ကမ်ဘာ့ ဒုတိယ အညံ့ဆုံး နောကျခံလူ အဖွစျ မဲပေး ရှေးခယြျ ခံရတဲ့ အပေါျ တုနျ့ပွနျ ပွောကွားလိုကျတဲ့ မူစတာဖီ










SPORTS MYANMAR

Zawgyi

ကမ္ဘာ့ ဒုတိယ အညံ့ဆုံး နောက်ခံလူ အဖြစ် မဲပေး ရွေးချယ် ခံရတဲ့ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ မူစတာဖီ
==================================

စပိန် နာမည်ကြီး သတင်းစာစောင် တစ်ခု ဖြစ်တဲ့ မာကာ ရဲ့ ကမ္ဘာ့ အညံ့ဆုံး နောက်ခံလူ စစ်တမ်းမှာ အာဆင်နယ် နောက်ခံလူ မူစတာဖီ ဟာ ပရိသတ်တွေရဲ့ မဲပေး ရွေးချယ်မှု ၁သိန်းခွဲကျော်နဲ့ မန်ယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ် ရဲ့နောက် ဒုတိယ နေရာမှာ ရပ်တည် ခဲ့ပါတယ် ။

မူစတာဖီ က သူဟာ ကမ္ဘာ့ အညံ့ဆုံး နောက်ခံလူ တစ်ဦး မဟုတ်ကြောင်း နဲ့ အဆိုပါ မဲရလဒ်ဟာ ကမ္ဘာ့ အကောင်းဆုံး နည်းပြတွေ မဲ​ပေး ရွေးချယ်တာဆိုရင်တော့ သေချာ အလေးအနက်ထားပြီး စဉ်းစား သွားမှာ ဖြစ်ကြောင်း Spiegel နဲ့ အင်တာဗျူးမှာ တုန့်ပြန် ဖြေကြား သွားခဲ့ပါတယ် ။

မူစတာဖီ က မာကာ ရဲ့ စစ်တမ်း အပေါ် ” ကျနော်ကတော့ ကိုယ့်ကိုယ်ကို ကမ္ဘာ့ အညံ့ဆုံး နောက်ခံလူလို့ လုံးဝ မထင်ပါဘူး ၊ ဒီစစ်တမ်းကို ဥရောပ က အကောင်းဆုံး နည်းပြတွေ မဲပေး ရွေးချယ်တာ ဆိုရင်တော့ ကျနော် သေချာ အလေးနက်ထား စဉ်းစား သွားမှာပါ ။ ”

” ၂၀၁၆ ခုနှစ် အာဆင်နယ် အသင်းကို ရောက်စကနေ နှစ်နှစ်လောက် အထိ ကစားရတာ အဆင်ပြေပြေပါပဲ ၊ ကိုယ့်ကိုယ်ကိုလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသ နေနိုင်တယ်လို့ ထင်ပါတယ် ။ ဒါပေမယ့်ဗျာ ၊ ၂၀၁၈ ခုနှစ် ခရစ္စမတ် နောက်ပိုင်းမှာ အရာ အားလုံးက ရှုပ်ထွေး ကုန်ပါတယ် ၊ ကျနော် အမှားတွေ လုပ်ခဲ့မိ ပါတယ် ၊ နောက်တော့ ကျနော် တစ်ခါမှ မကြုံဖူးတဲ့ ဆိုးရွားတဲ့ အရာတွေ ဆက်တိုက် ကြုံတွေ့ ရတော့တာပါပဲ ။ ”

“ဒဏ်ရာကြောင့် သုံးပတ်လောက် အနားယူ နေရာကနေ နည်းပြက ကျနော့်ကို အရေးတကြီး လိုအပ်ကြောင်း ပြောလာတာကြောင့် လေ့ကျင့်ခန်းတောင် သေချာ မဆင်းရသေးဘဲ လီဗာပူး နဲ့ ပွဲကို ပါဝင် ကစားခဲ့ရပါတယ်။ပထမပိုင်းမှာကတည်းက ၄-၁ ဖြစ်နေခဲ့ပြီး ကျနော် ကိုယ်တိုင်လည်း ဒဏ်ရာ အရှင်း မပျောက်သေးတာကြောင့် ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး ။ ”

” ပွဲလည်းပြီးရော ကျနော့်ရဲ့ တွစ်တာ၊အင်စတာဂရမ် အကောင့်တွေမှာ ပရိသတ်တွေရဲ့ အပျက်သဘောဆောင်တဲ့ ဝေဖန်မှုတွေ အများကြီးရောက်လာတော့တာပါပဲဗျာ ။ သတင်းတွေမှာလည်း ကျနော့်ကို ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင် ခဲ့ကြတာပါ ။ ”

” ကျနော်က အမှား လုပ်မိတဲ့ အခါမျိုးမှာ ကိုယ့်ကိုယ်ကို ပြန်လည် ဝေဖန် ဆန်းစစ်တတ်တဲ့သူပါ ၊ ပြင်းထန်တဲ့ ဝေဖန်မှုတွေကိုလည်း ကျနော် ရင်ဆိုင် နိုင်စွမ်း ရှိပါတယ် ၊ ဒါပေမယ့်ဗျာ ဝေဖန်မှုတွေကလတဖြည်းဖြည်းနဲ့ ပိုမို ပြင်းထန် လာသလို ယုတ္တိလည်း မရှိတော့ပါဘူး ၊ ရှုံးပွဲတွေ့တဲ့ အခါမျိုးမှာ ကျနော် ပါဝင် မကစားတာတောင် ကျနော့်ကိုပဲ ဝိုင်းပြီး အပြစ်ဖို့တာမျိုးနဲ့လည်း ကြုံရပါတယ် ။ ” လို့ ရင်ဖွင့် ပြောကြား လိုက်ပါတယ် ။

၂၀၁၆ ခုနှစ်တုန်းက ဗလန်စီယာ အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ မူစတာဖီ ဟာ ရောက်ခါစက ခြေစွမ်းကောင်းပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာကာ မကြာခဏ အမှားအယွင်း ကျူးလွန်လေ့ ရှိတဲ့ နောက်ခံလူ တစ်ဦးပါ ။ ဒါကြောင့် ဂွန်းနားတို့ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက မူစတာဖီ ကို ရောင်းထုတ် စေချင်ခဲ့ကြပါတယ် ။

အာဆင်နယ် အသင်းဟာ ပရိသတ်တွေ စိတ်ကြိုက် ခြေစွမ်းပြနိုင်ခြင်း ကစားနိုင်ခြင်း မရှိတဲ့ နောက်ခံလူ မူစတာဖီ ကို အသင်းကနေ ထွက်ခွာခွင့် ပြု ခဲ့ ပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းမှာပဲ ဆက်နေပြီး ပွဲထွက်ခွင့် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ် ခဲ့တာလည်း ဖြစ်ပါတယ်။ မူစတာဖီ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် သုံးပွဲ ပါဝင် ကစားပေးထားပြီး သုံးပွဲစလုံး Clean-Sheet ရအောင် စွမ်းဆောင် ပေးထားပါတယ်။

SPORTS MYANMAR