သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ပြောလိုက်တဲ့အာဆင်နယ်၊ ယူနိုက်တက်တို့ရဲ့ပစ်မှတ် #ဒမ်ဘီလီ

ဒီရာသီအစမှာဆဲလ်တစ်အသင်းကနေ လိုင်ယွန် အသင်းကိုပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမားလေး မူဆာဒမ်ဘီလီ ဟာ သူ့ရဲ့ လီဂူးအဖွင့်ရာသီမှာပဲ သွင်းဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့လို့ ဥရောပ ထိပ်သီး အချို့ရဲ့ ပစ် မှတ်ဖြစ်လာနေပါတယ်။အသက် ၂၂နှစ်အရွယ် ဒီပြင်သစ်သား လေးကို ယူနိုက်တက် အသင်းက ချိတ်ဆက်မှုတွေရှိနေခဲ့တာဖြစ်ပြီး အသင်းကို အလုံးစုံအပြောင်း အလဲ ပြုလုပ်ဖို့ရှိနေတဲ့ နည်းပြ ဆိုးလ်ရှားက ပေါင်သန်း ၄၀ အထိ အသုံးပြုဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သူရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်စွမ်းရည်ကြောင့် လည်း အာဆင်နယ် အသင်းရဲ့ အမှတ်မထင် ပစ်မှတ် တခုအဖြစ် ထွက်ပေါ်လာတာဖြစ်ပါတယ်။အဆိုပါ နှစ်သင်းလုံး ရဲ့ ကင်းထောက်တွေ ဟာ မာဆေးလ် နဲ့ လိုင်ယွန် တို့ ကစားခဲ့တဲ့ ပွဲစဉ်ကို လာရောက် ပြီး ဒမ်ဘီလီရဲ့ခြေစွမ်းကို အပြိုင်လေ့လာခဲ့ကြဖူးသေးတာဖြစ်ပါတယ်။အခုလို ပရီးမီးယားလိဂ်ထိပ်သီးတွေ နဲ့ သတင်းတွေထွက်နေခဲ့ပေမယ့် ကာယကံရှင် ကစားသမားကတော့ အင်္ဂလန် မြေကို ပြောင်းရွှေ့ မယ့် ကိစ္စကို ပယ်ချသွားခဲ့ပါတယ်။ ဒမ်ဘီလီဟာ လက်ရှိအချိန်မှာ အသင်းဟောင်း ဆဲလ်တစ် ကို ပြန်လည် ရောက်ရှိလည်ပတ်နေပြီး တနင်္ဂနွေနေ့မှာပြု လုပ်ခဲ့တဲ့ စကော့တလန် လိဂ်ဖလား အောင်ပွဲခံ အခမ်းအနားကို တက်ရောက်ခဲ့ပါသေးတယ်။

Lyon’s French forward Moussa Dembele gestures after scoring a goal during the French L1 football match between Bordeaux (FCGB) and Lyon (OL) on April 26, 2019 at the Matmut Atlantique stadium in Bordeaux, southwestern France. (Photo by NICOLAS TUCAT / AFP)

အဆိုပါ အခမ်းအနားအတွင်း အင်တာဗျူးတခုမှာ ဒမ်ဘီလီက – – -” ကျွန်တော်ဟာ လိုင်ယွန်နဲ့ ၅နှစ်စာချုပ် ချုပ်ဆိုထားခဲ့တာဖြစ်သလို အဲ့ဒီမှာလည်း ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ မြင်ရပါလိမ့်မယ်။ကျွန်တော်ဟာ လာမယ့်ရာသီမှာ လိုင်ယွန်  မှာ ဆက်နေရမှာကို လည်း ကျေနပ်နေပါတယ်။ဒါပေမယ့် နောက်တော့ ဘာတွေဖြစ်မယ်ဆိုတာမြင်ရ ပါလိမ့်မယ် ” လို့ပြောခဲ့ပါတယ်။လူငယ်ကစားသမား ဘဝကို PSG
ဖူလ်ဟမ် အသင်းတွေမှာဖြစ်သန်းခဲ့တဲ့ ဒမ်ဘီလီ ဟာ ၂၀၁၆ ခုနှစ်မှာ ဆဲလ်တစ်ကို ရောက်လာခဲ့တာဖြစ် ပြီး ၂နှစ်အကြာမှာ လိုင်ယွန်ကို ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ပြောင်း ရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ အရောင်းစာချုပ်မှာ ကစားသမားရဲ့ စာချုပ်ဖြတ်သိမ်းကြေး တခုကိုပါထည့်သွင်း ရောင်းချခဲ့တာဖြစ်ပါတယ်။ဆဲလ်တစ် တို့ ဟာ ဗန်ဒိုက်ကို ဆောက်သမ်တန် အသင်းထံ ရောင်းချခဲ့စဉ် ကလည်း အခုလို အချက်တခုကို ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ဗန်ဒိုက်ကို လီဗာပူး အသင်းက ပေါင် ၇၅ သန်း နဲ့ ခေါ်ယူလိုက်ချိန်မှာ တော့ ဆဲလ်တစ် အသင်းဟာ သူတို့ ရဲ့ အရောင်းစာချုပ်ပါအချက် အလက်အရ ပေါင် ၇.၅ သန်းရရှိထား
ခဲ့ဖူးတာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဒမ်ဘီလီသာ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ခဲ့ပါက ဆဲလ်တစ် အသင်းအတွက်လည်း အကျိုးအမြတ်ရှိလာနိုင်တာဖြစ်ပါတယ်။ ဒီရာသီမှာ ဒမ်ဘီလီလိုပဲ အများရဲ့ စောင့်ကြည့်ခြင်း ခံထားခဲ့ရသူကတော့ ကွင်းလယ်ကစားသမားလေး အန်ဒွန်ဘီလီ ပဲဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ မန်ချက်စတာမြို့ခံ နှစ်သင်း အပါအဝင် ဥရောပ ထိပ်သီး အချို့က စိတ်ဝင်စားနေတာ ဖြစ်ပြီး ဖာနန်ဒင်ဟိုရဲ့ နေရာအတွက် သူ့ကို မန်စီးတီး က ရည်ရွယ်နေတာဖြစ်ပါတယ်။ ယူနိုက်တက် အသင်းကတော့ စာချုပ် သက်တိုး မတိုးပဲ ထွက်ခွာသွားခဲ့တဲ့ ဟာရဲယား ရဲ့ နေရာအတွက် အန်ဒွန်ဘီလီကို ရည်ရွယ်နေတာဖြစ်ပါတယ်။

Lyon’s French forward Moussa Dembele (R) vies with Caen’s French defender Jonathan Gradit (L) during the French L1 football match between Olympique Lyonnais (OL) and Stade Malherbe Caen on May 18, 2019, at the Parc Olympique Lyonnais stadium in Decines-Charpieu, central-eastern France. (Photo by PHILIPPE DESMAZES / AFP)

လိုင်ယွန် အသင်း ဟာ ယမန်နေ့မှာကစားခဲ့တဲ့ လီဂူး ပွဲစဉ်မှာ ကိန်းအသင်းကို လေးဂိုးပြတ် အနိုင်ယူပြီး အဆင့် ၃ နေရာနဲ့ ပန်းဝင်ခဲ့လို့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ပါတယ်။

SPORTS MYANMAR