ဝက်စ်ဘရွန်း အသင်းမှာ အငှားလာကစားစဉ်ကထက် အများကြီး တိုးတက် ကောင်းမွန်လာတဲ့ ဂနာဘရီကို ချီးမွမ်းလိုက်တဲ့ တိုနီပူးလစ်

gnabry

Unicode

ယနေ့နံနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ လန်ဒန် ကလပ် တော့တင်ဟမ် အသင်းဘက်ကို တစ်ဦးတည်း လေးဂိုး သွင်းပြီး မှော်ဝင် ခြေစွမ်းပြသခဲ့တဲ့ ဂနာဘရီ ရဲ့အံ့မခန်း တိုးတက်လာမှုကို ဝက်စ်ဘရွန်း နည်းပြဟောင်း တိုနီပူးလစ်က ချီးကျူး စကားဆိုလိုက်ပါတယ်။gnabry

ဂနာဘရီ ဟာ ၂၀၁၅ ခုနှစ်တုန်းက အာဆင်နယ် အသင်းကနေ ဝက်စ်ဘရွန်း အသင်းကို တစ်ရာသီ အငှား သွားရောက် ကစားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဂနာဘရီ ဟာ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ဝက်စ်ဘရွန်း အသင်းမှာ ၃ ပွဲသာ ကစားခွင့် ရခဲ့ပြီး လူငယ် အသင်းကို ပို့ဆောင် ခံခဲ့ရပါတယ် ။

အဆိုပါ အချိန်တုန်းက ဝက်စ်ဘရွန်း နည်းပြ တိုနီ ပူးလစ် ဟာ ဂနာဘရီ ရဲ့ ခြေစွမ်း ဟာ သူတို့ အသင်းမှာ ပွဲထွက် ကစားရလောက်အောင် ကောင်းမွန်ခြင်း မရှိကြောင်း မှတ်ချက် ပေးခဲ့ဖူးပါတယ် ။ စပါး အသင်းနဲ့ ပွဲအပြီးမှာတော့ ပူးလစ် ဟာ သူပြောခဲ့ဖူးတဲ့ စကားကို ပြန်လည် ဖာတေး သွားခဲ့ပြီး ဂနာဘရီ ရဲ့ အံ့ဖွယ် ခြေစွမ်းပိုင်း တိုးတက်လာမှု ချီးမွမ်း သွားခဲ့ပါတယ်။

gnabry

ဂနာဘရီ ဟာ အာဆင်နယ် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် မရတာကြောင့် ဝါဒါဘရီမင် အသင်းကို အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်တာကြောင့် နောက်တစ်နှစ် အကြာမှာပဲ ဂျာမန် ထိပ်သီး ကလပ် ဘိုင်ယန်မြူးနစ် အသင်းက အရ ခေါ်ယူ သွားခဲ့ပါတယ်။

တိုနီပူးလစ် က Sky Sports နဲ့ အင်တာဗျူးမှာ ” ကျနော် အတော်လေး အံ့အားသင့်သွားခဲ့တာပါ။ ဝက်စ်ဘရွန်း အသင်းမှာ သူ(ဂနာဘရီ) အငှား လာကစားစဉ်တုန်းကတော့ ကြံ့ခိုင်မှုက လုံးဝ မပြည့်ပါဘူး ။ သူ့ကို ယူ-၂၁ အသင်းမှာတောင် မရွေးချယ်ခဲ့ဘူးလို့ ထင်ပါတယ်။”

” သူ အာဆင်နယ် အသင်းကို ပြန်သွားခဲ့ပါတယ် ၊ နောက်တော့ သူ့ကို အပြီး ရောင်းလိုက်ပါတယ်။သူက တကယ်တော်တဲ့ ကလေး တစ်ယောက်ပါ ၊ ဒါပေမယ့် သိပ်သတိမထားမိခဲ့ပါဘူး၊သူ့ရဲ့စွမ်းရည်တွေ တိုးတက်ကောင်းမွန်လာဖို့ ကြိုးစားနေတဲ့သူပါ။ ”

” ဝက်စ်ဘရွန်း အသင်းမှာ သူကစားတာကို မြင်ဖူးခဲ့ပေမယ့် စပါး အသင်းနဲ့ ပွဲမှာ သူ့ရဲ့ အံ့ဖွယ် စွမ်းဆောင်ရည်တွေကို မြင်လိုက်ရတဲ့ အခါမှာတော့ အလွန်အမင်း အံ့အားသင့် သွားပါတယ် ။ လူတွေအနေနဲ့ သူတို့ ဘာတွေ လုပ်ပြနိုင်သလဲဆိုတာ အများသိအောင် ပြသဖို့ အပြင်းအထန် ကြိုးစားပြီး တကယ်လည်း စွမ်းဆောင်ရည်ကောင်းတွေ ထုတ်ပြလာနိုင်ပါတယ်၊အဲ့တာမျိုးက သိပ်အံ့ဩဖို့ ကောင်းပါတယ်။” လို့ ဆိုပါတယ် ။

gnabry

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂနာဘရီ ဟာ သူ့ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားခွင့် ရခဲ့ပြီး ၁၃ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။ဒါ့အပြင် ဂနာဘရီ ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ ပြည်တွင်းဖလား နှစ်လုံး ရရှိခဲ့သလို တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ် ။

SPORTS MYANMAR

Zaw gyi

ဝက္စ္ဘရြန္း အသင္းမွာ အငွားလာကစားစဥ္ကထက္ အမ်ားႀကီး တိုးတက္ ေကာင္းမြန္လာတဲ့ ဂနာဘရီကို ခ်ီးမြမ္းလိုက္တဲ့ တိုနီပူးလစ္
==================================

ယေန႔နံနက္က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ လန္ဒန္ ကလပ္ ေတာ့တင္ဟမ္ အသင္းဘက္ကို တစ္ဦးတည္း ေလးဂိုး သြင္းၿပီး ေမွာ္ဝင္ ေျခစြမ္းျပသခဲ့တဲ့ ဂနာဘရီ ရဲ့အံ့မခန္း တိုးတက္လာမွုကို ဝက္စ္ဘရြန္း နည္းျပေဟာင္း တိုနီပူးလစ္က ခ်ီးက်ဴး စကားဆိုလိုက္ပါတယ္။

ဂနာဘရီ ဟာ ၂၀၁၅ ခုႏွစ္တုန္းက အာဆင္နယ္ အသင္းကေန ဝက္စ္ဘရြန္း အသင္းကို တစ္ရာသီ အငွား သြားေရာက္ ကစားခဲ့ပါတယ္ ။ ဒါေပမယ့္လည္း ဂနာဘရီ ဟာ ႀကံ့ခိုင္မွု မျပည့္ဝတာေၾကာင့္ ဝက္စ္ဘရြန္း အသင္းမွာ ၃ ပြဲသာ ကစားခြင့္ ရခဲ့ၿပီး လူငယ္ အသင္းကို ပို႔ေဆာင္ ခံခဲ့ရပါတယ္ ။

အဆိုပါ အခ်ိန္တုန္းက ဝက္စ္ဘရြန္း နည္းၿပ တိုနီ ပူးလစ္ ဟာ ဂနာဘရီ ရဲ့ ေျခစြမ္း ဟာ သူတို႔ အသင္းမွာ ပြဲထြက္ ကစားရေလာက္ေအာင္ ေကာင္းမြန္ျခင္း မရွိေၾကာင္း မွတ္ခ်က္ ေပးခဲ့ဖူးပါတယ္ ။ စပါး အသင္းနဲ႔ ပြဲအၿပီးမွာေတာ့ ပူးလစ္ ဟာ သူေျပာခဲ့ဖူးတဲ့ စကားကို ျပန္လည္ ဖာေတး သြားခဲ့ၿပီး ဂနာဘရီ ရဲ့ အံ့ဖြယ္ ေျခစြမ္းပိုင္း တိုးတက္လာမွု ခ်ီးမြမ္း သြားခဲ့ပါတယ္။

ဂနာဘရီ ဟာ အာဆင္နယ္ အသင္းမွာ ပုံမွန္ ပြဲထြက္ ကစားခြင့္ မရတာေၾကာင့္ ဝါဒါဘရီမင္ အသင္းကို အၿပီးသတ္ ေျပာင္းေရႊ႕ သြားခဲ့ၿပီး ေျခစြမ္းၿပ ကစားနိုင္တာေၾကာင့္ ေနာက္တစ္ႏွစ္ အၾကာမွာပဲ ဂ်ာမန္ ထိပ္သီး ကလပ္ ဘိုင္ယန္ျမဴးနစ္ အသင္းက အရ ေခၚယူ သြားခဲ့ပါတယ္။

တိုနီပူးလစ္ က Sky Sports နဲ႔ အင္တာဗ်ဴးမွာ ” က်ေနာ္ အေတာ္ေလး အံ့အားသင့္သြားခဲ့တာပါ။ ဝက္စ္ဘရြန္း အသင္းမွာ သူ(ဂနာဘရီ) အငွား လာကစားစဥ္တုန္းကေတာ့ ႀကံ့ခိုင္မွုက လုံးဝ မျပည့္ပါဘူး ။ သူ႔ကို ယူ-၂၁ အသင္းမွာေတာင္ မေရြးခ်ယ္ခဲ့ဘူးလို႔ ထင္ပါတယ္။”

” သူ အာဆင္နယ္ အသင္းကို ျပန္သြားခဲ့ပါတယ္ ၊ ေနာက္ေတာ့ သူ႔ကို အၿပီး ေရာင္းလိုက္ပါတယ္။သူက တကယ္ေတာ္တဲ့ ကေလး တစ္ေယာက္ပါ ၊ ဒါေပမယ့္ သိပ္သတိမထားမိခဲ့ပါဘူး၊သူ႔ရဲ့စြမ္းရည္ေတြ တိုးတက္ေကာင္းမြန္လာဖို႔ ႀကိဳးစားေနတဲ့သူပါ။ ”

” ဝက္စ္ဘရြန္း အသင္းမွာ သူကစားတာကို ျမင္ဖူးခဲ့ေပမယ့္ စပါး အသင္းနဲ႔ ပြဲမွာ သူ႔ရဲ့ အံ့ဖြယ္ စြမ္းေဆာင္ရည္ေတြကို ျမင္လိုက္ရတဲ့ အခါမွာေတာ့ အလြန္အမင္း အံ့အားသင့္ သြားပါတယ္ ။ လူေတြအေနနဲ႔ သူတို႔ ဘာေတြ လုပ္ျပနိုင္သလဲဆိုတာ အမ်ားသိေအာင္ ျပသဖို႔ အျပင္းအထန္ ႀကိဳးစားၿပီး တကယ္လည္း စြမ္းေဆာင္ရည္ေကာင္းေတြ ထုတ္ျပလာနိုင္ပါတယ္၊အဲ့တာမ်ိဳးက သိပ္အံ့ဩဖို႔ ေကာင္းပါတယ္။” လို႔ ဆိုပါတယ္ ။

အသက္ ၂၃ ႏွစ္ အရြယ္ ရွိၿပီ ျဖစ္တဲ့ ဂနာဘရီ ဟာ သူ႔ရဲ့ ဘိုင္ယန္ျမဴးနစ္ ကစားသမား ဘဝ ပထမဆုံး ရာသီမွာတင္ ၿပိဳင္ပြဲစုံ ၄၂ ပြဲ ကစားခြင့္ ရခဲ့ၿပီး ၁၃ ဂိုးအထိ သြင္းယူ ေပးနိုင္ခဲ့ပါတယ္ ။ဒါ့အျပင္ ဂနာဘရီ ဟာ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ အတူ ျပည္တြင္းဖလား ႏွစ္လုံး ရရွိခဲ့သလို တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကိုလည္း ရရွိခဲ့ပါတယ္ ။

SPORTS MYANMAR