ဂရစ်ဇ်မန်း သတင်း တွေ ၊ တစ်ပတ်ပေါင် ၃ သိန်း ရမယ့် ဟာရဲရား တို့ နဲ့ . . . . . . ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

အသက် လက်တီကို မက်ဒရစ် ကနေ ထွက်ခွာ တော့မယ့် တိုက်စစ်မှုး ဂရစ်ဇ်မန်း ဟာ ဘာစီလိုနာ နဲ့ သဘော တူညီ ထာားတာ မျိုး မရှိ သေးဘဲ PSG ၊ ပရီးမီးယားလိဂ် နဲ့ ဘာစီလိုနာ တို့ ထဲက တစ်ခုခု ကို ရောက်လာ နိုင်တယ် လို့ အလေး ပေးမှု တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ဂရစ်ဇ်မန်း ရဲ့ အပြောင်း အရွှေ့ ကို တာဝန် ယူ ကိုင်တွယ် သူတွေ နဲ့ PSG တာဝန် ရှိသူတွေ ဟာ တွေ့ဆုံ စကား ပြောခဲ့ ကြတယ် လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အေတီကို မက်ဒရစ် ကတော့ ဂရစ်ဇ်မန်း ရဲ့ နေရာ ကို အစားထိုး ဖို့ အင်တာ တိုက်စစ်မှုး အီကာဒီ ၊ ယူဗင်တပ် တိုက်စစ်မှုး ဒိုင်ဘားလား ၊ PSG တိုက်စစ်မှုးကြီး ကာဗာနီ တို့ ကို လျာထား နေတယ် လို့ ကြားသိရ ပါတယ် ။

ဂရစ်ဇ်မန်း ၊ ဂိုဒင် တို့ နဲ့ ရင်းနှီး သူ တစ်ဦး ကတော့ ဒီယေဂို ဂိုဒင် ရဲ့ အေတီကို မက်ဒရစ် ကနေ ထွက်ခွာ သွားမှု ဟာ ဂရစ်ဇ်မန်း အပေါ် လည်း သက်ရောာက်မှု ရှိစေခဲ့ တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ကတော့ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာ ဖို့ ရှိနေတဲ့ လူငယ် တောင်ပံ ကစား သမားလေး အိန်ဂျယ် ဂိုးမက် ကို ခေါ်ယူ ဖို့ အတွက် စိတ်ဝင်စား နေတယ် လို့ သိရ ပါတယ် ။

ဘရာဇီး တရားရုံး ကတော့ သိမ်းဆည်း ထားတဲ့ ရိုနယ်ဒင်ညို နဲ့ အကို ဖြစ်သူ တို့ ရဲ့ နိုင်ငံကူးလက်မှတ် ( ပတ်စ်ပို့စ် ) တွေ ကို ပြန်လည် ပေးအပ် ဖို့ အတွက် အမိန့် ချမှတ် လိုက်ပြီ ဖြစ် ပါတယ် ။

မန်ယူနိုက်တက် ကနေ PSG ကိုပြောင်း ရွှေ့ သွားတဲ့ အန်ဒါ ဟာရဲရား ဟာ ပြင်သစ် ကလပ် မှာ တစ်ပတ် ကို ပေင် ၃ သိန်း အထိ ရရှိ မှာ ဖြစ်တယ် ဆိုတဲ့ သတင်း တစ်ပုဒ် ပေါ်ထွက် လာခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် ဟာ ဖရန့်ဖတ် တိုက်စစ်မှုး လူကာ ဂျိုဗစ် ကို လာမယ့် အပတ် ထဲ မှာ ခေါ်ယူ နိုင်လိမ့် မယ် လို့ သတင်း ထွက်ပေါ် နေ ပါတယ် ။

ယူဗင်တပ်စ် ဟာ ပေါလ် ပေါ့ဘာ ကို ပြန်လည် ခေါ်ယူဖို့ အလို ရှိ နေပြီး ဒိုင်ဘားလာား ( သို့ ) ဒေါက်ကလပ် ကော်စတာ တို့ နဲ့ အလဲ အထပ် ဖြစ်လာ နိုငိချေ ရှိတယ် လို့ ကြားသိရ ပါတယ် ။

ဒီ ကနေ့ ဟာ ဘောလုံး လောက ရဲ့ ထူးရှယ် နေ့ တစ်နေ့ ဖြစ် ပါတယ် ။ ၂၀၀၄ ခုနှစ် ရဲ့ ဒီနေ့လို နေ့မျိုး မှာ ပရီးမီးယားလိဂ် ရာသီ ပိတ်သိမ်းခဲ့ ပြီး အာဆင်နယ် ဟာ တစ်ရာသီလုံး ရှုံးနိမ့် ခြင်း မရှိဘဲ အမှတ်ပေး ချန်ပီယံ ဖြစ် ခဲ့ ပါတယ် ။ ဒီကနေ့ အထိ အာဆင်နယ် ရဲ့ စွမ်းဆောင်မှု ကို လိုက်လံ တုပ နိုင်တဲ့ အင်္ဂလိပ် ကလပ် မရှိ ခဲ့ ပါဘူး ။

၂၀၀၂ ခုနှစ် ရဲ့ ဒီနေ့ လိုနေ့မျိုး မှာတော့ ရီးရဲ မက်ဒရစ် ဟာ ချန်ပီယံ လိဂ် ဖိုင်နယ် မှာ လေဗာကူဆင် ကို ၂ – ၁ ဖြင့် အနိုင် ရပြီး ဗိုလ်စွဲ ခဲ့ ပါတယ် ။ ရီးရဲ အတွက် ဒုတိယ ဂိုး ကို ကွင်းလယ်လူ ဇီဒန်း က ဘယ်ခြေ နဲ့ မြေမကျ ကန်သွင်း ရယူ ပေးခဲ့ပြီး အခု အချိန် အထိ ဒီ မှော်ဝင်ဂိုး ဟာ ချန်ပီယံလိဂ် ရဲ့ အကောင်းဆုံး သွင်းဂိုး ဖြစ်နေခဲ့ ပါတယ် ။

ဒီ ကနေ့ ဟာ ၁၉၉၇ ခုနှစ် က မွေးဖွား ခဲ့တဲ့ ဘာကာ တောင်ပံ ကစား သမားလေး အော့စမိန်း ဒမ်ဘီလီ ရဲ့ မွေးနေ့ လည်း ဖြစ် ပါတယ် ။

SPORTS MYANMAR