လီဗာပူး Vs ဇဲလ်ဘု ၊ လိုင်လီ Vs ချဲလ််ဆီး တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ခန့်မှန်းပေးလိုက်တဲ့ ချာလီနစ်ကိုးလပ်စ်

Charlie Nicholas

Unicode

ချာလီနစ်ကိုးလပ်စ် က လီဗာပူး အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ဘက် ရက်ဘူးဇဲလ်ဘု အသင်း အတွက် အရမ်းကို တောင့်တင်း လွန်းတယ် ဆိုတာကို ပြသ နိုင်လိမ့်မယ်လို့ ထောက်ခံ ပြောဆို သွားခဲ့ပြီး ချဲလ်ဆီး ကတော့ လိုင်လီ မှာ စိတ်ပျက်လက်ပျက် ဖြစ်ရ လိမ့်မယ်လို့ ဆိုသွား ပါတယ်။

lampard vs kloop

ပရီးမီးယားလိဂ် မှာ ဦးဆောင် နေသူ လီဗာပူးဟာ ယနေ့ညမှာ သြစတီယန် ကလပ် ဇဲလ်ဘု အသင်းကို အန်ဖီးမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး မာဆေးဆိုက် ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်မှာ နာပိုလီ အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့် ထားခဲ့ ပါတယ်။

ယာဂန်ကလော့ ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ဇွန်လ က မက်ဒရစ် မှာ တော့တင်ဟမ်ကို ၂-၀ နဲ့ နိုင်ကာ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲ ထားတဲ့ အသင်း ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် မှာလည်း ရ ပွဲ ကစားထားပြီး ချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိ ထားခဲ့ပါတယ်။ လီဗာပူး လိုပဲ ချဲလ်ဆီးဟာ အုပ်စု အဖွင့် ပွဲစဉ်မှာ ဗလင်စီယာ ကို ရှံုးနိမ့် ထားခဲ့တာ ဖြစ်ပေမယ့်လည်း လန်ဒန် ကလပ်ဟာ မန်နေဂျာသစ် ဖရန့်လမ်းပတ်ရဲ့ လက်အောက်မှာ တစ်ဖြည်းဖြည်း ပိုကောင်း လာခဲ့ပါတယ်။

လိုင်လီနဲ့ ပွဲမတိုင်မီ လမ်းပတ်က “ဗလင်စီယာ နဲ့ ပွဲဟာ ကျွန်တော်တို့ အတွက် အဆိုးဆုံး ပွဲတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ တစ်စုံတစ်ရာ ရခဲ့သင့်ပါတယ်။ လိုင်လီဟာ လျှင်မြန်မှု ၊ အရည်အသွေးတွေ ရှိနေပြီး ခြိမ်းခြောက်မှုတွေ ပေးစွမ်း နိုင်တဲ့ အသင်းပါ။ ဒါဟာ သေရေးရှင်ရေး ပွဲတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ အခြေအနေ အားလုံးကို ခြံုကြည့် ရမှာပါ။ ဒါပေမယ့် ဒီပွဲဟာ ကျွန်တော်တို့ အဆင်သင့် ဖြစ်ရမယ့် ပွဲပါပဲ။”

နာပိုလီ ကို အဖွင့်ပွဲစဉ်မှာ ရှံုးနိမ့် ခဲ့ပြီးနောက် ယာဂန်ကလော့က သူ့ရဲ့ လီဗာပူး အသင်း နိုင်ပွဲ လမ်းကြောင်းပေါ်ကို ပြန်လည် ရောက်အောင် လုပ်ရန် တိုက်တွန်း သွားခဲ့ပါတယ်။

ကလော့က “ကျွန်တော်တို့ နိုင်ပွဲ စတင် ရမှာ ဖြစ်မှာပါ။ ကျွန်တော်တို့ အချိန် မဖြုန်းသင့်ပါဘူး။ ကျွန်တော်တို့ ရမှတ်တွေ ရယူဖို့ အတွက် မစောင့်ဆိုင်း နိုင်တော့ ပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့မှာ အမှတ်တွေ ရဖို့ လိုအပ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

၁~ လီဗာပူး Vs ဇဲလ်ဘု

ရက်ဘူးဇဲလ်ဘု အသင်း လွန်ခဲ့တဲ့ နှှစ် အနည်းငယ်က ဆဲတစ် အသင်း နဲဲ့ ကစား ခဲ့တာကို ကျွန်တော် မှတ်မိ နေပါသေးတယ်။ သူတို့ဟာ ဒီပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် နှစ်အနည်းငယ်ကြာ တည်ဆောက် ထားခဲ့ ရတာပါ။ ချန်ပီယံလိဂ် ညတွေ မှာတော့ သူတို့ရဲ့ အိမ်ကွင်းဟာ အကောင်းဆုံး အငွေ့အသက်တွေ ပေးစွမ်း နိုင်မယ့် ကွင်းတွေ ထဲက တစ်ကွင်း ဖြစ်လာ ပါလိမ့််မယ်။

လီဗာပူးဟာ လက်ရှိ အချိိ်န် လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်ပြ ထားနိုင် ခဲ့ပါတယ်။ ကျွန်တော်သာ ယာဂန်ကလော့ ဆိုရင် ဒီပွဲ အတွက် အပြောင်းအလဲတွေ လုပ်သွားမှာ ဖြစ်ပါတယ်။ ဂျိုးဂိုးမက်ဇ် ပြန်ပါလာ နိုင်ပြီး ဂျိမ်းစ်မီနာ ကလည်း ပွဲထွက် ကစားသမား စာရင်းမှာ ပါ၀င် လာနိုင်ပါတယ်။ အဒမ်လယ်လာနာ ကလည်း အခွင့် အရေး ရလာနိုင် ပါတယ်။ ဘာပဲ ဖြစ်ဖြစ် လီဗာပူး အတွက် သက်တောင့်သက်သာ နိုင်ပွဲ ရမယ့် ညတစ်ည ပါပဲ။

လီဗာပူး ၃-၀ ဇဲလ်ဘု

Liverpool

လိုင်လီ Vs ချဲလ်ဆီး

ဒါဟာ လုံးဝကို ကမောက်ကမ ဖြစ်လာ နိုင်တဲ့ ပွဲ ဖြစ်ပါတယ်။ ဖရန့်လမ်းပတ် ဒီပွဲ အတွက် ဘယ်လို ပြင်ဆင် သွားမလဲ ဆိုတာ ကျွန်တော် အရမ်း သိချင် နေပါတယ်။ အသင်းမှာ ရှိတဲ့ လူငယ်ကြယ်ပွင့်တွေ အားလုံးကို ထည့်သွင်းဖို့ ဘယ်အချိန်မှာ အသင့်တော်ဆုံးလဲ? အကယ်၍ သူ ဒီလို လုပ်ချင်တယ် ဆိုရင် အိမ်ကွင်း ပွဲစဉ်မှာသာ ပိုလုပ်ချင် ပါလိမ့်မယ်။ ကောင်းမွန်တဲ့ အနေအထားကို ရောက်ရှိ လာခဲ့ပြီးနောက် သူ့အနေနဲ့ အပြောင်းအလဲနဲ့ မေးခွန်းထုတ်မှုတွေ လိုချင်မှာ မဟုတ်ပါဘူး။

သူ့အနေနဲ့ ဒီအတွက်ကြောင့် မာကျောကျစ်လစ်တဲ့ လူစာရင်းကိုသာ အသုံးချ သွားပါလိမ့်မယ်။ လိုင်လီဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ နိစ် နဲ့ အဝေးကွင်းမှာ ၁ ဂိုးစီ သရေ ကျခဲ့ပါတယ်။ ပြီးတော့ ၎င်းတို့ဟာ အမှတ်ပေးဇယား ရဲ့ အဆင့်လေး နေရာမှာ သက်တောင့်သက်သာ ရပ်တည် နေပါတယ်။ ဒါ့ကြောင့် ဒါဟာ ချဲလ်ဆီး အတွက် စမ်းသပ်မှု တစ်ခု ဖြစ်လာ မှာပါ။ ကျွန်တော် ကတော့ ဒီပွဲစဉ် ကတော့ ချဲလ်ဆီး တို့ တစ်စုံတစ်ရာ ရလာနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပိုမို အတွေ့အကြံု ကြွယ်ဝတဲ့ ချဲလ်ဆီး အသင်းကိုသာ ကျွန်တော်တို့ ကွင်းထဲမှာ မြင်တွေ့ ရပါလိမ့်မယ်။

လိုင်လီ ၁ – ၁ ချဲလ်ဆီး

chelsea

SPORT MYANMAR

Zawgyi

လီဗာပူး Vs ဇဲလ္ဘု ၊ လိုင္လီ Vs ခ်ဲလ္္ဆီး တုိ႕ရဲ႕ ခ်န္ပီယံလိဂ္ပဲြစဥ္ေတြကို ခန္႕မွန္းေပးလိုက္တဲ့ ခ်ာလီနစ္ကိုးလပ္စ္

ခ်ာလီနစ္ကိုးလပ္စ္ က လီဗာပူး အသင္းဟာ ခ်န္ပီယံလိဂ္ ျပိဳင္ဘက္ ရက္ဘူးဇဲလ္ဘု အသင္း အတြက္ အရမ္းကို ေတာင့္တင္း လြန္းတယ္ ဆုိတာကို ျပသ နုိင္လိမ့္မယ္လို႕ ေထာက္ခံ ေျပာဆုိ သြားခဲ့ျပီး ခ်ဲလ္ဆီး ကေတာ့ လိုင္လီ မွာ စိတ္ပ်က္လက္ပ်က္ ျဖစ္ရ လိမ့္မယ္လို႕ ဆုိသြား ပါတယ္။

ပရီးမီးယားလိဂ္ မွာ ဦးေဆာင္ ေနသူ လီဗာပူးဟာ ယေန႕ညမွာ ၾသစတီယန္ ကလပ္ ဇဲလ္ဘု အသင္းကုိ အန္ဖီးမွာ လက္ခံ ကစား သြားရမွာ ျဖစ္ျပီး မာေဆးဆုိက္ ကလပ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲစဥ္မွာ နာပိုလီ အသင္းကို အေ၀းကြင္းမွာ ၂-၀ နဲ႕ ရွံဳးနိမ့္ ထားခဲ့ ပါတယ္။

ယာဂန္ကေလာ့ ရဲ႕ အသင္းဟာ ျပီးခဲ့တဲ့ ရာသီ ဇြန္လ က မက္ဒရစ္ မွာ ေတာ့တင္ဟမ္ကို ၂-၀ နဲ႕ ႏုိင္ကာ ခ်န္ပီယံလိဂ္ မွာ ဗုိလ္စြဲ ထားတဲ့ အသင္း ျဖစ္ျပီး ဒီရာသီ ပရီးမီးယားလိဂ္ မွာလည္း ၇ ပြဲ ကစားထားျပီး ခ်ိန္မွာ ရာႏွဳန္းျပည့္ ႏုိင္ပြဲ ရရွိ ထားခဲ့ပါတယ္။ လီဗာပူး လိုပဲ ခ်ဲလ္ဆီးဟာ အုပ္စု အဖြင့္ ပြဲစဥ္မွာ ဗလင္စီယာ ကို ရွံဳးနိမ့္ ထားခဲ့တာ ျဖစ္ေပမယ့္လည္း လန္ဒန္ ကလပ္ဟာ မန္ေနဂ်ာသစ္ ဖရန္႕လမ္းပတ္ရဲ႕ လက္ေအာက္မွာ တစ္ျဖည္းျဖည္း ပိုေကာင္း လာခဲ့ပါတယ္။

လိုင္လီနဲ႕ ပြဲမတုိင္မီ လမ္းပတ္က “ဗလင္စီယာ နဲ႕ ပြဲဟာ ကၽြန္ေတာ္တုိ႕ အတြက္ အဆုိးဆံုး ပြဲတစ္ပြဲ မဟုတ္ခဲ့ပါဘူး။ ကၽြန္ေတာ္တုိ႕ တစ္စံုတစ္ရာ ရခဲ့သင့္ပါတယ္။ လိုင္လီဟာ လွ်င္ျမန္မွဳ ၊ အရည္အေသြးေတြ ရွိေနျပီး ျခိမ္းေျခာက္မွဳေတြ ေပးစြမ္း ႏုိင္တဲ့ အသင္းပါ။ ဒါဟာ ေသေရးရွင္ေရး ပြဲေတာ့ မဟုတ္ေသးပါဘူး။ ကၽြန္ေတာ္တုိ႕ အေျခအေန အားလံုးကို ျခံဳၾကည့္ ရမွာပါ။ ဒါေပမယ့္ ဒီပြဲဟာ ကၽြန္ေတာ္တုိ႕ အဆင္သင့္ ျဖစ္ရမယ့္ ပြဲပါပဲ။”

နာပိုလီ ကို အဖြင့္ပြဲစဥ္မွာ ရွံဳးနိမ့္ ခဲ့ျပီးေနာက္ ယာဂန္ကေလာ့က သူ႕ရဲ႕ လီဗာပူး အသင္း ႏုိင္ပြဲ လမ္းေၾကာင္းေပၚကို ျပန္လည္ ေရာက္ေအာင္ လုပ္ရန္ တုိက္တြန္း သြားခဲ့ပါတယ္။

ကေလာ့က “ကၽြန္ေတာ္တုိ႕ ႏုိင္ပြဲ စတင္ ရမွာ ျဖစ္မွာပါ။ ကၽြန္ေတာ္တုိ႕ အခ်ိန္ မျဖဳန္းသင့္ပါဘူး။ ကၽြန္ေတာ္တုိ႕ ရမွတ္ေတြ ရယူဖို႕ အတြက္ မေစာင့္ဆုိင္း ႏိုင္ေတာ့ ပါဘူး။ ကၽြန္ေတာ္တုိ႕ ဗုဒၶဟူးေန႕မွာ အမွတ္ေတြ ရဖို႕ လိုအပ္ပါတယ္။” လို႕ ဆုိသြား ပါတယ္။

၁~ လီဗာပူး Vs ဇဲလ္ဘု

ရက္ဘူးဇဲလ္ဘု အသင္း လြန္ခဲ့တဲ့ ႏွွစ္ အနည္းငယ္က ဆဲတစ္ အသင္း နဲဲ႕ ကစား ခဲ့တာကို ကၽြန္ေတာ္ မွတ္မိ ေနပါေသးတယ္။ သူတုိ႕ဟာ ဒီျပိဳင္ပြဲမွာ ၀င္ေရာက္ ယွဥ္ျပိဳင္ခြင့္ ရဖို႕ အတြက္ ႏွစ္အနည္းငယ္ၾကာ တည္ေဆာက္ ထားခဲ့ ရတာပါ။ ခ်န္ပီယံလိဂ္ ညေတြ မွာေတာ့ သူတုိ႕ရဲ႕ အိမ္ကြင္းဟာ အေကာင္းဆံုး အေငြ႕အသက္ေတြ ေပးစြမ္း ႏုိင္မယ့္ ကြင္းေတြ ထဲက တစ္ကြင္း ျဖစ္လာ ပါလိမ့္္မယ္။

လီဗာပူးဟာ လက္ရွိ အခ်ိိ္န္ လုပ္စရာ ရွိတာကို အေကာင္းဆံုး လုပ္ျပ ထားႏုိင္ ခဲ့ပါတယ္။ ကၽြန္ေတာ္သာ ယာဂန္ကေလာ့ ဆုိရင္ ဒီပြဲ အတြက္ အေျပာင္းအလဲေတြ လုပ္သြားမွာ ျဖစ္ပါတယ္။ ဂ်ိဳးဂိုးမက္ဇ္ ျပန္ပါလာ ႏုိင္ျပီး ဂ်ိမ္းစ္မီနာ ကလည္း ပြဲထြက္ ကစားသမား စာရင္းမွာ ပါ၀င္ လာႏုိင္ပါတယ္။ အဒမ္လယ္လာနာ ကလည္း အခြင့္ အေရး ရလာႏုိင္ ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ လီဗာပူး အတြက္ သက္ေတာင့္သက္သာ ႏုိင္ပြဲ ရမယ့္ ညတစ္ည ပါပဲ။

လီဗာပူး ၃-၀ ဇဲလ္ဘု

လုိင္လီ Vs ခ်ဲလ္ဆီး

ဒါဟာ လံုး၀ကို ကေမာက္ကမ ျဖစ္လာ ႏုိင္တဲ့ ပြဲ ျဖစ္ပါတယ္။ ဖရန္႕လမ္းပတ္ ဒီပြဲ အတြက္ ဘယ္လို ျပင္ဆင္ သြားမလဲ ဆုိတာ ကၽြန္ေတာ္ အရမ္း သိခ်င္ ေနပါတယ္။ အသင္းမွာ ရွိတဲ့ လူငယ္ၾကယ္ပြင့္ေတြ အားလံုးကို ထည့္သြင္းဖို႕ ဘယ္အခ်ိန္မွာ အသင့္ေတာ္ဆံုးလဲ? အကယ္၍ သူ ဒီလို လုပ္ခ်င္တယ္ ဆုိရင္ အိမ္ကြင္း ပြဲစဥ္မွာသာ ပိုလုပ္ခ်င္ ပါလိမ့္မယ္။ ေကာင္းမြန္တဲ့ အေနအထားကို ေရာက္ရွိ လာခဲ့ျပီးေနာက္ သူ႕အေနနဲ႕ အေျပာင္းအလဲနဲ႕ ေမးခြန္းထုတ္မွုေတြ လုိခ်င္မွာ မဟုတ္ပါဘူး။

သူ႕အေနနဲ႕ ဒီအတြက္ေၾကာင့္ မာေက်ာက်စ္လစ္တဲ့ လူစာရင္းကိုသာ အသံုးခ် သြားပါလိမ့္မယ္။ လိုင္လီဟာ ျပီးခဲ့တဲ့ ပြဲစဥ္မွာ နိစ္ နဲ႕ အေ၀းကြင္းမွာ ၁ ဂုိးစီ သေရ က်ခဲ့ပါတယ္။ ျပီးေတာ့ ၎တို႕ဟာ အမွတ္ေပးဇယား ရဲ႕ အဆင့္ေလး ေနရာမွာ သက္ေတာင့္သက္သာ ရပ္တည္ ေနပါတယ္။ ဒါ့ေၾကာင့္ ဒါဟာ ခ်ဲလ္ဆီး အတြက္ စမ္းသပ္မွု တစ္ခု ျဖစ္လာ မွာပါ။ ကၽြန္ေတာ္ ကေတာ့ ဒီပြဲစဥ္ ကေတာ့ ခ်ဲလ္ဆီး တုိ႕ တစ္စံုတစ္ရာ ရလာႏုိင္တယ္လို႕ ထင္ပါတယ္။ ဒါေပမယ့္ ပိုမို အေတြ႕အၾကံဳ ၾကြယ္၀တဲ့ ခ်ဲလ္ဆီး အသင္းကိုသာ ကၽြန္ေတာ္တုိ႕ ကြင္းထဲမွာ ျမင္ေတြ႕ ရပါလိမ့္မယ္။

လိုင္လီ ၁ – ၁ ခ်ဲလ္ဆီး

SPORT MYANMAR