အမှားအယွင်းမရှိ 100% နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ခဲ့တဲ့ လီဗာပူး

လီဗာပူးဟာ ဒီပွဲမှာတော့ ဇဲလ်ဘုကို 3 ဂိုး အထိ ပြန်ပေးလိုက်ရတဲ့ ကစားသမား စာရင်းကို 2 နေရာ အထိ အပြောင်းအလဲ လုပ်ပြီး ပွဲထွက်လာခဲ့ပါတယ်။ ဝေဖန်မှုတွေ နဲ့ ရင်ဆိုင်နေရတဲ့ ဂိုးမက်ဇ် ကို အနားပေးကာ ၊ လိုဗရန်ကို နေရာ ပေးလာခဲ့သလို ၊ ကွင်းလယ်မှာလဲ အသင်းခေါင်းဆောင် ဟန်ဒါဆင် ကို အနားပေးကာ မေလ်နာ ကို အသုံးပြုလာခဲ့ပါတယ်။

ဒီပွဲ မတိုင်ခင် ပွဲထွက် ကစားသမား စာရင်းကနေတောင် ပါဝင်လာဖွယ် ရှိနေတယ်လို့ သတင်းပြေးခဲ့တဲ့ ဂိုးသမား အလီဆွန် ကတော့ အရံစာရင်းတောင် ပါဝင်ခဲ့ခြင်း မရှိသလို ၊ ချိန်ဘာလိန် ကလဲ မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ခေါင်းကို ဘောလုံးမှန်တာ ပြင်းထန်သွားခဲ့လို့ ဒီပွဲရဲ့ ကစားသမား စာရင်းမှာပါဝင် နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် သူ့ရဲ့ နေရာမှာ လူငယ် တောင်ပံ ကစားသမားလေး အယ်လီရော့ ကို အရံစာရင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။

ပွဲစတာ နဲ့ လီဗာပူး ကပဲ ဘောလုံးကို ပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့သလို ၊ လက်စတာ ကလဲ ခံစစ်ကို အသားပေးရင်း တန်ပြန်တိုက်စစ်ကို ပုံဖော်ဖို့ ကြိုးစားလာခဲ့ပါတယ်။ မာနေး ကတော့ ဒီကနေ့မှာ ထူးထူးခြားခြား ညာတောင်ပံကို အချိန်တော်တော်များများ ထွက်ကစားလာခဲ့ပြီး ၊ ဘယ်တောင်ပံမှာတော့ ရော်ဘတ်ဆန် က တိုက်စစ်အထိ တော်တော်လေး လိုက်ပါကာ ၊ ဖာမင်နို နဲ့ တွဲရင်း ထိုးဖောက် ကစားလာခဲ့ပါတယ်။

အထူးသဖြင့် ကွင်းလယ်မှာ မေလ်နာ ပါဝင်လာတာကြောင့် ၊ ရော်ဘတ်ဆန် ရဲ့ ဘယ်တောင်ပံ ခံစစ်ဟာ ပိုပြီးတော့ အကူအညီတွေ ရယူနိုင်တာကြောင့်လဲ ၊ စကော့တလန် သားဟာ ဒီကနေ့ပွဲမှာ သူ့စိတ်ကြိုက် ပုံစံမျိုး နဲ့ တိုက်စစ်ကို လိုက်ပါ ကစားလာခဲ့တာပါ။

ချန်ပီယံလိဂ် ပွဲစဉ် ကစားခဲ့စဉ်က 3 ဂိုးအထိ ပြန်ပေးလိုက်ရတာကြောင့် ၊ ဒီကနေ့မှာတော့ လီဗာပူးဟာ နောက်တန်း ကစားပုံကို တော်တော်လေး ပြင်ဆင်လာခဲ့သလို ၊ လိုဗရန် ကလဲ သူ့ရဲ့ အတွေ့အကြုံကောင်းတွေ နဲ့ ဖြည့်ဆည်း ကစားပေးနိုင်ခဲ့ပါတယ်။ လက်စတာ ကတော့ လီဗာပူး တိုက်စစ်က ဆင်လာပြီ ဆိုတဲ့ တစ်ပြိုင်နက် ၊ နောက်တန်းကို 6 ယောက် အထိ အသုံးပြုနေတာကြောင့် ၊ အိမ်ရှင်တို့လဲ အပိုင်ဂိုးသွင်းခွင့်ရဖို့ တော်တော်လေး ရုန်းကန်နေရသလို ၊ ဧည့်သည်တို့လဲ တန်ပြန် တိုက်စစ်ဆင်ဖို့ အခွင့်အရေးကို မရှိခဲ့တာပါ။

အထူးသဖြင့် လီဗာပူး နဲ့ တွေ့တိုင်း ဒုက္ခပေးလေ့ရှိတဲ့ တိုက်စစ်မှုး ဗာဒီဟာ ပထမပိုင်းမှာ လုံး၀ ခြေမပေါ်ခဲ့သလို ၊ လက်စတာရဲ့ ကွင်းလယ် နဲ့ တိုက်စစ် ချိတ်ဆက်ပုံတွေကလဲ ထိရောက်မှု မရှိခဲ့ပါဘူး။

လီဗာပူး အတွက် ဦးဆောင်ဂိုးတော့ မေလ်နာ ရဲ့ ခင်းပေးလိုက်တဲ့ ဘောလုံးကနေ တဆင့် မာနေးက ဆွဲယူသွားပြီး ၊ ဂိုးသမား နဲ့ တစ်ယောက်ချင်း အတွေ့မှာ အပိုင် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရပြီး နောက်ပိုင်း လီဗာပူး ကပဲ နောက်ထပ် ဂိုးသွင်းခွင့်တွေ ရရှိခဲ့ကာ ၊ ကက်စပါ ရှက်မိုက်ကယ် လက်စွမ်းပြသွားလို့သာ သွင်းဂိုးတွေ ထပ်မပေးလိုက်ရတာ ဖြစ်ပါတယ်။

Second Half

ဒုတိယပိုင်းမှာတော့ လီဗာပူး ကပဲ လက်စတာ ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ရင်း ပြန်လည် စတင်လာခဲ့ပါတယ်။ အထူးသဖြင့် ဦးဆောင်ဂိုး သွင်းယူပေးထားတဲ့ မာနေး ဟာ တိုက်စစ်ကိုရော ၊ ခံစစ်ကိုပါ ဆင်းကူ ကစားပေးနေပြီး ၊ ကွင်းထဲမှာ Work Rate (လုပ်အားနှုန်း အကောင်းဆုံး) ကစားသမား အဖြစ် စွမ်းဆောင်ပြလာခဲ့ပါတယ်။

65 မီးနစ် အရောက်မှာတော့ လက်စတာ အသင်း ချေပဂိုး ရဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ ဗာဒီ ဟာ လူကျွံဖမ်းထားတဲ့ လီဗာပူး ရဲ့ ထောက်ချောက်ကို ကျော်ဖြတ်ပေးရင်း ဂိုးသမားနဲ့ တစ်ယောက်ချင်း ရင်ဆိုင်အတွေ့မှာတော့ အန်ဒရီယန် က ပါးပါးနပ်နပ် နဲ့ တားဆီးနိုင်ခဲ့လို့သာ အိမ်ရှင်တို့ ချေပဂိုး မပေးလိုက်ရတာပါ။ အဲဒီနောက်မှာ ရော်ဘတ်ဆန် ဟာ ရှက်မိုက်ကယ် နဲ့ တစ်ယောက်ချင်းတွေ့ပြီး ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် ၊ ဂိုးသမားကပဲ ပုတ်ထုတ် ကာကွယ်သွားခဲ့ပြန်ပါတယ်။

79 မီးနစ်မှာတော့ ကလော့ပ်ဟာ ကစားအားကျလာတဲ့ ဝိုင်နယ်ဒမ် နဲ့ ဖာမင်နို တို့ကို ထုတ်ပြီး အိုရီဂီ ၊ ဟန်ဒါဆင်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ သို့သော် မကြာခင်မှာပဲ လက်စတာ က ချေပဂိုး ပြန်လည် သွင်းယူလိုက်ပါတယ်။

ပွဲရဲ့ အလှည့်အပြောင်းဟာ နာကျင်အချိန်ပို ရောက်မှာ ထပ်မံ ပေါ်ပေါက်ခဲ့တာပါ။ ဆာဒီယို မားနေးကို အယ်ဘရိုတ်တန်က ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်တယ်လို့ သတ်မှတ်ပြီး ပင်နယ်တီ ပေးလိုက်ချိန်မှာတော့ လီဗာပူး ရဲ့ ရာနှုန်းပြည့် နိုင်ပွဲ ရယူဖို့ ပြင်ဆင်နေတဲ့ မျှော်လင့်ချက်တွေဟာ ပြန်လည် ရှင်သန်လာခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ မေလ်နာက အမှားအယွင်းမရှိ ကန်သွင်းပြီး အဆုံးသတ်ပြသွားခဲ့ကာ ၊ ဒီရာသီ 100% နိုင်ပွဲနဲ့ အတူ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

ဒီဂိုးကိုတော့ ကွင်းလယ် လူငယ် ကစားသမား မက်ဒီဆင် က ဧရိယာထဲကနေ အပြင်း ကန်သွင်းပြသွားခဲ့တာပါ။

• မာနေးဟာ လီဗာပူး အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း 100 အထိအောင် ကစားပေးခဲ့ပြီ ဖြစ်ပြီး ၊ သွင်းဂိုး 50 သွင်းယူကာ ၊ ဂိုးဖန်တီးမှုက 16 ကြိမ် အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ သူဟာ လီဗာပူး အတွက် ပရီးမီးယားလိဂ် သွင်းဂိုး 50 ပြည့်အောင် သွင်းယူနိုင်တဲ့ 10 မြောက် ကစားသမား အဖြစ်လဲ မှတ်တမ်း ဝင်သွားခဲ့ပါတယ်။
• လီဗာပူးဟာ အိမ်ကွင်းမှာ ရှုံးပွဲမရှိတာ 44 ပွဲ အထိ ရှိလာခဲ့ပါပြီ ။ ဒါဟာ ဥရောပ ထိပ်သီးလိဂ် 5 ခုမှာ အိမ်ကွင်း ရလာဒ် အကောင်းဆုံး မှတ်တမ်းဖြစ်ပြီး ၊ သူတို့ရဲ့ ကလပ် အသင်း သမိုင်းကြောင်း တစ်လျှောက်မှာတော့ ဒုတိယ အကောင်းဆုံး မှတ်တမ်း အဖြစ် ရပ်တည်နေခဲ့ပါတယ်။

1980 ဝန်းကျင်က သူတို့အသင်း အိမ်ကွင်း ရှုံးပွဲမရှိတဲ့ စံချိန်ကို 63 ပွဲ ဆက် ရယူနိုင်ခဲ့ပြီး ၊ လက်စတာ အသင်းက အဆုံးသတ်ပြခဲ့ပေမယ့် ၊ ဒီညမှာတော့ အဲဒီလို စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။