ဆုံး လိဂ် ပွဲစဉ် ကို သွားရောက် ကြည့်ရှု ခဲ့ပြီး ကစားသမား ရဲ့ ခြေစွမ်း ကို ထပ်မံ အကဲခတ် ခဲ့ကြ တယ်လို့ သိရှိ ခဲ့ရ ပါတယ် ။

ဒါ့အပြင် အခြား သတင်း တစ်ရပ် ကတော့ ယူနိုက်တက် ဖက် က ကစားသမား လေး ကို ခေါ်ယူ ဖို့ အတွက် ကမ်းလှမ်း မှု တွေတောင် စတင် ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြ ခဲ့ပါ သေးတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ စပိန် ထိပ်သီး အေတီကို အသင်း ရဲ့ တာဝန် ရှိသူ တွေဟာ လည်း ဖဲလစ် ကို လာရောက် စောင့်ကြည့် ခဲ့ ကြ တယ်လို့ သိရှိ ရ ပါတယ် ။

အက်သလက်တီကို မက်ဒရစ် အသင်း ဟာ လာမဲ့ နွေမှာ အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်သူ အန်တွိုင်းနီ ဂရစ်ဇ်မန်း ကို ဆုံးရှုံး ရ တော့မှာ ဖြစ်တာ ကြောင့် အဆိုပါ နေရာ ကို ဘင်ဖီကာ စတား နဲ့ ရေရှည် အစား ထိုး နိုင်ဖို့ ဆန္ဒ ရှိနေ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဒါ့အပြင် အခြား ဥရောပ ထိပ်သီး ကလပ် တွေ ဖြစ်ကြ တဲ့ မန်စီးတီး ၊ လီဗာပူး ၊ ဘာစီလိုနာ တို့ဟာ လည်း ဘင်ဖီကာ စတား အတွက် ချိတ်ဆက် မှုတွေ ပြုလုပ် နေကြ တယ်လို့ သိရှိ ရပြီး အီတလီ ထိပ်သီး ဂျူဗင်တပ် ကတော့ ကစားသမား ကို ပေါင် 75 သန်း နဲ့ ကမ်းလှမ်း ခဲ့ ပေမဲ့ ပယ်ချ ခံခဲ့ ရပါ တယ် ။

ဘင်ဖီကာ အသင်း ကတော့ အားထား ရတဲ့ ကစားသမား လေးကို မြင့်မား တဲ့ လစာ ငွေနဲ့ စာချုပ် သစ် ချုပ်ဆို သွားဖို့ ဆန္ဒ ရှိနေ ခဲ့ ပေမဲ့ ဥရောပ ထိပ်သီး တွေက တစ်ကယ်တမ်း အားထုတ် ကြိုးစား လာ ကြတဲ့ အခါ တောင့်ခံ နိုင်မှာ မဟုတ် ကြောင့် စာချုပ် ဖျက်သိမ်း ကြေး ပေါင် 105 သန်း ပေးချေ နိုင်မဲ့ အသင်း ဆီ လက်လွှတ် ဆုံးရှုံး ခံသွား ဖို့ ရှိနေ ကြ ပါတယ် ။

ကစားသမား လေးရဲ့ အေးဂျင့် ဖြစ်သူ ဂျော့ခ်ျ မန်ဒက်စ် ဟာလည်း ဖဲလစ် ကို ဥရောပ ထိပ်သီး ကလပ် တစ်သင်း သင်းဆီ ပို့ဆောင် သွားလို နေပါတယ် ။ ယူနိုက်တက် ဟာ လာမဲ့ ဘောလုံး ရာသီ မှာ ယူရိုပါလိဂ် ကစား ရမှာ ဖြစ်ပေမဲ့ အသင်း မှာ ပေါ်တူဂီ သား ဖြစ်တဲ့ စီ ရော်နယ်ဒို အောင်မြင် ခဲ့ခြင်း က ဖဲလစ် ကို ဆွဲဆောင် စေနိုင် ပါတယ် ။

ဒါ့အပြင် လက်ရှိ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က အသင်း ကို လူငယ် ကစားသမား လေးတွေ နဲ့ ဖွဲ့စည်း တည်ဆောက် လိုတာကြောင့် ဖဲလစ် အတွက် အခွင့်အရေး ကောင်းတွေ ပေါ်ပေါက် လာနိုင် ပါတယ် ။

#Sports_Myanmar