ဘာစီလိုနာ ကို လီဗာပူး အသင်း အနိုင် ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ဟာ သူ့နှလုံးသားထဲမှာ အမြဲ အမှတ် ရနေမှာ ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အလီဆွန်

လီဗာပူး ဂိုးသမား အလီဆွန် ဘက်ကာ က ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာ ဘာစီလိုနာ အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲဟာ သူ့နှလုံးသားထဲမှာ အမြဲ ရှိနေမှာ ဖြစ်တယ်လို့ လာမည့် ဇွန်လ ၁ ရက်နေ့ ချန်ပီယံလိဂ် ဖိုင်နယ် မတိုင်မီ ပြောဆိုလိုက် ပါတယ်။ ယာဂန်ကလော့ ရဲ့ အသင်းဟာ ဆီမီးဖိုင်နယ် ပထမ အကျော့က နူးကမ့်မှာ ဘာကာကို ၃ – ၀ နဲ့ ရှုံးနိမ့် ခဲ့ကာ အန်ဖီးမှာ အရမ်းကို ခက်ခဲတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ခဲ့ ရပါတယ်။

သို့ပေမယ့်လည်း ဥရောပ ညတွေမှာ နာမည်ကြီး လှတဲ့ အန်ဖီးရဲ့ စွမ်းအား နဲ့ အတူ လီဗာပူး ဟာ ဘာစီလိုနာ အသင်းကို ၄ – ၀ နဲ့ ပြန်လည် အနိုင် ရရရှိ ခဲ့ကာ ဖိုင်နယ်ကို တက်လှမ်း နိုင်ခဲ့ပြီး တော့တင်ဟမ် နဲ့ မက်ဒရစ် မှာ ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။

Wanda Metropolitano မှာ ကျင်းပမယ့် all-English final မတိုင်မီ အလီဆွန်က သူဟာ အခု ချိန်ထိ လာလီဂါ အင်အားကြီး ကလပ် နဲ့ ရလဒ် အတွက် အခုထိ ရင်ခုန်မှု မပျောက်သေးဘူးလို့ ၀န်ခံ သွားပါတယ်။

အလီဆွန် က “ဒီအမှတ်တရဟာ ကျွန်တော်နဲ့ အတူ တစ်သက်လုံး ရှိနေမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ ကလေးတွေ ပြီးတော့ ကျွန်တော့်ရဲ့ မြေးတွေကို ပြောပြ သွားမယ့် ပုံပြင် တစ်ပုဒ် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ဒီဆုဖလား ကို ရရှိခဲ့တဲ့ ပုံပြင် အဖြစ်နဲ့ အဆုံးသတ်ဖို့ မျှော်လင့် နေပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဘရာဇီး နံပါတ် ၁ ဂိုးသမားဟာ မာဆေးဆိုက် ကို မပြောင်းရွေ့မီ ပြီးခဲ့တဲ့ နှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာတုန်းက ရိုးမား နဲ့ အတူ လီဗာပူးကို လာရောက် ရင်ဆိုင် ခဲ့ဖူးပါတယ်။ အလီဆွန် ဟာ လီဗာပူး နဲ့ သာမက ပြိုင်ဘက် အနေနဲ့ပါ နာမည်ကျော် အန်ဖီးကွင်းရဲ့ အငွေ့အသက် တွေကို တွေ့ကြုံ ခဲ့ဖူးပြီး ဘရာဇီး ဂိုးသမား က အသင်းကို ရှေ့ရောက်အောင် တွန်းပို့ ရာမှာ အန်ဖီး ပရိတ်သတ်တွေရဲ့ သက်ရောက်မှုဟာ ကြီးမား လွန်းတယ်လို့ ချီးကျူး လိုက်ပါတယ်။

အလီဆွန် က “အရမ်း အရမ်းကို ကောင်းလွန်းပါတယ်။ ကျွန်တော် အန်ဖီးမှာ လီဗာပူး ကို ပြိုင်ဘက် အဖြစ်နဲ့ ရင်ဆိုင် ခဲ့ဖူး ပါတယ်။ လီဗာပူး အသင်းကို ကွင်းထဲက ပရိတ်သတ်တွေ ပေးတဲ့ ပါဝါကို ကျွန်တော် ကြုံတွေ့ ခဲဖူး ပါတယ်။ သူတို့ဟာ ပြိုင်ဘက်ကို ဖိအားတွေ များစွာ ပေးနိုင် ပါတယ်။ ပြိုင်ဘက် အနေနဲ့ ဒီနေရာမှာ လီဗာပူး နဲ့ ရင်ဆိုင် ရတာ မလွယ်ကူ ပါဘူး။

အခုဆိုရင် ကျွန်တော်ဟာ ဒီမှာ ကစားနေပြီး ချန်ပီယံလိဂ် မှာ ကျွန်တော့်ရဲ့ လက်ရှိ ရပ်တည် ထားမှုနဲ့ အတူ ကောင်းမွန်တဲ့ အရာတွေ တွေ့ကြုံ ခံစား ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ လူတော်တော် များများ မဖြစ်နိုင်ဘူးလို့ ထင်ထား ခဲ့တဲ့ အခြေအနေ ကနေ အန်ဖီးရဲ့ အင်အားနဲ့ အတူ ဖိုင်နယ်ကို တက်ခဲ့ပါတယ်။

ဒါဟာ ဘုရားသခင်ရဲ့ ကောင်းချီးပေးမှု ၊ ကျွန်တော်တို့ရဲ့ လုပ်အား ၊ အားထုတ်မှု နဲ့ အတူ ဒီလို အ၇မ်းကို ကောင်းတဲ့ ညတွေမှာ ပရိတ်သတ် ရဲ့ ထောက်ခံ အားပေးမှု တွေကြောင့် ဖြစ်ပါတယ်။” လို့ ဆိုလိုက် ပါတယ် ။

အလီဆွန်ဟာ သူရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ရာသီမှာပဲ ထူးချွန်တဲ့ ခြေစွမ်း ပြနိုင်ခဲ့ပြီး မန်စီးတီး ရဲ့ အီဒါဆင် ကို ကျော်ကာ ရွှေလက်အိတ်ဆုကို ရရှိ ခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂိုးသမားဟာ ပရီးမီးယားလိဂ် မှာ clean sheets ၂၁ ပွဲ ရယူ နိုင်ခဲ့ပြီး ယာဂန်ကလော့ ရဲ့ အသင်းဟာ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး ရဲ့အောက် ၁ မှတ် အကွာ ဒုတိယ နေရာနဲ့သာ ရပ်တည် နိုင်ခဲ့ပါတယ်။

အလီဆွန် ဟာ စပါး နဲ့ ရင်ဆိုင် ရမယ့် ချန်ပီယံလိဂ် ဖိုင်နယ် မှာ လီဗာပူး ရဲ့ ဂိုးပေါက်ကို စောင့်ရှောက် ရမှာ ဖြစ်ပြီး လီဗာပူး အသင်း ကလည်း ပြီးခဲ့တဲ့ ရာသီက ရီးရဲယ်ကို ချန်ပီယံလိဂ် ဖိုင်နယ် မှာ ရှုံးနိမ့် ခဲ့မှုကို ချေဖျက်ကာ ဒီရာသီမှာ အသင်းရဲ့ သမိုင်း တစ်လျှောက် ၆ ကြိမ်မြောက် ဖလား ရယူဖို့ ပစ်မှတ် ထားနေပါတယ်။

SM