ဒီရာသီ လီဗာပူး ရဲ့ အားနည်းချက် တစ်ခုကို ပြောလိုက်တဲ့ ချာလီနစ်ကိုးလပ်

စကော့တလန် နဲ့ ဆဲတစ် တိုက်စစ်မှုးဟောင်း ချာလီ နစ်ကိုးလပ်က ဒီရာသီ လီဗာပူး အသင်းရဲ့ ခံစစ်ပိုင်း အားနည်းချက်ဟာ အမှတ်တွေ လျော့စေလိမ့်မယ်လို့ ဆိုလိုက်ပြီး ဒါဟာ မန်ချက်စတာစီးတီး အသင်းနဲ့ ကွာဟချက်ကို ကျဉ်းမြောင်း သွားစေ လိမ့်မယ်လို့ ဆိုသွား ပါတယ်။

လီဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲ ကစား ပြီးချိန်မှာ အကောင်းဆုံး ရာသီ စတင်မှုကို လုပ်နိုင် ခဲ့ပြီး ရာနှုန်းပြည့် နိုင်ပွဲမှတ်တမ်း ကို ရရှိ ထားခဲ့ပါတယ်။ မန်ချက်စတာစီးတီး အသင်း ကတော့ ဒီရာသီ မှာ ရှုံးပွဲ ၂ ပွဲနဲ့ သရေ ၁ ပွဲ ရှိခဲ့တာကြောင့် အမှတ်တွေ ဆုံးရှံုး ခဲ့ပြီး လီဗာပူး နဲ့ ၈ မှတ် ကွာဟ နေပါတယ်။

စီးတီးဟာ တော့တင်ဟမ် နဲ့ အီတီဟတ် မှာ ၂ – ၂ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ ဂိုးကန်သွင်းမှု အကြိမ် ၃၀ အထိ ရှိခဲ့ပေမယ့် ရမှတ် ၂ မှတ် ဆုံးရှံုး ခဲ့ပြီး ၎င်းတို့ရဲ့ ဒီရာသီ ပထမဦးဆုံး ရှံုးပွဲ ကတော့ တန်းတက် နော့ဝှစ် အသင်းကို ကာရိုးရုတ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ အံ့ဖွယ် ရှံုးနိမ့်မှုပဲ ဖြစ်ပါတယ်။

ထို့နောက် မန်စီးတီးဟာ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၀ုဖ်အသင်းကို အီီတီဟတ် မှာ ၂-၀ နဲ့ အံ့အားသင့်ဖွယ် ရှံုးနိမ့် ခဲ့ပြန်ပြီး ပြိုင်ဘက် အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု ၂၄% နဲ့ အနိုင်ရ ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း လက်ရှိ ဘောလုံး အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ ချာလီနစ်ကိုးလပ်က ပက်ဂွာဒီယိုလာ ရဲ့ အသင်းဟာ လီဗာပူးနဲ့ ကွာဟချက် ကျဉ်းမြောင်း စေမယ့် အခွင့်အရေးတွေကို အသုံးချနိုင်စွမ်း ရှိလောက်အောင် ကောင်းမွန်တဲ့ အသင်းလို့ ယုံကြည် နေပါတယ်။

ချာလီနစ်ကိုးလပ်က လီဗာပူး အနေနဲ့ တစ်ရာသီလုံး မရှံုးပဲတော့ မနေဘူးလို့ ယူဆ ထားပါသေးတယ်။ ၎င်းက ယာဂန်ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ ့နွေရာသီ အဓိက ကစားသမားတွေကို ထိန်းသိမ်း ထားနိုင် ခဲ့ပေမယ့်လည်း ခံစစ်ပိုင်း ကတော့ ပြီးခဲ့တဲ့ ရာသီ ကလို မာကျောမှု မရှိဘူးလို့ ယုံကြည် နေပါတယ်။

နစ်ကိုးလပ်က “လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မတွေ့ ခဲ့ရတဲ့ ခံစစ်ပိုင်း အားနည်းမှုတွေ ရှိနေ ခဲ့ပါတယ်။ သူတို့ဟာ လက်စတာ ၊ ရှက်ဖီးယူနိုက်တက် တို့နဲ့ ပွဲတွေမှာ ဒယိမ်းဒယိုင် ဖြစ်နေခဲ့ ပါတယ်။ ဒီလို ကံကောင်းမှုဟာ ရာသီ တစ်ခုရဲ့ တစ်ချိန်ချိန်မှာ အားလျော့ သွားနိုင် ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ က စွမ်းဆောင်ရည်မျိုး မလုပ်ပြ နို်င်သေး ပါဘူး။ ဒါပေမယ့် သူတို့ မလုပ်နိုင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ် ပြိုင်ပွဲ ဆိုတာ ဘယ်အသင်း မဆို တစ်သင်းနဲ့ တစ်သင်း အနိုင်ယူ နိုင်စွမ်း ရှိတယ် ဆိုတာ သိထား ရမှာပါ။ ပြီးခဲ့တဲ့ ရာသီက လီဗာပူး ဟာ ရ မှတ် အသာနဲ့ ဦးဆောင် နေတဲ့ အချိန်မှာ ပက်ဂွာဒီယိုလာဟာ သူ့အသင်းကို အမှန်အကန် တွန်အားပေးကာ ၃ ပတ်လောက် ဒေါသထွက် နေခဲ့ ပါတယ်။ သူဟာ ကစားသမား တွေရဲ့ တုန့်ပြန်မှုကို ပြန်ရ ခဲ့ပါတယ်။

ကျွန်တော် ကတော့ လီဗာပူးတို့ အမှတ်တွေ ဆုံးရှံုး အုံးမယ်လို့ ထင်ပါတယ်။ ပြီးတော့ မန်စီးတီးဟာ တစ်ချိန်ချိိန်မှာ အနီးဆုံး နေရာကို ပြန်ရောက် လာပါလိမ့်မယ်။ သူတို့ ခက်ခဲတဲ့ နေရာတွေ သွားရဖို့ ရှိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးနောက် ခက်ခဲတဲ့ ပွဲတွေ တောက်လျှောက် ကစား သွားရဖို့ ရှိနေပါတယ်။ လီဗာပူးဟာ မန်ယူနိုက်တက်နဲ့ အိုးထရပ်ဖို့ဒ်မှာ သွားကန်ပြီးနောက် ကြားရက်မှာ ဂျန့် အသင်းကို ဘယ်ဂျီယံ မှာ ချန်ပီယံလိဂ်ပွဲ သွားကစား ရမှာ ဖြစ်ပါတယ်။ ထို့နောက် ယာဂန်ကလော့ရဲ့ အသင်းဟာ တော့တင်ဟမ် နဲ့ အာဆင်နယ် တို့ကို အိမ်ကွင်းမှာ အသီးသီး ကစား သွားရမှာပါ။

လီဗာပူး နဲ့ မန်စီးတီး တို့ ဒီရာသီ ပထမဦးဆုံး တွေ့ဆုံမယ့် ပွဲစဉ် ကတော့ လာမည့် နို၀င်ဘာ ၁၀ ရက်နေ့ အ်ဖီးမှာ ကစား ရမယ့် ပွဲစဉ် ဖြစ်ပြီး ဒီပွဲဟာ ချန်ပီယံဆု အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။’ လို့ ဆိုသွား ပါတယ်။

SM