အမှတ်ပေး ဇယားထိပ်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ရတဲ့ ဘာစီလိုနာ ၊ ရီးယဲ မက်ဒရစ် နဲ့ အေတီကို သတင်းတိုများ

ဒီတစ်ပါတ် ပွဲစဉ် ရလဒ်များ …

အီဘာ 0 – 3 ဘာစီလိုနာ
အေတီကို 1 – 1 ဗလန်စီယာ
မာလော့ကာ 1 – 0 ရီးယဲ မက်ဒရစ်

အမှတ်ပေး ဇယား ရပ်တည်မှု …

(1) ဘာစီလိုနာ ( 19 မှတ် )
(2) ရီးယဲ မက်ဒရစ် ( 18 မှတ် )
(4) အက်သလက်တီကို ( 16 မှတ် )

ဘာစီလိုနာ ကတော့ ပြိုင်ဖက် နှစ်သင်း ရလဒ် ကျဆင်း နေချိန် အဝေးကွင်း ဂိုးပြတ် နိုင်ပွဲ ရှှာဖွေပြီး အမှတ်ပေး ဇယား ကို ဦးဆောင် လိုက်ပါပြီ ။ အဆိုပါ ပွဲစဉ် မှာတော့ အသင်း ရဲ့ တိုက်စစ် ကစားသမား သုံးဦး ဖြစ်ကြ တဲ့ မက်ဆီ ၊ ဆွာရက်ဇ် နဲ့ ဂရစ်ဇ်မန်း တို့ သုံးဦးလုံး ဂိုးတွေ သွင်းယူ နိုင်ခဲ့ခြင်းက ဘာစီလိုနာ ပရိသတ် တွေ အတွက် အပျော်တွေ ပိုပြီး တိုးပွား စေခဲ့ ပါတယ် ။

ဒါ့အပြင် အနိုင် သေချာ နေတဲ့ အချိန် ကိုယ်တိုင် ဂိုးသွင်းခွင့် ရရှိခဲ့ ပေမယ့် ဂိုးမရ သေးတဲ့ အသင်းဖော် ဆွာရက် ဆီကို ဘောလုံး ထိုးပေးရင်း ဂိုး ဖန်တီးမှု ပြုလုပ်သွား ခဲ့တဲ့ မက်ဆီ ရဲ့ စိတ်ထား က ပရိသတ် တွေရဲ့ လေးစား မှုကို သိမ်းပိုက် သွားနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် မက်ဆီ ဟာ ပွဲစဉ် ရဲ့ အကောင်းဆုံး ကစား သမား လည်း ဖြစ်သွား ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ဆွာရက်ဇ် ဟာ အသင်း အတွက် နောက်ဆုံး ကစားပေး ခဲ့တဲ့ ပွဲစဉ် 7 ပွဲမှာ 13 ဂိုး အထိ သွင်းယူ ပေးထား နိုင် ခဲ့တဲ့ မှတ်တမ်း ကောင်း တစ်ရပ် ကို ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။

ဒါ့အပြင် ဆွာရက်ဇ် ဟာ ဘာစီလိုနာ အသင်း အတွက် 184 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့သူ အဖြစ် ဂန္ဓဝင် ဂျိုးဆပ် ဆမီတီးယား နဲ့ သွင်းဂိုး အရည် အတွက် တူညီ သွားခဲ့ ကာ အသင်း ရဲ့ သမိုင်း တစ်လျောက် စတုတ္ထမြောက် ဂိုးသွင်း အများဆုံး ကစား သမား ဖြစ်လာ ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် ရဲ့ ပွဲချိန် 79 မိနစ် မှာ လူစားလဲ ခံခဲ့လိုက် ရတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင် ကို ပြိုင်ဖက် အီဘာ ပရိသတ် တွေက လက်ခုပ်တီး ဂုဏ်ပြု ခဲ့ကြ ပါတယ် ။ ပြိုင်ဖက် ကစား သမား တစ်ဦး ကို အခုလို အားပေး ခြင်းဆိုတာ ကြုံတောင့် ကြံုခဲ ပါပဲ ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ဘာစီလိုနာ အသင်း ရဲ့ တိုက်စစ်မှူးသစ် ဂရစ်ဇ်မန်း က MSG တိုက်စစ် အနေ နဲ့ ဒီထက် ပိုပြီး တစ်ဦး အပေါ် တစ်ဦး သိရှိ နားလည် ဖို့ လိုအပ် သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မက်ဆီ ဟာ အီဘာ အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့တဲ့ ပွဲစဉ် 10 ပွဲမှာ 16 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါပြီ ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ဘာစီလိုနာ အသင်း နည်းပြ ဗယ်လ်ဗာဒီ က ခမ်းနား တဲ့ ကစားသမား တွေ ဆိုတာ ကွင်းထဲ အသင်းဖော် တွေကို အမြဲ ရှာဖွေ တက်ကြတယ် လို့ ဆိုသွားရင်း တတိယ ဂိုး ဖန်တီးပေး ခဲ့တဲ့ မက်ဆီ ကို ချီးကျူး သွား ခဲ့လိုက် ပါတယ် ။ ဒါ့အပြင် သူတို့ဟာ အီဘာ ရဲ့ စမ်းသပ်မှု ကို ကျော်လွှား နိုင်ခဲ့ ကြပြီ လို့ ဗယ်လ်ဗာဒီ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဆန်းတို့စ် အသင်း မှ နေမာ ရဲ့ နည်းပြ ဟောင်း တစ်ဦး ဖြစ်တဲ့ မြူရီစီ ရာမယ်လ်ဟို က နေမာ ဟာ PSG အသင်းဆီ ပြောင်းရွှေ့ပြီး ကြီးမားတဲ့ အမှား တစ်ခု ကို ကျူးလွန် သွားခဲ့တယ် လို့ ဆိုသွားလိုက် ပါတယ် ။

ကျွန်တော် တို့ဟာ ပွဲစဉ် စတင်တဲ့ အချိန် ကနေ စတင်ပြီး ပွဲပြီး သွားတဲ့ အထိ အကောင်းဆုံး စွမ်းဆောင်ရည် ကို ပြသ ထားနိုင် ခဲ့ကြ ပါတယ် လို့ အဖွင့်ဂိုးကို ဖန်တီး ခဲ့တဲ့ လန်ဂ်လက် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အီဘာ အသင်း ရဲ့ နည်းပြ ကတော့ ဗယ်လ်ဗာဒီ ဟာ ဘာစီလိုနာ တို့ ပိုင်ဆိုင်ထား ကြတဲ့ အကောင်းဆုံး နည်းပြ တစ်ဦး ဖြစ်ကြောင်း ဖွင့်ပြော လိုက်ပြီး မက်ဆီ နဲ့ ဆွာရက်ဇ်် တို့ကို ချီးကျူး သွားခဲ့ ပါတယ် ။

မက်ဆီ ကိုယ်တိုင် ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆု အတွက် ကျွန်တော့် ကို မဲပေး ခဲ့ခြင်း က ကျွန်တော် ဘယ်လောက် ဝေးတဲ့ ခရီး ကို လျှောက်လှမ်း နိုင်ခဲ့ ပြီလဲ ဆိုတာ ကို ပေါ်လွင် စေ ပါတယ် လို့ လီဗာပူး အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစား သမား ဖြစ်သူ ဆာဒီယို မာနေး က ဆိုသွား ခဲ့လိုက် ပါတယ် ။

ဒီ ရာသီ ရှံုးပွဲ လုံးဝ မရှိ သေးတဲ့ ရီးယဲ မက်ဒရစ် အသင်း ဟာ မာလော့ကာ အသင်းကို ရှံုးနိမ့် သွားတဲ့ နောက်တော့ အမှတ်ပေး ဇယား ဒုတိယ နေရာ ကို ဆင်းပေး ခဲ့လိုက် ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ တိုက်စစ် ကစား သမား သစ် ဖြစ်သူ လူကာ ဂျိုဗစ် ဟာ ပြိုင်ဖက် ဂိုး ဧရိယာ အတွင်း ခြိမ်းခြောက် မှု မပြုလုပ် နိုင်ခဲ့ သလို ဘောလုံး ထိခွင့် တောင် မပိုင်ဆိုင် နိုင်ခဲ့တဲ့ အတွက် ဝေဖန်မှု တွေအောက် ကျရောက် သွားခဲ့ရ ပါတယ် ။

တစ်သင်းလုံးရဲ့ ပွဲထွက် ကစားသမား တန်ကြေး ယူရို 6 သန်း သာ ရှိတဲ့ မာလော့ကာ အသင်းဟာ ယူရို 902 သန်း အထိ တန်တဲ့ ရီးယဲ မက်ဒရစ် အသင်း ကို အနိုင်ယူ ခဲ့ကြ တဲ့ အပေါ် စပိန် မီဒီယာ တွေက လေးစား ကြောင်း ဖော်ပြ ခဲ့ကြ ပါတယ် ။

PSG အသင်း ကတော့ ရီးယဲ ပစ်မှတ် ဖြစ်တဲ့ တော့တင်ဟမ် အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင် အဲရစ်ဆင် ကို ကြားဖြတ် ခေါ်ယူလို နေတယ်လို့ သိရှိရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ဇီဒန်း က လက်ရှိ အသင်း ရဲ့ ပြသနာ က သူတို့ တွေ အနေ နဲ့ ကောင်းမွန်တဲ့ အသင်း ဖြစ်ကြောင်း သုံးရက် တစ်ကြိမ် သက်သေ ပြဖို့ လိုအပ် နေခြင်း ပဲ ဖြစ်ကြောင်း ၊ ပုံမှန် ခြေစွမ်း ကို ထိန်းသိမ်း နိုင်ဖို့ အတွက် လိုအပ်ချက် ရှိနေ သေးကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် သူဟာ စိုးရိမ်စိတ် ဖြစ်မိ သလား ဆိုတဲ့ စကား ကို မပြောလိုကြောင်း ၊ ဒါဟာ သူ ကြိုက်နှစ်သက် တဲ့ စကားလုံး မဟုတ် ကြောင်း ဇီဒန်း က ဆိုသွား ခဲ့လိုက် ပါတယ် ။ သတင်း တွေ ကတော့ လက်ရှိ အနေအထား အတိုင်း ဆိုရင် ရီးယဲ တို့ ယူရို ပါလိဂ် ဆင်းကန်ရ လိမ့်မယ် လို့ ဝေဖန် နေကြ ပါတယ် ။

ရီးယဲ မက်ဒရစ် ကစားသမား တွေ ကတော့ ပြိုင်ဖက် အသင်း ဖက်မှ ဗီနီးရှပ်စ် ကို ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အချိန် ပင်နယ်တီ မရရှိ ခဲ့ခြင်း နဲ့ ပတ်သက်လို့ VAR အပေါ် အရမ်းပဲ စိတ်ပျက် နေခဲ့ ကြ ပါတယ် ။
မန်စီးတီး အသင်း ကတော့ ရီးယဲ မက်ဒရစ် မှ စိတ်ဝင်စား နေတဲ့ စတာလင် ကို အသင်း မှာ ဆက်လက် ရှိနေ စေဖို့ တစ်ပါတ် ပေါင် 450,000 နဲ့ စာချပ် သက်တမ်း တိုမြှင့် သွားလို နေတယ် လို့ သိရှိ နေရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဝါရင့် နောက်ခံလူ မာဆယ်လို က သူတို့ တွေဟာ အနိုင် ရရှိ နိုင်ရေး အတွက် အစွမ်းကုန် ကြိုးစား ခဲ့ ကြကြောင်း ၊ အစောပိုင်း ဂိုးပေး ခဲ့ရတဲ့ အတွက် ဆင်ခြေ ပေးစရာ အကြောင်း မရှိကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။

ပုံစံကောင်းတွေ ပြသ နိုင်ရေး အတွက် ရုန်းကန် နေခဲ့ရတဲ့ ဂိုး သမား ကော့တွိုက်စ် အပေါ် ရီးယဲ ပရိသတ် တွေ စိတ်ကုန် နေခဲ့ ကြပြီး ဂိုးသမား သစ် အရီယိုလာ ကို ဂိုးပေါက် ကာကွယ်ရေး တာဝန် ပေးအပ် သွားဖို့ တောင်းဆို နေကြ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပစ်မှတ် ကစားသမား တွေ ဖြစ်ကြ တဲ့ ဂျေဒန် ဆန်ချို နဲ့ အားလင်း ဟားလန်း တို့ကို ခေါ်ယူ ဖို့ ပစ်မှတ် ထားနေတယ် လို့ သိရှိ ရ ပါတယ် ။

အေတီကို အသင်း ကတော့ အိမ်ကွင်း မှာ သရေ ရလဒ် သာ ရယူ ထားနိုင် ထဲ့တာ ကြောင့် လာလီဂါ အမှတ်ပေး ဇယား မှာ အဆင့် 4 နေရာ အထိ ဆင်းပေး လိုက်ရ ပါတယ် ။ အေတီကို ဟာ နောက်ဆုံး ကစား ခဲ့တဲ့ လိဂ်ပွဲ 6 ပွဲမှာ တစ်ပွဲသာ နိုင်ထား ခဲ့ပါ သေးတယ် ။

အဆိုပါ ပွဲစဉ် မှာ ပင်နယ်တီ မှ တစ်ဆင့် ဂိုး သွင်းယူ နိုင်ခဲ့ ခြင်းက တိုက်စစ် မှူး ကော်စတာ ရဲ့ ဒီ ရာသီ ပထမဆုံး အိမ်ကွင်း သွင်းဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာ နေရာယူ ဖို့ ကြိုးစား နေ ခဲ့တဲ့ အေတီကို တိုက်စစ် ကစားသမား လေး ဂျွာအို ဖဲလစ် ဟာ ခြေချင်းဝတ် လည်သွား ခဲ့တယ် လို့ သိရှိ လိုက်ရ ပါတယ် ။ အဆိုပါ ဒဏ်ရာ ကြောင့် သူဟာ ပွဲထွက် ကစား ခွင့် သုံးလေးပွဲ လောက် လွဲချော် သွားနိုင်တယ် လို့ သိရှိ ရ ပါတယ် ။

အေတီကို နည်းပြ ဆီမြွန်နီ က တိုက်စစ်မှူးတွေ ဖြစ်ကြ တဲ့ ကော်စတာ နဲ့ မိုရာတာ တို့ အတွက် ပုံစံ ကောင်း ရရှိ စေဖို့ တစ်ခု တည်းသော အဖြေ က အလုပ် ဆက်လက် ကြိုးစားခြင်း ပဲ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း အရ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အသင်း ကို အင်အား ဖြည့်တင်း သွားဖို့ အတွက် အေတီကို တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဆောလ် နီဂွက်ဇ် ကို ခေါ်ယူ လိုနေတယ် လို့ သိရှိရ ပါတယ် ။

#Sports_Myanmar