စီးရီးအေ ဇာတ်သိမ်းခန်းက ရင်ခုန်စိတ်လှုပ်ရှားဖွယ်များ

စီးရီးအေ ရဲ့ ၂၀၁၈-၂၀၁၉ ဘောလုံး ရာသီ ဆုံးခန်းတိုင်ဖို့ ၁ ပွဲသာ ကျန်ပါ တော့တယ် ။ ယူဗင်တပ် အမှတ်ပေး ချန်ပီယံ ဖြစ်သွား ပြီ ဖြစ်သလို နာပိုလီ ကလည်း အဆင့် ၂ နေရာ သေချာ သွားပါ ပြီ ။ အောက်ဆုံး မှာလည်း ချီယေဗို နဲ့ ဖရိုဆီနိုနီ တို့ တန်းဆင်း သွားခဲ့ ရပြီ ဖြစ်ကာ နောက်ဆုံး ပွဲစဉ် မှာ အဆင့် ၁၈ အတွက် ရင်ခုန် ရမှာ ဖြစ် ပါတယ် ။ ဒါတွေ အားလုံး ထက် ပိုပြီး စိတ်ဝင်စား ဖို့ ကောင်း နေခဲ့ တာ ကတော့ အဆင့် ၃ နဲ့ ၄ နေရာ အတွက် အသင်း ၄ သင်း က နောက်ဆုံး အချိန် အထိ အပြိုင် လုခွင့် ရှိနေ ခဲ့တာ ပါပဲ

အဆင့် ၃ နဲ့ ၄ နေရာမှာ အတ္တလန်တာ နဲ့ အင်တာမီလန် တို့ က ၆၆ မှတ် စီနဲ့ ရပ်တည် နေကြ ပါတယ် ။ သူတို့ ရဲ့ နောက် မှာတော့ အေစီမီလန် က ၁ မှတ် အကွာ နဲ့ ကပ် လိုက် နေပြီး အဆင့် ၆ နေရာ က ရိုးမား ကလည်း Head-to-Head ရလဒ် ကြောင့် ၃ မှတ် ကွာဟနေ ပေမယ့် မျှော်လင့် ချက် ရှိနေ သေးတဲ့ အနေအထား ကို ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ဒါကြောင့် စီးရီးအေ ရဲ့ လက်ကျန် ချန်ပီယံလိဂ် ၀င်ခွင့် ၂ နေရာ ဟာ နောက်ဆုံး ပွဲစဉ် အထိ ရင်ခုန် စိတ်လှုပ် ရှားစေ တော့မှာ အမှန် ပဲ ဖြစ် ပါတယ် ။ ဒီ အသင်း ၄ သင်း ဟာ ထိပ်တိုက် တွေ့ ဆုံမှု အရ အပြန် အလှန် အသာ ရရှိ ထားတာ ကလည်း အကယ်၍ ၄ သင်း စလုံး အမှတ် တူ ခဲ့ရင် ဆိုတဲ့ စိတ်ကူး စိတ်သန်း ကို ဖြစ်ပေါ် စေ ခဲ့ ပါတယ် ။

ရာသီ ပိတ် ပွဲစဉ် မှာတော့ အတ္တလန်တာ က ဆာဆူအိုလိ ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာပါ ။ အင်တာ က လည်း အိမ်ကွင်း မှာ အမ်ပိုလီ ၊ ရိုးမား က အိမ်ကွင်း မှာ ပါးမား တို့ ကို လက်ခံ ကစား ရမှာ ဖြစ်ပြီး အေစီမီလန် ကတော့ SPAL အသင်း ကို အဝေးကွင်း မှာ သွားေ၇ာက် ယှဉ်ပြိုင် ရမှာ ဖြစ် ပါတယ် ။

ဒီအထဲ မှာ အင်တာ က လွဲရင် ကျန် ၃ သင်းစလုံး ဟာ အမှတ် မလိုတော့တဲ့ အသင်းတွေ နဲ့ ဆုံခဲ့ကြ ပါတယ် ။ အင်တာမီလန် ကတော့ အမ်ပိုလီ ရဲ့ ရုန်းအား ကို သတိပြု ရမှာပါ ။ အဆင့် ၁၇ မှာ ရှိနေတဲ့ အမ်ပိုလီ ဟာ နောက်ဆုံး ပွဲ ကို အနိုင် ကစားလိုက်တာ နဲ့ တန်းဆင်း ရတော့ မှာ မဟုတ်တာ ကြောင့် အင်တာ မီလန် သာမက ၊ ဘာစီလိုနာ ပင်ဖြစ်စေ အနိုင် ကစားဖို့ ကို စိတ်ပိုင်း ဖြတ်ထား မှာ သေချာ လို့ နေပါတယ် ။

ဒီ ၄ သင်း ထဲ မှာ အခြေ အနေ အကောင်းဆုံး ကတော့ အတ္တလန်တာ အသင်း ဖြစ်ပြီး အင်တာ နဲ့ ရိုးမား တို့ အပေါ် Head-to-Head အသာ ရထားတာ ကြောင့် နောက်ဆုံး ပွဲ မှာ ရှုံးခဲ့ ရင်တောင်မှ အင်တာ မီလန် လည်း ရှုံးနိမ့် ခဲ့မယ် ဆိုရင် ရိုးမား ပွဲ ရလဒ် ကို ထည့်တွက် စရာ မလိုဘဲ ချန်ပီယံလိဂ် ၀င်ခွင့် ကို ဆုပ်ကိုင် နိုင် မှာ ဖြစ် ပါတယ် ။

၁ မှတ် အကွာ က အေစီမီလန် ကတော့ အတ္တလန်တာ နဲ့ ရိုးမား တို့ အပေါ် ထိပ်တိုက်တွေ့ဆုံမှု အသာ ရထား တဲ့ အတွက် အင်တာ ( သို့ ) အတ္တလန်တာ တစ်သင်းသင်း အမှတ် လျော့ ဖို့ လည်း မျှော်လင့် ရင်း နောက်ဆုံး ပွဲစဉ် ကို အနိုင် ကစားရမှာ ဖြစ် ပါတယ် ။

ရိုးမား က တော့ ၃ မှတ် ထိ ကွာနေတဲ့ အပြင် ထိပ်တိုက်တွေ့ဆုံ မှု မှာလည်း အင်တာ တစ်သင်း ကို သာ အသာ ရထားတဲ့ အတွက် မီလန် ၂ သင်း စလုံး ရှံးဖို့ ဆုတောင်း ရမှာ ဖြစ် ပြီး သူ ကိုယ်တိုင် ကလည်း ပါးမား ကို အနိုင် ကစားဖို့ လိုအပ် မှာ ဖြစ် ပါတယ် ။

စီးရီးအေ ရဲ့ ရာသီပိတ် ပွဲစဉ် ကို တော့ လာမယ့် စနေ ၊ တနင်္ဂနွေ နေ့တွေ မှာ ကစား သွားမှာ ဖြစ် ပါတယ် ။ ယူဗင်တပ် ၊ နာပိုလီ တို့ နဲ့ အတူ ချန်ပီယံ လိဂ် ၀င်ခွင့် လက်မှတ် ကို ဘယ် အသင်းတွေ ရယူနိုင် မလဲ ၊ တန်းဆင်း ရမယ့် တစ်နေရာ အတွက် ရော ဂျီနိုအာ တို့ အလွတ် ရုန်းထွက် နိုင်ပါ့မလား ဆိုတာ ရင်ခုန် စိတ်လှုပ် ရှားရဦး မှာ ပဲ ဖြစ် ပါတယ်

SPORTS MYANMAR