လီဗာပူး ၁ – ၁ လက်စတာ ပွဲစဉ် မှ နှစ်ဘက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်များ

လီဗာပူး အသင်းဟာ လက်စတာစီးတီး ကို အန်ဖီးမှာ အနိုင်ကစားကာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၁၀၀% နိုင်ပွဲ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်း သွားခဲ့ပါတယ်။ ဒ့ါကြောင့် လီဗာပူး ဟာ တနင်္ဂနွေနေ့မှာ ၀ုဖ် အသင်းကို လက်ခံ ကစား သွားရမယ့် မန်စီးတီး အသင်းကို ၈ မှတ် ပြန်ဖြတ် လိုက်ပါတယ်။

ဆာဒီယိုမာနေးဟာ ဒီရာသီ ပုံစံကောင်းကို ဆက်လက် ပြသလျက် ရှိနေပြီး အန်ဖီးမှာ အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ မီနာဟာ ဆီနီဂေါ လက်ရွေးစင် အတွက် အကောင်းဆုံး ဘောလုံး ပေးပို့မှုကို လုပ်ပေး ခဲ့တာ ဖြစ်ပြီး မာနေးဟာ ကက်စ်ပါရှမိုက်ကယ် နဲ့ တစ်ဦးချင်း အတွေ့မှာ အမှားအယွင်း မရှိ ကန်သွင်း ခဲ့တာ ဖြစ်ပါတယ်။ လက်စတာ ဟာ ဒီပွဲမှာ အခွင့်အရေး အနည်းငယ်သာ ရခဲ့ပေမယ့်လည်း ပွဲပြီးဖို့ ၁၀ မိနစ် အလိုမှာ ချေပဂိုး ရသွားခဲ့ပြီး အယိုဇီ ပီရက်ရဲ့ ဖန်တီးပေးမှုကို ဂျိမ်းစ်မက်ဒီဆင်က ကန်သွင်းခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် နောက်ဆုံး မိနစ်မှာ မာနေးကြောင့် ရခဲ့တဲ့ ပင်နယ်တီကို ဂျိမ်းမီနာ ကန်သွင်းခဲ့ကာ လီဗာပူးကို ၈ ပွဲကစား ပွဲတိုင်း အနိုင်ရတဲ့ မှတ်တမ်း ဖြစ်စေ ခဲ့ပါတယ်။

လီဗာပူး

အက်ဒရီယန် – ရ
ဆိုယွန်ချူရဲ့ ခေါင်းတိုက်ချက် လူကျွံဘော ဖြစ်ခဲ့ပေမယ့်လည်း အက်ဒရီယန်ဟာ အကောင်းဆုံး လက်စွမ်းပြ ကာကွယ် ခဲ့သလို ဒုတိယပိုင်း မှာလည်း ဗာဒီ နဲ့ တစ်ဦးချင်း ရင်ဆိုင် အတွေ့မှာ ကောင်းစွာ တားဆီး ပေးခဲ့ပါတယ်။

အလက်ဇန်းဒါးအာနိုး – ရ

ပထမပိုင်းမှာ တစ်ကယ့်ကို ကောင်းမွန်လှတဲ့ ဖြတ်တင်ဘောတွေ လုပ်ပေး နိုင်ခဲ့ပြီး မီနာ နဲ့ ဖာမီနို တို့ ဂိုးရခဲ့သင့် ပါတယ်။ တိုက်စစ်ပိုင်း အတွက် အကွက်မြင်မြင် ဘောလုံး ပေးပို့မှုတွေ လုပ်ပေး နိုင်ခဲ့ပြီး ခံစစ် ကစားပုံလည်း မာကျော ခဲ့ပါတယ်။

လော့ဗရန် – ၈
ခရိုအေးရှားသား ကို ဒီပွဲမှာ ပွဲထွက်ခွင့် ပေးခဲ့တဲ့ ကလော့ ရဲ့ ဆုံးဖြတ်ချက် တကယ့်ကို မှန်ကန်လှပြီး လော့ဗရန်ဟာ ထူးချွန်တဲ့ ခံစစ် ကစားပုံ အပြင် ဗာဒီကို ထိန်းချုပ် ရာမှာလည်း နေရာယူမှုတွေ ကောင်းလွန်း ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းမှာ အရေးပါတဲ့ တားဆီးမှုကို လုပ်သွား ခဲ့ပြီး ဘောလုံး ကိုင်ကစားပုံ တည်ငြိမ်လွန်း ခဲ့ပါတယ်။

ဗန််ဒိုက် – ရ
ဗာဒီရဲ့ တန်ပြန် တိုက်စစ် ကနေ ပြေးလွှားမှုတွေကို ထိန်းချုပ်ဖို့ အတွက် ဒီပွဲမှာ အနည်းငယ် ဆင်းကစား ခဲ့ဟန် ရှိပြီး ပြိုင်ဘက် တိုက်စစ် လမ်းကြောင်းကို ဟန့်တားမှုတွေ ကောင်းမွန် ခဲ့ကာ မကြာခဏ ဆိုသလို ကွင်းလယ်ထိ တက်ကာ တိုက်စစ် လမ်းကြောင်းကို ထောက်ပံ့ ပေးခဲ့ပါတယ်။

ရောဘတ်ဆန် – ရ

၎င်းရဲ့ ပုံစံအတိုင်းပဲ ဘယ်တောင်ပံ တစ်လျှောက် လုပ်အား ကောင်းကောင်း နဲ့ ကစား သွားခဲ့ပြီး ဟာဗီဘန်းစ် ကို အခက်အခဲ တွေ့စေ ခဲ့ပါတယ်။ ဒုတိယပို်င်းမှာ ဂိုးတောင် ရဖို့ နီးစပ် ခဲ့ပြီး ရှမိုက်ကယ် ကာကွယ် သွားခဲ့ပါတယ်။

ဖာဘင်ညို – ၆
လီဗာပူးရဲ့ ကွင်းလယ် ကျောက်ဆောင်ဟာ ပထမပိုင်းမှာ လက်စတာ ရဲ့ ကောင်းမွန်လှတဲ့ ကွင်းလယ်ကို လွှမ်းမိုး ကစား နိုင်အောင် ကူညီ ပေးခဲ့ပြီး ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းကို ဖြတ်တောက်ပုံ ကောင်းခဲ့သလို ဗန်ဒိုက် လော့ဗရန် တို့နဲ့ အတူ တွဲဖက် ညီခဲ့ပါတယ်။ ဒါပေမယ့် အဝါကတ် ထိသွားခဲ့ပြီးနောက်ပိုင်း ကစားပုံ ကျသွားခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြ ခဲ့တဲ့ ပွဲတော့ မဟုတ် ခဲ့ပါဘူး။

၀ုိင်နယ်ဒန် – ၆
ပထမပိုင်း ၄၅ မိနစ်မှာ လုပ်အား ကောင်းကောင်း နဲ့ ကစား သွားခဲ့ပြီး တိုက်စစ်နဲ့ ခံစစ်ကို ချိတ်ဆက် ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ် အတွက် အကွက်မြင်မြင် ပေးပို့မှုတွေ အပြင် ခံစစ် အတွက်လည်း ဒီထက် ပိုမို ကူညီ နိုင်ဖို့ လိုနေ ပါသေးတယ်။

မီနာ – ရ

မာနေး အတွက် အကောင်းဆုံး ဂိုးဖန်တီးမှုကို လုပ်ပေး နိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း ဒီပွဲမှာ ပင်နယ်တီ ကနေ တဆင့် အသင်း အတွက် အနိုင်ဂိုးကို သွင်းယူ ပေးခဲ့ပါတယ်။ ပထမပိုင်းမှာ အကောင်းဆုံး အခွင့်အရေး ၂ ကြိမ် ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ခဲ့ပြီး တစ်ကြိမ်တော့ ဂိုးရ ခဲ့သင့် ပါတယ်။

မာနေး – ၈
ညာတောင်ပံ ကနေ စတင် ကစား ခဲ့ရပြီး ဘန်ချီဝဲရဲ့ ထိုးဖောက်မှု ၂ ကြိမ်ကို အကောင်းဆုံး လုပ်အားနဲ့အတူ တားဆီး ပေးခဲ့ပါတယ်။ အသင်း အတွက် အရေးပါတဲ့ အဖွင့်ဂိုးကို အဆုံးသတ် ကောင်းကောင်း နဲ့ ရယူ ပေးခဲ့သလို အနိုင်ဂိုး ဖြစ်စေမယ့် ပင်နယ်တီ ကလည်း ၎င်းရဲ့ အရည်အသွေးကြောင့် ရခဲ့တာပါ။

ဆာလား – ၆
အထောင်တိုက်စစ် ကနေ ပွဲထွက် ကစား ခဲ့ရပြီး ပြိုင်ဘက် ခံစစ်ကြောင်းကို ဖိအားပေး ကစားပုံ ကောင်းမွန်မှု ရှိခဲ့သလို အသင်းဖော်တွေနဲ့လည်း ချိတ်ဆက်မှု ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း မှာတော့ ပင်ပန်း နေဟန် ရှိကာ ဘောလုံးတွေ အပျက် များခဲ့သလို ထိုးဖောက်မှုတွေ မထိရောက် ခဲ့ပါဘူး။

ဖာမီနို – ၆.၅
ဘယ်တောင်ပံမှာ စတင် ပွဲထွက် ခဲ့ရပြီး တိုက်စစ်ပိုင်း အတွက် ထောက်ပံ့ ပေးနိုင်မှု အားနည်း ခဲ့ပေမယ့် ရီကာဒို ဘန်းတို့ရဲ့ ညာတောင်ပံ တိုက်စစ်ကို ထိန်းချုပ်ရာမှာ ကောင်းစွာ ကူညီ ပေးခဲ့ပါတယ်။ နောက်ထိ ဆင်းကာ အသင်းနဲ့ ချိတ်ဆက် ကစားပုံတွေ ကောင်းခဲ့ ပေမယ့် ဂိုးသွင်းခွင့်တော့ သိပ်မရ ခဲ့ပါဘူး။

လူစားဝင် – ဟန်ဒါဆန် ၆ ၊ အိုရီဂီ ၆ ၊ လယ်လာနာ (ပွဲချိန် မလုံလောက်ခဲ့)

လက်စတာ

ရှမိုက်ကယ် ၆.၅ ၊ ပါရဲရား ၆ ၊ အီဗန် ၆.၅ ၊ ဆိုယွန်ချူ ၆.၅ ၊ ချီဝဲလ် ၅.၅ ၊ အန်ဒီဒီ ၆.၅ ၊ ဘန်းစ် ၅ ၊ တီလမန်းစ်၅.၅ ၊ ပရက် ၆ ၊ မက်ဒီဆင် ရ ၊ ဗာဒီ ၅.၅

လူစားဝင် – အယ်ဘရိုက်တန် ၆ ၊ ပီရက် ၆ ၊ ချာဒူရီ (ပွဲချိန် မလုံလောက်)

SM