“မပြေးခင် လမ်းလျောက်တတ်ဖို့ လိုပါသေးတယ်” – ဘာကာ နည်းပြရာထူးနဲ့ပတ်သက်ပြီး ဖြေကြားသွားတဲ့ ဇာဗီ

ဘာစီလိုနာ အသင်း ရဲ့ ဂန္ထ၀င် ကွင်းလယ် ကစား သမား ဟောင်းကြီး ဇာဗီ ဟာနန်ဒက် ကတော့ သူ့ အနေ ဖြင့် အသင်း ဟောင်း ဘာစီလိုနာ ကို နည်းပြ အဖြစ် နဲ့ ပြန်လာ ဖို့ စိတ်ကူး ရှိ ထား ပေမယ့် လက် တလော မှာ တော့ စောလွန်း နေ ပါ သေးတယ် လို့ ပြောဆို သွားရင်း နည်းပြ ဘ၀ ကို ကူးပြောင်းချိန် မှာ အတွေ့ အကြုံတွေ များပြား အောင် လေ့လာ သင်ယူ သွားမယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဇာဗီ ဟာ ဘာစီလိုနာ အကယ် ဒမီ ကနေ ပေါ်ထွက် လာတဲ့ ကစား သမား တစ်ဦး ဖြစ်ပြီး လွန်ခဲ့တဲ့ အပတ် က မှ ပရော် ဖက်ရှင်နယ် ကစား သမား ဘ၀ ကို ကာတာ ကလပ် မှာ အဆုံးသတ် ခဲ့သူ ဖြစ် ပါတယ် ။ ဇာဗီ ဟာ ဘာစီလိုနာ မှာ ကစား စဉ် အတွင်း မျိုးဆက် ရဲ့ အကောင်းဆုံး သော ကွင်းလယ် လူ အဖြစ် သတ်မှတ် ခြင်းခံ ခဲ့ရ သူ လည်း ဖြစ် ပါတယ် ။

ဘောလုံး ကစား သမား ဘ၀ ကနေ အနား ယူ ပြီး နောက် မှာ တော့ ဇာဗီ ဟာ ဆရာဟောင်း ယိုဟန် ခရပ် ၊ ဂွာဒီိယိုလာ တို့ရဲ့ အမွေကို ဆက်ခံ ကာ နည်းပြ ဘ၀ ကို ကူးပြောင်း ဖို့ ရည်ရွယ် ထား သူလည်း ဖြစ် ပါတယ် ။ ဒီလို အစီအစဉ် ရှိ နေတဲ့ ဇာဗီ ကို ဘာစီလိုနာ နည်းပြသစ် ဖြစ်လာမယ် လို့ ပြောဆို မှုတွေ ရှိ နေကြ ပေမယ့် ကာယကံရှင် ကတော့ ဒါဟာ သိပ်ကို စောလွန်း နေ ပါသေးတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“စပြီး ပြေးတော့ မယ် ဆိုရင် အရင်ဆုံး လမ်းကောင်းကောင်း လျောက်တက် ဖို့ လိုပါ တယ် ။ ကျွန်တော့ ရဲ့ စိတ်ကူး က တော့ ဒီ ကာတာ မှာပဲ နည်းပြ ဘ၀ ကို စဖို့ ပါ ။ ဒီမှာ အတွေ့ အကြုံကောင်း တွေ ရယူ ပြီးမှ ဥရောပ ဘက် ကို ပြန် သွားမယ် ၊ ဘာစီလိုနာ ကို လည်း တစ်နေ့ တော့ ရောက်လာ မှာပါ”

“ဘောလုံး သမား ဘ၀ ကနေ နား အပြီး မှာ နည်းပြ တစ်ယောက် အဖြစ် နဲ့ ကဏ္ဍသစ် ဖွင့်လှစ် ဖို့ ကျွန်တော် စိတ်လှုပ် ရှား နေ မိပါတယ် ။ ဒါ ပေမယ့် ဘာစီလိုနာ လို အသင်းမျိုး ကို ကိုင်တွယ် ဖို့ အတွက် ကတော့ အဆင်သင့် ဖြစ်ပြီ လို့ မတွေး ထင်ထား ပါဘူး”

“တစ်နေ့ မှာတော့ ဒါက တကယ် ဖြစ်လာ ရမှာပါ ။ ဘာလို့ လည်း ဆိုတော့ ကျွန်တော့ ရဲ့ နည်းပြ ဘ၀ ကို ဘာစီလိုနာ မှာ ပဲ မြှပ်နှံ ကုန်ဆုံး သွားချင် ပါတယ် ။ ဒါပေမယ့် အဲ့ဒီ ကို မေ၇ာက်ခင် မှာ လုံလောက် တဲ့ အတွေ့ အကြုံ နဲ့ ပညာတွေ ကို လေ့လာ သင်ယူ ရဦး မှာပါ”

“ဆရာကောင်းတွေ ရဲ့ ဘောလုံး အတွေး အခေါ်တွေ ၊ အယူ အဆ တွေ က ကျွန်တော့ ဆီ မှာ ရှိနေ ပါတယ် ။ အနာဂါတ် မျိုးဆက်သစ် တွေ ကို ဒီ အယူ အဆ အတွေး အခေါ် တွေ ကို ပြန်ပြီး လက်ဆင့် ကမ်းပေး ချင် တာပါ ။ ဘောလုံး မှာ ကစားနည်း မျိုးစုံ ရှိ ပါတယ် ။ ကျွန်တော် ကတော့ ဘာစီလိုနာ ရဲ့ နည်းလမ်း ကိုပဲ အမြဲတမ်း ရွေးချယ် မှာပါ” လို့ ဇာဗီ က ဆိုသွား ခဲ့ ပါတယ် ။

SPORTS MYANMAR